Discoverနံနက်ပိုင်း ၆း၀၀-၇း၀၀ - ဗွီအိုအေ
နံနက်ပိုင်း ၆း၀၀-၇း၀၀ - ဗွီအိုအေ
Claim Ownership

နံနက်ပိုင်း ၆း၀၀-၇း၀၀ - ဗွီအိုအေ

Author: ဗွီအိုအေ

Subscribed: 202Played: 13,185
Share

Description

အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၂၃၃၀ ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီကနေ ၇ နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီ ရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းနဲ့ သတင်းဆောင်းပါးတွေ သီတင်းပတ်စဉ်ကဏ္ဍတွေကို နားဆင်နိုင်ပါတယ်။
1351 Episodes
Reverse
ဗွီအိုအေမြန်မာနံနက်ခင်း(မေ ၇၊ ၂၀၂၄) အပစ်ရပ်ရေးအစ္စရေးအဆိုပြုချက် ဟာမတ်စ်လက်ခံ၊ "ရံပုံငွေလိုအပ်ချက်ကြောင့် မြန်မာပြည်တွင်းဒုက္ခသည်ကူညီရေးခက်ခဲ" ကုလပြောခွင့်ရသူပြောဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ စီးပွားရေးနဲ့လူမှုရှုခင်းအစီအစဉ်တွေ တင်ဆက်ပေးပါမယ်။
အစ္စရေးလေကြောင်းတိုက်ခိုက်မှု ရာဖာဒေသခံ ၆ဦး သေဆုံး၊ အရှေ့ဂျေရုဆလင် Al Jazeera ရုပ်သံရုံးခန်း အစ္စရေးရဲတပ်ဖွဲ့စီးနင်း စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်း၊ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊မြင်ကွင်းကျယ်မှတ်စု၊မြန်မာပြည်မှပေးစာများ၊ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပါမယ်။
အွန်လိုင်းလုပ်ငန်းကနိုင်ငံခြားသားတွေKNA နှင်ထုတ်၊ မြန်မာပဋိပက္ခကြောင့်အိုးအိမ်စွန့်ခွါရသူ ၃ သန်းကျော်ရှိလာ၊ မန္တလေးတိုင်းမှာအပူဒဏ်ကြောင့်သေဆုံးသူ ၅၀ကျော်၊ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ၊ လယ်ယာစီးပွါး အစီစဉ်တွေတင်ပြပေးပါမယ်။
ဗွီအိုအေ မြန်မာနံနက်ခင်း (မေလ ၄ ရက်၊ ၂၀၂၄) အစ္စရေးလ်ရဲ့ နောက်ဆုံး ငြိမ်းချမ်းရေးအဆိုပြုချက် ဟားမတ်(စ်)အပြုသဘောတွေ့၊ စစ်ထောက်လှမ်းရေး ဆိုင်ဘာတိုက်ခိုက်မှုအတွက် ရုရှားကို ဂျာမနီသတိပေး၊ အရှေ့အာရှ သတင်းလွတ်လပ်မှု ဆုတ်ယုတ် ကျဆင်း စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ နားဆင်ရပါမယ်။
ဗွီအိုအေမြန်မာနံနက်ခင်း(မေလ ၃၊ ၂၀၂၄) ကန်တက္ကသိုလ်ဆန္ဒပြပွဲများ ဥပဒေစိုးမိုးမှုအလေးထားဖို့ သမ္မတဘိုင်ဒန်တုံ့ပြန်၊ ယာယီအပစ်ရပ်ရေးလေ့လာသုံးသပ်နေဟု ဟားမတ်စ်အကြီးအကဲပြောဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ သတင်းသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာတို့ ထုတ်လွှင့်ပေးပါမယ်။
ဗွီအိုအေမြန်မာနံနက်ခင်း(မေလ ၂၊ ၂၀၂၄) အရပ်သားတွေအကာအကွယ်မဲ့တဲ့ ရာဖာမြို့အစ္စရေးထိုးစစ် ကန်လက်မခံ၊ ရခိုင်မြောက်ပိုင်းမှာ အမုန်းစကားနဲ့သတင်းမှားပြန်နှံမှု ကုလစိုးရိမ်မကင်းဖြစ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ အယ်ဒီတာဆွေးနွေးခန်း၊ Gen Z နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
