Discoverဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
Claim Ownership

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

Author: BBC Burmese Radio

Subscribed: 1,020Played: 47,354
Share

Description

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

24 Episodes
Reverse
တရုတ် ရုရှားကို ကူတယ်ဆိုပြီး ယူကရိန်း စွပ်စွဲ ၊ ထိုင်ဝမ် လွတ်လပ်ရေး တရုတ် အဆုံးသတ်မယ်
အာရှ-ပစိဖိတ်ဒေသမှာ နေးတိုးနဲ့ ပုံစံတူအဖွဲ့ ထူထောင်ဖို့ အမေရိကန်လုပ်နေကြောင်း တရုတ်စွပ်စွဲ
KIA တပ်မဟာသစ်ဖွဲ့၊ VPN ကျော်ခွမသုံးနိုင်အောင် စစ်တပ်ပိတ်နေလား၊ မြန်မာတွေ ဗီဇာရဖို့ခက်နေ
ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းထဲ RSO က လူသစ်စုရာက မနာခံသူတွေကို ပစ်ခတ်သတ်ဖြတ်
ငွေဖောင်းပွမှုနဲ့ ရွှေစျေးမြင့်တက်မှု ကြီးမားနေတဲ့ မြန်မာ့စီးပွားရေး ဘယ်ကို ဦးတည် နေလဲ
ပါလက်စတိုင်း နိုင်ငံကို တရားဝင် အသိအမှတ်ပြုကြောင်း အိုင်ယာလန်၊နော်ဝေနဲ့ စပိန်တို့ ကြေညာ
ပါပူအာနယူးဂီနီမှာ မြေပြိုကျလို့ လူ နှစ်ထောင်ကျော် မြေကြီးအောက် မြှုပ်နှံခံရ
မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်က လူသောင်းချီ ရွှေ့၊ တရုတ်နဲ့ ဂျပန် ဆိုးလ်မှာ တွေ့ဖို့ရှိ
သိမ်းထားတဲ့ ရုရှားငွေနဲ့ ယူကရိန်းစစ် ကူရေး ဆွေးနွေး၊ ပါကစ္စတန်မှာ ၅ဝ ဒီဂရီထိ ပူ
-ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ အာဏာသိမ်းဖို့ ကြံစည်မှု စစ်တပ်က တားဆီးလိုက်နိုင် - ဘူးသီးတောင်မြို့နယ်ကို အေအေက မနေ့က သိမ်းပိုက်ခဲ့အပြီး အခြေအနေ - ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီနဲ့ KIA ၊ PDF တို့အကြား တိုက်ပွဲပြင်းထန် - NUG နဲ့ ချင်းပြည်ကောင်စီတို့ မနေ့က ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး - အာဖဂန်မြောက်ပိုင်းမှာ ရုတ်တရက်ရေကြီးမှုအတွင်း အနည်းဆုံး လူ ၄၇ ဦး သေဆုံး - သေနတ်ပစ်ခတ်ခံခဲ့ရအပြီး ဒဏ်ရာပြင်းထန်ခဲ့တဲ့ ဆလိုဗက်ကီးယား ဝန်ကြီးချုပ် အသက်ဘေး စိုးရိမ်စရာမရှိတော့ - ထိုင်ဝမ်ကျွန်းတဝိုက် ကင်းစောင့်တပ်ဖွဲ့တွေ ပိုတိုးချထား
အာဖဂန်မှာ ရေကြီးလို့ လူ ငါးဆယ် သေဆုံး၊ ရုရှားထိုးစစ်ကြောင့် လူတသောင်းကို ရွှေ့ပြောင်း
