Discover
Painkiller Poems
7 Episodes
Reverse
လူသားချင်းစာနာမူဟာ online ပေါ်မှာပဲရှိတယ်
ခင်ဗျားတို့ အရိုးတွန်တာက
အသံထွက်အောင်ကိုတွန်နေတာပါလား
ငပိန်းတစ်ယောက်
သုတ်လွှတ်ကြမ်းသွားတဲ့အဖြစ်ပါ
ကြောက်ရွှံ့ခြင်း စိုးထိတ်ခြင်းနဲ့
ရှင်သန်လိုခြင်းတွေ
မသိစိတ်ထဲ အားပြိုင်နေဆဲမှာပဲ
တွယ်ငြိနေတဲ့ အတ္တတွေနဲ့
မျက်လုံးကို စုံမှိတ်ကြည့်လိုက်တော့
မြင်နေရတာက
တစ်မြို့လုံး သုတ်ရည်တွေအပြည့်တဲ့
ကျေနပ်ခြင်း မကျေနပ်ခြင်းတွေခနထား
အကယ်၍သာ
ဒီငပိန်းသာ သုတ်မလွှတ်ခဲ့ဘူးဆိုရင်
ခင်ဗျားတို့ရဲ့ preproduction က
ဇာတ်တော်ကြီးရှည်မှာအသေအချာ
ခုလောလောလောဆယ်မှာဖြင့်
news feed တစ်ခုလုံးလဲ
ဒီစောက်ပိန်းရဲ့ သုတ်ရည်တွေရွှဲလို
#ကျေးဇူးတင်ပါတယ်မြန်မာပြည်ကြီး
#HMK
အဝါရောင် နတ်ဘုရားတွေဟာ
ငြိမ်သက်ခြင်းကို
နာရီလက်တံတွေ မရှိတဲ့အရပ်မှာ စွန့်ပစ်ခဲ့တယ်
အမှောင်ထုတွေက အလင်းမရှိတဲ့ကမ္ဘာမှာ
မာနထောင်လွှားနေသလိုမျိုးပေါ့
စိတ်ကို စိတ်နဲ့ဖြေခဲ့ဖူးတာ အကြိမ်ကြိမ်
ချစ်တဲ့စိတ်တွေ
ကိုယ်ကျိုးနဲခဲ့ဖူးတာလဲအကြိမ်ကြိမ်
အဲ့ဒီလို "အကြိမ်ကြိမ်" တွေကြောင့်
ငါမင်းကို ချစ်ခွင့်ပန်ရဲခဲ့တာ
ချစ်တယ်ဆိုတာ
စကားလုံးတွေသက်သက်နဲ့မပြည့်စုံဘူးလေ
ဘဝတွေ၊ ခြားနားခြင်းတွေ
မနီးစပ်နိုင်ခြင်းတွေ
ဒါတွေကြားထဲမှာ
အလွမ်းဆိုတဲ့ ကြားလေသွေးရင်တောင်
ငါမင်းကို အကြိမ်ကြိမ်ပြန်ပြီး
ချစ်ခွင့်ပန်ဦးမယ်
သက်သေမရှိအလွမ်းတွေနဲ့ လူ
#HMK
Identity ရှာမရခင်
ဒီလိုခေတ်မှာ
ငါတို့ဟာ
အပြိုအပျက် အကြိုအကြားက
ပျောက်နေတဲ့ အုတ်ချပ်ခဲတစ်လုံးလား
မှောင်နေတာမှန်တယ်လေ
မင်းတို့က အလင်းမလာခင်
၃၃နှစ် လောက်ထဲက မှောင်ခဲ့တာပါ
ငါတို့စိတ်တွေကို
လူပျောက်ကြေငြာတစ်ခုလို
ဖြစ်သွားအောင်လုပ်တယ်ဟုတ်
အေး
စိတ်ထဲရှိတဲ့ အရာကိုတောင်
အသံထွက်မှန်အောင် မထွက်တတ်တဲ့
နှလုံးသားတွေနဲ့
ညည မင်းတို့အိပ်ရေးဝဝအိပ်ပျော်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်
မင်းတို့ဗျောက်တွေကို
မင်းတို့ဖင်ထဲထိုးထည့်ချင်လာအောင်
ငါတို့ရဲ့ မျက်ရည်တွေနဲ့
ငါတို့ရဲ့အသံတွေနဲ့
တွန်းလှန်ပြမယ်
#HMK
မင်းရဲ့အသုံးဝင်မူနဲ့
ငါရဲ့အသုံးဝင်မူဟာ
ကွဲပြားခြားနားတယ်သူငယ်ချင်း
သို့ပေမဲ့
ငါတို့သွားတဲ့ လမ်းကတော့ တူတူပါပဲ
ဖြစ်နိုင်စွမ်းရှိသလောက်
ဖြစ်ပေးကြတာဟာ
အမှန်တရားကို ယုံကြည့်လို့ပဲပေါ့
စိတ်ဝမ်းမကွဲကြေး
မဝေဖန်ကြေး
သွေးမအေးကြေး
သမိုင်းဆိုတာ အသက်ရှင်လျက်
ပါဝင်ပတ်သက်ဖူးမှ
ပိုအဓိပ္ပါယ်ရှိတယ်လို့ပြောကြတယ်
လူတိုင်းက သူရဲကောင်းတွေပါပဲ
ဒါပေမဲ့
ငပိန်းတွေရဲ့ သူရဲကောင်းမဖြစ်ဖို့လိုတာပေါ့
❤️❤️❤️
