DiscoverEveryday Thinking
Everyday Thinking
Claim Ownership

Everyday Thinking

Author: Kaung Kyaw Zan

Subscribed: 5Played: 76
Share

Description

တစ်ကိုယ်စာသိမှုတရားတွေကို ဘောင်ဘင်ရိုက်ပြီး ထွက်လာတဲ့ အသံသက်သက်ပါ ..
အကြီးကြီးတွေ မတွေးသလို ရောက်ရာပေါက်ရာလည်း မသွားပါဘူး ..
တနေရာမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ကျွန်တော်နဲ့အတူတူ စီးမျောစေချင်ရုံပါ ..

Don't think of too much
Don't take it too serious
9 Episodes
Reverse
တော်လှန်ရေးကာလတွင်းမှာ ကျဆုံးသွားတဲ့ ကိုကေဇဝင်းရဲ့ ဒီကဗျာလေးဟာ  မြန်မာပြည်ရဲ့အခါကြီးရက်ကြီးတိုင်းမှာ အဖန်ဖန်ရွတ်ရမယ့် ကဗျာဖြစ်လာလိမ့်မယ်လို့  အကိုလည်း တွေးခဲ့မိမယ်မထင်ဘူး .. ကိုကေဇဟာ ကျွန်တော့်အတွက်တော့ ညီရင်းအကိုတစ်ယောက်ထက်ပိုတဲ့ ရင်းနှီးမှုမျိုး ရှိခဲ့ရသူပါ .. အကို ကျဆုံးတော့ နာကျင်ရဆုံးလူတွေထဲမှာ ကျွန်တော်လည်း ပါဝင်ခဲ့ပါတယ် .. ကိုကေဇ ကောင်းရာမွန်ရာဘ၀မှာ လွတ်ငြိမ်းပါစေ ..
ဒီကာလမှာ လိုအပ်နေတဲ့ လည်ပတ်စီးဆင်းမှုအကြောင်းလေးကို Quick Podcast အနေနဲ့ ပြောပြဆွေးနွေးထားပါတယ်ခင်ဗျာ .. နားထောင်ပြီးတဲ့အခါ မိတ်ဆွေတို့ အမြင်လေးတွေလည်း သိချင်ပါတယ် .. ဒီလို အကြပ်အတည်းကာလကြီးကနေ အမြန်ပြီးဆုံးလွန်မြောက်ဖို့လည်း မျှော်လင့်ပါတယ် ..
ကျွန်တော့်ရဲ့ စာအကြောင်းပေအကြောင်း Podcast Series လေးရဲ့ နောက်ဆုံးအပိုင်းဖြစ်ပါတယ် .. ဒီအပိုင်းမှာတော့ စာအုပ်တစ်အုပ်ဖြစ်လာဖို့ အဆင့်အဆင့် ဖြတ်သန်း ရပုံတွေ ..  နောက်ပြီး စာပေလောကကြီးထဲမှာ လူတွေ သိပ်သတိမထားမိသေးတဲ့ အကြောင်းတရားအချို့အကြောင်းကို  သေချာလေးချဉ်းကပ်ပြီး ဆွေးနွေးထားပါတယ် .. ဒီ Podcast Series လေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့  ကျွန်တော်တို့နိုင်ငံရဲ့ စာပေယဉ်ကျေးမှုတွေ တိုးတက်ဖို့ ဘာလုပ်လို့ရမလဲဆိုတဲ့  အတွေးမီးပွားလေးတွေ ကူးစက်စေလိုရင်းပါ .. အတွေးစလေးတွေ အားလုံးပေါင်းမိပြီး ခိုင်မာတဲ့ Ideology တစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ စာပေယဉ်ကျေးမှုကြီး  ပိုပြီး တိုးတက်ကျယ်ပြန့်လာရေးမှာ အထောက်အကူဖြစ်စေဖို့ တကယ်ကို မျှော်လင့်လျှက်ရှိပါတယ် ..
စာအကြောင်းပေအကြောင်း Podcast အပိုင်း ၂ ပါ ဒီအပိုင်းမှာတော့ စာပေအမျိုးအစားတွေအကြောင်းကို လူကြိုက်အများဆုံးစာပေတွေကနေ underrated ဖြစ်နေတဲ့ စာပေမျိုးတွေအထိ ကျွန်တော်တွေးမိသလောက် ပြောပြထားပါတယ် .. အချိန်မပေးနိုင်လို့ စာရွေးဖတ်မယ်ဆိုတဲ့သူတွေအတွက်လည်း စာဖတ်လမ်းညွှန်လေးကိုလည်း ပြောပြပေးထားပါသေးတယ် ..
ကျွန်တော် Podcast စလုပ်ပြီဆိုကတည်းက အပြောချင်ဆုံး Topic က ကျွန်တော်တို့နိုင်ငံရဲ့ စာအုပ်စာပေတွေအကြောင်း နဲ့ စာဖတ်ကြသူတွေအကြောင်းပါ .. တကယ့် တကယ်တမ်း ပြောတဲ့အခါမှာ ကျွန်တော်သတ်မှတ်ထားတဲ့ အချိန်သတ်မှတ်ချက်အတွင်းမှာ ကျွန်တော်ပြောချင်တဲ့အကြောင်းရာစုံစုံလင်လင် ကို ခြုံငုံမိအောင်ပြောနိုင်ဖို့ အဆင်မပြေနိုင်ဘူး ဖြစ်နေပါတယ် ...။ အဲ့ဒါကြောင့် ဒီတစ်ခေါက် အကြောင်းအရာလေးကိုတော့ Podcast အပိုင်း ၃ ပိုင်း ပါဝင်တဲ့ Special Series အနေနဲ့ စီစဉ်လိုက်ရပါတယ် ..။   ပထမဆုံး အနေနဲ့ကတော့ စာဖတ်ကြသူတွေအကြောင်း နဲ့ စာဖတ်ကြတဲ့အသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးလာစေဖို့အကြောင်းတွေကို ရှုထောင့်သစ်တစ်ခုကနေ ချဉ်းကပ်ပြောပြထားပါတယ်ခင်ဗျာ ..။
loading
Comments