Discover
လက်ဖက်ရည်ချို . Laphatyaycho
34 Episodes
Reverse
#စောင့်ရခြင်း
ငါ့ချစ်သူလာလိမ့်မယ်
လက်လေးတွေဆန့်တန်းဖွင့်လှစ်လိုက်ပြီး
ငါ့ကိုဖက်သိုင်းလိမ့်မယ်။
ငါ့ကြောက်စိတ်များကို နားလည်မယ်
ငါ့အပြောင်းအလဲတွေကို လေ့လာလိမ့်မယ်။
သွန်းချလာတဲ့အမှောင်ထဲကနေ
ပိန်းပိတ်မှောင်တဲ့ညထဲကနေ
တက္ကစီတံခါးကိုတောင် ဆောင့်မပိတ်အားတော့ဘဲ
ဆွေးမြေ့နေတဲ့ တံခါးမုဒ်ကို ဖြတ်ကာ အပေါ်ထပ်ကို အပြေးကလေးတက်လာမယ်။
မေတ္တာရယ်၊ မေတ္တာရဲ့ချမ်းမြေ့မှုရယ်နဲ့ လောင်ကျွမ်းလို့ပဲ။
မိုးရေ တစက်စက်ကျရင်း
အပေါ်ကိုပြေးတက်လာမယ်
တံခါးကိုမခေါက်တော့ဘူး။
ငါ့ဦးခေါင်းကို သူ့လက်ကလေးတွေနဲ့ ပွေ့ယူလိုက်မယ်။
ပြီး သူ့အပေါ်အင်္ကျီကို ကုလားထိုင်ပေါ် ပစ်ချလိုက်တဲ့ခါ
ကြမ်းပြင်အပေါ်ကို လျှောကျသွားပြီး ပြာလဲ့လဲ့အပုံတစ်ပုံ ဖြစ်သွားလိမ့်မယ်။
#ယက်ဖ်တူရှင်ကို
Yevgeny Yevtushenko - Waiting
#မောင်သာနိုး - ဘာသာပြန်
◾️ ကိုယ်လိုချင်တာ နွေးထွေးတဲ့ လက်ဖဝါး
မြက်ခင်းပြင်တွေက ဘယ်တော့မှ အဆုံးသတ် မရှိပေမယ့် မင်း ပင်ပန်းနေမှုကို ကိုယ် သိတယ်။ အလုပ်ခွင်ကနေ နေအိမ်ကို ပြန်ရောက်လာတဲ့ အမျိုးသမီးတစ်ယောက်က သူ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အဝတ်အစားတွေ အကုန်လုံးကို တစစီ ချွတ်ချပစ်ချင်ခဲ့သလို ပင်ပန်းမှုမျိုး။ ငိုနေတဲ့ မျက်ရည်တွေက ကလေးတစ်ယောက်ရဲ့ ရင်ထဲကနေ လှိုက်တတ်လာတဲ့ လှိုင်းလုံးတွေလို ဝမ်းနည်းမှုမျိုး။ လှိုင်းလုံးတွေ ပြန်လည်ကျဆင်းသွားတဲ့အခါမှာတော့ ကမ်းခြေမှာ ဘယ်လိုခြေရာလက်ရာမှ မထားရှိခဲ့သလို မျက်ရည်တွေ။ ကိုယ်တို့တိုင်းပြည်မှာ နေ့စဉ်နေ့တိုင်း နေဝင်၊ နေထွက်နေပုံက ကိုယ် ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တစ်ခုထဲကလို အမျိုးသမီးတစ်ယောက်က သူနဲ့ လိင်ဆက်ဆံခဲ့တဲ့ လူတိုင်းကို ရှင်နဲ့မှ ပထမဆုံး ပြီးမြောက်ခဲ့ဖူးတာပါလို့ ထပ်တူပြောဆိုနေတဲ့ အတိုင်းပဲ။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်လည်း နေမင်းရဲ့ အရှေ့ဘက်ကို အဓိပ္ပာယ်မရှိ လမ်းလျှောက်ရင်း