DiscoverDVB News
DVB News
Claim Ownership

DVB News

Author: Democratic Voice of Burma

Subscribed: 25Played: 820
Share

Description

Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB expanded its programming and began satellite television broadcasts into Burma (Myanmar) on May 28, 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, DVB TV News has continued to report the news without fear or favor. DVB Podcasts launched in 2022 to provide critical news and information as internet shutdowns and rising data costs are the norm.
745 Episodes
Reverse
၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း (WeeklyNewsDigest 29062024) ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့  ၁၀၂၇ ဒုတိယလှိုင်း၊ မြန်မာလူထုနဲ့ ဆန်ဒုက္ခ၊  WFP ဂိုဒေါင်နှင့် ရခိုင်တိုက်ပွဲ၊ ဝီကီလိခ်စ် တည်ထောင်သူ ဂျူလီယန် အက်ဆန့် လွတ်မြောက်မှု စတာတွေနဲ့ပတ်သက်ပြီး  ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။  
စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော်ကြီး  ပျံလွန်တော်မူသွားတဲ့ ကိစ္စဟာ  သံဃာထုကြားထဲမှာ ကြီးမားတဲ့သက်ရောက်မှုရှိနေပြီး အလွယ်တကူ ပြီးသွားမယ့် ပြဿနာမျိုးမဟုတ်ဘူးလို့ မြန်မာ့အရေးကျွမ်းကျင်သူတွေက သုံးသပ် ပါတယ်။ https://burmese.dvb.no/post/658169
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။   ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -သမ္မတဟောင်း ဦးသိန်းစိန် တရုတ်နိုင်ငံကို သွားရောက်တဲ့သတင်း -ရှမ်းမြောက် ကျောက်မဲနဲ့ သီပေါမှာ တိုက်ပွဲပြင်းထန်ဆက်ဖြစ်ပြီး ဒေသခံရာချီ စစ်ဘေးရှောင်နေရတဲ့ သတင်းနဲ့  -မြန်မာနိုင်ငံနဲ့ ပုံမှန်မဟုတ်တဲ့ ငွေသွင်းငွေထုတ်မှုတွေမရှိဘူးလို့  ထိုင်းဘဏ်ဘက်က တုံ့ပြန်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ထိုင်းမှာမြန်မာရွေ့ပြောင်း အလုပ်သမားတွေရဲ့ ဘဏ်အကောင့်တွေကို အလွဲသုံးစားလုပ်ပြီး အွန်လိုင်း လောင်းကစား လုပ်တာတွေ ရှိတာကြောင့် အထူးသတိထားကြဖို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက သတိပေး ပြောပါတယ်။ ဇွဲသစ် သတင်း ပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ ဈာပနကို ထောင်သောင်းချီတဲ့ပြည်သူတွေ လိုက်ပါ ပို့ဆောင်ခဲ့ကြတဲ့သတင်း -မြန်မာစစ်တပ် လက်နက်ဝယ်ယူရာမှာ ထိုင်းဘဏ်တွေက ပံ့ပိုးကူညီနေတယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်တဲ့သတင်းနဲ့   - ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ်မှာ တိုက်ပွဲဆက်ဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးသူများလာ တဲ့သတင်းတွေကို နားဆင်ရမှာပါ။  
