Discover
The Mratt Podcast
The Mratt Podcast
Author: Mratt Kyaw Thu
Subscribed: 133Played: 1,130Subscribe
Share
© Mratt Kyaw Thu
Description
An independent journalist engages in conversations with commentators, researchers, and experts, primarily focusing on topics such as politics, war, and religion. Occasionally, I share insights about my own experiences, love, and society. If you would like to support my journalistic work, please consider contributing here: https://buymeacoffee.com/mratt. Thank you for your support!
111 Episodes
Reverse
အမေရိကန်မှာ ဒီစစ်ပွဲကနေ ထွက်ခွာဖို့ ရှင်းလင်းတဲ့ မဟာဗျူဟာ မရှိသလို၊ အီရန်မှာလည်း အခြေအနေကို ပြန်လျှော့ချဖို့ ထွက်ပေါက် မရှိသေးပါဘူး။ အမေရိကန် အစ္စရေးနဲ့ အီရန်စစ်ပွဲ နောက်ဆုံးအခြေအနေတွေကို လေ့လာကြည့်ရအောင်ပါ။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
ရုပ်သံတခုမှာတော့ သေဆုံးနေပြီးသား အလောင်းတွေလို့ ယူဆရသူတွေကို ပုံလျက်ထပ်ထားတဲ့ အလောင်းပုံ ၂ ခုကို မြင်တွေ့ရပါတယ်။ ဒီအလောင်းပုံတွေနဲ့ မလှမ်းမကမ်းမှာ အရပ်ဝတ်တွေနဲ့ ကျင်းတူးနေတာတွေကိုလည်း မြင်ရပါတယ်။ ဒီကျင်းတူးနေတဲ့ မြေနေရာရဲ့ ရှေ့မှာ ကျောင်းကုန်းသင်္ချိုင်းရှိတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
တစစီဖြစ်နေတာတွေကို ကျနော်တို့ စုစည်းကြည့်လိုက်ရင် ခုလောလောဆယ် စစ်ပွဲဒဏ်ခံနေရတာက အီရန်အစ္စရေးပဲ မဟုတ်တော့ဘဲ စုစုပေါင်း နိုင်ငံ ၉ နိုင်ငံထိ ရှိနေပြီဖြစ်ပါတယ်။ ၅ ရက်မြောက်နေ့ကို ရောက်လာပြီဖြစ်တဲ့ အမေရိကန်၊ အစ္စရေးနဲ့ အီရန်စစ်ပွဲ နောက်ဆုံးရ အခြေအနေတွေကို ပြောပြသွားပါမယ်။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
အီရန်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ ဘယ်လို သတ်ဖြတ်ခံရတာလဲ၊ ပြီးတော့ သေဆုံးသွားတဲ့အကြောင်း အီရန်အစိုးရက တရားဝင် ကြေညာပြီးတဲ့နောက်ပိုင်းမှာ သူ့နေရာကို ဘယ်သူ ဆက်ခံမလဲဆိုတဲ့ မေးခွန်းရှိလာပါတယ်။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
အီရန်အနှိုင်းမဲ့ခေါင်းဆောင် အယာတိုလာ အလီခါမေနီကို သေဆုံးလျက်တွေ့ရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒေါ်နယ်ထရမ့်ကလည်း သူ့ဆိုရှယ်မီဒီယာကနေ ရေးထားတာ တွေ့ရပါတယ်။ အီရန်အစိုးရကတော့ ခုထိ တရားဝင်အတည်ပြုထားတာ မတွေ့ရပါဘူး။ ခုဖြစ်နေတာတွေနဲ့ပတ်သက်လို့ ဖေဖော်ဝါရီ ၂၈ ညပိုင်းထိ သိရသမျှကို ကျနော်ပြောသွားပ့ါမယ်။ ဒါပေမဲ့ သတင်းက တောက်လျှောက်ဖြစ်နေတာမို့လို့ အချိနနဲ့အမျှပြောင်းလဲနေပါတယ်။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