ဂါဇာအပစ်ရပ်ရေးဆွေးနွေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး အစ္စရေးရောက်ရှိ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနုတ်ထွက်မှုနဲ့ မြန်မာအရေးသက်ရောက်နိုင်ချေသုံးသပ်ချက်တွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေမှာ မြေကြီးဩဇာ၊ယူကရိန်းမြန်မာနှိုင်းယှဉ်ချက်၊အမေရိကန်နိုင်ငံရေး၊ကမ္ဘာတလွှားခရီးသွားတို့ ထုတ်လွှင့်ပေးပါမယ်။
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၃၀၊ ၂၀၂၄) အစ္စရေးကမ်းလှမ်းချက် ဟာမတ်လက်ခံဖို့ ကန်မျှော်လင့်၊ “ယူကရိန်းအတွက် စစ်အထောက်အပံ့များပို့ဆောင်နေပြီ” NATO အကြီးအကဲပြောဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ တွေ့ဆုံမေးမြန်းခန်း၊ စီးပွားရေး၊ လူမှုရှုခင်းအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
ဂါဇာအရေးဆွေးနွေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး ဆော်ဒီရောက်ရှိမည်၊ နိုင်ငံတကာဖိအားတွေကြားမှာပဲ ဂါဇာစစ်ဆင်ရေးဆက်လုပ်နေ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့ဒီမိုကရေစီရေး၊ ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊ မြင်ကွင်းကျယ်မှတ်စု၊ မြန်မာပြည်မှပေးစာများ၊ ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပေးပါမယ်။
ဗွီအိုအေ မြန်မာနံနက်ခင်း ဧပြီ ၂၈ ရက် ၂၀၂၄ စစ်တွေနဲ့ ကျောက်ဖြူသိမ်းဖို့ AA ပြင်နေတာ၊ စစ်တပ် အကြမ်းဖက်မှု အရေးယူဖို့ ကုလကို သံအမတ်ကြီးတင်ပြတာ၊ ဂါဇာအပစ်ရပ်ရေး အစ္စရေးအဆိုပြုချက် ဟားမတ်စ် သုံးသပ်နေတဲ့ သတင်းတွေနဲ့အတူ အပတ်စဥ် အစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေမြန်မာနံနက်ခင်း (ဧပြီလ ၂၇ ရက်၊ ၂၀၂၄) - အစ္စရေး-ဟားမတ်စ်စေ့စပ်ရေး အီဂျစ်ကိုယ်စားလှယ်အဖွဲ့ သွားရောက်၊ ရုရှားကို လက်နက်မထောက်ပံ့ဖို့ တရုတ်ကို ကန် နိုင်ငံခြားရေးဝန်ကြီးသတိပေး၊ မြန်မာနိုင်ငံက လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းအများအပြားအပေါ် EU ဒဏ်ခတ်မှု တနှစ်ထပ်တိုး.. စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ။
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၆၊ ၂၀၂၄) ဂါဇာထဲ ပစ်မှတ် ၃၀ကျော်ကို အစ္စရေးလေကြောင်းတိုက်ခိုက်၊ ဟာမတ်စ်ဖမ်းထားတဲ့ ဓါးစားခံတွေလွှတ်ပေးရေး ကန်နဲ့၁၇နိုင်ငံတိုက်တွန်း စတဲ့သတင်းတွေနဲ့ သတင်းသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာတို့ ထုတ်လွှင့်ပေးပါမယ်။
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၅၊၂၀၂၄) ယူကရိန်း အစ္စရေးနဲ့ ထိုင်ဝမ် စစ်အထောက်အပံ့ ကန်သမ္မတအတည်ပြု၊ "ရိုဟင်ဂျာတထောင်ကျော် အဓမ္မစစ်သားစုဆောင်းခံခဲ့ရ" ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ပြောဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ အယ်ဒီတာဆွေးနွေးခန်း၊ Gen Z နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
