Discoverစိတ်သက်သာရာ ရလိုရငြားပေါ့
စိတ်သက်သာရာ ရလိုရငြားပေါ့
Claim Ownership

စိတ်သက်သာရာ ရလိုရငြားပေါ့

Author: မောင်

Subscribed: 3Played: 105
Share

Description

ဟိုးအဝေးကြီးကနေ အလွမ်းပျင်းရှရှနဲ့ ရွတ်ဖတ်ထားတာပါ... ဒါကြောင့် နားဆင်ကြည့်ပါ
35 Episodes
Reverse
နစ်နာမှုအားလုံးကို မြတ်နိုးစိတ်တစ်ခုတည်းနဲ့ မေ့ထားလိုက်ရတယ်။ အနည်းနဲ့ အများ ငါ့လိုပဲ မင်းရော သက်သာပါ့မလား။
ရေကြည်ရာ မြက်နုရာဆိုသော အရပ်မှာ အိမ်လွမ်းနာဆိုတာ ဝဋ်နာကံနာ။
စံငြိမ်းဦး ရဲ့ မနှင်းဆီ ဖတ်ရန်အလွမ်းရှုခင်းတစ်ချပ် အက်ဆေး ကို ရွတ်ဖတ်ထားပါတယ်။
Related to Me ♥️
ကဗျာ
အသံထွက်အမှားအယွင်းများပါသွားခဲ့သဖြင့် ကြိုတင်တောင်းပန်ပါတယ်ခင်ဗျာ 🙏🙏🙏
#မပျော်ရွှင်ခြင်း မနက်လင်းတာနဲ့ ရောက်လာတယ် အိမ်အမိုးက ကျလာတဲ့ပိုးမှုန်တွေနဲ့အတူ ကြမ်းပြင်ပေါ် စားပွဲပေါ် စာရွက်တွေပေါ် ကိုယ်ပေါ် မျက်နှာပေါ် နောက်ပြီး စိတ်ပေါ် ညက ငါ ဘယ်လိုကြိတ်မှိတ်အိပ်စက်ခဲ့ရသလဲဆိုတာ သတိမရတော့လောက်အောင် မှောင်ကျသွားတယ် မပျော်ရွှင်ခြင်းဟာ ဘယ်နေရာက ကျလာခဲ့တာပါလိမ့် ဘယ်နေရာဟာ သူ့မွေးဖွားရာဇာတိဖြစ်ခဲ့တာပါလိမ့် မပျော်ရွှင်ခြင်းဟာ အိမ်ထဲကနေရာတကာမှာ ရှိတယ် အိမ်ရှေ့က အလှစိုက်ပင်တွေကြားမှာ အိမ်နောက်က သစ်ခွပင်တွေကြားမှာ အိမ်ခေါင်းရင်းက မန်ကျည်းပင်အိုကြီးပေါ်မှာ မီးဖိုချောင်ထဲမှာ အညစ်အကြေးစွန့်ကြွေကမုတ်ရဲ့နှုတ်ခမ်းသားမှာ ကြက်သွန်လှီးတဲ့ဓားတစ်ချောင်းရဲ့သံချေးတက်နေတဲ့အသွားမှာ ကိုယ်လက်သန့်စင်တဲ့ ရေချိုးခန်းရဲ့ညစ်ထေးထေးဆပ်ပြာခွက်ပေါ်မှာ မပျော်ရွှင်ခြင်းဟာ နတ်ဆိုးတစ်ကောင်ပဲ သူဟာ အမြဲကခုန်ပျော်ပါးလို့ နေ့တိုင်း အိမ်ရှေ့ကနေ အိမ်နောက်ထုတ်ပေါက် မြူးထူးပျော်ပါးလို့ အိမ်ထဲကလူတွေကို တို့ကာထိကာ အချိန်နဲ့အမျှ နားရွက်တံတွေးဆွတ်တယ် မျက်နှာ တံတွေးနဲ့ ထွေးတယ် နောက်ကျော ဓားနဲ့ ထိုးတယ် ပါးပိတ်ရိုက်တယ် ငါတို့ဟာ ကြိုးတန်းလမ်းလျှောက်ရင်း သူ့ကို အချိန်ပြည့် သတိထားနေရ ကြောက်ရွံ့ရ မုန်းတီးရ မပျော်ရွှင်ခြင်းဟာ ငါတို့ကို ဘာ့ကြောင့် အဲဒီလောက်မုန်းတီးနေရပါလိမ့် ဘာ့ကြောင့် အဲဒီလောက်သူစိမ်းတရံဆန်နေရပါလိမ့် ပြီးတော့ ဘာ့ကြောင့် အခုလောက်ငြိုးသူရန်ဘက်သဘောထားနေရပါလိမ့် ငါတို့ဟာ ရှေးဘဝအဆက်ဆက် ဘယ်လိုအပြစ်တွေကို ဘယ်လောက်များ ကျူးလွန်ထားခဲ့မိလို့ပါလိမ့် မနက်လင်းလို့ အိမ်တံခါးဖွင့်လိုက်ရင် သူတို့ဟာ အုပ်စုဖွဲ့လို့ ပျံသန်းဝင်ရောက်လာပါပြီ ပြီး အိမ်ထဲက အဖော်တသိုက်နဲ့ လက်ဆွဲနှုတ်ဆက်ပြီး အဆွေခင်ပွန်းဖွဲ့ကြ မပျော်ရွှင်ခြင်းအစိုင်အခဲဟာ ငါတို့အိမ်ထဲမှာ လမ်းပေါ်မှာ မြို့ထဲမှာ နေရာတိုင်းမှာ စက်ကုန်ဖွင့်လို့ မပျော်ရွှင်ခြင်းဟာ ငါတို့သွေးကို အချိန်ပြည့် စုပ်ယူနေတဲ့ကြမ်းပိုးတွေပဲ မပျော်ရွှင်မှုဟာ ငါတို့စားနပ်ရိက္ခာတွေကို ကြားဖြတ်ရင်း ခိုးယူစားသောက်နေတဲ့ကြွက်စုတ်တွေပဲ မပျော်ရွှင်ခြင်းဟာ လမ်းပေါ် မည်းမည်းမြင်သမျှ လိုက်ကိုက်နေတဲ့ခွေးရူးတစ်ကောင်ပဲ ကြာတော့ ငါဟာ ကိုယ့်အသက်ရှုသံကို ပြန်ကြောက်လာ ရေနွေးဟာ ပူတာလား အေးတာလား ထမင်းဟာ ကစားစရာလား ကြောက်စရာလား တံခါးဖွင့်သံဟာ မြည်သင့်တဲအရာလား သေနတ်တစ်လက်ဟာ ကြည့်နေရင်းမှာပဲ အတောင်ပေါက်ပြီး ပျံတက်သွားတယ် ငွေစက္ကူတစ်ရွက်ဟာ တစ္ဆေသရဲတစ်ကောင်မျက်နှာနဲ့ အိမ်တစ်လုံးဟာ ပက်လက်လန်သွားတယ် ငါ ကြောက်ရွံ့ထိတ်လန့်နေမိပါပြီ ဒီမှာ ငါ စစဉ်းစားတယ် စဉ်းစားပြီးရင်း စဉ်းစားတယ် ဒီမှာ ငါ ရယ်တယ် ဟုတ်တယ် ငါတို့ဟာ မအောင်မြင်တဲ့နိုင်ငံသားတွေပဲ မအောင်မြင်တဲ့နိုင်ငံသားတွေဟာ မပျော်ဘူးပေါ့ ဒီတော့ မအောင်မြင်မှုဟာ ငါတို့နဲ့ထိုက်တန်တယ်ဆို