'အယ်မန်းချို' ဆိုတာ မက္ကဆီကိုနဲ့ အမေရိကန်မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေကို ဆယ်စုနှစ်ပေါင်းများစွာ လှည့်စားရှောင်တိမ်းခဲ့ပြီး ဒေါ်လာဘီလီယံချီတန်တဲ့ ရာဇဝတ်အင်ပါယာကြီးကို တည်ထောင်ခဲ့သူတယောက်ပါ။ အမေရိကန်အပါအဝင် လက်တင်အမေရိကတခုလုံးက မူးယစ်ဆေးနဲ့ ရာဇဝတ်မှုတွေဟာ သူ့လက်ချက်နဲ့လွတ်တဲ့မရှိပါဘူး။ ခု မက္ကဆီကို အစိုးရကို သူ့ကို ဖမ်းဆီးနိုင်လိုက်ပြီဖြစ်ပါတယ်။ 'အယ်မန်းချို' ဆိုတာ ဘယ်သူလဲ၊ မက္ကဆီ တနိုင်ငံလုံး မီးဟုန်းဟုန်းတောက်စေတဲ့ ဖမ်းဆီးမှုက ဘာကြောင့် ဖြစ်လာရတာလဲ၊ သူ့ကို ဘယ်လိုဖမ်းဆီးခဲ့တာလဲ ပြီးတော့ ဒီဖြစ်ရပ်မှာ အမေရိကန်က ဘယ်လိုအခန်းကဏ္ဍက ပါဝင်ခဲ့သလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
လက်တင် အမေရိကနိုင်ငံတွေမှာ တရုတ်က ဘယ်လိုသြဇာလွှမ်းမိုးလာခဲ့သလဲ၊ ဒီအပေါ်မှာ အမေရိကန်က ဘယ်လိုတုံ့ပြန်ဖို့ ကြိုးစားလာခဲ့သလဲဆိုတာနဲ့ အင်အားကြီးနိုင်ငံတွေက ဒီလိုနိုင်ငံငယ်တွေအပေါ် ဘယ်လိုအမြတ်ထုတ်ခဲ့သလဲ ဆိုတာတွေကို လေ့လာကြည့်သင့်တယ်လို့ ထင်ပါတယ်။ ဒီအကြောင်းကို အခန်းဆက် ဆောင်းပါးအနေနဲ့ တင်ဆက်သွားပါ့မယ်။ ပထမဆုံး အပိုင်းအနေနဲ့ လက်တင်အမေရိကဆိုတာဘာလဲ၊ သူ့ပထဝီအနေအထားနဲ့ သမိုင်းကြောင်းကို အရင်ဆုံးလေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
ဝန်ကြီးချုပ်ရုံး အရှုပ်တော်ပုံ ဘာဆက်ဖြစ်မှာလဲအမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးက အတွင်းဝန်နဲ့ သူ့အမျိုးသားတို့ရဲ့ နဲပတ်သက်လို့ တိုင်ကြားထားတဲ့အပေါ် စုံစမ်းရေးအဖွဲ့က ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တိုင်ကြားထားသူတွေက လက်မခံကြပါဘူး။ ဒီအကြောင်းအသေးစိတ်ကို တိုင်ကြားထားသူတွေကို မေးမြန်းထားပါတယ်။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
တချိန်က ပြည်ပြေးကနေ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဖြစ်လာသူ၊ ရှိတ်ဟာဆီနာ မိသားစုတို့နဲ့အတူ သူ့မိသားစုရဲ့ သမိုင်းကြောင်းတို့အပါအဝင် ဝန်ကြီးချုပ်သစ် တာရစ် ရာမန်အကြောင်းကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
ရှီကျင့်ဖျင်ဘေးမှာ ကျွမ်းကျင်သူတွေထက် ကြောက်ရွံ့နေတဲ့သူတွေပဲ ဝိုင်းနေတော့တယ်ဆိုတာပါ။ ဆိုတော့ အရင်က ခန့်မှန်းခဲ့ကြသလို တရုတ်ဟာ ထိုင်ဝမ်ကို မနက်ဖြန်ပဲ တိုက်မလား၊ သဘက်ခါပဲ တိုက်မလားဆိုတာရယ်၊ ဒါမှမဟုတ် လက်ရှိ ဗဟိုစစ်ကော်မရှင်ရဲ့ အခြေအနေအရ စစ်ပွဲတခုကို လက်တွေ့ကျကျ ဦးဆောင်ဖို့ဆိုတာ ဖြစ်လာနိုင်ပါ့မလား။ ဒီနေ့တော့ ရှီကျင့်ဖျင်ရဲ့ အာဏာစက်အောက်က တရုတ်စစ်တပ် ဘယ်လို အပြောင်းအလဲ ဖြစ်လာခဲ့သလဲဆိုတာ ကြည့်ရအောင်ပါ။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ကြေညာချက်တစောင် ထုတ်ခဲ့ပါတယ်။ အဲ့ဒါကတော့ အနှိုင်းမဲ့ခေါင်းဆောင် အယာတိုလာ အလီခါမေနီ ဦးဆောင်တဲ့ အီရန်အစိုးရက မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို လေယာဉ်ဆီတွေ ခိုးရောင်ခိုးရောင်းခဲ့တယ်ဆိုတာပါပဲ။ ဒီနေ့ ဒီအကြောင်း လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
Oracle တည်ထောင်သူ လယ်ရီ အဲလစ်ဆန်ကို အမေရိကန်ရဲ့ ကန့်လန်ကာနောက်ကွယ်က သမ္မတလို့တောင်မှ အမေရိကန်မီဒီယာတွေ ခိုင်းနှိုင်းဖော်ပြကြပါတယ်။ ကျနော်တို့ ဒီနေ့တော့ တစ်တော့ရဲ့ ကြိုးကိုင်သူ အသစ်တဦးဖြစ်တဲ့ လယ်ရီ အဲလစ်ဆန် အကြောင်းကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
ဒီနေ့တော့ တရုတ်ရဲ့ သူလျှိုလို့ စွတ်စွဲခံရတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အသက်အငယ်ဆုံး မြို့တော်ဝန်၊ ကျားဖြန့်လုပ်ပြီး မြို့တမြို့ကို အပိုင်စားရတဲ့အထိ အချိန်တိုတိုအတွင်း သြဇာတည်ဆောက်နိုင်ခဲ့တဲ့ အဲလက်စ်ဂေါ ဆိုတဲ့ အမျိုးသမီးအကြောင်း လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
မြိုင်မြို့နယ်ပကဖ တာဝန်ခံ ဗိုလ်လက်ယာဟာ အမျိုးသားညီညွတ်ရေးအစိုးရ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ရပ်တည်နေပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားတဲ့ မူဝါဒ၊ စည်းမျဉ်းနဲ့ လုပ်ထုံးလုပ်နည်းတွေကိုတော့ မလိုက်နာဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ပခုက္ကူနယ်တခွင်မှာ မြိုင်ပကဖဟာ လူအင်အား လက်နက်အင်အားတောင့်တင်းသလို တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆက်ဆံရေးကောင်းတာကြောင့် အရေးယူမှုတစုံတရာလုပ်ဖို့လည်း ခက်ခဲနေပါတယ်။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
ဗင်နီဇွဲလား သမ္မတ မာဒူရိုကို အထူးတပ်နဲ့ ဝင်ဖမ်းလိုက်ပြီး ဗင်နီဇွဲလားနိုင်ငံကို ဒေါ်နယ်ထရမ့်က သိမ်းပိုက်လိုက်ပါတယ်။ ပြီးရင် သေချာတဲ့အစိုးရတခု မရမချင်း အမေရိကန်က အုပ်ချုပ်သွားမယ်လို့ဆိုပါတယ်။ မာဒူရိုကို ဘယ်လို ဖမ်းခဲ့သလဲ၊ ဘာကြောင့် ဒီအခြေအနေထိ ရောက်လာရသလဲ၊ ဘာတွေဆက်ဖြစ်မှာလဲ လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
