DiscoverDoh Athan - Our Voice
Doh Athan - Our Voice
Claim Ownership

Doh Athan - Our Voice

Author: Doh Athan - Our Voice

Subscribed: 106Played: 1,347
Share

Description

မင်္ဂလာပါ ။
Frontier Myanmar ကနေ တင်ဆက်ပေးမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ “ဒို့အသံ” Podcast အစီစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ ပြည်တွင်းရဲ့ ပထမဆုံးတင်ဆက်တဲ့ အွန်လိုင်းအသံလွှင့် အစီစဉ်တစ်ခုဖြစ်ပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်ရေးအကြောင်းအရာတွေကို သိသာထင်ရှားအောင် တင်ပြသွားမှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ကနေ စုံစမ်းဖော်ထုတ်ထားတဲ့တင်ပြမှုတွေ နဲ့ ကျယ်ကျယ်ပြန့်ပြန့်မေးမြန်းထားတဲ့ တွေ့ဆုံမေးမြန်းမှုတွေကတဆင့် အလွယ်တကူမကြားနိုင်တဲ့ ဘက်မျှတဲ့ နိုင်ငံတွင်းက ပြည်သူ့အသံတွေကို တတ်နိုင်သမျှ ကြိုးစားတင်ပြပေးသွားမှာပါ။
ဒီအစီအစဉ်ကို Frontier Myanmarရဲ့ website နဲ့ Facebookစာမျက်နှာပေါ်မှာ အပတ်စဉ် စနေနေ့တိုင်း ဝင်ရောက်နားဆင်နိုင်မှာ ဖြစ်တဲ့အတွက် ကျွန်မတို့နဲ့ အတူတူရှိနေဖို့ ဖိတ်ခေါ်ပါရစေ။

Welcome to Doh Athan (Our Voice), an exciting new podcast from Frontier Myanmar. This online audio programme, the first of its kind in Myanmar, will help shine a spotlight on human rights issues that affect people across this beautiful country. We will leave no stone unturned in our attempts to bring unheard and moderate voices into the national dialogue through in-depth reporting and far-reaching interviews.
648 Episodes
Reverse
မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး အာဆီယံက အဆင့်လိုက် ပြန်လည်ထိတွေ့ဆက်ဆံရေးလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပေမဲ့ စစ်ခေါင်းဆောင်တွေကို နိုင်ငံရေးကိုယ်စားလှယ်အဖြစ် အဆင့်မြင့်အစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပေးဖို့တော့ ဆုံးဖြတ်ချက် မပြောင်းလဲသေးပါဘူး။ ဒီလို အာဆီယံရဲ့ မြန်မာ့အရေးအပေါ် သဘောထားတွေ ရှိနေချိန်မှာပဲ စစ်ခေါင်းဆောင်တွေဘက်က ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မကြာသေးခင်က လုပ်ဆောင်လာတဲ့ အပြောင်းအလဲတွေကလည်း စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ ဒီလုပ်ဆောင်ချက်တွေဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား အမှန်တကယ် ပြောင်းလဲလာတာလား၊ နိုင်ငံရေးအရ တွက်ချက်လုပ်ဆောင်နေတာလား၊ မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးအတွက် အလားအလာတစ်ခု ဖြစ်လာနိုင်မလား။ ဒီအကြောင်းအရာတွေကို ဒီကနေ့ Doh Athan Doh Talk ဆွေးနွေးခန်းမှာ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဆရာဦးတင်မောင်သန်းနဲ့ ဒေါက်တာစိုင်းကြည်စင်စိုးတို့က ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ #ဒို့အသံ #ဖရွန်တီးယားမြန်မာ #အာဆီယံ #ဒေါ်အောင်ဆန်းစုကြည် #နိုင်ငံရေးအကျပ်အတည်း #DohAthanDohTalk
Young volunteers in Yangon are leading self-reliant study groups to help families that lack the resources to send their children to school amid the economic crisis affecting Myanmar since the 2021 military coup. #DohAthan #FrontierMyanmar #YoungVolunteers #EducationMatters #InformalSettlements #Yangon
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ အမေရိကန်အစိုးရရဲ့ USAID ရန်ပုံငွေ ဖြတ်တောက်ခဲ့တာကြောင့် ကရင်ပြည်နယ်က ပညာရေးဝန်ထမ်းတွေနဲ့ သက်ဆိုင်သူအားလုံးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိခဲ့ပါသလဲ။ တစ်နှစ်ခွဲကျော် ကြာလာတဲ့အချိန်မှာ ဘယ်လို အခြေအနေတွေ ရှိနေသလဲဆိုတာကို ဒီတစ်ပတ် ဒို့အသံအစီအစဥ်ကနေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
Residents of Sagaing Region who had already fled their homes because of Myanmar’s civil war have faced additional hardship since August, when flooding swept away their temporary shelters and forced them to once again struggle to rebuild their lives.
“သူတို့ ပညာရေးက ဘယ်လို လာမလဲတော့ ကိုယ်က မမှန်းနိုင်သေးဘူး။ ဘဝ အနာဂတ်က ဘယ်လို ဖြစ်သွားမလဲဆိုတာလည်း မပြောတတ်သေးဘူးပေါ့နော်။” စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာခဲ့တဲ့ ပြည်တွင်းစစ်နဲ့အတူ အခြားပဋိပက္ခဒေသတွေလိုပဲ ကရင်နီပြည်နယ် တစ်ဝန်းမှာလည်း မြေမြှုပ်မိုင်းအန္တရာယ်က ဒေသခံတွေကို ကြီးကြီးမားမား ခြိမ်းခြောက်နေပါတယ်။ အထူးသဖြင့် အရပ်သားတွေ မိုင်းနင်းမိလို့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပြီး နေ့စဉ် မိသားစု စားဝတ်နေရေးနဲ့ သားသမီးတွေရဲ့ ပညာရေးကို ဖြည့်ဆည်းပေးဖို့ အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။ ဒီတစ်ပတ် ပေါ့ကတ်စ် အစီအစဉ်မှာတော့ စစ်ဘေးရှောင်ဘဝနဲ့ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေရင်း မိုင်းထိခဲ့ရလို့ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတဲ့ ဖခင်တစ်ဦးရဲ့ သားသမီးတွေ ပညာရေးအတွက် စိုးရိမ်ပူပန်နေရတဲ့အကြောင်းကို တင်ဆက်ပေးသွားပါမယ်။
loading
Comments