မပျော်ရွှင်ခြင်းကိုလည်း ငါတို့ဟာ ဖွားဖက်တော်အဖြစ် လက်ခံထွေးပိုက်ရပေမပေါ့ မပျော်ရွှင်ခြင်းဟာ အိမ်ကြက်ချင်း မပျော်ရွှင်ခြင်းဟာ မိုးလင်းက မိုးချုပ် တစ်ယောက်နဲ့တစ်ယောက် နှစ်ပေါက်တစ်ပေါက်ရိုက်လို့ မပျော်ရွှင်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံလို့ မပျော်ရွှင်ခြင်းဟာ ဆင်ခြေဆင်လက် ခပ်များများပညာတတ် မပျော်ရွှင်ခြင်းဟာ ငါနဲ့စပြီး ငါမှာ အဆုံးသတ် မပျော်ရွှင်ခြင်းဟာ ရေထဲကငါးတွေ နွေခေါင်ခေါင် ကုန်းပေါ်ပက်အတင်ခံလိုက်ရသလို မပျော်ရွှင်ခြင်းဟာ ကြီးထွားနှုန်းနဲ့ သားပေါက်နှုန်းကောင်းတဲ့ မွေးမြူရေးသတ္တဝါဖြစ်ပြီး ငါတို့အသက်နဲ့အမျှ အသက်ရှည်ရာ အနာမဲ့သူ အို ချစ်သောမပျော်ရွှင်ခြင်းရေ ငါဟာ မအောင်မြင်တဲ့နိုင်ငံသားပါ ငါ့ခန္ဓာဟာလည်း မပျော်ရွှင်မှုတွေရဲ့ အစိုင်အခဲဖြစ်တော့ ငါဟာ မပျော်ရွှင်မှုတွေကို တယုတယ ထွေးပိုက်ထားလိုက်ပါ့မယ် ချစ်သူတစ်ယောက်လို ဇနီးမယားတစ်ယောက်လို ပြီးတော့ အရာအားလုံးကိုဖန်ဆင်းတဲ့ နတ်ဘုရားတစ်ပါးလို အဲဒီနေ့ကစ လမ်းပေါ်မှာ လိပ်ပြာလေးတွေလိုက်ဖမ်းနေသလို တစ်စုံတစ်ရာကိုလိုက်ဖမ်းနေတဲ့သူတစ်ယောက်ကိုမြင်ရင် ငါ့နာမည်ကို ခေါ်လိုက်ပါ သူက သင့်လက်ထဲကို တစ်စုံတစ်ရာမက ထည့်ပေးလိုက်ပါလိမ့်မယ် မပျော်ရွှင်ခြင်းတွေ သိပ်ကိုလှပခမ်းနားတဲ့မပျော်ရွှင်ခြင်းတွေ။ ။ #အေးမင်းစော Aye Minn Saw
ရင်ခွင်ရှိန်း၊ ဇက်ကကြိုး၊ မိုးသစ်
စိတ်ဝိဉာဉ်တွေ အလဲအကွဲ။ စည်းစိမ်ယစ်မူးနေတဲ့ မရှိခြင်းတရားတွေ အဖေ့ဂုတ်ပေါ်ခွစီးသလား ။ သားလည်းငယ်ငယ်က ခွစီးခဲ့တာပဲလေ။ အဲ့တုန်းက အဖေငိုတယ်နော် ။ကျနော်လည်းငိုတယ်။ သူများအိမ်ကို ကျနော်တီဗီသွားချောင်းကြည့်တယ်။ ဟိုကတံခါးအတင်းဆွဲပိတ်တယ်။ကျနော့်လက် ညပ်သွားတယ်။ ပြတ်ခါနီးကလေးပဲ။ အဖေငိုတယ်နော်။ သိပ်မကြာဖူး။ အဖေ တီဗီအစုတ်ကြီးထမ်းလာတယ်နော် ။ ကျနော့် လက်က သွေးတွေ ခုထိအဖေ့ဆီမှာစွန်းပေတုန်း။ အဖေ့နွားတွေက အသုံးမကျပါဘူး။ သူများစပါးခင်းထဲ ဝင်စားတယ်။ အဖေမရှိဘူး ။ အမေ့ကို ဟိုက တစ်ဆွေလုံးတစ်မျိုးလုံး လာဆဲကြတယ်နော်။ ကျနော် ငတုံးပါ ။ သူရဲဘောကြောင်ပါ။ ကျနော့်ကို အမေက တံခါးကြားထဲ ဖွက်ထားတယ်။ အမေ့လက်ထဲမှာ ဓါးမ တစ်လက်နဲ့။ ကျနော်အပြင်မထွက်ရဲခဲ့ဘူး။ မြောင်းကျိုမြောင်းကြား၊ ချောင်းကြိုချောင်းကြား။ အဲ့ဒီငါးရှဉ့်တွေ အဖေထောင်ဖမ်းတယ်။ အဲ့ဒီ ဂေါ်ကိုအဖေ မနက် ၄ နာရီအထိထိုးတယ်။ အမေမအိပ်ရဘူး။ အဖေ့ကိုထိုင်စောင့်ရတယ်။ ၁ ပိဿာခွဲလောက်ရှိမယ်။ မင်းမနက် ရွာထဲထွက်ရောင်းကွာ။ အမေမငြင်းဖူးနော်။ ထွက်ရောင်းတယ်။ ကျနော် လူဆိုးနော် အဖေ။ ၄ တန်းအထိ အဖေ့ဂုတ်ပေါ်ကမဆင်းဘူး။ အမေက ကျနော့်ကိုအလိုမလိုက်ဖို့အဖေ့ကိုပြောတယ်။ အဖေ ကျနော့်ရွှေပန်းကို ငယ်ငယ်က ခဏခဏနမ်းတယ်လို့အမေက လူကြားထဲပြောတယ်။ ကျနော်သေအောင်ရှက်တာပဲ။ အဲ့ဒီ ချစ်ခြင်းမေတ္တာကို ကျနော့်ကွဲသွားတဲ့ ကျောက်ဒိုးလောက်တောင်ခေါင်းထဲမရှိခဲ့။ ပိုများတဲ့အဖေစားမဲ့ ထမင်းကြော်ပန်းကန် ကျနော်စားချင်ခဲ့တယ်။ အမေတုတ်နဲ့ရိုက်ကြွေးတယ်။ ကျနော်မကုန်ခဲ့ဘူး။ ပိုင်စိုးအောင်တို့ နေထူးအောင်တို့ ဆော့တဲ့ ဓာတ်ခဲနဲ့ပြိုင်ကားလေး သားလိုချင်တယ် အဖေ ။ အဖေဝယ်လာတယ်။ ဒါပေမယ့် ကုန်တင်ကုန်ချကား။ တစ်ခုခုနဲ့တိုက်မိရင် ကုန်တင်ကုန်ချပဲလုပ်နေတော့တာပဲ။ ရှင်က တုံးကိုတုံးတယ်။ အမေ အဖေ့ကိုဆူတယ်နော်။ အဖေမျက်ရည်ဝိုင်းနေတာအမေ သိတယ်နော်။ သားမသိဘူး။ အဲ့ဒီကားလှလှလေးရဲ့ဈေးနှုန်းကိုသားမသိဘူးနော်။ တစ်ရွာလုံးက ဘယ်မန်ကျည်းပင် အဖေမတက်ဖူးတာရှိလဲ။ ဘယ်မိုးတွင်းအဖေဖားရိုက်မထွက်ဖူးတာရှိလဲ။ ဘယ်လယ်ကွက်မှာ အဖေပိုက်မချဖူးတာရှိလဲ။ ဘယ်ချောင်းထဲမှာ အဖေ ငါးရှဉ့်မထောင်ဖူးတာရှိလဲ။ ကျနော် နေ့လည်ကတည်းက မိုးချုပ်တဲ့အထိရေကူးတယ်။ အိမ်ပြန်မလာဘူး။ တစ်ကိုယ်လုံးပြာနှမ်းလို့။ အဖေ ကျနော့်ကို အိမ်ရှေ့က ထင်းစည်းတစ်စည်းကုန်အောင်ရိုက်တယ်နော် ။ကျနော်မငိုဘူး။အဖေငိုတယ်။ ဘဲဥ ၂ လုံး၊ ပြား ၉၀ နဲ့ အဖေနဲ့အမေ ဘဝကို ဘယ်လိုစထူထောင်ကြလဲ ကျနော်မသိဘူး။ အဖေက အဲ့တုန်းက ခုလိုထိပ်ပြောင်ကြီးမဟုတ်ဘူးတဲ့။ ဆံပင်ထူတယ်။ ပါးသိုင်းမွှေးနဲ့။ တစ်ကိုယ်လုံး နုံးစော်ကိုအမြဲနံနေခဲ့တာပဲတဲ့။ အမေပြောတယ်။ ပြီးတော့ ရယ်လည်းရယ်တယ်။ ငိုလည်းငိုတယ်။ အဖေ အသက် ၁၀ နှစ်မှာ သူများအိမ်တကာလှည့်ရေထမ်းတယ်ပြောတယ်။ ကျနော် ၁၈ နှစ်အထိရေတစ်ထမ်းမနိုင်ဘူး။ သားရေအဖေ့နားလာပါဦးကွာ ဆိုပြီး ပါးကိုကိုင်လိုက်ရင် အဖေ့လက်တွေကကြမ်းထော်နေတာပဲ။ ကျွဲပုခုံးတွေထလို့။ မင့်အမေက မင်းကိုယ်ဝန်နဲ့တုန်းက ဖျက်ချမယ်တကဲကဲပဲ။ ငွေမရှိပဲ ကလေးမမွေးချင်ဘူးတဲ့ကွာ ။ ငါ ကောင်းကောင်းချောမော့ပြောဆိုရတာပေါ့။ အသက်တစ်ချောင်းကွ အသက်တစ်ချောင်းလို့။ ကျနော့်ကို ရှိန်းသူအောင်လို့ အမေကနာမည်မှည့်တယ်။ ၅ နှစ်ကွာတဲ့ ညီမလေးကို ပန်းအိထွေးတဲ့ ။ အဖေ့နာမည်ကိုခုထိ တစ်ရွာလုံးခေါ်ကြတယ်။ ထော်ကြီးတဲ့။ အဖေသိလား အဖေနာကျင်ရမှာကိုအဖေသိသေးရဲ့လား။ ဧက (၃၀) ပိုင်ဖို့ အဖေ အနှစ် ၃၀ ကျွန်ခံတယ်။ ဒဏ်ဖြစ်တဲ့အထိ အဖေ ကုန်ထမ်းတယ်။ အဖေတစ်ညလုံးကောင်းကောင်းအိပ်ရတဲ့ရက်တွေအမေခုထိလက်ချိုးရေပြနိုင်သေးတယ်။ အဖေနားထောင်တဲ့ တွံတေးသိန်းတန်နဲ့ ဟင်္သာတထွန်းရင် အခွေတွေ ကျနော်ခွဲပစ်တယ်နော်။ အဖေမဆူဘူး။ သားတို့မိသားစုတွေရှိလာတဲ့အခါ လူတန်းစေ့နေနိုင်ရင် အဖေကျေနပ်ပါပြီ။ အဲ့ဒါအဖေ့ရဲ့ပျော်ရွှင်မှုပါပဲတဲ့။ ကျနော်ငိုပြီအဖေ။ ခုကျနော် ငိုပြီ။ အဖေ့ကို ရှေ့မှာထားပြီး ကျနော်ငိုရဲပြီ။ ဆင်းရဲတယ်ဆိုတာ ကြွားဖို့မဟုတ်ဘူးသား။ နာဖို့ ... အားတင်းဖို့ ...