ဒီမြို့ထဲမှာလေ
ကျွန်တော်ဟာ ကိုယ်ကိုကိုယ်
"ကျွန်တော်" လို့ပဲ နာမ်စားသုံးပြီး
နေထိုင်ခဲ့တာကြာပြီ
အမှန်တရားရဲ့အနားသပ်မျဉ်းလေးမှာ
အမှားပါတဲ့အခါ
အမှန်တရားဟာ လိုတာထက်ပိုပြီး
ရင့်ကျက်တည့်ငြိမ်နေပါလိမ့်မယ်
မိုဘိုင်းဖုန်းတွေရဲ့ဝေးရာ
ဆိုရှယ်မီဒီယာတွေရဲ့ဝေးရာ
မြို့ပြရဲ့ဝေးရာ
မနက်ဖြန်တွေအထိတွေးစရာမလိုတဲ့
စိတ်တွေနဲ့
ငါရဲ့ နာမဝိသေသနကို
ငါကိုယ်တိုင် မြည်းစမ်းကြည့်ချင်တာမျိုး
အမှောင်ထဲမှာ
နေရောင်ထိုးတဲ့ အလင်းစက်လေးတွေကို
ရက်ရက်ရောရော လက်ခံရင်း
အလင်းတွေနဲ့ထပ်တူကြချင်တဲ့စိတ်
ဘုံဆိုင်သွားစရာမလိုပဲ
ဆံပင်ညှပ်ဆိုင်သွားချင်နေတဲ့စိတ်
မျက်နှာပေါ်မိုးစက်တွေအခါခါကျရင်
အိမ်ပြန်ချင်တဲ့စိတ်
အဲလိုစိတ်တွေကို သယ်ဆောင်ထမ်းပိုးရင်း
ငါဘဝကိုငါ စိတ်သွားတိုင်းကိုယ်ပါမယ်
အဖြူရောင်လို့ဆိုလိုက်တာနဲ့
ကောင်းကင်ကြီးရယ်
ဆံပင်အဖြူတွေရယ်နဲ့
သဘာဝဆန်ဆန် အသက်ကြီးသွားမယ်
တိတ်စိတ်မူဆိုတာလည်း
ငါကြားချင်တဲ့အသံကိုကြားနေရတာမျိုးလို့
အဓိပ္ပါယ်ဖွင့်မယ်
တစ်ခါတစ်လေ
ဘာမှမရှိတဲ့ ရင်ဘတ်ကြီးနဲ့
ငိုကြွေးချင်တယ်
အဲဒီရင်ဘတ်နဲ့ပဲ
ပျော်ရွှင်ချင်တယ်
ဘယ်မှသွားစရာမရှိတဲ့အခါ
ပြန်စရာ အမေအိမ်လေးလည်းရှိရမယ်ပေါ့လေ
အဲလောက်ဆို
ကမ္ဘာကျော်တွေနဲ့ဝေးရတာ
တန်ပါတယ်
#HMK
လူတစုကနေ တမဟုတ်ချင်း
တစ်ယောက်ထဲဖြစ်သွားတဲ့အခါ
ငါ့စိတ်တွေဟာ
နောက်ထပ်မြစ်တစ်စင်းပေါ်စီးမျောရင်း
ဘဝကူးကောင်းဖို့ အကြိမ်ကြိမ်ဆုတောင်းနေခဲ့
အကူအကယ်မဲ့ အတ္တတွေဟာ
ဗလာမပါ ကံစမ်းမဲဖေါက်သလို
ဝေဒနာတွေကို အခါခါဝေပေါ့
သွေးမအေးကြေးလို့
ပါးစပ်က တဖွဖွအသံထွက်နေပေမယ့်
သွေးရဲရဲသံရဲရဲတွေမြင်ပြန်တော့လည်း
ကြောက်ခဲ့မိတာပါပဲဗျာ
ယုံကြည်မူဆိုတာငါသောက်လိုက်တဲ့
အရက်ထဲက လာတာမဟုတ်ဘူး
ငါရူလိုက်တဲ့
အခိုးအငွေ့တွေထဲက လာတာမဟုတ်ဘူး
ယုံကြည်မူဆိုတာ မယုံကြည်ခြင်းကနေလာတာ
ဖေဖော်ဝါရီနေ့ရက်များက လာတာ
ကျွန်တော် အစက ဖေဖော်ဝါရီကိုမမုန်းဘူး
ခုတော့ဖြင့်
ဖေဖော်ဝါရီကို အမုန်းကြီးမုန်းမိနေတယ်
ဖေဖော်ဝါရီမှာ သေခဲ့တဲ့ နှလုံးသားတွေဟာ
ဖေဖော်ဝါရီမှာပဲ အမာရွတ်တွေရခဲ့ရပေါ့
ကဲကဲငါ့ကောင်ရေ
မင်းကိုသတိရလို့ ငါဒီလိုတွေရေးတတ်လာတာ
ဘဝမှာ စိတ်ဓါတ်ကျတိုင်း
မင်းနာမည်ကို ငါအကြိမ်ကြိမ်ရွတ်တယ်
သူငယ်ချင်း
❤️❤️❤️
သောက်ချိုးမပြေတဲ့ မြန်မာပြည်ကြီးအတွက်
#HMK
ရန် ကုန် ဟာ ရန် ကုန် လို နေ ရင်
ကြောက် စ ရာ မ ကောင်း ဘူး
ရန် ကုန် ဟာ ရန် ကုန် မ ဟုတ် ခဲ့ ရင် သာ
ကြောက် စ ရာ ကောင်း တာ
ခု ရန် ကုန် ဟာ ရန် ကုန် ဟုတ် သေး ရဲ့လား
လွမ်း တယ် ဗျာ ရန် ကုန် ကို ❤️❤️❤️
#the_mind_forget_things_for_a_reason
#HMK










