Discoverညိုကီ FM
ညိုကီ FM
Claim Ownership

ညိုကီ FM

Author: BurmaPodcastNetwork

Subscribed: 4Played: 13
Share

Description

Sammy , Franky , Bradley ဆိုတဲ့ ညိုကီသုံးဖော်ရဲ့ ရန်ကုန်မြို့ဘီယာဆိုင်ည စကားဝိုင်း တွေကို တမ်းတရင်း ဖန်တီးဖြစ်သော podcast ပဲဖြစ်ပါတယ်။

Official Disclaimer : ယခု podcast သည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလိုခြင်း ၊ ပညာပေး ဝါဒဖြန့်လိုခြင်း မရှိပါ။ ဘီယာဝိုင်းမှ စကားများသာဖြစ်သည့်အတွက် ပါဝင်သောအကြောင်းရာများကို နားထောင်သူ မိတ်ဆွေတို့ စီစစ်သုံးသပ်ပြီးမှသာ ယုံကြည်ကြရန် အလွန်အရေးကြီးပါသည်။ ယခု podcast ပါ ညိုကီ သုံးဖော်သည် (ယခုဘဝ) ၌ အပူဇော်ခံလိုခြင်း အလျှင်း မရှိပါကြောင်း​။
5 Episodes
Reverse
Nyo Ki FM | Episode (6) ညိုကီ FM ရဲ့ တော်လှန်ရေးထဲက ညိုကီတစ်ဦးနဲ့ Special အပိုင်းသစ် လာပါပြီ။ ကျနော်တို့ ချစ်ခင်ရတဲ့ မြန်မာပြည်အနှံက ချစ် မိတ်ဆွေ သူရဲကောင်းတွေရဲ့ အိမ်ပြန်ခရီး နီးစပ်နေပြီလား။ အိမ်ပြန်လာကြတဲ့ မိတ်ဆွေတွေကို ဘယ်လို ကြိုဆိုသင့်ကြသလဲ ။ မြန်မာပြည်ရဲ့ နွေဦးတော်လှန်ရေး မတိုင်ခင်နှစ်များထဲက မြန်မာလူငယ်ကျောင်းသားလှုပ်ရှားမှုများနဲ့ လူသိများတဲ့ ညိုကီတစ်ဦး မြို့ပြကို ခေတ္တရောက်ချိန် ဖိတ်ခေါ်စကားပြောဖြစ်ခဲ့ပါတယ်။ အဆိုပါ ညိုကီကတော့ 96 soldiers တာဝန်ခံ ဇေယျာလွင်ပဲ ဖြစ်ပါတယ်။ ဇေယျာလွင် ကို Burmapodcast Network က ဘဟိန်းက မေးမြန်းထားပါတယ်။ မိတ်ဆွေတို့မှာလဲ အိမ်ပြန်လာမယ့်အချိန် မျှော်နေသူတစ်ယောက် ၊ ဒါမှမဟုတ် ကိုယ်တိုင် အိမ်ပြန်ဖို့ တိုက်ပွဲဝင်နေသူတစ်ဦးဆိုရင် ဒီအပိုင်းကို နှစ်ခြိုက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ Burma Podcast Network ကနေ နယ်ပယ်စုံ အကြောင်းအရာစုံက အကြောင်းအရာတွေကို မိတ်ဆွေတို့အတွက် အားကျိုးတက်ဖွယ် တင်ဆက်နေပါတယ်။ Youtube, Facebook, Spotify, MMInfo စတဲ့ platform အစုံမှာ Podcast များကို ကြည့်ရှု နားဆင် နိုင်ပါတယ်။
2023 မှာ ဘာတွေ ဆင်ခြင်စရာ တွေးစရာရှိခဲ့တယ်။ January 2024 မှာ နှစ်သစ်ကို ငါတို့ ဘ​ယ်လိုနေထိုင်သင့်တယ်​။​ဘယ်လိုဇွဲရှိသင့်တယ်ဆိုပြီး အသံသွင်းချလိုက်တာ ကိုဆမ်မီလက်ထဲ ၃ လကြာသွားပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် ဆမ်မီတစ်ယောက် 2024 အထိ ဇွဲမရှိသေးတာတော့ အသေအချာပါပဲ။ ဒီအပိုင်းမှာ မြန်မာပြည်ဖွား လူငယ်တွေရဲ့ စိတ်ကျန်းမာရေး ၊​ပညာရေး ၊ တော်လှန်ရေး ၊ လူမှုစီးပွားရေးတွေကို ဥာဏ်မှီသလောက် ညိုကီ ၃ ယောက် အာထုထားကြပါတယ်။​ နားဆင်ကြပါအုံးခင်ဗျာ။
ဖက်ရှင်မိဖို့ ငွေဘယ်လောက်သုံးကြမလဲ ။ Brand အကောင်းစားတွေကိုရွေးမလား ဘေထုတ်ဖက်ရှင်နဲ့ စတိုင်ကျအောင် ဖန်တီးမလား။ Tech wears လို့ခေတ်စားလာတဲ့ ရာသီမရွေးဝတ်လို့ရတဲ့အဝတ်အစားတွေ နောက်ပိုင်းခေတ်စားလာမလား? နားဆင်ကြပါအုံးခင်ဗျာ။
ဒီအပိုင်းမှတော့ နားထောင်သူမိတ်ဆွေဟာ ဆမ်မီ ၊​ဖရန်ကီ၊ဘရက်ဒလီ သုံးယောက် ဟာ ဘာခေါင်းစဥ်ချပေးပေး အလွန်စကားများနိုင် ကြောင်း သတိပြုမိပါလိမ့်မယ်။ ဒါကလည်း" ပထမ အပိုင်းက တိုတယ်ဗျာ "လို့ တစ်ဦးတည်းသော ပြိတ်သတ် ဇွဲပြည့် ပြောလို့ အရွဲ့တိုက်ခြင်း လုံးဝမဟုတ်ပါဘူးဗျာ။ ချစ်မိတ်ဆွေတို့ နားဆင်ပျော်ရွှင်နိုင်ကြပါစေ ။
ညိုကီ သုံးဖော်ရဲ့ ဘီယာဆိုင် အလွမ်းပြေ စကားဝိုင်းတွေ ဘယ်လို podcast ဖြစ်လာသလဲ? အရက်သောက်ရန်အားကစားလုပ်သောAcademic ညိုကီ Bradley , ဖက်ရှင်မလျှော့သော ဝါရင့် ညိုကီ Franky ၊ wanna be everythingကောက်ရိုးမီး ညိုကီ Sammy တို့ရဲ့ ပေါ့ပေါ့ပါးပါး စကားဝိုင်းပဲဖြစ်ပါတယ်။ ပျော်ရွှင်ပါစေ ညိုကီတို့ရေ။