Discover
BallCast
BallCast
Author: BurmaPodcastNetwork
Subscribed: 4Played: 32Subscribe
Share
© BurmaPodcastNetwork
Description
ဒီပရိုဂရမ်က အင်တာနက်အခက်အခဲဖြစ်နေတဲ့ ဘောလုံးအားကစားကို နှစ်သက်သော ချစ်မိတ်ဆွေတွေအတွက် ဘောလုံးသမိုင်းကြောင်း ၊ နောက်ခံစီးပွားရေး အရှုပ်တော်ပုံ နဲ့ ခေတ်မှီနည်းပညာရဲ့ အားကစားပေါ်လွှမ်းမိုးမှုအစရှိတာတွေကို လဖေ့ရည်ဆိုင် စကားဝိုင်းများ ပမာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
8 Episodes
Reverse
မိတ်ဆွေတို့ အကြိုက်ဆုံး နည်းပြက ဘယ်သူလဲ။
ဘောလုံးပွဲတစ်ခုမှာ နည်းပြက ဘယ်လောက်ထိ အသင်းတစ်သင်းအောင်မြင်ဖို့အတွက် အရေးပါလဲ၊ မြန်မာပြည်ဘောလုံးလောက မတိုးတက်တာ ဘယ်လို နည်းစနစ်တွေကြောင့်လဲ ဆိုတာကို ကိုညိုနဲ့ ဝိုင်းတော်သားတချို့က သုံးသပ်ဆွေးနွေးထားပါတယ်။
မိတ်ဆွေတို့နဲ့ရော သဘောထား တိုက်ဆိုင်ရဲ့လားဆိုတာ ဆွေးနွေးပေးပါဦး။
Burma Podcast Network က မြန်မာပြည်မှ နားဆင်သူများအတွက်လွတ်လပ်တဲ့ Podcast များကို ထုတ်လုပ်ပေးလျှက်ရှိပါတယ်။
BPN ဆက်လက်ရပ်တည်နိုင်ရန်အတွက် မိတ်ဆွေတို့၏ Like , Subscribe , Share လုပ်ခြင်းတွေက များစွာ အထောက်ကူပြုပါတယ်။
Ballcast | Episode (8)
ကမ္ဘာပေါ်မှာ Follower အများဆုံးတွေထဲက ဘောလုံးအသင်းတစ်ခုဖြစ်တဲ့ မန်ယူအသင်းလို တခြား နာမည်ကြီး ဘောလုံးအသင်းတွေရဲ့ ပိုင်ရှင်တွေအကြောင်း၊ ဘောလုံးလောကမှာ အသင်းပိုင်ရှင်တွေက ဘယ်လိုအနေအထားတစ်ခုမှာ ရှိနေလဲ။
Ballcast က podcasters တွေကတော့ ဒီအပတ် ဘောလုံးအသင်းပိုင်ရှင်တွေအကြောင်းကို တင်ဆက် ဆွေးနွေးထားပါတယ်။
မိတ်ဆွေတို့ သဘောကျတဲ့ အသင်းပိုင်ရှင်တွေကရော ဘယ်သူတွေလဲ၊ နားထောင်ရင်း ဝင်ရောက်ဆွေးနွေးပေးကြပါဦးနော်။
Burma Podcast Network ကနေ နယ်ပယ်စုံ အကြောင်းအရာစုံက အကြောင်းအရာတွေကို မိတ်ဆွေတို့အတွက် အားကျိုးတက်ဖွယ် တင်ဆက်နေပါတယ်။
Youtube, Facebook, Youtube, Apple Podcasts စတဲ့ platform အစုံမှာ Podcast များကို ကြည့်ရှု နားဆင် နိုင်ပါတယ်။
Ballcast | Episode (7)
ဘောလုံးကွင်းအမျိုးအစား အများကြီးထဲကမှ ဘယ်လိုကွင်းမျိုးကို ကန်ရတာ ကြိုက်လဲ။
မြန်မာနိုင်ငံ နဲ့ နိုင်ငံတကာမှာရော ဘယ်လိုဘောလုံးကွင်းမျိုးတွေကို ကြိုက်နှစ်သက်ကြလဲ။
ကိုညို၊ ကိုစနေ နဲ့ ကိုသက်တို့က ငယ်ငယ်တုန်းက ကန်ခဲ့ရတဲ့ ဘောလုံးကွင်းတွေအကြောင်း၊ နိုင်ငံတကာ အဆင့်မီ ဘောလုံးကွင်းတွေအကြောင်းကို ဆွေးနွေးထားကြပါတယ်။
မိတ်ဆွေတို့နဲ့ရော အကြိုက်တူကြလား၊ မိတ်ဆွေတို့ကရော ဘယ်လို ဘောလုံးကွင်းတွေမှာကန်လေ့ရှိလဲ၊ ဘယ်လို ဘောလုံးကွင်းတွေကိုမှ အကြိုက်တွေ့လဲဆိုတာ ဆွေးနွေးခဲ့ပါဦးနော်။
Burma Podcast Network ကနေ နယ်ပယ်စုံ အကြောင်းအရာစုံက အကြောင်းအရာတွေကို မိတ်ဆွေတို့အတွက် အားကျိုးတက်ဖွယ် တင်ဆက်နေပါတယ်။
Youtube, Facebook, Spotify, Apple Podcasts စတဲ့ platform အစုံမှာ Podcast များကို ကြည့်ရှု နားဆင် နိုင်ပါတယ်။
လတ်ဆက်မှုမရှိတော့တဲ့ Euro 2024
Ballcast | Episode (6)
