ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

<p>နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ</p>

NON CMD ပညာရေးဝန်ထမ်းတွေ ဖမ်းဆီးခံရမှု ဒီရက်ပိုင်း ဆက်တိုက် ရှိလာတာနဲ့ ပတ်သက်လို့ တုန့်ပြန် ပြောကြားချက်

- ဟောင်ကောင်က လူနေအထပ်မြင့် အဆောက်အအုံတွေ မီးကျိုးသွားပေမယ့် အတွင်းပိုင်းမှာ လောင်နေတဲ့ မီးအားလုံးကို မီးသတ်တွေ ငြိမ်းနေတယ်လို့ အာဏာပိုင်တွေပြော - တောင်ကိုရီးယားမှာ လေတပ်က တိုက်လေယာဉ်တွေကို ဓါတ်ပုံလိုက်ရိုက်တဲ့ တရုတ် ဆယ်ကျော်သက် ၂ ယောက်ကို ရန်သူအားပေးမှုနဲ့ တရားစွဲ - ထိုင်းရေကြီးမှု ရေပြန်ကျလာပေမယ့် ကယ်ဆယ်ရေး လုပ်ဆောင်နေတုန်းဘဲလို့ အာဏာပိုင်တွေက ပြောတဲ့ သတင်းတွေ တင်ဆက်ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858

11-27
14:48

DKBA နယ်မြေ ကျားဖြန့်လုပ်ငန်းတွေက သိမ်းဆည်းမိတဲ့ သက်သေခံပစ္စည်းတွေနဲ့ လူတွေကို နိုင်ငံတကာအဖွဲ့တွေလက်ထဲ အပ်မယ်လို့ KNU ပြော

- DKBA နယ်မြေ ကျားဖြန့်လုပ်ငန်းတွေက ဖမ်းဆီး သိမ်းဆည်းမိတဲ့ သက်သေခံပစ္စည်းတွေနဲ့ လူတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေလက်ထဲ အပ်မယ်လို့ KNU ပြော - လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ခိုလှုံခွင့်လျှောက်ထားတဲ့ မြန်မာဒုက္ခသည်တွေကို ပြန်စစ်ဆေးမယ်လို့ အမေရိကန်အစိုးရ ကြေညာ - စစ်ကိုင်းတိုင်းက အဓိကကျတဲ့ နေရာတွေကို စစ်တပ်က အထိုင်ချ ထိန်းချုပ်လာနေ - ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အဆိုပြုချက်သစ်ကို လာမယ့်အပတ် ရုရှားနဲ့ အမေရိကန် ဆွေးနွေးမယ် - တရုတ်ပြည်မကြီးနဲ့ မပူးပေါင်းဘဲ ကိုယ်ပိုင်လွတ်လပ်ရေး ရဖို့ ထိုင်ဝမ်ရဲ့ ကြိုးပမ်းမှု အောင်မြင်မှာ မဟုတ်ဘူးလို့ တရုတ်ပြော - ဟောင်ကောင်က အထပ်မြင့် တိုက်ခန်းတွဲတစ်ခု မီးလောင်မှုအတွင်း အနည်းဆုံး လူ ၁၃ ဦး သေဆုံး - နိုင်ဂျီးရီးယားမြောက်ပိုင်းမှာ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသားအရေအတွက်နဲ့ ပတ်သက်လို့ သတင်းတွေ အမျိုးမျိုးထွက်နေ - ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားမှာ ရေကြီးမှုတွေ ဆိုးဆိုးဝါးဝါး ကြုံတွေ့နေ - ဗြိတိသျှ ပေါ့ပ်အဆိုတော် အယ်လ်တန် ဂျွန် မျက်စိကွယ်တဲ့ ဝေဒနာနဲ့ ရင်ဆိုင်နေရ

11-26
15:14

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေကို ယာယီ ခိုလှုံခွင့်ပြုတဲ့ TPS အစီအစဉ်ကို ရုတ်သိမ်းတော့မယ်လို့ အမေရိကန်အစိုးရက ကြေညာ

- အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေကို ယာယီ ခိုလှုံခွင့်ပြုတဲ့ (TPS) အစီအစဉ်ကို ရုတ်သိမ်းတော့မယ်လို့ အမေရိကန်အစိုးရက ကြေညာ - ဘယ်လာရုစ် သမ္မတ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ဖို့ရှိ - မသန်စွမ်း ကိုယ်စားလှယ်လောင်းတချို့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ် - ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အဆိုပြုချက်ကို ယူကရိန်းဘက်က သဘောတူမယ်လို့ ယူဆကြောင်း အမေရိကန် ညှိနှိုင်းသူတွေပြော - နိုင်ဂျီးရီးယားမြောက်ပိုင်းမှာ ပြန်ပေးမှုတွေ ဆက်တိုက်ဖြစ်ခဲ့အပြီး စီးပွားရေးမြို့တော် လေးဂေါ့စ်မှာ လုံခြုံရေးတွေ တိုးမြှင့်ချထား - TSMC ထိုင်ဝမ်ကုမ္ပဏီရဲ့ ခေတ်မီနည်းပညာ အချက်အလက်တွေကို Intel အမေရိကန် ဆော့ဖ်ဝဲ ကုမ္ပဏီကြီးကို ပေးခဲ့မှုနဲ့ TSMC အကြီးတန်း အမှုဆောင်ဟောင်းတစ်ဦးကို TSMC ထိုင်ဝမ် ကုမ္ပဏီက တရားစွဲ - ထိုင်းတောင်ပိုင်း ရေကြီးမှု ကယ်ဆယ်ရေးဆောင်ရွက်မှုတွေ ကူညီဖို့ ထိုင်းရေတပ်က လေယာဉ်တင် သင်္ဘောကြီးတစ်စင်းအပါအဝင် ကယ်ဆယ်ရေး သင်္ဘော အစင်း ၁၅ စင်းစေလွှတ် - အီသီယိုပီးယားနိုင်ငံကလာတဲ့ မီးတောင် ပြာတွေကြောင့် အိန္ဒိယနိုင်ငံရဲ့ လေကြောင်းသွားလာမှုတွေကို ထိခိုက်

11-25
15:29

DKBA တပ်စခန်းတစ်ခုကို KNLA ပူးပေါင်းတပ်တွေက စီးနင်း ပစ်ခတ်ခဲ့ပြီး တပ်ဖွဲ့ဝင်အချို့နဲ့ မိသားစုဝင်တွေကို ဖမ်းဆီးခဲ့

- DKBA တပ်စခန်းတစ်ခုကို KNLA ပူးပေါင်းတပ်တွေက စီးနင်း ပစ်ခတ်ခဲ့ပြီး တပ်ဖွဲ့ဝင်အချို့နဲ့ မိသားစုဝင်တွေကို ဖမ်းဆီးခဲ့ - စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို စစ်တပ်က မြေပြင်ကနေရော၊ လေကြောင်းကနေပါ နေ့စဉ် ပစ်ခတ်နေတာကြောင့် ထိခိုက် သေဆုံးမှုတွေ ရှိနေသလို လူသောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရ - စစ်တပ် ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ နယ်စပ်ဂိတ်တွေက ဝင်လာတဲ့ ကုန်ကားမှန်သမျှ ဖမ်းဆီးဖို့ အမိန့် ထုတ်ပြန်ထား - အမေရိကန်ကြားဝင် ညှိနှိုင်းနေတဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးပွဲ အခြေအနေ - နိုင်ဂျီးရီးယားမြောက်ပိုင်းမှာ ပြန်ပေးဆွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့အပြီး ကျောင်းအားလုံး ပိတ်ထားလိုက် - တောင်ကိုရီးယားမှာ အွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုကျူးလွန်တဲ့ အဖွဲ့ခေါင်းဆောင်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ် - ဘောလီးဝုဒ်ရုပ်ရှင် ရှိုးလေးမှာ စတန့်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့သူ ဒါမန်ဒရာ ဒီယိုလ် အသက် ၈၉ နှစ်အရွယ်မှာ ကွယ်လွန်

11-24
15:24

မင်းကင်းမြို့နယ်အတွင်း PDF တို့ ထိန်းချုပ်ထားတဲ့ ရွှေလုပ်ကွက်နေရာတွေကို စစ်တပ်က ဗုံးကြဲလို့ လူတွေ အထိအခိုက်များ

နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့ည ဘီဘီစီ မြန်မာရေဒီယို အစီအစဉ် - မင်းကင်းမြို့နယ်အတွင်း PDF တို့ ထိန်းချုပ်ထားတဲ့ ရွှေလုပ်ကွက်နေရာတွေကို စစ်တပ်က ဗုံးကြဲလို့ လူတွေ အထိအခိုက်များ - ရုရှား ယူကရိန်း စစ်ပွဲ ရပ်စဲနိုင်ရေး အမေရိကန် အဆိုပြုချက်ကို ယူကရိန်း၊ အမေရိကန်နဲ့ ဥရောပက ကိုယ်စားလှယ်တွေ ဆွေးနွေးနေဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၃၂၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ဘီဘီစီရဲ့ ရေဒီယိုနဲ့ ရုပ်သံအစီအစဥ်တွေကို Thaicom 6 ဂြိုဟ်တုကနေ ထပ်ဆင့်ထုတ်လွှင့်ပေးနေပါတယ်။ဒီထုတ်လွှင့်မှုတွေကို မြန်မာနိုင်ငံတွင်းကရော ထိုင်းနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကပါ ဖမ်းယူကြည့်ရှုနိုင်ကြပါတယ်။လူထုရဲ့ သတင်းလိုအပ်နေချိန်မှာ အရေးပေါ်အစီအစဥ်အဖြစ်နဲ့ အခုလို ထုတ်လွှင့်မှုကို လေးလကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ဖမ်းယူနိုင်မယ့် ဂြိုဟ်တုမီတာလှိုင်းနဲ့ ချိန်ရွယ်ဖမ်းယူရမယ့် အချက်အလက်တွေကတော့Satellite Thaicom 6Orbital position 78.5° EastFrequency 12687MHzPolarisation VerticalSymbol rate 30.000Msym/sFEC 5/6 Modulation DVB-S#ဘီဘီစီမြန်မာပိုင်း #ရေဒီယို

11-23
15:03

စစ်ကိုင်းတိုင်းမှာ NUG ရဲ့ ဝန်ကြီးချုပ်ခန့်တဲ့ ခြေလှမ်းက ဘာကို ရည်ရွယ်တာ ပါလဲ

နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့ည ဘီဘီစီ မြန်မာရေဒီယို အစီအစဉ် - စစ်ကိုင်းတိုင်းမှာ NUG ရဲ့ ဝန်ကြီးချုပ်ခန့်တဲ့ ခြေလှမ်းက ဘာကို ရည်ရွယ်တာ ပါလဲ - ယူကရိန်းစစ်ဆိုင်ရာ အမေရိကန်ရဲ့ အဆိုပြုချက်အပေါ် ယူကရိန်းရဲ့ မိတ်ဖက် ဥရောပနိုင်ငံတွေ ဆွေးနွေးနေကြဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၃၂၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ဘီဘီစီရဲ့ ရေဒီယိုနဲ့ ရုပ်သံအစီအစဥ်တွေကို Thaicom 6 ဂြိုဟ်တုကနေ ထပ်ဆင့်ထုတ်လွှင့်ပေးနေပါတယ်။ဒီထုတ်လွှင့်မှုတွေကို မြန်မာနိုင်ငံတွင်းကရော ထိုင်းနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကပါ ဖမ်းယူကြည့်ရှုနိုင်ကြပါတယ်။လူထုရဲ့ သတင်းလိုအပ်နေချိန်မှာ အရေးပေါ်အစီအစဥ်အဖြစ်နဲ့ အခုလို ထုတ်လွှင့်မှုကို လေးလကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ဖမ်းယူနိုင်မယ့် ဂြိုဟ်တုမီတာလှိုင်းနဲ့ ချိန်ရွယ်ဖမ်းယူရမယ့် အချက်အလက်တွေကတော့Satellite Thaicom 6Orbital position 78.5° EastFrequency 12687MHzPolarisation VerticalSymbol rate 30.000Msym/sFEC 5/6 Modulation DVB-S#ဘီဘီစီမြန်မာပိုင်း #ရေဒီယို

11-22
15:32

မြဝတီနယ်စပ်က ကေကေပါ့ခ်ကို စစ်တပ်က စီးနင်းဖျက်ဆီးခဲ့ပေမဲ့ ရွှေကုက္ကိုမြို့သစ်မှာတော့ ဖမ်းဆီးတာလောက်ပဲလုပ်ခဲ့တယ်လို့ ဒေသခံတွေပြော

- ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်ရဲ့ အဆိုပြုချက်မူကြမ်းကို အမြန်ဆုံး လက်ခံဖို့ ယူကရိန်းကို ရုရှား တိုက်တွန်း - မြဝတီမြို့နယ်ထဲက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ ရှိနေတဲ့ ကေကေပါ့ခ်ကို စစ်တပ်က စီးနင်း ဖျက်ဆီးခဲ့ပေမဲ့ ရွှေကုက္ကိုမြို့သစ်မှာတော့ လူတွေကို လိုက်လံဖမ်းဆီးတာတွေလောက်ပဲ လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြော - မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကို တပ်ပိုင်ဘဏ္ဍာပစ္စည်းတချို့ တရားမဝင် ထုတ်ယူသွားပြီး တပ်ကိုပြန်မအပ်တာကြောင့် ဖမ်းဆီးထားကြောင်း NUG ထုတ်ပြန် - ရွှေပြည်သာ သပိတ်ကော်မတီဝင် သုံးဦးကို ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃(က) နဲ့ အမှုငါးမှုစီ စွဲပြီး ထောင်ဒဏ်နှစ် ၄၀ ကျော်စီ ချမှတ်လိုက် - နိုင်ဂျီးရီးယားမှာ ကက်သလစ် ခရစ်ယာန်စာသင်ကျောင်းတစ်ခုကနေ ကျောင်းသားတွေနဲ့ ဝန်ထမ်းအများအပြား ပြန်ပေးဆွဲခံရ - ဂျပန်မှာ စီးပွားရေး တိုးမြှင့်ရေး အသုံးစရိတ် အများအပြား သုံးစွဲမယ့် စီမံကိန်း တစ်ခုကို ကက်ဘိနက် အတည်ပြု - အစ္စရေးနဲ့ ဟားမတ်စ်အကြား အပစ်ရပ်သဘောတူချက် စအသက်ဝင်ခဲ့တဲ့ ပြီးခဲ့တဲ့လကတည်းကစလို့ ဂါဇာဒေသမှာ စစ်ပွဲနဲ့ဆက်နွှယ်နေတဲ့ ဖြစ်ရပ်တွေအတွင်း ကလေးငယ်ပေါင်း ၇၀ နီးပါး သေဆုံးခဲ့တယ်လို့ UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ပြော - အလှူရှင်နိုင်ငံတွေဆီက အလှူငွေတွေ လျော့ကျလာတဲ့အတွက် ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့က အသုံးစရိတ် ငါးပုံတစ်ပုံ နီးပါး လျှော့ချမယ်လို့ ထုတ်ပြန် - ဘင်္ဂလားဒေ့ရှ်မှာ ပြင်းအား ငါးဒဿမငါး ငလျင်အတွင်း လူ ငါးဦးသေဆုံး

11-21
15:23

ကမ္ဘာကလေးများနေ့မှာ မြန်မာနိုင်ငံက ကလေးတွေအပေါ် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ အရ မလုံခြုံမှုတွေ ရှိနေတဲ့အကြောင်း

အနာဂတ် ယူကရိန်း ငြိမ်းချမ်းရေး အတွက် ဘယ်လိုဆွေးနွေးမှုမျိုးမဆို ဥရောပ သမဂ္ဂနဲ့ ယူကရိန်း ပါရမယ်လို့ ဥရောပ နိုင်ငံခြားရေး ဝန်ကြီးတွေပြော - တောင်ကိုရီးယားမှာ ပဲ့ထိန်းခန်းက ဝန်ထမ်း လက်ကိုင်ဖုန်းသုံးနေလို့ တိမ်းမှောက်ခဲ့တဲ့ သင်္ဘောနဲ့ ပတ်သက်လို့ ဝန်ထမ်း ၂ ယောက်ကို ဖမ်းဆီးထား - ယူကရိန်းနိုင်ငံ အနောက်ပိုင်း Ternopil တားနိုပီးလ်မြို့က အထပ်မြင့် လူနေအဆောက်အအုံတွေပေါ်ကို ရုရှားက အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်ခဲ့မှုအတွင်း ပျောက်ဆုံးသူ အယောက် ၂၀ ကျော် ရှိတယ်လို့ သမ္မတ ဇလန်းစကီး ပြောတဲ့ သတင်းတွေ တင်ဆက်ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858

11-20
14:57

ရွှေကုက္ကိုကို စစ်တပ်နဲ့ BGF ဝင်စီးနင်းရာမှာ ကြိုတင်စီစဉ်ထားတဲ့ပုံစံမျိုး အစအဆုံးတွေ့နေတဲ့အကြောင်း ပြောဆိုမှုတွေ ရှိလာ။

- ကျောင်းသား/ကျောင်းသူတွေ ကျောင်းအပ်နှံတဲ့အခါ သက်ဆိုင်ရာ တက္ကသိုလ်၊ ကျောင်းတချို့ကနေ ကြိုတင်မဲပေးထားကြောင်း အထောက်အထားပြသရမယ်လို့ ကိုယ်တိုင်ကြုံခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေက ပြန်ပြောပြလာပါတယ်။ - အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကနေ KNU နဲ့ KNPP ကနုတ်ထွက်သွားပါတယ်။ NUCC ဘာဆက်လုပ်မလဲ၊ NUCC အပေါ် ပြည်သူတွေနဲ့ တော်လှန်ရေးလုပ်နေသူတွေကရော ဘာတွေမျှော်လင့်ထားလဲ။ - ဗြိတိန်ဟာ ကာကွယ်ရေးမှာ အမေရိကန်ကို အားကိုးနေရတယ်လို့ အစီရင်ခံစာမှာ ဆိုထား - ပိုလန်က ရုရှားကောင်စစ်ဝန်ရုံးကို ပိတ်လိုက်ပြီ - ယူကရိန်းနိုင်ငံ အနောက်ပိုင်း Ternopil တားနိုပီးလ်မြို့က အထပ်မြင့် လူနေအဆောက်အအုံတွေပေါ်ကို ရုရှားက အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူအယောက် ၂၀ သေဆုံးတဲ့ သတင်းတွေ တင်ဆက်ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858