တချိန်ချိန််မှာ လဲကျသေဆုံးသွားရမယ့် ဆိုက်ဘေးရီးယားက လယ်သမားတစ်ယောက် ဆိုတာမျိုးတော့ မဖြစ်ချင်ခဲ့ပါဘူး။ ကိုယ်တို့အားလုံးဟာ သေဆုံးခဲ့ပြီးသား။ လွင်ပြင်တွေကို ဖြတ်လာစဉ်ကတည်းက လေညှင်းတွေနဲ့ ခွဲခွါခဲ့ပြီးသား။ ကိုယ်တို့ မျက်နှာတွေအပေါ်မှာတော့ အမြဲတစေ ဇာပုဝါစတွေနဲ့ပဲ ဖုံးလွှမ်းထားခဲ့တယ်။ ဖြစ်ခဲ့သမျှ အရာရာကို လက်ခံနိုင်စွမ်း ဆိုတာမျိုး မရှိရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မင်းရဲ့ ရင်သားတွေအပေါ် နောက်တစ်ခါ ကိုယ် တိုးဝင်အိပ်စက်နိုင်လိမ့်မယ်လို့ ယုံကြည်နိုင်စွမ်း ဆိုတာလည်း ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။ အိပ်မက်ဆိုတာ တကယ်ရှိခဲ့ရင်တော့ အဲဒီအိပ်မက်က မင်းရဲ့ နွေးထွေးတဲ့ လက်ဖဝါးတွေနဲ့ ကိုယ့်ရဲ့ ပါးပြင်ကို ထိကပ်ထားဖို့ပေါ့။
◾မိုးရဲ
◾Oct 2022
ကိုယ့်မှာ ဘဝသုံးခုသာ ရှိခဲ့ရင်
(Whitlams ရဲ့ Melbourne ကို မှီး၍)
ကိုယ့်မှာ ဘဝသုံးခုသာ ရှိခဲ့ရင် ဘဝနှစ်ခုမှာ မင်းကို ကိုယ် လက်ထပ်မယ်
ကျန်တဲ့ တခုမှာရော ... ဖြစ်နိုင်တာကတော့ အဲဒီဘဝမှာ ကိုယ်ဟာ
Starbucksမှာ တယောက်တည်း ထိုင်နေမှာပေါ့၊ စာရေးနေမှာပေါ့
အမှတ်တရမှတ်တမ်းတစောင်ဖြစ်ဖြစ်၊ ဝတ္ထုတအုပ်ဖြစ်ဖြစ်
ဒီကဗျာလည်း ဖြစ်ရင် ဖြစ်နေမှာပေါ့။ ကလေးတော့ မမွေးလောက်ဘူး။
မြစ်ကို မြင်ရမယ့် တိုက်ခန်းကျဉ်းလေး တခုရှိမယ်၊ ပြီးရင်
စာအုပ်တွေ၊ စာအုပ်တွေမှ အများကြီးနဲ့၊ စာဖတ်ဖို့ အချိန်လည်း ရှိနေမှာပေါ့။
အတူရယ်မောကြမယ့် သူငယ်ချင်းတွေ ရှိမယ်၊ တခါတလေ အမျိုးသားတယောက်လည်း ရှိမပေါ့
စနေတနင်္ဂနွေနှစ်ရက်လောက်ပါပဲ၊ အသက်ရှင်နေတုန်းမှာ အရေပြားဟာ
ဘယ်လိုဘယ်ပုံ ခံစားရတယ်ဆိုတာ အမှတ်ရရုံလောက်ပါပဲ။
အဲဒီဘဝမှာ ကိုယ်ဟာ ပို ပိန်နေမယ်၊ သက်သက်လွတ်စားမယ်
ယောဂလေ့ကျင့်မယ်။ Art films ပွဲတွေ ၊လယ်ယာထွက်ကုန်စျေးတွေ
သွားမယ်၊ ဒူးဖုံးစကတ်ကားကားတွေနဲ့ လက်ဝတ်ရတနာခပ်ကြီးကြီးတွေ
ဝတ်ပြီး မာတီးနီတွေ သောက်မယ်
Maine ကမ်းခြေကို အားလပ်ရက်သွားလည်တဲ့အခါ စနေတနင်္ဂနွေကောင်လေးက