- ယူကရိန်း ဒုတိယမြို့တော်ကို လောလောဆယ် သိမ်းပိုက်မှာ မဟုတ်သေးဘူးလို့ ရုရှားသမ္မတပြော - စစ်ကောင်စီကို အိန္ဒိယက လက်နက်၊ နည်းပညာနဲ့ လောင်စာဆီ ရောင်းချနေတာတွေ ရပ်တန့်ဖို့ Justice for Myanmar တောင်းဆို - ကျုံအိတ်တံတား မိုင်းခွဲခံခဲ့ရအပြီး တစ်ပတ်အကြာ ယာယီ မြေသားလမ်းလွှဲကနေ ယာဉ်တချို့ စတင် သွားလာ - လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့ ဒေါက်တာ ခလမ် ဆမ်ဆန်ကို စစ်ကောင်စီ ပြန်ထိန်းသိမ်းထားတာ တစ်လ ပြည့်ပြီ - ဂါဇာထိုးစစ်ဆင်မှုဟာ လူမျိုးသုဉ်း သတ်ဖြတ်မှုမဟုတ်ဘူးလို့ တရားရုံးမှာ အစ္စရေးငြင်းဆို - တရုတ် အိမ်မြေစျေးကွက်ကို ကယ်ဆယ်ဖို့ ရောင်းမထွက်တဲ့ အိမ်သန်းပေါင်းများစွာထဲက တချို့ကို ပြန်ဝယ်မယ်လို့ အစိုးရ ကြေညာ - ဂျူးဘုရားကျောင်းကို မီးရှို့ဖို့ ကြိုးစားသူ ရဲက ပစ်ခတ်ဖမ်းဆီး - ထိုင်ဝမ်ပါလီမန်တွင်းမှာ အမတ်တွေအချင်းချင်း ထိုးကြိတ်
- ဆလိုဗက်ကီးယား ဝန်ကြီးချုပ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့မှုနဲ့ လူတစ်ဦးကို စွဲချက်တင် - စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ကူမင်းမြို့မှာ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေး - NUG နဲ့ မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ပိုင်းတွေ ဂျပန်အစိုးရကိုယ်စားလှယ်တွေနဲ့ ဂျပန်နိုင်ငံမှာ တွေ့ဆုံ - နှစ်နှစ်နီးပါး လျှပ်စစ်မီး ပြတ်တောက်နေတဲ့ ခင်ဦးမြို့နယ်ထဲက ကျေးရွာ ၁၄ ရွာ လျှပ်စစ်မီးပြန်ရ - တရုတ်နဲ့ ရုရှားခေါင်းဆောင် နှစ်ဦး ဘေဂျင်းမြို့မှာ တွေ့ဆုံ - ဂျာမနီ လက်ျာစွန်းပါတီ အမတ်တစ်ဦးရဲ့ အိမ်ကို ရဲက စီးနင်းရှာဖွေ - စံချိန်တင်အမြတ်ထွက်ခဲ့တဲ့ စင်္ကာပူလေကြောင်းကုမ္ပဏီက ဝန်ထမ်းတွေကို ၈ လနီးပါးစာ လစာငွေဆုကြေး ပေးမယ်
- ယူကရိန်းကို နောက်ထပ်စစ်ရေးအကူအညီ ဒေါ်လာ ၂ ဘီလျံ ထောက်ပံ့မယ်လို့ အမေရိကန်ပြော - ဆလိုဗက်ကီးယား ဝန်ကြီးချုပ် သေနတ်ပစ်ခံရပြီး ဆေးရုံပို့ထားရ - အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာ့အရေး အထူးသံတမန် နေပြည်တော်ကို လပိုင်းအတွင်း ဒုတိယအကြိမ်ရောက်ရှိ - ဂျပန်အစိုးရ ကိုယ်စားလှယ်တွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ချို့နဲ့ တွေ့ဆုံ - မကွေး၊ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ အတွင်း လူအယောက် ၄၀ ထက်မနည်းသေဆုံး - ထောင်ကားတစ်စင်း ခြုံခိုတိုက်ခိုက်ခံရမှုအတွင်း ပြင်သစ်ထောင်အရာရှိ နှစ်ဦးသေဆုံးခဲ့အပြီး ထောင်ဝန်ထမ်းတွေ ဆန္ဒပြ - ဇိမ်ခံသင်္ဘောတွေနဲ့ ရောက်လာတဲ့ နိုင်ငံခြားသားခရီးသွားတွေ ဗီဇာမလိုဘဲ တရုတ်နိုင်ငံထဲ ဝင်နိုင်တော့မယ်
