စိတ်ချမ်းသာဖို့အစီအစဉ် လုပ်မထားရင် စိတ်ဆင်းရဲစရာကပဲ နေရာဦးသွားလိမ့်မယ်။
စိတ်ချမ်းသာဖို့ လိုရင်းပါ။ ကျန်တာတွေက စိတ်ချမ်းသာဖို့ လုပ်ရတာ။
ဘာဖြစ်လို့လုပ်တယ်ဆိုတာကို မျက်ခြေပြတ်သွားရင် လုပ်သာလုပ်နေကြတယ် စိတ်ချမ်းသာမှု ရမှာမဟုတ်ဘူး။ ဒါကြောင့် ဘာပဲလုပ်လုပ် လုပ်နေတုန်းမှာပဲ စိတ်ချမ်းသာချင်လို့ လုပ်နေတယ်ဆိုတာကို မမေ့ဖို့ လိုတယ်။
စိတ်ချမ်းသာမှု စိတ်ဆင်းရဲမှုဆိုတာ ဆက်ဆံရေးကြောင့် ဖြစ်ရတာ များပါတယ်။ အသိအမှတ်ပြုပါ၊ တန်ဖိုးထားပါ၊ လေးစားပါ၊ အဲဒါ စိတ်ချမ်းသာမှု ပေးလိုက်တာပါပဲ။
ကိုယ့်ရဲ့ စိတ်နှလုံးသားလေးကို လင်းတဲ့ ဘက်ခြမ်းမှာ အမြဲထားနိူင်ဖို့ အရေးကြီးပါတယ် 💛
ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို တည့်မတ်စွာ လျှောက်နေဖို့လိုတယ်….ဖြတ်သန်းရမယ့် အခြေအနေတစ်ခုကို ရောက်နေခဲ့ရင် တရက်ချင်းပဲ ရှင်သန်နိုင်ဖို့ ကြိုးစားကြည့်ပါနော် 🙏🏻💛🪷
ကိုယ့်လောက ဟာ ကိုယ့်စိတ်ထဲမှာသာ ရှိတယ်…ကိုယ့်လောက သန့်ရှင်းဖို့ ကိုယ့်စိတ် သန့်ရှင်းရမယ်..ကိုယ့်လောက ရိုးရှင်းဖို့ ကိုယ့်စိတ် ရိုးရှင်းရမယ်…ကိုယ့်လောက အေးချမ်းဖို့ ကိုယ့်စိတ် အေးချမ်းရမယ်…
တကယ်တော့ အမြဲတမ်း အပြောင်းအလဲတွေနဲ့ အတူတကွ ယှဉ်တွဲနေထိုင်လာကြရတယ်… ပြီးတော့ ကိုယ် စိုးရိမ်နေတဲ့ ပူပန်နေတဲ့ အရာတွေက တကယ် စိုးရိမ်ရ ကြောက်ရမယ့် အရာမဟုတ်မှန်း သိလိုက်တယ်…။
ငြိမ်သက်ခြင်းထဲမှာ လောကကြီးက အထင်ကြီးသွားစရာ ဘာမှမရှိပါဘူး…. ဒါပေမယ့် ငြိမ်သက်ခြင်းထဲမှာ ပြည့်စုံခြင်း ရှိတယ်….
