Discover
The Irrawaddy Newscast - Burmese Edition

The Irrawaddy Newscast - Burmese Edition
Author: The Irrawaddy
Subscribed: 120Played: 1,763Subscribe
Share
© 2025 The Irrawaddy Newscast - Burmese Edition
Description
The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။
454 Episodes
Reverse
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တပ်ချုပ်လုပ်မှာလား၊ သမ္မတလုပ်မှာလား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေထဲမှာ ထင်ရှားသူတဦးဖြစ်တဲ့ မသဉ္ဇာရွှန်းလဲ့ရည်က စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ၊ နွေဦးတော်လှန်ရေး အနာဂတ်နဲ့ အမျိုးသမီးတွေရဲ့ ကဏ္ဍတွေအကြောင်း ဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် ယူနီဖောင်းချွတ်ချိန်မှာ တာဝန်ယူကြရမယ့် အနာဂတ်မျိုးဆက်သစ် စစ်ခေါင်းဆောင်တွေ ဘယ်သူဖြစ်မလဲ၊ သူတို့ ဘာကြောင့်အရေးပါလဲ စတဲ့ အကြောင်းအရာတွေကို ISP-Myanmar ရဲ့ လူငယ်သုတေသီ ကိုနိုင်မင်းခန့်က ဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်။ #ဧရာဝတီ #စနေသတင်းစကားဝိုင်း #မင်းအောင်လှိုင် #အနာဂတ်မျိုးဆက်သစ် #ISP-Myanmar #လူငယ်သုတေသီ #နိုင်မင်းခန့်
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "သက်ကြီးအကျဉ်းစံသက်ဆင်နဲ့ဒေါ်အောင်ဆန်းစုကြည် " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ အမှုဆောင်အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်တပ်က အာဏာသိမ်းစဉ် အကြောင်းပြခဲ့တဲ့ ရွေးကောက်ပွဲ မဲမသမာမှုဆိုတာဟာ မဲခိုးမဲလိမ်တာ မဟုတ်ဘဲ မဲပေးပိုင်ခွင့်ရှိသူစာရင်း မှားယွင်းတာသာဖြစ်ပြီး ဒါကို လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်း ကြုံနေရတယ်လို့ စာရေးဆရာ အယ်ဒီတာ တင်မောင်သန်းရဲ့ ဆွေးနွေးချက်တွေကို နားဆင်နိုင်ကြပါတယ်
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ " ပေါက်ဖော်ကြီးကစစ်ကော်မရှင်ကိုဝယ်လိုက်ပြီလား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ သတင်းစာဆရာ ဦးကျော်ဇံသာ တို့က ဆွေးနွေးထားပါတယ်။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ရှီကျင့်ဖျင်၊ ပူတင်နဲ့ ကင်ဂျုံအွန်းတို့ ဘာတွေကြံနေသလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ သတင်းစာဆရာ ဦကျော်ဇံသာ တို့က ဆွေးနွေးထားပါတယ်။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားက ရိုဟင်ဂျာအရေးညီလာခံနဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့သူ ဒေါက်တာဒေါ်မွန်မွန်မြတ်နဲ့ ဧရာဝတီ အယ်ဒီတာ ရဲနည်တို့ရဲ့ ဆွေးနွေးသုံးသပ်ချက်ကို နားဆင်နိုင်ပါတယ် #ဧရာဝတီ #စနေသတင်းစကားဝိုင်း #ရိုဟင်ဂျာဒုက္ခသည်စခန်း #ရိုဟင်ဂျာအရေးညီလာခံ #ဒေါက်တာဒေါ်မွန်မွန်မြတ် #ရဲနည် #Rohingya
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "UWSA ကို ခြိမ်းခြောက်နေတဲ့ တရုတ် " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ. ရဲ့ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပအိုဝ်းတွေရဲ့ နိုင်ငံရေးသမိုင်း၊ နွေဦးတော်လှန်ရေးမှာ ပအိုဝ်းတွေရဲ့ အခန်းကဏ္ဍ၊ ပအိုဝ်းပြည်သူ့စစ်တွေအပေါ် သဘောထား၊ ဖယ်ဒရယ်ပြည်ထောင်စုမှာ ပအိုဝ်းပြည်နယ်ပါဝင်ပေါ်ထွန်းရေးတွေကို ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ စကားဝိုင်းမှာတော့ " ပေါက်ဖော်ကြီး ထောက်ခံလိုက်တဲ့ ရွေးကောက်ပွဲ " ဆိုတဲ့ခေါင်းစဉ်နဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ဒီတပတ်စနေသတင်းစကားဝိုင်းမှာ အာဏာသိမ်းစစ်တပ် ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝါရှင်တန်မှာ နေထိုင်နေတဲ့ တင်မောင်သန်း (သင့်ဘဝ) ကို ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ရဲနည်က ဆက်သွယ်မေးမြန်းဆွေးနွေးထားပါတယ်။ ရွေးကောက်ပွဲကတဆင့် စစ်တပ်တင်မယ့် အစိုးရသစ်ဟာ ဦးသိန်းစိန်လို ပြုပြင်ပြောင်းလဲရေးလုပ်မှာ မဟုတ်သလို တိုင်းရင်းသားတပ်တွေ အပစ်ရပ်လို့ ငြိမ်းချမ်းရေးရရင်တောင် ပြားသုံးဆယ် ငြိမ်းချမ်းရေးပဲဖြစ်မယ်လို့ သုံးသပ်ဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်။
ဒီတပတ်စနေသတင်းစကားဝိုင်းမှာ အာဏာသိမ်းစစ်တပ် ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝါရှင်တန်မှာ နေထိုင်နေတဲ့ တင်မောင်သန်း (သင့်ဘဝ) ကို ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ရဲနည်က ဆက်သွယ်မေးမြန်းဆွေးနွေးထားပါတယ်။ စစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ လူနည်းစုအတွက်ပဲ ဖြစ်ပြီး စစ်တပ်ဟာ နိုင်ငံရေးမှာ ချုပ်ကိုင်နေဦးမှာ ဖြစ်တယ်လို့ သုံးသပ်ဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ စကားဝိုင်းမှာတော့ " မင်းအောင်လှိုင်ရော လုပ်ရဲရင် ခံရဲသလား " ဆိုတဲ့ခေါင်းစဉ်နဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ဒီတပတ် ဧရာဝတီရဲ့ အယ်ဒီတာ့စကားဝိုင်းမှာ လတ်တလော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကနေ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်လို့ စစ်အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောင်းဖွဲ့တာ၊ ရွေးကောက်ပွဲကျင်းပပြီး သမ္မတ ဆက်လုပ်မှာလားတို့အပြင် မြန်မာ့မြေရှားတွေ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် စိတ်ဝင်စားတယ်ဆိုတာ တကယ်လားစတဲ့ အကြောင်းအရာတွေကို ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ရဲနည်တို့ ဆွေးနွေးသုံးသပ်ထားတာ နားဆင်နိုင်ပါတယ်။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ မှိုင်းရာပြည့်ကျောင်းသားဟောင်းလည်း ဖြစ်၊ ကျောင်းသားလှုပ်ရှားမှု သမိုင်းသုတေသီတဦးလည်း ဖြစ်သူ ဦးအောင်စောဦးနဲ့ ဧရာဝတီ အယ်ဒီတာ ရဲနည်တို့ရဲ့ ၃၇ နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးသုံးသပ်ချက်ကို နားဆင်နိုင်ပါတယ်။
ဒီတပတ် ဧရာဝတီရဲ့ အယ်ဒီတာ့စကားဝိုင်းမှာ ပြည်သူ့စစ်မှုထမ်းတွေ အားဖြည့်ပြီး တရုတ်ရဲ့ ဘက်စုံအကူအညီနဲ့ ခေါင်းပြန်ထောင်လာတဲ့ စစ်ကောင်စီရဲ့ ထိုးစစ်အရှိန်မြင့်လာနေချိန်မှာ တော်လှန်ရေးဘက်မှာ ဗိုလ်တထောင်နဲ့ ဗွက်ထနေကြတဲ့အကြောင်း ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ရဲနည်တို့ ဆွေးနွေးသုံးသပ်ထားကြပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ဒုစစ်ဦးစီးချုပ် မာဝီနဲ့ ဧရာဝတီ အယ်ဒီတာ ရဲနည်တို့ရဲ့ အထူးသီးသန့် အင်တာဗျူး အပိုင်း ၂ ကို ဒီစနေစကားဝိုင်း အသံလွှင့်အစီအစဉ်မှာ နားဆင်ပါ။
ဒီတပတ်စနေသတင်းစကားဝိုင်းမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ရဲ့ ဒုစစ်ဦးစီးချုပ် မာဝီနဲ့ ဧရာဝတီ အယ်ဒီတာ ရဲနည်တို့ရဲ့ အထူးသီးသန့်အင်တာဗျူး အပိုင်း ၁ ကို နားဆင်နိုင်ကြပါတယ်။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ စကားဝိုင်းမှာတော့ " ထိုင်းနိုင်ငံရေး အကျပ်အတည်းက မြန်မာ့နိုင်ငံရေးအပေါ် ဘယ် လိုသက်ရောက်သလဲ " ဆိုတဲ့ခေါင်းစဉ်နဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကိုရဲနည် တို့က ဆွေးနွေးထားပါတယ်။ --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/supporttheirrawaddy
Thank u