11-19
14:57

စစ်တပ်ရဲ့ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်သူတွေကို အကြမ်းဖက်မှုနဲ့ NUG က ဖမ်းဆီး အရေးယူနေတဲ့အကြောင်း။

- ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်လို့ခေါ်တဲ့ ငွေလိမ်လုပ်ငန်းတွေကို အထူးစစ်ဆင်ရေးတစ်ရပ်အနေနဲ့ နှိမ်နင်းမယ်လို့ BGF ဘက်ကပြောလိုက်ပြီးနောက် မနေ့ကစပြီးကျားဖြန့်လုပ်ငန်းခေါင်းဆောင်တွေရော ကျားဖြန့် လုပ်ငန်းမှာပါဝင်နေသူတွေရော ထွက်ပြေးနေကြ။ - ဂါဇာအရေး အမေရိကန် အဆိုပြုချက်ကို ကုလ လုံခြုံရေးကောင်စီမှာ မဲခွဲအတည်ပြုနိုင်ခဲ့လို့ အစ္စရေးက ကြိုဆို - တိုင်ဝမ်ကို စစ်ရေးအရ ဝင်ကူမယ်လို့ ဂျပန်ဝန်ကြီးချုပ်သစ်ရဲ့ ပြောကြားချက်ကို ပြန်ရုပ်သိမ်းပေးဖို့ တရုတ်တောင်းဆို - တောင်ကိုရီးယားဟာ အမေရိကန် အကူအညီနဲ့ နျူကလီးယား ရေငုတ်သင်္ဘော တည်ဆောက်မယ့် အစီအစဉ်ကို မြောက်ကိုရီးယား ရှုတ်ချ - ဖိလစ်ပိုင်မှာ သဘာဝဘေး ရံပုံငွေ အလွဲသုံးစားလုပ်မှုနဲ့ ပထမဆုံး စွဲချက်တင်မှုတွေ ရှိလာတဲ့ သတင်းတွေ တင်ဆက်ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858

11-18
15:03

ဖာပွန်ကို စစ်တပ်က ဝင်ရောက် ထိန်းချုပ်ဖို့ ကြိုးစားနေ

မြန်မာ့အရေးအတွက် အာဆီယံအထူးသံတမန်နေရာကို ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးကို ခန့်အပ်ခဲ့ရာမှာ ဒီလို မြန်မာ့အရေးအထူးသံတမန်တွေ ခန့်အပ်မှုက လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ဘယ်လိုသက်ရောက်မှုရှိပါသလဲ။ - Freedom House အစီရင်ခံစာအရ မြန်မာဟာ တရုတ်နဲ့တန်းတူ အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံစာရင်းမှာပဲ ဆက်ရည်တည်နေတာကြောင့် စစ်ကောင်စီထိန်းချုပ်နယ်မြေတွေ တင်သာမက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာရော အင်တာနက်လွတ်လပ်ခွင့် ဘယ်လောက်အထိ ဆုံးရှုံးနေသလဲ။ - ရခိုင်ပြည်နယ်၊ ကျောက်ဖြူ၊ မင်းပြင် အရပ်မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုအပြင် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင်းလည်း အရပ်သားတွေ ထိခိုက်သေဆုံးမှု ရှိနေပါတယ်။ - မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ တောင်ကိုရီးယား ဘက်က အဆိုပြု - တရုတ်ခရီးသွားတွေ လျော့ကျသွားလို့ ခရီးသွား ကုမ္ပဏီရှယ်ယာစျေးကျဆင်းလာတဲ့ သတင်းတွေ တင်ဆက်ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858

11-17
29:57

ဗြိတိန်နိုင်ငံထဲ ရွှေ့ပြောင်းဝင်လာသူတွေ ထိန်းမနိုင်လောက်အောင် များလာနေတာကြောင့် ခိုလှုံခွင့်စနစ် တင်းကျပ်ဖို့ အစီအစဉ်ချမှတ်

