Discover
နံနက်ပိုင်း ၆း၀၀-၇း၀၀ - Voice of America

1267 Episodes
Reverse
အပြည်ပြည်ဆိုင်ရာ စံတော်ချိန် 2330
- ကြာမြင့်ချိန် ၁ နာရီ
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၁၅ ရက်၊ ၂၀၂၅) − အပစ်ရပ်ရေး သဘောမတူရင် ရုရှားကို EU ဒဏ်ခတ်မည်၊ အပစ်ရပ်ရေး ရုရှား အကြွင်းမဲ့ လက်မခံသေးတာ ဘာကြောင့်လဲ၊ ရိုဟင်ဂျာဒုက္ခသည်တွေ အထောက်အပံ့ဖြတ်တောက်မှု ဟန့်တားဖို့ ကုလအကြီးအကဲကြိုးပမ်းမည် စတဲ့ သတင်းတွေနဲ့အပတ်စဥ်ကဏ္ဍတွေကို တင်ဆက်ထားပါတယ်။
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၁၄ ရက်၊ ၂၀၂၅)
ယူကရိန်းစစ် အပစ်ရပ်ရေး အသေးစိတ်အစီအစဉ်လိုအပ်(သမ္မတ Putin)၊ ဥရောပ ယမကာအခွန် ၂၀၀% ကောက်ဖို့ Trump ခြိမ်းခြောက်၊ ပဲခူးတိုင်း ညောင်ကျိုးစခန်း AA သိမ်းပိုက် စတဲ့သတင်းတွေနဲ့အတူ ဦးအောင်ခင်ရဲ့သုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာတွေကို တင်ဆက်ထားပါတယ်။
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၁၃ ရက်၊ ၂၀၂၅) − အမေရိကန်နဲ့ ကနေဒါ၊ EU တို့ကြား ကုန်သွယ်ရေးစစ်ပွဲပြင်းထန်၊ ယူကရိန်းစစ် အပစ်ရပ်ရေး ရုရှားအပေါ်မှာမူတည်လို့ ပြော၊ စစ်ကောင်စီနဲ့ တရုတ်တို့ဆွေးနွေး၊ ကဘော်ချိုင့်ဝှမ်း ပြန်ရရေး အိန္ဒိယလွှတ်တော်မှာတင်ပြ စတဲ့ သတင်းတွေနဲ့အတူ အပတ်စဥ်ကဏ္ဍတွေ တင်ပြထားပါတယ်။
ကန်အဆိုပြုတဲ့ အပစ်ရပ်ရေး ယူကရိန်း လက်ခံဖို့အသင့်၊ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို The Heague မြို့ ICC သို့ ပို့လိုက်ပြီ၊ ပါကစ္စတန် ရထား စစ်သွေးကြွတွေ တိုက်ခိုက် ခရိးသည်တွေပြန်ပေးဆွဲ စတဲ့သတင်းတွေနဲ့အတူ မြေကြီးသြဇာ၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ယူကရိန်းနဲ့ ဆွေးနွေးဖို့ရှိ၊ ဗြိတိန် သံတမန် ၂ ဦးကို ရုရှားက ပြည်နှင်ဒဏ်ပေး၊ စစ်ကောင်စီနဲ့ ရုရှားကြား စာချုပ်များ အကျိုးမဲ့ကြောင်း NUG က ရုရှားကို စာပို့ စတဲ့ သတင်းတွေ အပြင် ဆက်သွယ်မေးမြန်းခန်း၊ စီးပွားရေး၊ လူမှုရှုခင်းနဲ့ သက်တံ့ရောင် သတင်းလွှာတို့ကို တင်ပြပါမယ်။
အမေရိကန်ကို မူးယစ်ဆေး အဝင် မရပ်ရင် သွင်းကုန်ခွန် ဆက်လက် တိုးမြှင့်ဖို့ရှိ၊ နျူးကလီးယား အရေး အမေရိကန်နဲ့ ဆွေးနွေးဖို့ စဉ်းစားမယ့်အကြောင်း အီရန် ပြော၊ တာလီဘန် လက်အောက်မှာ ပညာသင်ခွင့် မရတဲ့ အတွက် ပြည်ပထွက် ပညာသင်ကြားရတဲ့ အာဖဂန် အမျိုးသမီတွေ အရေး စတာတွေ အပြင် အပါတ်စဉ် အစီအစဉ်တို့ကို ထုတ်လွှင့်ပါမယ်။
