နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ

ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။

နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၁၇၊ ၂၀၂၄) - ဒီဇင်ဘာ ၁၇, ၂၀၂၄

ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် နျူကလီးယား၊ ဇီဝနဲ့ ဓါတု ကာကွယ်ရေး တပ်ဖွဲ့၊ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး Igor Kirllov နဲ့အခြားတဦး သေဆုံး၊ အစ္စရေးအနေနဲ့ ဂါဇာဒေသကို လုံခြုံရေးအရထိန်းချုပ် နိုင်တော့မယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ပြော၊ အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားနဲ့ ရုရှားကို ထပ်မံဒဏ်ခတ်

12-17
29:58

နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၁၆၊ ၂၀၂၄) - ဒီဇင်ဘာ ၁၆, ၂၀၂၄

ဆီးရီးယားနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး အစီအစဉ်ကို ဆီးရီးယားနိုင်ငံသားတွေကဘဲ ဦးဆောင်သင့်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော၊ ဆီးရီးယားနိုင်ငံက မစ်ဇိုင်းဒုံး သိုလှောင်ရာနေရာတွေကို အစ္စရေး လေကြောင်းက တိုက်ခိုက်၊ သမ္မတ ရာထူးကနေ တရားစွဲဆို ဖယ်ရှားခံခဲ့ရတဲ့ တောင်ကိုးရီးယား သမ္မတ Yoon Suk Yeol ရဲ့ မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့မှု အပေါ် တနင်္လာနေ့မှာ တောင်ကိုးရီးယားဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး စတင်စစ်ဆေး

12-16
29:27

နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၁၃၊ ၂၀၂၄) - ဒီဇင်ဘာ ၁၃, ၂၀၂၄

ဆီးရီးယားနိုင်ငံမှာ အာဆတ်အစိုးရ ပြုတ်ကျပြီးတဲ့နောက် IS စစ်သွေးကြွတွေ ပြန်ခေါင်းမထောင်လာနိုင်အောင် လုပ်ဖို့လိုတဲ့အကြောင်း တူရကီနိုင်ငံခြား ဝန်ကြီး နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး၊ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး တိုးတက်မှုလက္ခဏာတွေ့တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြော၊ မြန်မာနိုင်ငံမှာ လာမယ့် ၂၀၂၅ ခုနှစ်အတွင်း လူသန်း ၂၀ လောက်အတွက် လူသားခြင်းစာနာမှုအကူအညီပေးဖို့ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံလောက် လိုအပ်

12-13
29:58

နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၁၂၊ ၂၀၂၄) - ဒီဇင်ဘာ ၁၂, ၂၀၂၄

အာဏာရှင်အာဆတ်အစိုးရ ပြုတ်ကျသွားပြီးတဲ့နောက် ဖွဲ့စည်းထားတဲ့ ဆီးရီးယား အစိုးရသစ်က သံရုံးတွေ ပြန်လာဖွင့်တဲ့ နိုင်ငံ ရှစ်နိုင်ငံကို ကျေးဇူးတင်၊ ဆီးရီးယားနိုင်ငံတွင်းမှာရှိနေတဲ့ နိုင်ငံခြားသားတွေ ဘေးကင်းကင်းနဲ့ ထွက်ခွာနိုင်ဖို့ တူရကီကူညီ၊ အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က Kari Lake ကို ဗီအိုအေ အမေရိကန် အသံ ညွန်ကြားရေးမှူး အဖြစ် ခန့်အပ်မယ်လို့ လျာထား

12-12
29:58

နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၁၁၊ ၂၀၂၄) - ဒီဇင်ဘာ ၁၁, ၂၀၂၄

IS စစ်သွေးကြွ အကြမ်းဖက်အဖွဲ့တွေ ဆီးရီးယားနိုင်ငံ အသွင်ကူးပြောင်းရေးကာလကို အခွင့်အလမ်းဖြစ် အသုံးချလို့မရအောင် အမေရိကန် ကြိုးပမ်း၊ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုတဲ့ လေယာဉ်အစိတ်အပိုင်းတွေကို ရောင်းချပေးမှုနဲ့ တရုတ်ကုမ္ပဏီ ၄ ခုကို အမေရိကန် ဒဏ်ခတ်၊ မြန်မာနိုင်ငံစီးပွားရေးဟာ ဒီနှစ်ဘဏ္ဍာနှစ်မှာ ၁ ရာခိုင်နှုန်း ကျဆင်းနိုင်

