Pika Sharing's Channel

Hiii ! I am here to keep you enriched and encouraged mentally, emotionally and intellectually. Disclaimer : The contents are from one man's experience, beliefs and what he's learned. Not advisable for everyone to practise. နားထောင်သူတွေ စိတ်ပိုင်းဆိုင်ရာ ၊ အသိပညာပိုင်းဆိုင်ရာ ပိုပိုကြွယ်၀လာအောင် ကျနော် ကြိုးစားသွားပါမယ် ။ ဒါတွေက ကျနော်တဦးတည်းရဲ့ ယုံကြည်ချက်တွေ ၊ အတွေ့အကြုံတွေ ၊ ဖတ်ရှု့ထားတာတွေ ဖြစ်တာကြောင့် ကိုယ်နဲ့ ကိုက်မှ ကျင့်သုံးစေချင်ပါတယ် ။

ဘယ်ကနေ စလုပ်ရမယ်မှန်း မသိရင်

ဆရာကြီးတွေရဲ့ Content Marketing တွေကြောင့် ခေါင်းရှုပ်သွားတာမျိုး ဖြစ်ပြီး ဘယ်ဟာကို ရွေးလုပ်ရမှန်း မသိ ဖြစ်တတ်ပါတယ် ။ ဒါကြောင့် ဒီ podcast လေးမှာ ဘာလုပ်နိုင်တဲ့အကြောင်း ပြောထားပါတယ် ။

03-17
16:06

ကြီးမားတဲ့အလုပ်တွေ ဘယ်လိုလုပ်ရမလဲ

ကျောင်းသားဘ၀က ကျနော် သုံးခဲ့တဲ့ နည်း‌လမ်းလေး တစ်ခု ဖြစ်ပါတယ် ။ ဘယ်လောက်ပဲ ကြီးမားတဲ့ ကိစ္စတွေ ဖြစ်ဖြစ် ချရေးပြီး သေးငယ်တဲ့ steps တွေအထိ ခွဲချလိုက်ရင် ပိုပြီး ရိုးရှင်းပြီး လုပ်နိုင်တာ တွေ့ရပါလိမ့်မယ် ။

03-11
10:56

အလေ့အကျင့်ဆိုး တစ်ခု ဘယ်လိုဖျက်ရမလဲ

ကျနော် ဆေးလိပ်မသောက်တာ ကြာပါပြီ ၊ အရင်က heavy smoker ဖြစ်လာခဲ့ရာကနေ အခု မသောက်ဖြစ်တော့အောင် ဘယ်လို နေခဲ့လဲဆိုတဲ့ အကြောင်းကို အချက်သုံးချက်နဲ့ သေချာ ပြောပြထားပါတယ် ။

02-22
16:59

ဘ၀ကြီးက မမျှတ ဖြစ်လာတဲ့အခါ

လောကကြီးက မတရားပါဘူး ။ တကယ်ပါ ။ လူတွေကလည်း မတရားပါဘူး ။ သင် ကျင်လည်နေတဲ့ industry ကလည်း မတရားပါဘူး ။ ဒီနိုင်ငံမှာမှ မဟုတ်ပါဘူး ၊ ဘယ်နေရာမှာ မဆို systems တွေက fucked up ဖြစ်နေပါတယ် ။ ဒါပေမယ့် အဲ့ဒါကြောင့်နဲ့ပဲ အားလျော့စရာ ၊ အားပျက်စရာမလိုပါဘူး ။ ဘ၀ကြီးက မမျှတ ၊ မတရားတာ ဖြစ်လာတဲ့အခါ ရွေးချယ်စရာ နှစ်ခု ရှိပါတယ် ။ အဲ့ဒီအကြောင်းကို ကျနော် ဒီ podcast လေးထဲမှာ ပြောပြထားပါတယ် ။

02-08
15:52

သင့်ရဲ့ ဒုက္ခတွေကို ချစ်ပါ ။

သောကကင်းတဲ့ ဘ၀ကို မလိုချင်ပါနဲ့ ။ လာတဲ့ သောက ၊ ဒုက္ခတွေကို ရင်ဆိုင်လိုတဲ့စိတ်ကိုသာ မွေးပါ ။ တကယ်တော့ ကျနော်တို့ ကြုံခဲ့ရတဲ့ ဒုက္ခတွေ ၊ ပြဿနာတွေ တွေကြောင့်ပဲ ကျနော်တို့ ဒီနေရာအထိ ရောက်လာတာပါ ။ ဘာ ဒုက္ခမှ မကြုံခဲ့ရင် ပျော့တီးပျော့ဖက် ဗားရှင်းမှာပဲ ကျန်ခဲ့လိမ့်မှာ ဖြစ်ပါတယ် ။

02-05
12:27

ဆက်ဆံရေးတွေ ရေရှည် ပိုခိုင်မာဖို့

ဆက်ဆံရေးတွေမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့ဆို စည်း ဆိုတာကို ထားရပါတယ် ။ စည်း ထားတာ ဝေးသွားစေတာ မဟုတ်ပဲ နှစ်ယောက် ပိုနီးလာစေဖို့ပဲ ဖြစ်ပါတယ် ။ စည်းများ ထားခြင်း အကြောင်းနဲ့ ပတ်သက်ပြီး ဒီ podcast လေးထဲမှာ ပြောပြပေးထားပါတယ် ။