ကျန်ရစ်ခဲ့မယ့် ဖလန်နယ်ရှပ်တထည်ကို ဝတ်ထားမယ်၊ သူ့ကို ချစ်တာထက်
စွဲကျန်နေမယ့် ချွေးနဲ့ Aftershaveတို့ရဲ့ အနံ့ကို ပိုလို့တောင် ချစ်နေမှာပေါ့
နေထွက်ချိန် ကမ်းခြေမှာ လမ်းလျှောက်ရင်း ပြီးပြည့်စုံတဲ့ ခရုပတ်ခွေလေးတွေ
ရှာမှာ၊ သဲပြင်ထဲမှာ ရေက ချန်ထားခဲ့တဲ့ ချိုင့်ခွက်ရာတွေကို လေ့လာမှာ။
ပြီးတော့ ဒီတသက်မှာ မင်းကို တွေ့မှ တွေ့ပါ့ဦးမလားလို့
တွေး တွေးနေမှာပေါ့ ။ ။
(Sarah Russell - If I Had Three Lives)
Translated by ဏေသစ်
ဆရာအောင်ခင်မြင့်ရဲ့ လီလီပန်းများကို အရမ်းနှစ်သက်မိလို့ ပြန်ပြီး ရွတ်ဆိုထားပါတယ်။
အောင်ခင်မြင့် လီလီပန်းများ
လီလီပန်းများ အောင်ခင်မြင့်
အောင်ခင်မြင့်ရဲ့ကဗျာ
Poem by Maung Day
ကဗျာဆရာလေးယောက်ပေါင်းထုတ်ထားတဲ့ တရေးနိုးဗျာဒိတ် ကဗျာများ pdf version စာအုပ်ထဲက ကဗျာတပုဒ်ပါ ဖတ်ချင်ရင် Sehnsucht နဲ့ Readerless Poetry page မှာ အလှူငွေထည့်ကူရင်း ဖတ်ရှုနိုင်ပါတယ်
Poem by Aung Khin Myint
ကဗျာဆရာလေးယောက်ပေါင်းထုတ်ထားတဲ့ တရေးနိုးဗျာဒိတ် ကဗျာများ pdf version စာအုပ်ထဲက ကဗျာတပုဒ်ပါ ဖတ်ချင်ရင် Sehnsucht နဲ့ Readerless Poetry page မှာ အလှူငွေထည့်ကူရင်း ဖတ်ရှုနိုင်ပါတယ်
Carlos Drummond. ဘာသာပြန် မောင်ဒေး
အချစ်ရေ မင်းတကိုယ်လုံးပြာကျသွားမှာစိုးလို့ ကိုယ့်အနမ်းကိုယ် မျိုချခဲ့ရတဲ့နှစ်တွေ ရှိခဲ့တာပေါ့
ယာယာ ရဲ့ကဗျာ
စံပယ်ကိုမျှားခြင်းဆိုတဲ့ တေဇာ (လရောင်လမ်း) ဘာသာပြန်ဝတ္ထုတိုဆယ်ပုဒ်္ pdf ထဲက တပုဒ်ပါ။ ဖတ်ချင်ရင် တေဇာ(လရောင်လမ်း) page မှာ ဝယ်ဖတ်လို့လည်းရပါတယ်။
ဝင်းမြင့်ရဲ့ ကဗျာ
အီလျာကာမင်းန်စကီး ဘာသာပြန် သူရိန်ဝင်း
အိမ်ပြန်နောက်ကျတဲ့ ညတွေဆို ဒီကဗျာရဲ့ လူတယောက်ဟာ ဘာအတွက်များ မဖြစ်မနေအိမ်ပြန်ရမှာလဲဆိုတဲ့ ကဗျာစာသားကို တွေးမိနေကြ။ အခုတော့ အိမ်မကပ်တဲ့သူတယောက် အိမ်မှာရက်ပေါင်းများစွာ မခွာပဲနေရင်း ရန်ကုန်ရဲ့ လျှောက်ဖူးခဲ့တဲ့ ညဘက်လမ်းမတွေကို သတိရရင်း ရွတ်မိပါတယ်
ကိုဏေသစ်ဘာသာပြန်တဲ့ version ကိုပြန်ရွတ်ထားတာပါ ("When Love Arrives" by Sarah Kay and Phil Kaye) ဘာသာပြန် ဏေသစ်