တရားတယ် မတရားဘူးဆိုတာ သိတဲ့ဥာဏ် မင်းမှာရှိပါတယ်။ အဲဒီ အသိဥာဏ်ကို မလေးစားရင် မင်းကိုယ်ကိုမင်း မလေးစားဘူးလို့ ဆိုရမယ်။ မင်းကိုယ်ကိုမင်း မလေးစားရင် မင်းဘဝဟာ ဘာအဓိပ္ပါယ် ရှိသေးသလဲ…
အဓိပ္ပါယ်ဆိုတာ အတွေ့အကြုံတိုင်းမှာရနိုင်တယ်။ ကိုယ်က မြင်တတ်ဖို့ ယူတတ်ဖို့ပဲ လိုတယ်။ ဒါကြောင့် ကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ ကြုံရတဲ့အခါမှာ “ ဒီအတွေ့အကြုံဟာ ငါ့ကို ပိုပြီး စိတ်ထားကောင်းတဲ့သူ ပိုပြီး အသိဥာဏ်လေးနက်တဲ့သူ ဖြစ်စေရမယ်” လို့ သဘောထားရင် အဲဒီအတွေ့အကြုံဟာတန်ဖိုးရှိတဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ အတွေ့အကြုံ ဖြစ်လာမယ်…
ကိုယ့်ကိုယ်ကို ယုံသလား၊ မယုံဘူးလား။ ဒီမေးခွန်းကို ပြတ်ပြတ်သားသားဖြေပါ။ မယုံရင်တော့ ဘာမှ ဆက်ပြောစရာ မရှိတော့ဘူး။ စိတ်ရဲ့သဘာဝက သူ့ကိုမယုံရင် သူဘာမှ ဖြစ်အောင် လုပ်မပေးနိုင်ဘူး။
တရားကို သိလေလေ ဘဝကို ရှင်းရှင်းလင်းလင်း မြင်လေလေပဲ။ ရွေးချယ်ရတာ ဆုံးဖြတ်ရတာလည်း လွယ်လေလေပဲ။ ဘာဖြစ်လို့ ဆုံးဖြတ်ရတာ လွယ်သလဲဆိုတော့ ရိုးသားမှူမှာ အခြေခံလို့။ မျှတမှုမှာ အခြေခံလို့။ အကောင်းဆုံးစိတ်ထားနဲ့လုပ်ရင် နောက်ဆုံးမှာ အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်လို့ ။
ကိုယ်ထားတဲ့ ရည်မှန်းချက်က အမြဲတမ်း ကိုယ့်စိတ်ထားကို မြှင့်ပေးထားတယ်။ ဘာကြီးဖြစ်နေဖြစ်နေ ငါ့ရဲ့ ဦးတည်ချက်ကို ဘယ်တော့မှ မပြောင်းဘူး။
မြင်တာ ကြားတာတွေကို အလိုအလျောက်တုန့်ပြန်တာ နဲအောင် ကိုယ့်စိတ်ကိုယ် သတိနဲ့ သိနေပါ။ အဲဒီလိုနေမှ ကိုယ့်ဘဝ လမ်းဟာဖြောင့်မယ်။ သူများကို တုန့်ပြန်တာ များရင် ကိုယ့်ဘဝလမ်း ကောက်ကွေ့သွားတယ်။
ကိုယ်ဘဝမှာ အောင်မြင်ဖို့ ကြီးပွါးဖို့ တိုးတက်ဖို့ ဆိုတာ သူများတစ်ဖက်သားကို နင်းပြီးမှ သွားဖို့မလိုဘူးဆိုတာ သိတယ်။ သူများကိုနင်းပြီး တက်ဖို့စိတ်တောင်မကူးဘူး။
သတိ၊ သမာဓိ ကောင်းလာတဲ့အခါမှာ ကိုယ့်စိတ်ရဲ့အရည်အသွေးတွေ၊ အသိဥာဏ်အရည်အသွေးတွေ မြင့်မားလာတဲ့ အခါကျတော့ ကိုယ့်ကိုယ်ကို လေးစားမှု၊ယုံကြည်မှု၊ အားကိုးမှု၊ချစ်ခင်မှု၊တန်ဖိုးထားမှု မြင့်လာတယ်။ မြင့်လာတော့ စိတ်က သိပ်အားရှိတာပဲ။
သူများမကောင်းကြောင်းကို ပြောနေတဲ့အခါမှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်စမ်းပါ။ ငါဘယ်လိုလူ ဖြစ်သွားပြီလဲ။ စိတ်ထားကောင်းတဲ့ လူတစ်ယောက်တော့ မဟုတ်တော့ဘူးနော်။ စိတ်ထားနိမ့်ကျတဲ့ လူတစ်ယောက်ဖြစ်နေပြီ။ သူများအတင်းပြောတာကိုးးး