- ဗြိတိန်နိုင်ငံထဲ ရွှေ့ပြောင်းဝင်လာသူတွေ ထိန်းမနိုင်လောက်အောင် များလာနေတာကြောင့် ခိုလှုံခွင့်စနစ် တင်းကျပ်ဖို့ အစီအစဉ်ချမှတ် - ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို ပူးပေါင်းနှိမ်နင်းရေး တိုးလုပ်ဆောင်ဖို့ တရုတ်၊ မြန်မာ အပါအဝင် ခြောက်နိုင်ငံ သဘောတူ - TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်ကို စစ်တပ်ဆီ ပြန်လွှဲပေးမှာ ဖြစ်ပေမဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက ထိန်းချုပ်နယ်မြေကို ဆက်ကာကွယ်သွားမယ်လို့ ဆို - စစ်ကိုင်းတိုင်းမှာ စစ်တပ်ရဲ့ မြေပြင်ရော လေကြောင်းနဲ့ပါ ဆက်တိုက် တိုက်ခိုက်မှုတွေကြောင့် ကျေးရွာပေါင်း ၂၀ လောက်က ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးနေရ - ဖိလစ်ပိုင်မှာ အစိုးရတာဝန်ရှိသူ အတော်များများ ပါနေတဲ့ အဂတိလိုက်စားမှုအရှုပ်တော်ပုံကြီးကို တာဝန်ခံ ဖြေရှင်းပေးဖို့ လူသိန်းသောင်းချီ တောင်းဆို ဆန္ဒပြ - အီကွေဒေါမှာ နိုင်ငံခြား စစ်စခန်းတွေ ပြန်အခြေစိုက်ခွင့်ပြုဖို့ အခြေခံဥပဒေ ပြင်သင့်မသင့် လူထုဆန္ဒခံယူပွဲ ကျင်းပနေ - တရုတ်-ဂျပန် ဆက်ဆံရေးတင်းမာနေချိန် ဂျပန်ထိန်းချုပ်တဲ့ ကျွန်းစုတွေနားက ရေပြင်မှာ တရုတ်ကင်းလှည့်ရေယာဉ်တွေ ဖြတ်မောင်းခဲ့ - ကွန်ဖူးပညာ အစပြုရာ ရှောင်လင် တရုတ်ဘုံကျောင်းရဲ့ ကျောင်းထိုင်ဘုန်းကြီး ငွေအလွဲသုံးစားမှုနဲ့ ထိန်းသိမ်းခံရ - ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်းရဲ့ အမှု စီရင်ချက်ချခါနီး တစ်ရက်အလို လုံခြုံရေးတွေ တိုးမြှင့် ချထားလိုက်

11-16
10:39

ဘီဘီစီက တောင်းပန်ခဲ့ပေမဲ့ သမ္မတထရမ့်က လျော်ကြေး ဒေါ်လာ ၅ ဘီလျံအထိ တောင်းဖို့ ဘီဘီစီကို တရားစွဲမယ်လို့ ဆို

- ဘီဘီစီက တောင်းပန်ခဲ့ပေမဲ့ သမ္မတထရမ့်က လျော်ကြေး ဒေါ်လာ ၅ ဘီလျံအထိ တောင်းဖို့ ဘီဘီစီကို တရားစွဲမယ်လို့ ဆို - အက်ပ်စတီးန်ဖိုင်တွဲတွေ ထုတ်ပြန်ဖို့ တောင်းဆိုနေတဲ့ ရီပတ်ဘလီကန် အမျိုးသမီးအမတ်အပေါ် ထောက်ခံမှု သမ္မတထရမ့် ပြန်ရုတ်သိမ်း - လားရှိုးမှာ စစ်တပ်နဲ့ ကိုးကန့်တပ် MNDAA အကြား တင်းမာနေ - မင်းကင်းမြို့နယ်ထဲက လောင်းပြည့်ရွာနားမှာ ရွှေမျောလုပ်ငန်းတွေ မလုပ်ဖို့ ဆန္ဒပြခဲ့ကြတဲ့ ဒေသခံတချို့ကို ဒေသကာကွယ်ရေး အဖွဲ့က ဖမ်းဆီး - ကလေးမြို့ အဝင်အထွက် လမ်းပိုင်းတွေကို စစ်တပ်ကရော တော်လှန်ရေးတပ်ဖွဲ့တွေကပါ ပိတ်ဆို့ထားတဲ့အတွက် ဆေးဝါးပစ္စည်းတွေ ပြတ်လပ်နေ - ကက်ရှ်မီးယားပြည်နယ် ရဲစခန်းတစ်ခုမှာ မတော်တဆ ပေါက်ကွဲမှုအတွက် သေဆုံးခဲ့သူ ၉ ဦးရဲ့ အလောင်းတွေဟာ ဘယ်သူတွေလဲဆိုတာကို ဖော်ထုတ်သိနိုင်ဖို့ အိန္ဒိယ အာဏာပိုင်တွေက ကြိုးစားနေ - တရုတ်-ဂျပန် တင်းမာမှုတွေ တိုးလာခဲ့အပြီး တရုတ်နိုင်ငံသားတွေ ဂျပန်နိုင်ငံကို မသွားကြဖို့ တရုတ်အစိုးရက သတိပေး ညွှန်ကြားထား - အမေရိကန်နိုင်ငံတွင်း နည်းပညာဝန်ထမ်းတွေအဖြစ် မြောက်ကိုရီးယားတွေ ယောင်ဆောင်အလုပ်လုပ်နိုင်အောင် ကူညီခဲ့သူတွေ လို့စွပ်စွဲခံထားရသူ ၅ ဦးက အပြစ်ရှိကြောင်း ဝန်ခံလျှောက်လဲ -ကမ္ဘောဒီးယား-ထိုင်းနယ်စပ်မှာ မျောက်ဝံ ၈၁ ကောင် ခိုးထုတ်လာသူနှစ်ဦးကို ထိုင်းစစ်တပ် ဖမ်းဆီး