။ ဒါဟာ သေတွင်းတစ်ခုပဲ ။ ကျနော် ဟိန်းမင်းစိုးရဲ့ကျောက်ဒိုးကို ဆွဲယူလွှင့်ပစ်တယ်နော်။ သူ့မျက်လုံးကို သံဆစ်နဲ့ ပစ်တယ်နော်။ ကန်းမတတ်ပဲ။ ယောင်ကိုင်းလို့။ အဖေ့ကို ဒီကောင့်အဖေက ထိုးမယ်လုပ်တယ်နော်။ အဖေ ခြေသလုံးဖက်မတတ်ပဲ။ ကျနော့်ကို ငါးရှဉ့်ထောင်တဲ့ကောင်ရဲ့သားလို့ ရွာထဲကလူတွေကခေါ်တယ်။ အဖေ့ကိုကျနော် နှစ်နဲ့ချီပြီးစကားမပြောဖူး။ အဖေက ကျနော့်ကိုနှစ်နဲ့ချီပြီး မျှော်လင့်နေခဲ့တယ်။ သား မင်းအဖေက ငတုံးသိလား။ ခုထိ ဖုန်းနဲ့ message မပို့တတ်ဘူး တဲ့ အမေရယ်ကျဲကျဲပြောတယ်။ အဖေ့ရဲ့ပညာရေးဟာ သူငယ်တန်းမှာစပြီး သူငယ်တန်းမှာပဲဆုံးတာ အမေသိတယ်။ ကျနော်မသိဘူး။ ဒီစာလေးက ဘာရေးထားတာလဲ သား ဆိုပြီး လာဖတ်ပြခိုင်းရင် ကျနော်တယ်စိတ်မရှည်ခဲ့ဘူး။ မင်းအဖေလည်းကွာ ပြိတ္တာတစ်ကောင်လိုပါပဲ။ ခုအခြေအနေနဲ့အေးဆေးနေနိုင်ရဲ့သားနဲ့ ။သူများတွေပြောတယ်။ အဖေ ခုဆို ဆိုင်ကယ် ကယ်ရီဆွဲတယ်။ အဖေလယ်မလုပ်နိုင်တော့ဘူး။ ......
ချစ်နေရရင် အဆင်မပြေလဲ ပြေနေတာပါပဲ
တစ်ချို့သောနေ့ရက်တွေမှာ | ဘာသာပြန် - မောင်
ဟေသာ ရေ အဝေးကြီးကနေ ဖတ်ထားတာမို့ နားဆင်ဖြစ်အောင် နားဆင်နော်
.........
ညစာ | သီမာဝင်း
ကြည်ဇော်အေး | အနီရောင်လင်းနို့
ငြိမ်း ...............…............................မူးနေတာပဲ ကောင်း ပါတယ်။
မည်သူ၏ ဖြားယောင်မှုမပါပဲ ပန်းသီးလေးကို နှစ်ယောက်အတူ မျှဝေစားသုံးချင်မိသည်။ စကားလုံးများကို ဖယ်ချကာ ကိုယ်ပိုင်သင်္ကေတများဖြင့် ဘာသာစကားအသစ်တစ်ခုကို နှစ်ယောက်အတူ ကျိတ်ပြီး ဖန်တီးချင်မိသည်။
တစ်ယောက်ကို တစ်ယောက်က မချစ်တဲ့အခါ .........
Untitled

Untitled

2021-08-0801:20

ဖော်ဝေးဒိုင်ယာရီ
ဂျာမန်ဘာသာ ဝတ္ထုတိုလေး ကို ကျွန်တော် ဘာသာပြန်ပြီး ရွတ်ထားပါတယ်
loading
Comments