ပုဂံ ညောင်ဦးမှာ ဒီနှစ်အတွင်း လူပျောက်မှုနဲ့ပြန်ပေးမှု စုစုပေါင်း ၇ ခုကနေ ၁၀ ခုထိ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပြန်ပေးဆွဲပြီး ပြန်လွတ်လာသူတွေကို ခြိမ်းခြောက်ထားတာကြောင့် ပြန်မပြောရဲသလို ဘယ်အဖွဲ့တွေက လုပ်နေတာလဲဆိုတာ မရေမရာဖြစ်နေခဲ့တာပါ။ ဒီဆောင်းပါးမှာတော့ အဲ့ဒီအထဲက အဖွဲ့တခုအကြောင်း ပြောပြထားပါတယ်။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
အစီရင်ခံစာဆိုတာမျိုးက ဗေဒင်ဟောသလို အနာဂတ်ကို အတိအကျ ခန့်မှန်းတာမျိုးတော့ မဟုတ်ပါဘူး။ ကျွမ်းကျင်သူတွေရဲ့ အမြင်နဲ့ ရေရှည်လားရာ တူရူချက်တွေကို ကြည့်ပြီး ဘယ်နေရာတွေမှာ ဘယ်လို အန္တရာယ်ရှိနိုင်လဲဆိုတာကို ကြိုတင်သတိပေးတာမျိုး ဖြစ်ပါတယ်။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
ပြီးခဲ့တဲ့ရက်ပိုင်းက ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တစ်ယောက် လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီးတဲ့နောက်မှာ သတင်းစာတိုက်ကြီးတွေ မီးရှို့ခံရပြီးတော့ နိုင်ငံအနှံ့မှာလည်း အကြမ်းဖက် ဆန္ဒပြမှုတွေ ပျံ့နှံ့နေပါတယ်။ ရှိတ်ဟာဆီနာ ထွက်ပြေးသွားပြီးကတည်းက ဆွေးနွေးညှိနှိုင်းမှုတွေ တောက်လျှောက်လုပ်နေခဲ့တဲ့ မိုဟာမက်ယူနွတ်စ်ရဲ့ ယာယီအစိုးရက လာမဲ့နှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာပြီး ရက်ပိုင်းအလိုမှာ ဒီမငြိမ်သက်မှုတွေ ဖြစ်လာတာပဲ ဖြစ်ပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
အစ္စရေးအစိုးရ အကြပ်ရိုက်နေရတဲ့ အလွန်အကျွံရှေးရိုးစွဲ ဂျူးဘာသာရေးသမားတွေနဲ့ပတ်သက်လို့ သူ့တို့သမိုင်းကြောင်း၊ ဘာကြောင့် အထူးအခွင့်အရေး ရခဲ့ကြသလဲ၊ ဘာကြောင့် အစိုးရကို ကန့်ကွက်ဆန္ဒပြနေကြတာလဲ၊ အစ္စရေးပြည်သူတွေကရော ဒီအပေါ် ဘယ်လိုမြင်ကြသလဲ၊ ဘာတွေဆက်ဖြစ်လာနိုင်သလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
ထိုင်းနဲ့ကမ္ဘောဒီးယားမှာ ပြည်တွင်းနိုင်ငံရေးတွေ လှုပ်ခတ်တိုင်း ပေါ်ပေါ်လာတတ်တဲ့ နယ်စပ်မျဉ်းပေါ်က နယ်မြေအငြင်းပွားမှုပြဿနာဟာ ခု ထိုင်းဝန်ကြီးချုပ်သစ် အနုတင်လက်ထက်မှာလည်း ထပ်ဖြစ်ပြန်ပါပြီ။ ထရမ့်ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ သဘောတူစာချုပ်လည်း ဘယ်အခြေအနေ ရောက်သွားပြီဆိုတာ မသိရပါဘူး။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
























Thanks
ကျေးဇူးပါအကို