Euro ၂၀၂၄ ပွဲစဉ်တွေမှာ မိတ်ဆွေတို့ကရော ဘယ်အသင်းတွေကို အားပေးခဲ့လဲ။
အားပေးခဲ့တဲ့ အသင်းနဲ့ ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်း ထပ်တူကြရဲ့လား။
ဘယ်လို ကစားသမားတွေကို အားအရဆုံးလဲ၊ အားမရဆုံးလဲ။
ဇွန်လ ၁၄ ရက်ကနေ ဇူလိုင်လ ၁၄ ရက်နေ့ အထိ ကျင်းပခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အမှတ်တရများစွာကို BPN ဝိုင်းတော်သားများဖြစ်တဲ့ ကိုညို၊ ကိုစနေ နဲ့ ကိုသက်တို့က အားပါးတရ ဆွေးနွေးထားလို့ သူတို့နဲ့ သဘောထား တူမတူ နားဆင်ကြည့်ကြပါဦး။ အမြင်လေးတွေလည်း မျှဝေပေးခဲ့ပါဦး။
#euro2024 #spain #football #eurofootball #burmapodcastnetwork #myanmarpodcasts #podcast #burma #myanmar #podcasting
ဘောလုံးပွဲတစ်ပွဲမှာ တာဝန်ကြီးတာ ဘယ်သူလဲ။
Ballcast | Episode (5)
BPN ဝိုင်းတော်သားများဖြစ်တဲ့ ကိုညိုနဲ့ ကိုမောင်တို့က ပါးစပ်နဲ့ ဘောလုံးကန်ပြီး ဘောလုံးပွဲ တစ်ပွဲရဲ့ တာဝန်အရှိဆုံး၊ တာဝန်အယူရဆုံး ပုဂ္ဂိုလ်အကြောင်း အားပါးတရ တင်ဆက် ဆွေးနွေး ထားပါတယ်။
Burma Podcast Network ကနေ နယ်ပယ်စုံ အကြောင်းအရာစုံက အကြောင်းအရာတွေကို မိတ်ဆွေတို့အတွက် အားကျိုးတက်ဖွယ် တင်ဆက်နေပါတယ်။
Youtube, Facebook, Spotify, Apple Podcasts စတဲ့ platform အစုံမှာ Podcast များကို ကြည့်ရှု နားဆင် နိုင်ပါတယ်။
Ballcast | Episode (4)
ကျွန်တော်တို့ နေ့စဉ်ဘဝရဲ့ ပင်ပန်းမှုတွေကနေ ခေတ္တလွတ်မြောက်ဖို့ ဖျော်ဖြေရေးကဏ္ဍဟာ မရှိမဖြစ်လိုအပ်ပြီး အဲ့ဒီထဲမှာမှ အားကစားလည်းဖြစ် ဖျော်ဖြေရေးလည်း ဖြစ်တဲ့ ဘောလုံးကရော ကျွန်တော်တို့ကို ဘာတွေ ဘယ်လို ဖျော်ဖြေပြီး ဘယ်လို ရသတွေ ပေးစွမ်းနိုင်သလဲ။
ကျွန်တော်တို့တွေ ဘောလုံးဆိုတာကို ဘယ်လိုစပြီးရင်းနှီးခဲ့သလဲ၊ အခြားအားကစားတွေထက် ဘာကြောင့်ဘောလုံးကို အစဉ်တစိုက် ရွေးချယ်ဖြစ်ခဲ့တာလဲဆိုတာအပြင် ကမ္ဘာ့ အားကစားဇာတ်ခုံပေါ်မှာ ဘောလုံးအားကစား ထင်ပေါ်ရခြင်းအကြောင်းကို BPN ဝိုင်းတော်သားများဖြစ်တဲ့ ကိုညိုနဲ့ ကိုမောင်တို့က ပါးစပ်နဲ့ ဘောလုံးကန်ပြီး ဆွေးနွေးတင်ဆက်ပေးထားပါတယ်။
#BurmaPodcastNetwork #Ballcast #MyanmarPodcasts #Burma #Podcasts #InforMM #BPN
Ballcast Eps 003
Goat ကြီးနှစ်ယောက်ရဲ့ နေဝင်ချိန် တဖြေးဖြေး နီးကပ်လာတာနဲ့အမျှ လူငယ်ကစားသမားတွေထဲက ဘယ်သူတွေက သူတို့နေရာကို ဆက်ခံနိုင်မလဲဆိုတာ ဘောလုံးပရိတ်သတ်တိုင်း တွေးတောလေ့ရှိတဲ့အရာတစ်ခုလို ဖြစ်နေပါပြီ။ဒီတခါတော့ နုပျိုမှုနဲ့ ခွန်အားသစ် ပေါင်းစပ်ထားတဲ့ မျိုးဆက်သစ်တွေထဲက မျက်စိကျမိတဲ့ လူငယ်ကစားသမားလေးတွေ အကြောင်းကို BPN ဝိုင်းတော်သားများဖြစ်တဲ့ ကိုညိုနဲ့ ကိုမောင်တို့က ပါးစပ်နဲ့ ဘောလုံးကန်ပြီး ဆွေးနွေးတင်ဆက်ပေးထားပါတယ်။
BallCast #Eps001
ကိုညိုနဲ့ ကိုစနေက မိတ်ဆွေတို့လိုပဲ ဘောလုံးပွဲ သရဲတွေဖြစ်ပါတယ်။ သူတို့ နှစ်ဦး ဆုံတိုင်းကြုံတိုင်း ဘောလုံးပွဲ ရဲ့ ကောင်းခြင်းဆိုးခြင်းတွေကို ရေပက်မဝင်ပြောကြလွန်းလို့ BPN ဝိုင်းတော်သားများက မိုက်ကရိုဖုန်း တစ်လုံး ထောင်ပေးလိုက်ရာမှာတော့ Ballcast ဖြစ်လာပါတော့တာပါပဲ ⚽️






