DiscoverThe Irrawaddy Newscast - Burmese Edition
The Irrawaddy Newscast - Burmese Edition
Claim Ownership

The Irrawaddy Newscast - Burmese Edition

Author: The Irrawaddy

Subscribed: 126Played: 1,846
Share

Description

The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။
484 Episodes
Reverse
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စာရေးဆရာ တင်မောင်သန်း (သင့်ဘဝ)က ရွေးကောက်ပွဲလွန်ကာလ မြန်မာ့နိုင်ငံရေးမြင်ကွင်း၊ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ အမေရိကန်အစိုးရ အနေအထားတွေကို သုံးသပ်ဆွေးနွေးထားပါတယ်။
၂၀၂၆မှာ ဘာအပြောင်းအလဲတွေရှိလာမလဲ၊ ဘယ်လို နိုင်ငံရေးပုံစံတွေ ဖြစ်လာနိုင်သလဲ။ ပြည်သူတွေအပေါ် ဘယ်လို သက်ရောက်မှုတွေရှိလာနိုင်မလဲ။ နှစ်ဟောင်းကို ပြန်သုံးသပ်ပြီး နှစ်သစ်အတွက် ဘာတွေပြင်ဆင်သင့်လဲ ဆိုတာနဲ့ပတ်သက်ပြီး ဧရာ၀တီရဲ့ ဒီတပတ် Opinion Talk အစီအစဉ်မှာ အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ရွေးကောက်ပွဲကထွက်ပေါက်လား၊ပဋိပက္ခမီးစာလား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းတကျ ကိုယ်စားပြုမှုကို အကောင်အထည်မဖော်နိုင်ဘဲ ပုံပျက်ပန်းပျက်ဖြစ်လွန်းနေတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတဦးဖြစ်တဲ့ ကိုထင်ကျော်အေးရဲ့ သုံးသပ်ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းပြန်စတော့မလား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲပေါ် အမျိုးသမီးရေး ရှုထောင့်ကနေ တိုင်းရင်းသားသတင်းမီဒီယာတွေ ဖွဲ့စည်းထားတဲ့ Burma News International-BNI ရဲ့ Managing Director ဒေါ်တင်တင်ညိုက ဆွေးနွေးထားချက်ကို နားဆင်နိုင်ပါတယ်။
စစ်တပ်က နိုင်ငံကို စစ်ကျွန်လုပ်တဲ့ ၆၃နှစ်အတွင်း စစ်ခေါင်းဆောင်တွေ နိုင်ငံနဲ့ ပြည်သူကို ရေရှည်အုပ်ချုပ်ဖို့ အဆင့် ၃ ဆင့် နဲ့ ဘာတွေလုပ်ခဲ့ကြလဲ။ သူတို့အမြဲသုံးတဲ့ စစ်ကျွန် formula ကိုသိထားပြီး ရှေ့မှာ ဘာတွေဖြစ်လာနိုင်မလဲ၊ ဘယ်လို ချိုးဖောက်ကြမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ဧရာ၀တီရဲ့ ဒီတပတ် Opinion Talk အစီအစဉ်မှာ အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်တပ်ကရခိုင်ပြည်နယ်ကိုပစ်မှတ်ထားနေပြီလား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ မကြာခင် စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍပေါ် မူတည်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းကို စာရေးဆရာ တင်မောင်သန်း(သင့်ဘဝ)က မျှော်ကြည့် သုံးသပ် ဆွေးနွေးထားပါတယ်။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ပြောင်းပြန်ယူရမယ့်တပ်ချုပ်မိန့်ခွန်း " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