11-15
15:27

စစ်မှုထမ်းသက် လျှော့ပေါ့ခွင့်ရသူတွေကို စစ်မှုထမ်းပြီးကြောင်း လက်မှတ်ထုတ်ပေး၊ မောတောင်ကို KNU သိမ်းတယ်လို့ သတင်းထွက်

ဆူဒန် လူသတ်ပွဲကြီး ဖြစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှု စုံစမ်းဖို့ လူ့အခွင့်အရေးကောင်စီ အတည်ပြု

11-14
14:53

ငွေလိမ်ဂိုဏ်းနှိမ်နင်းရေးအထူးတပ်ဖွဲ့ အမေရိကန်ဖွဲ့ ၊ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်တာ ၁၅ နှစ်ပြည့်

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာအမှု တနင်္လာနေ့မှာ စီရင်ချက် ချမယ်

11-13
15:02

LNG သင်္ဘောကြီး သီလဝါဆိပ်ကမ်း ရောက်နေပြီ သတင်းထွက်၊ ဗုဒ္ဓဂါယာ ဆရာတော်ကို ရွှေဘိုမှာ ဖမ်းသွားပြီး ပျောက်နေတယ်ဆို

ထိုင်းနဲ့ ပစ်ခတ်မှု ထပ်ဖြစ်ပြီးနောက် အရပ်သား သေဆုံးမှု ရှိတယ်လို့ ကမ္ဘောဒီးယား ပြော

11-12
15:00

KK Park နေရာတချို့ကို စစ်တပ်နဲ့ BGF ဖောက်ခွဲမှု ဆက်တိုက်လုပ် ၊ ဒေသအများစု အင်တာနက်လိုင်း ပြတ်တောက် နှေးကွေး

အဖွဲ့အစည်း ဘက်လိုက်မှု မဟုတ်ကြောင်း နုတ်ထွက်မယ့် ဘီဘီစီသတင်းပိုင်း အကြီးအကဲ ပြောကြား

11-10
14:45

ကချင်ပြည်နယ်မှာလည်း ဖားကန့်နဲ့ ဗန်းမော်မှာ စစ်တပ်နဲ့ ကေအိုင်အေ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KIA က ပြော