12-11
29:59

နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၁၀၊ ၂၀၂၄) - ဒီဇင်ဘာ ၁၀, ၂၀၂၄

ဆီးရီးယားနိုင်ငံရေး အကူးအပြောင်းကာလမှာ အားလုံးပါဝင်နိုင်အောင် လုပ်ဖို့ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တောင်းဆို၊ ဆီးရီးယားနိုင်ငံအနှံ့ အစ္စရေးလေကြောင်းတိုက်ခိုက်၊ မြန်မာအပါအဝင် ကမ္ဘာတလွှားက လူ့အခွင့်ရေးချိုးဖေါက်ပြီး ဒီမိုကရေစီကိုခြိမ်းခြောက်နေတဲ့ နိုင်ငံ တွေကို လက်နက်တင်ပို့ရောင်းချတာပိတ်ပင်ဟန့်တားဖို့လိုတယ်လို့ ကုလသမဂ္ဂလူ့အခွင့်ရေးအကြီးအကဲ ပြော

12-10
29:58

နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၀၉၊ ၂၀၂၄) - ဒီဇင်ဘာ ၀၉, ၂၀၂၄

ဆီးရီးယားနိုင်ငံမှာ သမ္မတ Bashar al-Assad ကို ဖြုတ်ချလိုက်ပြီးတဲ့နောက် နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးဖို့ ရှိ၊ အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က သူ့ရဲ့ ရှေ့နေ Alina Habba ကို သမ္မတအကြံပေးအဖြစ် ရွေးချယ်၊

12-09
29:27

နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၀၆၊ ၂၀၂၄) - ဒီဇင်ဘာ ၀၆, ၂၀၂၄

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြောင့် ပြည်သူတွေ စိုးရိမ်ခဲ့ရတဲ့အပေါ် ကာကွယ်ရေးဒုဝန်ကြီး တောင်းပန်၊ ဆီးရီးယားနိုင်ငံမှာ အစ္စလာမစ်သူပုန်တွေက Hama မြို့နဲ့ Aleppo မြို့ကို ထိန်းချုပ်ပြီးနောက် Homs မြို့ကို ချီတက်၊ မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ထိုင်း ငါးဖမ်းသမား ၄ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တဲ့အကြောင်းထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြော

12-06
29:58

နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၀၅၊ ၂၀၂၄) - ဒီဇင်ဘာ ၀၅, ၂၀၂၄

ဖမ်းခံခဲ့ရတဲ့ ထိုင်းရေလုပ်သားတွေ လွတ်မြောက်ရေးနဲ့ သိမ်းဆည်းထားတဲ့ ငါးဖမ်းစက်လှေ ပြန်ရရေး အမြန်ဆုံး လုပ်ဆောင်ပေးဖို့ ထိုင်း ငါးဖမ်းလုပ်ငန်း အသင်းက ထိုင်းအစိုးကို တောင်းဆို၊ ထိုင်း မြန်မာနယ်စပ် နားက ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ထိုင်းလွှတ်တော်ကော်မတီမှာ ဆွေးနွေးဖို့ရှိ၊ တောင်ကိုးရီးယား သမ္မတ Yoon Suk Yeol ဖယ်ရှားရေး အဆိုကို ထောက်ခံမှာ မဟုတ်ဘူးလို့ အာဏာရ ပါတီ ခေါင်းဆောင်ပြော

12-05
29:58

နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၀၄၊ ၂၀၂၄) - ဒီဇင်ဘာ ၀၄, ၂၀၂၄

အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုးရီးယား သမ္မတ Yoon Suk Yeol ကိုဖယ်ရှားဖို့ အတိုက်အခံအမတ်တွေက ဥပဒေကြမ်းတင်၊ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့ မှာထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပဖို့ စီစဉ်၊ ထိုင်းငါးဖမ်းသင်္ဘောပေါ်က ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား ၄ ဦးကို ပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေနဲ့ဆွေးနွေး

12-04
29:58

နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၀၃၊ ၂၀၂၄) - ဒီဇင်ဘာ ၀၃, ၂၀၂၄