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၉ ရက် ၂၀၂၅) −
၂ နိုင်ငံဆွေးနွေးဖို့ ထရမ့် ကမ်းလှမ်းချက် အီရန်ခေါင်းဆောင် ပယ်ချတာ၊ ဂါဇာအပစ်ရပ်- ဒုအဆင့်အတွက် အီဂျစ်နဲ့ ဟားမတ်စ်ဆွေးနွေးတဲ့ သတင်းတွေနဲ့အတူ ဒို့အသံ၊ ဒီမိုကရေစီခေတ်ပြိုင်ကမ္ဘာ၊ စတဲ့အပတ်စဥ်အစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၈ ရက်၊ ၂၀၂၅) −
ယူကရိန်းစစ် အဆုံးသတ်နိုင်ဖို့ Trump ယုံကြည် ၊ ရိုဟင်ဂျာဒုက္ခသည် ထောက်ပံ့ကြေး မဖြတ်တောက်ဖို့ WFP ပန်ကြား၊ စစ်ကောင်စီအပေါ် ကနေဒါ ဒဏ်ခတ်မှုသစ် ချမှတ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
မက္ကဆီကို ကုန်စည်တွေအပေါ် အခွန်တိုးမြှင့်ရေး Trump ဆိုင်းငံ့၊ တိုင်ဝမ်မှာ ဒေါ်လာ ၁၀၀ ဘီလီယံ အမေရိကန် မြှုပ်နှံမည်၊ ရခိုင်မှာ တိုက်ပွဲပြင်းထန် စတဲ့ သတင်းတွေနဲ့အတူ ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေ တင်ဆက်ထားပါတယ်။
ယူကရိန်းကို ထောက်လှမ်းရေးအချက်အလက် ပေး နေတာ အမေရိကန် ရပ်ဆိုင်း၊ ဟားမတ်စ်နဲ့ အမေရိကန်ညှိနှိုင်း၊ ရိုဟင်ဂျာတို့အတွက် စားနပ်ရိက္ခာ ထောက်ပံ့ကြေး ဖြတ်တောက်ဖို့ရှိ၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက တိုက်ပွဲအခြေအနေ စတာတွေနဲ့အတူ အပတ်စဥ် အစီအစဉ်တွေတင်ပြထားပါတယ်။
လုံခြုံရေး တိုးမြှင့်ဖို့ ဥရောပခေါင်းဆောင်တွေ ဆွေးနွေးမည်၊ ကန် ကုန်စည်အပေါ် ကနေဒါ မက္ကဆီကို နဲ့ တရုတ်တို့ အခွန်တိုးမည်၊ အီဂျစ်အဆိုပြုတဲ့ ဂါဇာအစီအစဉ် အာရပ်ခေါင်းဆောင်တွေ လက်ခံ စတာတွေအပြင် မြေကြီးသြဇာ၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
ယူကရိန်းစစ်ပွဲ အရေးနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ က ယူကရိန်း သမ္မတကို ထပ်မံ ဝေဖန်၊ တရုတ်မှာ နိုင်ငံရေး ဆွေးနွေးပွဲကြီး စတင်၊ ရန်ကုန်မှာ ပုဂ္ဂလိက ဆေးရုံ တချို့ပိတ် စတာတွေနဲ့ အတူ ဆက်သွယ်မေးမြန်းခန်း၊ စီးပွားရေး၊ လူမှုရှုခင်း ၊ သက်တံ့ရောင် သတင်းလွှာတို့ကို ထုတ်လွှင့်ပါမယ်။