မြန်မာ့အကျပ်အတည်းဖြေရှင်းရေး တရုတ်ပါဝင်ပူးပေါင်းဖို့ ကန်မျှော်လင့်၊ Khan Younis မြို့အနီး ယာယီတဲ ဝန်းခြံ ဂြိုလ်တုဓါတ်ပုံမှာတွေ့ရှိ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြေကြီးဩဇာ၊ယူကရိန်းမြန်မာနှိုင်းယှဉ်ချက်၊အမေရိကန်နိုင်ငံရေး၊ကမ္ဘာတလွှားခရီးသွားတို့ ထုတ်လွှင့်ပါမယ်။
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့ အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊ မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ်ဖို့ ထိုင်းအသင့်ရှိနေ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ စီးပွားရေး၊လူမှုရှုခင်းအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
နောက်ဆုံးရသတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့ဒီမိုကရေစီရေး၊ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊မြင်ကွင်းကျယ်မှတ်စု၊မြန်မာပြည်မှပေးစာများ၊ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပါမယ်။
မြဝတီမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာ၊ ကန်နိုင်ငံခြားရေးဝန်ကြီး တရုတ်ခရီးစဉ်အတွင်း မြန်မာ့အရေး ဆွေးနွေးဖို့ရှိတဲ့ သတင်းတွေနဲ့ အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွါး အစီစဉ်တွေ တင်ပြပေးပါမယ်။
ဗွီအိုအေ မြန်မာနံနက်ခင်း (ဧပြီ ၂၀ ရက် ၂၀၂၄) အီရန်ကို အစ္စရေးလ်တိုက်ခိုက်မှု ကန်မပါဝင်ဟု ဝန်ကြီး Blinken ငြင်းဆို၊ ရခိုင်ပဋိပက္ခပြင်းထန်ချိန် ‌ဒေသခံအရပ်သားတွေလုံခြုံရေး ကုလစိုးရိမ်၊ သူတို့နိုင်ငံထဲခိုလှုံလာတဲ့ စစ်သား ၂၈၀ ‌ကျော်ကို ဧပြီ ၂၂ မှာ ပြန်ပို့ဖို့ ဘင်္ဂလားဝန်ကြီးပြော သတင်းတွေနဲ့ အပတ်စဥ်များ။
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၁၉၊၂၀၂၄) နျူပစ်မှတ်တွေ မတိုက်ဖို့ အစ္စရေးကို အီရန်သတိပေး၊ အီရန်စစ်လက်နက်ပံ့ပိုးတဲ့လူပုဂ္ဂိလ်နဲ့လုပ်ငန်းတွေကို ကန်ဒဏ်ခတ်အရေးယူ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ သတင်းသုံးသပ်ချက်၊ကျန်းမာရေး၊တိုင်းရင်းသတင်းလွှာတို့ ထုတ်လွှင့်ပေးပါမယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လူသားဒိုင်းအဖြစ်သုံးမှာ သားဖြစ်သူစိုးရိမ်နေတာ၊ စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ရေး အလားအလာ နဲ့ အီရန်ရဲ့တိုက်ခိုက်မှုကို ဘယ်လိုတုန့်ပြန်မယ်ဆိုတာ အစ္စရေးကပဲ ဆုံးဖြတ်မယ်လို့ အစ္စရေးက ပြောတဲ့ သတင်းတွေအပြင် အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ Gen Z ၊ အားကစားကဏ္ဍတွေကို တင်ဆက်ထားပါတယ်။
loading
Comments (1)

Б. Пүрэвдорж

jllj

Apr 17th
Reply
Download from Google Play
Download from App Store