စစ်ပွဲအပြီး ဂါဇာဒေသအုပ်ချုပ်ရေးအတွက် ဖာတာ နဲ့ ဟားမက်စ် စစ်သွေးကြွ အဖွဲ့အကြား သဘောတူညီမှုရဖို့ နီးပြီလို့ ပါလက်စတိုင်းတာဝန်ရှိသူတွေက ပြော၊ယူကရိန်းထောက်ပံ့ရေးကို ဦးစားပေး အဖြစ်ဆွေးနွေးမယ့် နေတိုးအဖွဲ့နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ၂ ရက်ကြာ အစည်းအဝေး ဘယ်ဂျီယံနိုင်ငံ Brussels မြို့မှာ စတင်၊အမေရိကန်သမ္မတ Joe Biden က တာဝန်သက်တမ်း မကုန်မီ နောက်ထပ် လွတ်ငြိမ်းခွင့်နဲ့ သက်ညှာခွင့်တွေ ကြေညာဖို့ရှိကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

12-03
29:58

နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၀၂၊ ၂၀၂၄) - ဒီဇင်ဘာ ၀၂, ၂၀၂၄

ဖက်ဒရယ်အဆင့် ရာဇဝတ်မှုတွေအတွက် ထောင်ဒဏ်ချမှတ်ခံရနိုင်ခြေရှိနေတဲ့ သားဖြစ်သူ Hunter Biden ကို အမေရိကန် သမ္မတ Joe Biden လွတ်ငြိမ်းချမ်းသာခွင့် ပေး၊ မြန်မာရေတပ်က ထိုင်းငါးဖမ်းစက်လှေတွေကို ပစ်ခတ်ပြီး၊ ရေလုပ်သားတွေ ဖမ်းဆီးသွားတဲ့ ကိစ္စအတွက် မြန်မာသံအမတ်ကြီးကို ထိုင်းနိုင်ငံကဆင့်ခေါ်၊ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ကြီးထွားလာနေတာနဲ့အမျှ သေဆုံးသူအရပ်သား အရေအတွက် ၆ ထောင် ကျော်အထိ ရှိလာ

12-02
29:24

နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၂၉၊ ၂၀၂၄) - နိုဝင်ဘာ ၂၉, ၂၀၂၄

အမေရိကန်ပြည်ထောင်စု ကော်နက်တီကက်ပြည်နယ်က ဒီမိုကရက် လွှတ်တော်အမတ် ၅ ဦးထက်မနည်း  သူတို့နေအိမ်တွေကို  ဗုံးနဲ့ တိုက်ခိုက်မယ်ဆိုပြီး ခြိမ်းခြောက်ခံရ၊ အစ္စရေးတိုက်ခိုက်မှုအတွင်း ဂါဇာကမ်းမြှောင်ဒေသမှာ လူပေါင်း ၃၀ ထက်မနည်းသေဆုံး၊ အိန္ဒိယနိုင်ငံမှာ ၃ ရက်ကြာ ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာရဲအရာရှိများဆိုင်ရာ ညီလာခံမှာ အိမ်နီးချင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုအဓိကထား ဆွေးနွေး

11-29
29:58

နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၂၈၊ ၂၀၂၄) - နိုဝင်ဘာ ၂၈, ၂၀၂၄

တရုတ်နိုင်ငံမှာ ထောင်ကျနေတဲ့ အမေရိကန်နိုင်ငံသား ၃ ယောက် ဒီနေ့ ပြန်လွတ်လာပါပြီ။မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဉီးစီးချုပ်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ရဲ့ စတင်လုပ်ဆောင်ချက်ကို မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SAC-M က ကြိုဆိုပါတယ်။ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အွန်လိုင်းလိမ်လည်ဂိုဏ် နေရာ ၁၁ ခုကို ဝင်ဖမ်းတာမှာ မြန်မာ ၈ ယောက်၊ တရုတ် ၅ ယောက်၊ ထိုင်း ၁ ယောက် စုစုပေါင်း ၁၄ ယောက် ဖမ်းဆီးရမိပါတယ်။

11-28
29:58

နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၂၇၊ ၂၀၂၄) - နိုဝင်ဘာ ၂၇, ၂၀၂၄

အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် Hezbollah အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အသက်ဝင်၊ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖြစ် နိုင်ငံတကာ ကုန်သွယ်ရေး ရှေ့နေတဦးဖြစ်တဲ့ Jamieson Greer ကို ထရမ့်အဆိုပြု၊ ရိုဟင်ဂျာတွေ အပေါ်ကျုးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ရဲ့ ရှေ့နေချုပ် Karim Khan လျှောက်ထား

11-27
29:59

နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၂၆၊ ၂၀၂၄) - နိုဝင်ဘာ ၂၆, ၂၀၂၄

အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က မက္ကစီကိုနဲ့ ကနေဒါနိုင်ငံတွေက သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မယ်၊ ဟက်ဇဘိုလာအဖွဲ့ နဲ့ အပစ်ရပ်ရေး သဘောတူဖို့ အစ္စရေးကို အီးယူတိုက်တွန်း၊ မြန်မာနိုင်ငံဘက်က မက်သာအက်ဖာတမင်း မူးယစ်ဆေး ၅.၅ တန်ကို အိန္ဒိယကမ်းခြေစောင့်တပ် ဖမ်းမိ

11-26
29:58

နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၂၅၊ ၂၀၂၄) - နိုဝင်ဘာ ၂၅, ၂၀၂၄

ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G7 နိုင်ငံခြားရေးဝန်ကြီးတွေ အီတလီနိုင်ငံမှာ တွေ့၊ လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တောင်ပိုင်းကို အစ္စရေး လေကြောင်း တိုက်ခိုက်၊ မြန်မာနိုင်ငံအတွင်း အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေဆီကနေ ထိုင်းနိုင်ငံဘက်ကို နိုင်ငံခြားသား ၃၉ ဦး ထွက်ပြေး လွတ်မြောက်လာတာမှာ သူတို့ဟာ လူမှောင်ခိုကူးခံရသူတွေလားဆိုတာကို ထိုင်းစိစစ်

11-25
29:27

နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၂၂၊ ၂၀၂၄) - နိုဝင်ဘာ ၂၂, ၂၀၂၄

ရွေးကောက်ခံ သမ္မတ Donald Trump က ဖလော်ရီဒါပြည်နယ် ရှေ့နေချုပ်ဟောင်း Pam Bondi ကို နိုင်ငံတော် ရှေ့နေချုပ်အဖြစ် ခန့်ထားဖို့ အဆိုပြု၊ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်နေတဲ့ ကျားဖြန့် ဂိုဏ်းအမြောက်အများကို မြန်မာနိုင်ငံနဲ့ လက်တွဲ ရှင်းလင်း ဖယ်ရှားလိုက်ပြီလို့ တရုတ် အစိုးရသတင်းဌာန ကြေညာ၊ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတွေအရေးကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရှေ့နှစ် ၂၀၂၅ ခုနှစ်ကျရင် အဆင့်မြင့်ဆွေးနွေးပွဲတခုလုပ်ဖို့ ရှိ

11-22
29:59

နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၂၁၊ ၂၀၂၄) - နိုဝင်ဘာ ၂၁, ၂၀၂၄

ရွေးကောက်ခံအမေရိကန် သမ္မတ Trump က နေတိုးအဖွဲ့ဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် Matthew Whitaker ကို အဆိုပြု၊ အမေရိကန်သံတမန် Amos Hochstein ဟာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တွေ့ဖို့ရှိ၊ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ လူသားချင်း စာနာမှု အကြပ်အတည်းကို ဖြေရှင်းရေးနဲ့ စစ်တပ်ကို အရေးယူရေးမှာ နိုင်ငံတကာအသိုင်းအဝိုင်းက တညီတညွတ်တည်း  ဆောင်ရွက်ဖို့ ပျက်ကွက်နေတဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ UK သံအမတ်ကြီး Barbara Woodward   ဝေဖန်

11-21
29:58

နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၂၀၊ ၂၀၂၄) - နိုဝင်ဘာ ၂၀, ၂၀၂၄

ရွေးကောက်ခံ အမေရိကန်သမ္မတ Donald Trump က ပညာရေးဝန်ကြီးဌာနကိုဦးဆောင်ဖို့ Linda McMahon ကို အဆိုပြု၊ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်း မြို့ မှာ အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထားတဲ့ လူပေါင်း ၁၀၀၀ ကျော်ထဲက တရုတ်နိုင်ငံသား ၇၆၀ကျော်ကို တရုတ်နိုင်ငံကို ပြန်လွှဲပြောင်း၊ လာအိုနိုင်ငံ ဗီယက်ကျင်း မြို့မှာ ကျင်းပနေတဲ့ အာဆီယံ ကာကွယ်ရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး အမေရိကန် ကာကွယ်ရေးဝန်ကြီး တက်ရောက်

11-20
29:57

Pyone Pyone

Thanks voa.

09-08 Reply

Dave Curry

Chris and I are sitting n 2 gcgc uux

07-05 Reply

Recommend Channels