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဝင်းနိမ္မိတာရုံဆရာတော်ပစ်ခတ်ခံရမှုကိစ္စ ကုလသမဂ္ဂညီလာခံမှာ မြန်မာသံအမတ်ကြီးက တင်ပြခဲ့တဲ့ သတင်း  -မိုးကုတ်မှာတိုက်ပွဲဖြစ်လို့  ဒေသခံတွေ ပိတ်မိနေပြီး လူနာသွားပို့တဲ့ ပရဟိတသမား ၃ ဦး ပစ်သတ်ခံရတဲ့သတင်း -အိုးဘိုထောင်မှာ အကျဥ်းထောင်အာဏာပိုင်တွေ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား တဦး ကျဆုံးသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ကော့ကရိတ်- မြဝတီ(အာရှ)လမ်းကို စစ်ကောင်စီတပ်ဘက်က ထိုးဖောက်ဖို့ကြိုးစားရာမှာ ထင်သလောက်မထိုး ဖောက်နိုင်တဲ့အပြင် စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်နေတဲ့ တပ်သားသစ်တွေပါဝင် လာတယ်လို့  နဂါးဖြူ စစ်ကြောင်းတပ်ခွဲ ၁ တပ်ခွဲမှူးက ပြောပါတယ်။ အောင်ခန့်ပေးပို့ထားပါတယ်။
ကျောက်မဲမြို့၊နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ ဇွန်လ ၂၅ ရက်မနက်ပိုင်းကစလို့ တိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။ မြောက်ပိုင်း ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ သဘောတူထားကြတဲ့ ဟိုက်ဂင်သဘောတူညီချက်ရော ပျက်သွားပြီလား။ ဒီအကြောင်းကို စိုးသူအောင် သတင်း ပေးပို့ထားပါတယ်။
မိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မောင်တောရှိ WFP သိုလှောင်ရုံ  ဖောက်ထွင်းလုယက်ဖျက်ဆီးခံရတဲ့သတင်း  -ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့သတင်းနဲ့  -ရန်ကုန်ရှိ စူပါမားကတ်တွေမှာ  ဆန်အရောင်းပိတ်ထားလို့ စားသုံးသူတွေ အခက်တွေ့နေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။   ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ကောင်စီကို သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်နေကြတဲ့သတင်း -သံတွဲလေဆိပ်ကို AA သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဝန်ထမ်း မိသားစုတွေ ထွက်ပြေးတိမ်းရှောင်နေတဲ့သတင်းနဲ့  -ပုသိမ်မှာ ဆန်စက်ပိုင်ရှင် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး  ဆန်စက် ၆ လုံးကို ချိပ်ပိတ်ထားလိုက်တဲ့သတင်း တွေနားဆင်ရမှာပါ
လတ်တလော အိမ်ထောင်စုသုံးစားအုန်းဆီတွေ အလွယ်တကူ ဝယ်လို့ မရတော့တဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေပေမယ့် စစ်ကောင်စီကတော့ လာမယ့်နှစ်ကစပြီး စားအုန်းဆီတင်သွင်းမှုကို ပိတ်ပင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဟန်န သတင်းပေးပို့ထားပါတယ်။
စစ်တပ်ပစ်ခတ်မှုကြောင့် သွေးမြေကျခဲ့ရတဲ့ ဝင်းနိမ္မိတာရုံဆရာတော် ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ စစ်တပ်ပစ်ခတ်မှုကြောင့် သွေးမြေကျခဲ့ရတဲ့ ဝင်းနိမ္မိတာရုံဆရာတော်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်နိုင်ငံတကာရဲ့အမြင်ပြောင်းလာပြီလား၊ ပူတင်ရဲ့ မြောက်ကိုရီးယားခရီးစဉ်စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
DVB ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း သံဃာ ၅၂ ပါး ပျံလွန်တော်မူခဲ့ပါတယ်။ သံဃာကိုသတ်ဖြတ်တဲ့အမှုဟာ ပဉ္စာနန္တရိယကံ ထိုက်တဲ့ပစ်မှုဖြစ်ပြီး သံဃာထု တရပ်လုံးက စစ်ကောင်စီကို သပိတ်မှောက်တော်လှန်ကြဖို့ ရွှေဝါရောင် ဆရာတော်တွေက မိန့်ဆိုလိုက်ပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။   ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဝင်း နိမ်မိတာရုံ ဆရာတော်ကြီးကို သေနတ်နဲ့ပစ်သတ်ခဲ့သူတွေဟာ စစ်ကောင်စီတပ် ဖြစ်တယ်လို့ မျက်မြင်သက်သေဆရာတော်က မိန့်ကြားလိုက်တဲ့သတင်း   -ကရင်နီပြည်နယ်  ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်း ချုပ်နိုင်ပြီလို့  KNPP က ပြောကြားလိုက်တဲ့သတင်းနဲ့   -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့   စစ်ကောင်စီ ပြောကြားလိုက်တဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်
ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်အတည်ပြု ပြဌာန်းပြီးတဲ့နောက် ပြည်တွင်းမှာ မနေလိုကြတဲ့ လူငယ်တွေဟာ ပြည်ပနိုင်ငံတွေဆီ တိမ်းရှောင် ရွှေ့ပြောင်းလာကြပါတယ်။ ဒီထဲမှာမှ အိမ်နီးချင်း ထိုင်းနိုင်ငံကို နည်းလမ်းမျိုးစုံနဲ့ ရောက်ရှိလာကြတဲ့ လူငယ်တွေရဲ့ အခက်အခဲ၊ စိန်ခေါ်မှုနဲ့ မျှော်လင့်ချက်တွေအကြောင်း ဇွဲသစ်က တင်ဆက်ပေးမှာပါ။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ကောင်စီတပ်ရဲ့  ပစ်ခတ်မှုကြောင့် ဆရာတော်ကြီး ၁ ပါး ပျံလွန်တော်မူသွားတဲ့သတင်း   -ပန်ဝါမြို့ အနီး မြေရှားသတ္တုတွင်း မြေပြိုကျပြီး  လူ  ၅၀ လောက် နစ် မြုပ်သွားတဲ့သတင်းနဲ့ -အမေရိကန်ထိန်းချုပ်ထားတဲ့ ဒေါ်လာ ၁ ဘီလီယံ ပြန်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံကောင်စီက  တောင်းဆိုလိုက်တဲ့သတင်းတွေ နားဆင်ရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။   ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပြည်တွင်းပြည်ပမှာ ပန်းသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြတဲ့သတင်း  -ရိုဟင်ဂျာ ထောင်သောင်းချီ ပြေးစရာနေရာမရှိဖြစ်နေတယ်လို့ ကုလလူ့အခွင့်အရေးမဟာမင်းကြီးက ပြောကြားလိုက်တဲ့သတင်းနဲ့  -ချင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း တိုက်ပွဲဖြစ်ပွားနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
အကျဉ်းထောင်မှာ ၄ ကြိမ်မြောက် မွေးနေ့ကို ဖြတ်သန်းနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မြို့တော်ဝန်နဲ့ ကောင်စီဝင်တွေနေထိုင်တဲ့ တိုက် ၈ လုံးထဲက တိုက်နံပါတ် ၆ မှာ ထိန်းသိမ်းထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်မှာ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော်အချုပ်ထောင် ပြင်ပကို ပို့ထားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာ နေရာအတိအကျကို စစ်ကောင်စီက အတည်မပြုခဲ့ဘဲ သတင်းထိန်ချန်ထားခဲ့တာပါ။ အချိန် ၂ လနီးပါး ကြာချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မြို့တော်ဝန်နဲ့ ကောင်စီဝင်တွေနေထိုင်ဖို့ ဆောက်ထားတဲ့ တိုက် ၈ လုံးထဲက တိုက်နံပါတ် ၆ မှာ ထိန်းသိမ်းထားတယ်လို့ နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းတရားစွဲဆို စစ်ဆေးတာကိုလည်း အဲဒီတိုက် ၈ လုံးမှာပဲ စစ်ကောင်စီက ရုံးဖွင့်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတဦးက “ပထမဆုံးအမှုစစ်တော့ နေပြည်တော် ကောင်စီရုံး တိုက်နံပါတ် ၁ မှာ ရုံးခန်းလုပ်ပြီးတော့ စစ်တာ။ တိုက်နံပါတ် ၄ တို့ ၆ တို့မှာ နားရတယ်။ နားပြီးတော့မှ အဲဒီတရားခွင်ဘက်ကို သူတို့ပြန်ပို့တာ။ အခု တိုက်နံပါတ် ၆ မှာ ထားတယ်လို့တော့ ကြားတယ်။ နေပြည်တော်ကောင်စီရုံးက မြို့တော်ဝန်တွေနေတဲ့ ဝင်းကြီးပဲ။ စုထားတဲ့နေရာက နေပြည်တော်ကောင်စီဝင် ၈ ဦးကို လုံးချင်း ၈ လုံး ဆောက်ထားတာ ရှိတယ်။ အဲဒီထဲက နံပါတ် ၆ လုံးချင်း၊ အလယ်လောက်က လုံးချင်း တိုက်တတိုက်ထဲမှာ ထားတယ်လို့တော့ သိရတယ်” လို့ ပြောပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ သဘာဝဘေးဥပဒေ၊ ပုဒ်မ ၅၀၅(ခ)၊ ရွေးကောက်ပွဲဥပဒေတွေကို အသုံးပြုပြီး အမှုပေါင်း ၂၀ ဝန်းကျင်နဲ့ စစ်ကောင်စီက တဖက်သတ်စွပ်စွဲပြီး စွဲတင်ခဲ့တာပါ။ လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၁၄ ခုအတွက် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က တင်သွင်းထားတဲ့ အထူးအယူခံ အားလုံးကို စစ်ကောင်စီတရားရုံးက ပယ်ချထားပါတယ်။ လတ်တလောမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အချုပ်ထောင်ပြင်ပကို ပို့ဆောင်ထားတာဟာ ပြစ်မှုပြစ်ဒဏ် လျှော့ပေါ့တာမျိုး မဟုတ်ဘဲ အကျဉ်းဦးစီးလက်စွဲအရ ထောင်ကျအကျဉ်းသားအဖြစ်သာ ဥပဒေတည်နေတာ ဖြစ်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတယောက်က ပြောပါတယ်။ဝါရင့်တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က “အကျဉ်းဦးစီးလက်စွဲမှာတော့ ပြောင်းရွှေ့တဲ့နေရာမှာ အဲဒါအကျဉ်းထောင်ပဲလေ၊ အိမ်ပဲဖြစ်ဖြစ် ဘယ်ပဲဖြစ်ဖြစ်၊ အကျဉ်းထောင်လို့ပဲ သတ်မှတ်တယ်၊ ဒါက ဥပဒေပဲလေ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ကျအကျဉ်းသားအဖြစ် ထောင်ထဲမှာ ဆက်လက်ရှိနေတယ်၊ ဒီလိုပဲမှတ်ယူရမှာနော်။ အုပ်ချုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေ မဟုတ်ဘူးလေ၊ သူက ဓားပြအဆင့်လောက်ပဲရှိတယ်၊ ဖက်ပြီးစကားပြောရတာ မတန်ဘူးပေါ့ကွာ၊ ဒါကြောင့်မို့လို့ ပြည်သူတရပ်လုံးကလည်း ခု တော်လှန်နေကြတာပဲ” လို့ ပြောပါတယ်။ အာဏာစသိမ်းတုန်းက ရွေးကောက်ပွဲမှာ NLD က မလျော်ဩဇာသုံးခဲ့တာကြောင့်လို့ စစ်ကောင်စီက အကြောင်းပြချက်ပေးခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင် တရားစွဲဆိုရာမှာတော့ အမှု ၂၀ ဝန်းကျင်မှာ ရွေးကောက်ပွဲဥပဒေပုဒ်မနဲ့ ပတ်သက်တဲ့အမှု တခုသာ ပါဝင်ခဲ့တာပါ။ အာဏာစသိမ်းချိန်ကတည်းက ရွေးကောက်ပွဲကျင်းပပြီး အာဏာပြန်လွှဲပြောင်းပေးမယ်လို့ စစ်ခေါင်းဆောင်က အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ၂၀၂၅ မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ထပ်မံပြောဆိုထားပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီနည်းလမ်းတကျ ရပ်တည်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ တိုင်းရင်းသားပါတီတွေကတော့ ပြည်တွင်းမှာ ရှင်သန်ရပ်တည်ဖို့ အခက်အခဲမျိုးစုံ ကြုံတွေ့နေရတာပါ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က “အမ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ အသက်လည်းကြီးပါပြီ။ ဒီလို ထောင်ထဲမှာ ရောက်နေတယ်ဆိုတာတော့ မကောင်းဘူးပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် သူ လွတ်လွတ်လပ်လပ်နဲ့ ကျန်းကျန်းမာမာ ရှိစေချင်ပါတယ်။ ပါတီခေါင်းဆောင်တယောက် အနေနဲ့ ဒီလို အရေးကြီးတဲ့အချိန်မှာဆိုရင် အပြင်မှာရှိဖို့လိုတယ်လို့ ကျနော်ထင်တာပဲ။ သူ လွတ်လွတ်လပ်လပ် သူ့သဘောထားတွေကို ပြောခွင့် ဆိုခွင့်၊ သူ့ပါတီဝင်တွေကိုလည်း သူပြောခွင့်ဆိုခွင့် ရှိသင့်တယ်လို့ ထင်ပါတယ်။ အဲဒါရှိမှလည်း ကျနော်တို့က ချင့်ချိန်လို့ ရမှာပေါ့နော်။ ဆိုတော့ အခုက ဘာသံမှလည်း မကြားရဘူး။ သူ့ဆီက ဘာမှတ်ချက်မှလည်း မရဘူး။ အဲဒါက ကျနော်တို့မျှော်မှန်းတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို အများကြီးထိခိုက်တယ်လို့ မြင်မိပါတယ်” လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းတာနဲ့ တပြိုင်တည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၂ ဇွန်အထိ ၁ နှစ်နဲ့ ၄ လ ဝန်းကျင် နေပြည်တော် လျှို့ဝှက်နေရာတခုမှာ အကျယ်ချုပ်ထားခဲ့ပါတယ်။ ၂၀၂၂ ဇွန်ကနေ ၂၀၂၄ ဧပြီအထိ ၁ နှစ်နဲ့ ၁၀ လဝန်းကျင် နေပြည်တော်အချုပ်ထောင်မှာ ထိန်းသိမ်းခဲ့ပြီး လတ်တလောမှာတော့ နေပြည်တော်ကောင်စီဝင်တွေ နေထိုင်တဲ့နေရာကို ပြောင်းရွှေ့ထားတယ်လို့ သတင်းထွက်ပေါ်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ဖေဖော်ဝါရီကနေ လက်ရှိအချိန်အထိ စုစုပေါင်း အချိန် ၃ နှစ်နဲ့ ၄ လနီးပါးကြာ ထိန်းသိမ်းခံထားရပြီး ရှေ့နေအဖွဲ့က တွေ့ဆုံခွင့်မရခဲ့တာ အချိန် ၁ နှစ်နဲ့ ၆ လနီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေးက “အမေစု လမ်းညွှန်အမှာစကားတွေ များစွာ ပြောခဲ့ပြီးပါပြီ။ ခေါင်းဆောင်ကောင်းဆိုတာ နောက်လိုက်တွေ မွေးထုတ်တာ မဟုတ်ဘဲနဲ့ နောက်ထပ် ခေါင်းဆောင်တွေ မွေးထုတ်တာလို့ အကြိမ်ပေါင်းများစွာ ပြောထားတာ၊ ဒီတော်လှန်ရေး ကျဆုံးမှာမဟုတ်ဘူး၊ ဘာကြောင့်တုန်းဆိုတော့ ဒီမိုကရေစီရဲ့ အနှစ်သာရကို ကာကွယ်မယ့်လူငယ်တွေ များစွာထွက်နေသလို နောက်ထပ် ခေါင်းဆောင် ခေါင်းဆောင်တွေကို မွေးထုတ်နိုင်တဲ့ လမ်းကြောင်းပေါ်မှာ တင်ပေးထားခဲ့တာ ဖြစ်တဲ့အတွက် ကျနော်တို့ လုပ်ငန်းစဉ်အတိုင်းပဲ ရှေ့ဆက်သွားမယ်ဆိုတာတော့ သေချာပေါက်ပြောနိုင်ပါတယ်ဗျ။ ဒီသပိတ်မှောက်ကာလမှာ ၁၀ ရာစုက‌ အချိုးတွေကို ၂၁ မှာမချိုးနဲ့  ဆိုတာ ဒါ အမှန်တရားပဲဗျ” လို့ ပြောပါတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမငြိမ်သက်မှုတွေ စကတည်းက အာဆီယံ အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားခဲ့ပေမဲ့ စစ်ကောင်စီက ခွင့်မပြုခဲ့ပါဘူး။ အစောပိုင်းကာလ ရုံးချိန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဆီက မှတ်ချက်စကားတချို့ ရခဲ့ပေမဲ့ နောက်ပိုင်းမှာ ဘာသတင်းစကားမှ မရတဲ့ အခြေအနေ ဖြစ်နေတာပါ။ NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “နိုင်ငံတကာကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး၊ သူ့ရဲ့ကျန်းမာရေး၊ လုံခြုံရေးအတွက် စိတ်ပူနေကြတဲ့ အချိန်မှာ တခြားနိုင်ငံခေါင်းဆောင်တွေကလည်း တွေ့ဆုံဖို့အတွက် တောင်းတယ်၊ မပေးဘူးဆိုတာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုနဲ့တောင် ပေးမတွေ့ဘူး၊ ရှေ့နေနဲ့တောင် ပေးမတွေ့ဘူးဆိုတာ အင်မတန်မှ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတရပ်ကို စစ်ကောင်စီက လုပ်နေတာပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ အကုန်လွှတ်ပေးရမယ့်ဟာ၊ တွေ့ဆုံခွင့်တောင် မပေးဘူးဆိုတာ နိုင်ငံရေးဖြေရှင်းချက် လိုချင်တဲ့ဆန္ဒ လုံးဝမရှိဘူးဆိုတာ ပြသနေတာပါ” လို့ ပြောပါတယ်။ အာဏာသိမ်း ၃ နှစ်ကျော်ကာလ ရောက်လာချိန်မှာတော့ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်နိုင်တဲ့ အခြေအနေအထိ ခရီးရောက်လာခဲ့ပြီး လူငယ်တွေရဲ့ တော်လှန်ရေးကို ဒေါ်အောင်ဆန်းစုကြည်က အားပေးထောက်ခံမယ်ဆိုတာ ယုံကြည်တယ်လို့ လက်နက်ကိုင် လူငယ်တော်လှန်ရေး ခေါင်းဆောင်တယောက်က ပြောပါတယ်။ မင်းတပ် ပအဖမှ ကိုရောမန်က “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါမယ်၊ နေအိမ်အကျယ်ချုပ် ထားပါမယ်၊ ဟိုလိုလုပ်ပါမယ် ဒီလိုလုပ်ပါမယ်ပေါ့နော် ကစားမှာပဲ။ ဒါပေမဲ့ ဒီခေတ် တော်လှန်ရေးတိုက်ပွဲဝင်နေတဲ့ လူငယ်တွေက လူပုဂ္ဂိုလ်တဦးတယောက် အတွက် တိုက်ပွဲဝင်နေတာ မဟုတ်ဘူးလေ။ စစ်အာဏာရှင်စနစ်တခုလုံး အမြစ်ပြတ်ဖို့ တိုက်ပွဲဝင်နေတာ ဆိုတော့ သူ့ကို လေးစားရင်းစွဲစိတ်ဓာတ် အားလုံးရှိကြပါတယ်။ ဒါပေမဲ့ ဒီအာဏာရှင် အမြစ်ပြတ်ဖို့ အသက်ပေးတိုက်ပွဲဝင်တာက တခြားပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝလွှတ်ပေးရုံမကလို့ ဘာပဲလုပ်နေပါစေပေါ့နော်၊ ကျနော်တို့က လုပ်စရာရှိတာ လုပ်ရမှာပဲ။ တဖက်ကလည်း ကြည့်မယ်ဆိုရင် အန်တီအနေနဲ့လည်း တော်လှန်ရေးကို ထောက်ခံမှာပဲ။ ပြည်သူတွေလွတ်မြောက်ရေးကို သူကိုယ်တိုင်လည်း ဒီလောက် နှစ်ပေါင်းကြာကြာ စိတ်နှစ်ကိုယ်နှစ် လုပ်ခဲ့တာဆိုတော့လေ။ သူလည်း ကျနော်တို့နဲ့ သဘောထား တသားတည်းဖြစ်မှာလို့ပဲ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်တွေချမှတ်တာ၊ ပြင်ပနဲ့ အဆက်အသွယ် ဖြတ်တာတွေ အပါအဝင် နည်းလမ်းစုံအသုံးပြုပြီး တော်လှန်ရေးအပေါ် ဖိအားပေးတာတွေ ပြုလုပ်နေတာပါ။ အဲဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့၊ ခြံအမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ၂၀၂၄ မတ် ၂၀ ရက်နေ့မှာ ကြမ်းခင်းဈေး ငွေကျပ် ၃၁၅ ဘီလီယံနဲ့ လေလံတင်ရောင်းချဖို့ ကြိုးစားခဲ့ပါတယ်။ လေလံထပ်တင်ဖို့ တရားပြိုင် ဦးအောင်ဆန်းဦးက ဆက်လက်ကြိုးစားနေပြီး ရှေ့နေအဖွဲ့က တရားရုံးကို ပြင်ဆင်ချက် တင်သွင်းပေမဲ့ စစ်ကောင်စီတရားရုံးက ဒုတိယအကြိမ် လေလံတင်ဖို့ကိုသာ ဦးစားပေး ကြားနာတာတွေ ပြုလုပ်နေပါတယ်။ သုတချမ်းသာ
DVB Newsbreak ( ဇွန် ၁၈  ရက်  ၂၀၂၄၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။   ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးဆိုးရွားလာလို့  ဆေးကုသမှု ခံယူနေရတဲ့သတင်း -ဖားကန့်မှာ ကမ်းပါးပြိုကျလို့ ရေမဆေးကျောက်ရှာသူ ၁ ဦး သေဆုံးသွားတဲ့သတင်းနဲ့ -လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တော်လှန်အမျိုးသမီးတွေက တောင်းဆိုလိုက်တဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်
စစ်ကောင်စီခေါင်းဆောင်က ၂၀၂၅ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ထပ်မံ ပြောဆိုလာပါတယ်။ စစ်ကောင်စီ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပေးထားချက်ကို အသုံးပြုပြီး ကွက်ကြားရွေးကောက်ပွဲနဲ့ ထွက်ပေါက် ရှာလာနိုင်တယ်လို့လည်း သုံးသပ်တာတွေ ရှိပါတယ်။ ထက်အောင် သတင်းပေးပို့ထားပါတယ်။
loading
Comments