မြန်မာစစ်တပ်၊ ကရင်နယ်ခြားစောင့် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အယောင်ပြကျားဖြန့်နှိမ်နင်းရေးနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ကျားဖြန့်တိုက်ဖျက်ရေး ဘာကွာလဲ ၊ KNU ရဲ့ ကျားဖြန့်နှိမ်နင်းရေးကြောင့် ကရင်အချင်းချင်း ပြန်ပစ်ကြတော့မလား စတဲ့အကြောင်းတွေကို ကရင်နယ်စပ်တကြော ကျားဖြန့်လုပ်ငန်းတွေ လေ့လာနေသူ စောသူးဘီးနဲ့ ဒီတပတ်ဆွေးနွေးထားပါတယ်။
မြန်မာ စစ်တပ်ခေါင်းဆောင်တွေဟာ နိုင်ငံတကာက လိုချင်နေတဲ့ ဘိန်းဘုရင် ခွန်ဆာ တို့လို ရာဇဝတ်သားတွေကို ဘယ်လို အကာအကွယ်ပေးခဲ့သလဲ။ တကယ်လို့များ စောချစ်သူအပါအဝင် ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်နေတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ပြောလာရင် စစ်အုပ်စုက ဘာလုပ်မလဲဆိုတာတွေနဲ့ ပတ်သက်ပြီး ဧရာ၀တီရဲ့ ဒီတပတ် Opinion Talk အစီအစဉ်မှာ အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ " ကျားဖြန့်ရွေးကောက်ပွဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ သတင်းစာဆရာ ဦးကျော်ဇံသာ တို့က ဆွေးနွေးထားပါတယ်။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်တပ်နဲ့ ကျားဖြန့်နှိမ်နင်းရေး၊ ရွေးကောက်ပွဲအလွန် စစ်ခေါင်းဆောင် အပြောင်းအလဲနဲ့ အနာဂတ်မျိုးဆက်သစ် စစ်ခေါင်းဆောင်တွေအကြောင်း စီဒီအမ်ဗိုလ်မှူးနောင်ရိုးရဲ့ ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။
ဧရာဝတီရဲ့ ဒီတပတ် Opinion Talk အစီအစဉ်မှာတော့ အခုလာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် ပြည်သူတွေက စိတ်ဝင်စားမှု မရှိပေမယ့် ပါတီတွေက ရင်ခုန်နေကြတာ ဘာကြောင့်လဲ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲအလွန် သူ့ အစိုးရသစ်အတွက် ဘာတွေကြံစည်နေပြီလဲဆိုတာတွေနဲ့ ပတ်သက်ပြီး ဧရာ၀တီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ " ရွှေကုက္ကိုလ်ဘယ်လိုစခဲ့ပြီးဘယ်လိုဆုံးမလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေး ပြည်တွင်းနေ အနုပညာရှင်တွေကို စစ်အုပ်စုက အဓမ္မဖိအားပေးခိုင်းစေမှုအကြောင်း ဒါရိုက်တာကိုပေါက်ရဲ့ ဆွေးနွေးပြောဆိုချက်တွေကို နားဆင်နိုင်ပါတယ်။
ကမ္ဘာတလွှားနိုင်ငံရေး မတည်ငြိမ်မှုတွေ နဲ့ ဒီမိုကရေစီဆုတ်ယုတ်မှုတွေရဲ့ မြန်မာနိုင်ငံ အပေါ်သက်ရောက်မှု အပါအဝင် အာဏာရှင်တွေခေါင်းထောင်လာတဲ့ ယနေ့ ကမ္ဘာမှာ မိတ်ဆွေကောင်းမရှိတော့တဲ့ မြန်မာရဲ့ အလားအလာတွေနဲ့ ပတ်သက်ပြီး ဧရာ၀တီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုး Opinion Talk မှာသုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်အုပ်စုရဲ့ အကျဉ်းထောင်ထဲမှာ တိတ်တဆိတ် ကြိုးပေးသတ်ဖြတ်ခံခဲ့ရတဲ့ ကိုဖြိုးဇေယျာသော်အကြောင်း ဘဝလက်တွဲဖော်ဖြစ်ခဲ့သူ မသဇင်ညွန့်အောင်က အမှတ်တရ လွမ်းဆွတ်တမ်းတချက်တွေကို နားဆင်နိုင်ပါတယ်။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ " ဗိုလ်မှူးကြီးစောချစ်သူပယ်ဆောက်ချိန်လိုကံကြမ္မာကြုံနိုင်သလား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
loading
Comments (1)

KO KO NAING

Thank u

Jul 23rd
Reply