Discover
လွယ်ကူသော ဂျပန်စကား စကားပြော သင်ခန်းစာများ | NHK WORLD-JAPAN
လွယ်ကူသော ဂျပန်စကား စကားပြော သင်ခန်းစာများ | NHK WORLD-JAPAN
Author: NHK WORLD-JAPAN
Subscribed: 70Played: 944Subscribe
Share
© NHK (Japan Broadcasting Corporation)
Description
ဂျပန်က တက္ကသိုလ် တစ်ခုမှာ ပညာလာသင်နေတဲ့ နိုင်ငံခြားက ကျောင်းသူ တမ်ရဲ့ ဇာတ်လမ်းကို နားဆင်ရင်း အသုံးကျတဲ့ အသုံးအနှုန်းတွေကို လေ့လာ၊ ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတတွေကို ရယူကြပါ။ ဂျပန်ရဲ့ အများပြည်သူဆိုင်ရာ အသံလွှင့်ဌာန NHK ကနေ ဂျပန်ဘာသာပို့ချမှုကို podcast ကနေ အခမဲ့ မျှဝေနေပါတယ်။ nhk.jp/lesson
48 Episodes
Reverse
"ဟာရူစံဟောက်စ်" မှာ နေထိုင်သူတွေ ကျိုတိုက ခီယော်မီဇူဒယ်ရာ ဘုရားကျောင်းကို ရောက်လာခဲ့ပါတယ်။ အဲဒီမှာ တမ် က သူ့ရဲ့အနာဂတ်အိပ်မက်ကို ပြောပါတယ်။
"ဟာရူစံဟောက်စ်" မှာ နေထိုင်သူတွေ ကျိုတိုက ဖူရှီမီ အီနာရီ တိုင်းရှာ နတ်ကွန်းကို ရောက်လာခဲ့ပါတယ်။
"ဟာရူစံဟောက်စ်" မှာ နေထိုင်သူတွေ အားလုံး ကျိုတိုမြို့ကို အလည်လာခဲ့ကြပါတယ်။ "မာချီယာ" လို့ခေါ်တဲ့ အိမ်တစ်မျိုးကို အသုံးပြုထားတဲ့ တည်းခိုခန်းမှာ တည်းဖို့လုပ်နေကြပါတယ်။
တမ်ဟာ အိမ်ရှင်ဖြစ်တဲ့ စက်ရုပ် ဟာ့ရူစံကို တစ်ခုခု အကူအညီတောင်းစရာ ရှိတဲ့ပုံပဲ။
နောက်ဆုံးတော့ ယူးကိနဲ့ ပြန်တွေ့ခဲ့တဲ့ တမ်က ဟာ့ရူစံနဲ့ ကိုက်တိုကို ပြောပြနေပါတယ်။
ယူးကိရဲ့ ဖျော်ဖြေပွဲပြီးသွားတဲ့နောက် တမ်နဲ့ မီးယာတို့ စင်အနောက်က အဝတ်လဲခန်းကို သွားခဲ့ကြပါတယ်။
တမ်က သူနှစ်သက်သဘောကျတဲ့ စန္ဒရားပညာရှင် ယူးကိရဲ့ စန္ဒရား ဖျော်ဖြေပွဲကို မီးယာနဲ့ အတူတူ ရောက်နေပါတယ်။
မီးယာက တမ့်ကို ခေါ်လိုက်ပါတယ်။ သတင်း တစ်ခုခု တွေ့တဲ့ပုံပါပဲ။
ဟာရူစံဟောက်စ်မှာ တမ်၊ မီးယာနဲ့ ဟာ့ရူစံတို့ အေးအေးလူလူ နေနေတုန်း၊ ရုတ်တရက် ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်
တမ်တစ်ယောက် ပြဿနာတက်နေပါတယ်။ ဟာရူစံဟောက်စ်ကို ပြန်ရောက်ရောက်ချင်းမှာပဲ ဟာ့ရူစံကို အကူအညီတောင်းလိုက်ပါတယ်။
တမ်နဲ့ အာ့ယာ့ကာတို့ဟာ ဟာကိုနဲက အာရှီနိုကို ရေကန်မှာ အပျော်စီးသင်္ဘောစီးနေကြပါတယ်။
ဟာကိုနဲက ရေပူစမ်းတည်းခိုခန်းမှာ တည်းနေကြတဲ့ တမ်နဲ့ အာ့ယာ့ကာတို့ အခန်းထဲမှာ ပြဿနာတစ်ခုခု ရှိနေတဲ့ပုံပါပဲ။
တမ်နဲ့ အာ့ယာ့ကာတို့ဟာ ဟာကိုနဲက ရေပူစမ်းပါတဲ့ တည်းခိုခန်းကို ရောက်နေကြပါတယ်။ တည်းခိုခန်းဝန်ထမ်းက အခန်းအထိ လိုက်လံပြသပေးနေပါတယ်။
တမ်နဲ့ အာ့ယာ့ကာတို့ ဟာ တိုကျိုအနီးက နာမည်ကျော် လည်ပတ်စရာနေရာဖြစ်တဲ့ ဟာကိုနဲကို ရထားနဲ့ သွားနေကြပါတယ်။
တမ်ဟာ မိုက်ခ်နဲ့အတူ မန်ဂါကဖေးကို ရောက်နေပါတယ်။ အဲဒီမှာ မန်ဂါရုပ်ပြကာတွန်းနဲ့ မဂ္ဂဇင်းတွေ အများကြီး ထားထားပါတယ်။
ကိုက်တိုနဲ့ မိုက်ခ်တို့ နင်ဂျာပြတိုက်ကို ချောချောမောမော ရောက်လာကြပါပြီ။ နှစ်ယောက်သား ရှုရိကဲန်း လက်နက်ကို ကိုယ်တိုင်ပစ်ကြည့်ခဲ့ကြပါတယ်။
မိုက်ခ်နဲ့ ကိုက်တိုတို့ မိအဲခရိုင်က နင်ဂျာပြတိုက်ကို သွားမလို့လုပ်နေကြပါတယ်။ မိုက်ခ်က နင်ဂျာ ဝတ်စုံ လဲဝတ်လိုက်ပါတယ်။
ဂျပန့်ယဉ်ကျေးမှုကို နှစ်သက်မြတ်နိုးတဲ့ အမေရိကန်လူမျိုး မိုက်ခ်ဟာ "ဟာ့ရူစံဟောက်စ်" ကို ရောက်လာခဲ့ပါတယ်။ ခရီးသွားဖို့အတွက် တိုင်ပင်ဆွေးနွေးဖို့ လာတာ ဖြစ်ပါတယ်။
မီးယာနဲ့ ကော်ဖီဆိုင်ထဲဝင်လာတဲ့ တမ်ဟာ ဂီတတက္ကသိုလ်ကျောင်းသား ယူးကိနဲ့ ပတ်သက်တဲ့ အမှတ်ရစရာ အကြောင်းတွေ ပြောနေပါတယ်။
ကာမာကူရာမှာ စန္ဒရား ဖျော်ဖြေပွဲ သွားနားထောင်ခဲ့တဲ့ မီးယာဟာ အဲဒီမှာ ရိုက်လာခဲ့တဲ့ ဓာတ်ပုံတွေကို တမ်ကို ပြပါတယ်။ ဓာတ်ပုံတွေကြည့်ပြီး တမ်က အံ့သြသွားပါတယ်။