- Overflow Music Festival ဖျော်ဖြေပွဲ၊ စင်ပေါ်မှာ ညစ်ညမ်းစကားတွေပြောဆိုခဲ့တဲ့ အဆိုတော်တွေနဲ့ ပွဲစီစဉ်သူတွေသူအပြင် ရိုက်ကူးရေး အဖွဲ့သား စုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ စစ်ကော်မရှင် ထုတ်ပြန် - စစ်တပ်က လက်လွှတ်ထားရတဲ့ မြို့အများအပြားရှိတဲ့ ချင်းပြည်နယ်ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းပြန်ထိုးပြီး အရေးပါတဲ့နေရာတချို့ကို သိမ်းယူ - အောက်တိုဘာ ၂၆ ရက်ကနေ နိုဝင်ဘာ ၈ ရက်နေ့အထိ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၈ ခုမှာ စစ်တပ်ရဲ့လေ‌ကြောင်းကနေတမျိုး၊ လက်နက်ကြီးနဲ့တဖုံ ပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံးသူ ၂၃ ဦးခန့်ရှိပြီး ဒဏ်ရာရသူ ၅၀ နီးပါးရှိလာ - စစ်မှုထမ်း သင်တန်း တက်ထားတဲ့ ၊ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပျူစောထီး ခေါင်းဆောင်တယောက် ညောင်လေးပင်မှာ အသတ်ခံရ ၁ဝ ယောက်ထပ်မနည်းရှိခဲ့ - ဖန်ဝေါင်း တိုင်ဖွန်းမုန်တိုင်း နက်ဖြန်မှာ ဖိလစ်ပိုင် လူဇုံကျွန်းကို ဝင်မယ်လို့ ခန့်မှန်းထား - လွန်ခဲ့တဲ့ ၁ဝ နှစ်က အစ္စရေးစစ်သားအလောင်း ဟားမတ်စ်က ပြန်လွှဲပေးဖို့ စီစဉ်နေ - အီရန်က ဒုတိယမြို့တော် မတ်ရှ်ဟတ်ဒ်မှာပါ ရေပေးဝေမှု ဖြတ်တောက် လျော့ချလာ - ရုရှားစွမ်းအင်အဆောက်အုံတွေက ယူကရိန်းက တိုက်ခိုက်လို့ မြို့လူထုအမှောင်ထဲ နေနေရတယ်လို့ ဘဲဂါးရက်ဒ်မြို့တော်ဝန်က ပြောကြားတဲ့ သတင်းတွေ တင်ဆက်ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858

11-09
15:01

စဉ့်ကူးက ရွှေပြည်၊ ညောင်ကုန်း၊ ရွှေပန်းတောရွာတွေကိုလေကြောင်းကနေ ၆ ကြိမ်တိုက်ခိုက်ခဲ့လို့ လူ ၃ ယောက်သေပြီး ဒဏ်ရာအများအပြားရ

- မတ္တရာက ဆည်တော်ကြီးရေလှောင်တမံတဝိုက်ကို ပြန်ထိန်းချုပ်လိုက်ပြီလို့ စစ်ကော်မရှင် ဘက်က ထုတ်ပြန်ပေမယ့် အရေးပါတဲ့ မိုးကုတ်မြို့ကို ကာကွယ်ဖို့အတွက် တချို့ နေရာတွေမှာ တပ်အင်အားတွေ ပြောင်းရွှေ့ ထုတ်နှုတ်ရတာကြောင့် ဆုတ်ပေးလိုက်ရတာလို့ တော်လှန်ရေး အင်အားစုတွေဘက်က ပြော - ၂၀၁၇ တုန်းက ဘိတ်ကနေ ရန်ကုန်အသွား ကပ္ပလီ ပင်လယ်ပြင်ပေါ် ပျက်ကျလို့ လူပေါင်း ၁၂၂ ယောက်သေဆုံးခဲ့ဖူးတဲ့ Y8 အမျိုးအစား Y8 F200W လေယာဉ်(၂) စီး နဲ့ ရုရှားထုတ် Mi 38 ရဟတ်ယာဉ်(၃) စီး ကို ဝယ်ယူကြောင်း ထုတ်ပြလာ - ကေကေပတ်ခ် က ကျားဖြန့် ခေါ် (အွန်လိုင်းငွေလိမ်) လုပ်ငန်းနဲ့ ပတ်သက်သူတွေကို ရွှေ့ပြောင်း၊ လက်ခံခေါ်ယူတာတွေ မလုပ်ဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကျုံဒိုးမြို့နယ် အလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန် - ဖန်ဝေါင်း တိုင်ဖွန်းမုန်တိုင်း နက်ဖြန်မှာ ဖိလစ်ပိုင် လူဇုံကျွန်းကို ဝင်မယ်လို့ ခန့်မှန်းထား - အင်ဒိုနီးရှားမှာ မနေ့ သောကြာနေ့က ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဆယ်ကျော်သက် ကျောင်းသားတယောက်ကို သံသယမှုနဲ့ စစ်ဆေးနေ - ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကြား ဆွေးနွေးပွဲ မအောင်မြင်ပေမယ့် အပစ်ရပ် ဆက်ထိန်းထား - အီရန်မှာ ရေအရင်းအမြစ် ရှားလာလို့ ရေပေးဝေမှု ဖြတ်တောက် လျော့ချလာ - ရုရှားစွမ်းအင်ကဏ္ဍကို အရေးယူပိတ်ဆို့မှု တိုးလုပ်ဖို့ ယူကရိန်းသမ္မတ ပန်ကြာလိုက်တဲ့ သတင်းတွေ တင်ဆက်ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858

11-08
02:50

aung Kyaw

မင်္ဂလာပါ

01-06 Reply

Aung Khin Soe

thanks BBC

01-20 Reply

Recommend Channels