ကနေဒါနဲ့မက္ကဆီကို အပေါ်သွင်းကုန်ခွန်တိုးကောက်မယ့်အခြေအနေ၊ ဂါဇာကိုပစ္စည်းအဝင်အားလုံး အစ္စရေးလ်ရပ်ဆိုင်း၊ လှိုင်းဘွဲ့တိုက်ပွဲတွေကြောင့် မြန်မာဒုက္ခသည်ထိုင်းဘက်တိမ်းရှောင်စတာတွေ အပြင်ဒီမိုကရေစီရေးရာဆွေးနွေးခန်း၊ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ ထူးခြားဆန်းပြားသတင်းများအစီအစဉ်တို့ကိုထုတ်လွှင့်ပါမယ်။
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၂ ရက် ၊ ၂၀၂၅) −
ရုရှားသမ္မတနဲ့ မြန်မာစစ်ခေါင်းဆောင် တွေ့ဆုံဖို့ရှိတာ၊ ရာမာဒန် ဥပုသ်လ ခုသီတင်းပတ်ကုန် စတင်တဲ့ သတင်းတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေ တင်ပြထားပါတယ်။
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၁၊ ၂၀၂၅)
အမေရိကန်နဲ့ ယူကရိန်း သမ္မတနှစ်ဦး ဆွေးနွေးပွဲ ပြန်လှန် အော်ဟစ် ရပ်ဆိုင်း၊ ကမ္ဘာ့လူ့အခွင့်အရေး အဆိုးဆုံးထဲ မြန်မာပါဝင်၊ ကျောက်ဖြူ မကျအောင် စစ်ကောင်စီ အင်အားဖြည့် စတဲ့သတင်းတွေနဲ့ အမျိုးသမီး၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၂၈ ၊ ၂၀၂၅) −
Donald Trump ကို ရုရှားသမ္မတ Putin ချီးကျူး၊ ဝှီးဂါတွေ ထိုင်းကနေ တရုတ်ကို ပို့မယ့်ကိစ္စ ကန် ဝန်ကြီးရှုတ်ချ၊ ကုလအကြီးအကဲ မွတ်ဆလင်ဥပုသ်လမှာ ရိုဟင်ဂျာဒုက္ခသည်စခန်း သွားမည် စတဲ့ သတင်းတွေနဲ့အတူ အပတ်စဥ်အစီအစဉ်တို့ကို တင်ဆက်ထားပါတယ်။
မြေရှားသတ္တု တူးဖော်ရေး ယူကရိန်းနဲ့ အမေရိကန်ကြားက သဘောတူညီချက်၊ အမေရိကန်မှာ အိမ်ဝယ်ယူရေး အိမ်နီးချင်းတွေရဲ့ နိုင်ငံရေး ယုံကြည်ချက်ကိုပါ ထည့်သွင်းစဉ်းစားလာကြတဲ့အကြောင်း၊ မြန်မာ တရုတ် ထိုင်း ၃ နိုင်ငံ ကျားဖြန့်နှိမ်နင်းရေး အကျိုးဆက် စတာတွေအပြင် အပတ်စဥ်အစီအစဉ်တွေကို တင်ပြထားပါတယ်။
ဗြိတိန် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မည်၊ ပါလက်စတိုင်းအကျဉ်းသားတွေ ပြန်လွှတ်ဖို့ ဆိုင်းငံ့မှု အပစ်ရပ် ပျက်နိုင် (Hamas)၊ စစ်ကောင်စီ နယ်မြေရှင်း အရပ်သားတွေ ထိခိုက်ထွက်ပြေး စတာတွေအပြင် မြေကြီးသြဇာ၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
ယူကရိန်းစစ်အဆုံးသတ်ရေး အဆိုပြုချက် ကုလသမဂ္ဂမှာ မဲခွဲဆုံးဖြတ်၊ နောင်ချို၊ မကွေးတို့မှာ လေကြောင်း တိုက်ခိုက်ခံရ၊ ရန်ကုန်မှာ ရခိုင် စစ်ရှောင် စာရင်းကောက်ယူ စတဲ့ သတင်းတွေ အပြင် ဆက်သွယ်မေးမြန်းခန်း စီးပွားရေး၊ လူမှုရှုခင်း အစီအစဉ်တို့ကို ထုတ်လွှင့်ပါမယ်။