နွေဦးပေါက်ရင်
(ကဗျာဆရာစိတ်ကူး)
နွေဦးပေါက်ရင်
ကြက်တူရွေးတစ်ကောင်မွေးမယ်
သူ့ကို စကားတစ်ခွန်းတည်းသင်ပေးမယ်
““ဆာတယ် ဆာတယ်””လို့။
နွေဦးပေါက်ရင်
အော်စတင်ကားလေးမောင်းမယ်
ဟစ်တလာမိန့်ခွန်းပြောသံကို
ကားဟွန်းသံအဖြစ်တပ်ဆင်ထားမယ်
တောင်ဘက်ပင်လယ်တွေဆီ ခရီးထွက်မယ်။
နွေဦးပေါက်ရင်
သစ်ရွက်ကြွေတွေလိုက်ကောက်မယ်
သစ်ရွက်ကြွေတွေပေါ်မှာ
အင်္ဂလိပ်ဘာသာနဲ့
မင်းနာမည်ကို ငါရေးမယ်။
နွေဦးပေါက်ရင်
ပြတင်းပေါက်တွေ အကုန်ဖွင့်မယ်
ပုံပြင်တွေ အော်ဖတ်မယ်
စိတ်ကောင်းလည်း ဝင်မယ်။
နွေဦးပေါက်ရင်
ပြဇာတ်တစ်ပုဒ်ရေးမယ်
စုဘူးလေးကိုခွဲမယ်
ပြားစေ့လေးတွေ ရေတွက်မယ်။
တကယ်လို့ တော်တော်နဲ့နွေဦးမပေါက်သေးရင်လည်း
ကိစ္စမရှိပါဘူး
ဒီကဗျာကို လမ်းထိပ်က အပေါင်ဆိုင်မှာသွားပေါင်မယ်
ပြီးတော့ ခပ်ဟောင်းဟောင်းစောင်တစ်ထည်
ဝယ်ခြုံနေမယ်ကွယ်။ ။
နေမျိုး
မောင်ဒေးရဲ့ ကဗျာ
တစ်နေ့မှ မေ့မရသူလေးသို့
___________________ ပိုင်စိုးဝေ
လူတစ်ယောက်မှာ
သူ့အကြောင်း ဒဏ္ဍာရီတစ်ခု
ရှိသင့်တယ်မဟုတ်လား။
အရာရာဟာ
မြေကြီးပေါ်တုတ်ချောင်းနဲ့ ရေးခြစ်ထားသလို
ဖြစ်လွယ် ပျက်လွယ်တွေချည်းပါပဲကွယ်။
မင်းတစ်ဘဝလုံး ကြေကွဲကျန်ရစ်ရအောင်ဆိုပြီး
ငါ့ကိုယ်ငါလည်း အဆုံးမစီရင်ရဲ
ဒါဆို
သေနတ်ပြောင်းထဲ ချောင်းကြည့်ရင်း
ခလုပ်နှိပ်မိတဲ့လူတစ်ယောက်လို့
လူတွေ ပြက်ရယ်ပြု ကျန်ရစ်ကြမှာပေါ့
ငါ့ရဲ့ အကောင်းဆုံးကို ငါလုပ်မပြီးသေးသမျှ
ဘယ်အရာပေါ်မှာမှ
ငါ့ကိုယ်ငါ မပုံခဲ့နိုင်ဘူး။
ငှက်တစ်ကောင်ဟာ
ကောင်းကင်တစ်ခုတည်းမှာ နှစ်ခါပျံသန်းနိုင်ဖို့
နေမင်းကြီးကို တစ်ကြိမ်ပတ်ရတယ်။
တစ်နေ့မှ မေ့မရသူလေးရေ
သည်တစ်ညနေခင်းလေးပဲဖြစ်ဖြစ်
အကောင်းအတိုင်း ထင်ကျန်ရစ်ဖို့
တောင့်ခံထားရသူပါ။
ငါက ဂျူးလိယက်ဆီဆာလိုပဲ
ကိုယ့်ရန်သူတွေရဲ့ စာရင်းကို မှတ်မထားတတ်ဘူး။
ကိုယ်နာမည်ဘယ်သူတုန်းရယ်လို့
ကိုယ့်ဟာကိုယ် ပြန်မေးရတဲ့ အခါမျိုးတွေမှာတော့
သေနတ်ပြောင်းထဲ ချောင်းကြည့်မိပြန်ရဲ့။
မင်းဖို့ ဒဏ္ဍာရီတစ်ခုပေါ့ကွယ်။ ။
ပိုင်စိုးဝေ
ကလျာမဂ္ဂဇင်း
ဒီဇင်ဘာ၊ ၁၉၉၇