- ဒီမိုကရေစီတောင်းဆိုသူ ထိုင်းအမျိုးသမီး အစာငတ်ခံဆန္ဒပြအပြီး ထောင်ထဲမှာ သေဆုံး - ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်ထဲကနေ တခြားနေရာ ထပ်ပြောင်းရွှေ့ ထားရှိတယ်လို့ စုံစမ်းသိရ - မကွေးနဲ့ စစ်ကိုင်း ရင်ဆိုင်တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က နည်းဗျူဟာ ပြောင်းလာသလား - မိုခါမုန်တိုင်း တစ်နှစ်ပြည့်ကာလ ရခိုင်ပြည်နယ်တွင်း ပြန်လည်ထူထောင်ရေးအခြေအနေ - အရပ်ဘက်နဲ့ မီဒီယာအဖွဲ့အစည်းတွေကို ပြည်ပထောက်ပံ့ငွေ ထုတ်ပြခိုင်းတဲ့ ဥပဒေ ဂျော်ဂျီယာပါလီမန် အတည်ပြု - ဟောင်ကောင်အတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ သံသယတရားခံ ၃ ဦးကို ဖမ်းဆီးအပြီး ဗြိတိန်အစိုးရက တရုတ်သံအမတ်ကို ဆင့်ခေါ်မေးမြန်း - ဂါဇာအပစ်ရပ် သဘောတူရရေး ညှိနှိုင်းမှု ရှေ့မတိုးနောက်မဆုတ်သာ ရပ်တန့်နေတယ်လို့ ကြားဝင်စေ့စပ်တဲ့ ကာတာနိုင်ငံပြော
- ယူကရိန်းအရှေ့မြောက်ပိုင်းနယ်စပ်ကို ရုရှားတပ်ဖွဲ့တွေ ကျူးကျော် ထိုးစစ်ဆင် - ဘူးသီးတောင်မြို့နယ် အတွင်းက မွတ်ဆလင် ၇ ထောင်လောက် အာရက္ခတပ်တော် (AA)ရဲ့ ထိန်းချုပ်နယ်မြေထဲ ဝင်‌ရောက် ခိုလှုံလာ - ပူတာအိုနဲ့ ဗန်းမော်မှာ တိုက်ပွဲတွေ ပြင်းထန် - ဇီဝအချက်အလက် အခြေပြုသက်သေခံ UID ကဒ် ပြုလုပ်လိုသူတွေ များလာနေသလို လာဘ်ယူမှုတွေ ရှိနေ - ဆန္ဒပြသူတွေကို ဂျော်ဂျီယာ အာဏာပိုင်တွေရဲ့ နှိမ်နင်းပုံနဲ့ ပတ်သက်လို့ အီးယူဝေဖန် - ဟောင်ကောင် ထောက်လှမ်းရေးကို ကူညီခဲ့တယ်ဆိုတဲ့ လူ ၃ ဦးကို လန်ဒန်တရားရုံးမှာ ရုံးတင်စစ်ဆေး - ဝူဟန်မြို့ ပထမဆုံး ကိုဗစ်ရောဂါဖြစ်ပွားမှုကို သတင်းပို့ခဲ့တဲ့ သတင်းထောက်အမျိုးသမီး ထောင်ကနေ ပြန်လွတ်လာရမယ့် အချိန်ကျ
- မကွေးတိုင်း၊ ဆော မြို့နယ်၊ အကြည်ပလွန်း ကျေးရွာမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀ ခန့်သေဆုံးပြီး မန္တလေးတိုင်းမြင်းခြံမြို့နယ် ဆုံရွာမှာတော့ PDF နဲ့ပြည်သူ့စစ်တို့ တိုက်ပွဲဖြစ်ပွားလို့ လူ ၃၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အသက်ရှင်ကျန်ရစ်သူတွေနဲ့ ဆက်သွယ်မေးမြန်းချက်။ - တောင်ကိုရီးယားမှာ ပြည်ပနိုင်ငံတွေက ဆရာဝန်တွေကို ခန့်ထားတော့မယ် - တရုတ်နဲ့ ဖိလစ်ပိုင်ကြား သံတမန်ရေး ဆိုင်ရာတင်းမာမှု ရှိလာတဲ့ အနေအထား - ဂျပန်မှာ ပေါင်မုန့်ထဲ ကြွက်သေတွေလို့ ပေါင်မုန့်အလုံးပေါင်း တသိန်းကျော် ဆိုင်တွေက ပြန်သိမ်းနေတဲ့ အခြေအနေ စတဲ့ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို#မ‌ကွေးတိုင်း #ထီးလင်းမြို့ #ပအဖရုံး #လေကြောင်းတိုက်ခိုက် #မြန်မာ #ယောဒေသ #ဘုန်းကြီးကျောင်း #ဗုံးကြဲခံရမှု #လူသေဆုံးမှု #အမျိုးသမီး
- ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မြန်မာ့နိုင်ငံရေး အတိုက်အခံအင်အားစုတွေ လက်နက်ကိုင် တော်လှန်ရေးတပ်တွေနဲ့တွေ့ဆုံမှုဟာ ရှုတ်ထွေးမှုတွေ ဖြစ်စေတယ်လို့ ထိုင်းအောက်လွှတ်တော် ကော်မတီက ထုတ်ပြန်လာတဲ့ နောက်ဆက်တွဲ အခြေအနေ - အိန္ဒိယမှာ တန်ဖိုးသင့် လေကြောင်းလိုင်းက ဝန်ထမ်းတွေ အစုလိုက်အပြုံလိုက် ဖျားနာခွင့်ယူတာကြောင်း လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းထားရ - ဂါဇာက ရာဖာနယ်စပ်ဂိတ်မှာ ဗုံးကြဲတိုက်ခိုက်နေတဲ့ အစ္စရေးလုပ်ရပ်ကို ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ရှုတ်ချ - မလေးရှားမှာ ဘောလုံးသမားတွေ အက်စစ်နဲ့ပက် တိုက်ခိုက်ခံရလို့ ကစားပွဲတွေ ရွှေ့ဆိုင်းထားလိုက်ရ - ဂျပန်မှာ ဆူးတောင် ဝေလငါးတွေ ဖမ်းဆီး နေတဲ့ အခြေအနေ စတဲ့ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို#မ‌ကွေးတိုင်း #ထီးလင်းမြို့ #ပအဖရုံး #လေကြောင်းတိုက်ခိုက်
- ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် တောင်းဆိုချက် အပေါ် စစ်ကောင်စီ ဘက်က ဘယ်လိုသဘောထားရှိသလဲ - ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မြန်မာ့နိုင်ငံရေး အတိုက်အခံအင်အားစုတွေ လက်နက်ကိုင် တော်လှန်ရေးတပ်တွေနဲ့တွေ့ဆုံမှု နောက်ဆက်တွဲ - ဂါဇာက ရာဖာနယ်စပ်ဂိတ်မှာ ဗုံးကြဲတိုက်ခိုက်နေတဲ့ အစ္စရေးကို ကာတာနဲ့ ယူအေအီးက ရှုတ်ချလိုက်တဲ့ အကြောင်း - ရုရှားက ဒုံးကျည်တွေ ၊ ဒရုန်းတွေနဲ့ ယူကရိန်း တလွှား တိုက်ခိုက်ခဲ့လို့ တနိုင်ငံလုံး လျှပ်စစ်ဓါတ်အား ပြတ်တော်မှု ရှိလာနိုင်တယ်လို့ မီးပေးတဲ့ ကုမ္ပဏီတွေက ပြောကြားလိုက်တဲ့ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို#မ‌ကွေးတိုင်း #ထီးလင်းမြို့ #ပအဖရုံး #လေကြောင်းတိုက်ခိုက်
ဂါဇာတောင်ိပုင်းကို ဝင်တဲ့ ဝင်ပေါက် နှစ်ပေါက်ကို ပိတ်ပစ်၊ ပူတင် နောက်သက်တမ်း ကျမ်းကျိန်
loading
Comments (2)

aung Kyaw

မင်္ဂလာပါ

Jan 6th
Reply

Aung Khin Soe

thanks BBC

Jan 20th
Reply
Download from Google Play
Download from App Store