02-03
14:01

စွမ်းဆောင်ရည် ငါးဆလောက် မြင့်တတ်သွားစေဖို့

ဘယ်လို အဆိုးတွေပဲ ကြုံကြုံ ၊ ကိုယ့် ခံစားချက်တွေနဲ့ လုပ်ဆောင်မှု စွမ်းရည်တွေကို အထိခိုက် မခံပဲဖြစ်ဖို့ ဘယ်လို လုပ်ရလဲဆိုတာ ဒီ podcast လေးမှာ ပြောထားပါတယ် ။

02-01
16:11

ဘာလုပ်လို့ လုပ်ရမှန်း မသိ ဖြစ်နေတာလား

သတင်းတွေ အပြည့် ၊ အရာရာ သင်ယူနိုင်တဲ့ ခေတ်ကြီးမှာ ဟိုကတွေ့လို့ လေ့လာလိုက် ၊ ဒီက တွေ့လို့ ‌ကြည့်လိုက်နဲ့ တကယ်တမ်းကျ ဘာကိုမှ သေချာမသိ ၊ ဘယ်ကိုမှ ခရီးမရောက်တာ နှစ်တွေ ၊ အချိန်တွေ ကြာလာပြီ ထင်ပါတယ် ၊ အခု podcast ထဲမှာ အဲ့ဒီ နွံထဲက ဘယ်လို ရုန်းထွက်လို့ ရနိုင်လဲ ပြောပြပေးထားပါတယ် ။

01-22
18:11

ဘ၀ရဲ့ သော့ချက်ကို ရှာမတွေ့သေးတဲ့အခါ

ဂုရုကြီးတွေလို ဘ၀ရဲ့ သော့ချက်ကို ရှာမတွေ့သေးတဲ့အခါ ၀မ်းနည်းစရာ မလိုပါဘူး ၊ ၀မ်းနည်နေမယ် အားမလိုအားမရ ဖြစ်နေမယ်ဆိုရင် ပိုလို့တောင် အချိန်ကုန်ပါသေးတယ် ။ အဲ့ဒီအစား ဘာတွေ လုပ်လို့ရလဲဆိုတာ ဒီ podcast လေးထဲ ပြောထားပါတယ် ။

01-04
15:28

ဆရာများ သားသေ မဖြစ်စေရအောင် ။

သတင်းအချက်အလက်တွေ များလွန်းလာတဲ့အခါ ဘာကို ဘယ်လို လိုက်စားရမလဲ ဆိုတာ ဆုံးဖြတ်ရ ခက်ပါတယ် ။ လူတွေရဲ့ ကြားဖူးနား၀နဲ့ သတင်းအမှားတွေကြောင့် နစ်နာမှုတွေ အများကြီး ရှိနိုင်ပါတယ် ။ စတဲ့အကြောင်းတွေကို ဒီ podcast လေးထဲ ပြောပြပေးထားပါတာ် ။

12-27
15:57

ကြောက်ကြောက်နဲ့ လုပ်ရတာပါပဲ ။

အကယ်‌၍ ကိုယ်က တစ်ခုခု လုပ်ရမှာ ၊ စရမှာ မရဲဘူး ဖြစ်နေတယ်ဆို ဒီ podcast လေးက သင့်အတွက်ပါ ။

12-26
16:02

ဘာမှ ကြိုးစားစရာမလိုဘူး ဆိုတဲ့ ဂျင်းး

ဘ၀ဆိုတာ ကိုယ်လုပ်ယူသလောက်ပဲ ရတယ် ။ ဒါတောင် ရချင်မှ ရတယ် ။ ဒါပေမယ့် ဘာမှမလုပ်ရင်တော့ ဘာမှ မဖြစ်ဘူး ။ ဘာမှ မဖြစ်တာဆိုတာ တကယ်တော့ အမှားပါ ။ ကျနော်တို့ လူတွေဆိုတာ မြေဆီလွှာတွေလိုပဲ ၊ ကောင်းတဲ့ သစ်သီးပန်းပင်တွေ သစ်ပင်တွေ စိုက်ပျိုးမှ ကိုယ်စိုက်တဲ့ အသီးပြန်ရတယ် ။ ဘာမှ မစိုက်ဘူးဟေ့ဆိုပြီး ထားရင် ချုံနွယ်ပိတ်ပေါင်းတွေ ထလာပြီး ရှိနေတဲ့ အပင်ကောင်းလေးတွေဆီက မြေဆီလွှာကိုပါ စုပ်ယူလိမ့်မယ် ။ ဒါကြောင့် ဘာအပင်တွေ စိုက်မိနေလဲ ဂရုစိုက်ပါ ။ ဒီ Podcast လေးမှာ - မကြိုးစားပဲ နေချင်သလို နေပါဆိုတဲ့ Ideology မှန်လား မှားလား - ဘာတွေ လုပ်လို့ရလဲ - ဆိုက်ကားသမားတောင် ဘယ်အထိ ပေါက်ရောက်နိုင်လဲ ပြောထားပါတယ် ။

08-07
15:58

နေရတာ မပျော်ဖြစ်လာတာ ဘာကြောင့်လဲ

အလွယ်လမ်းတွေက ကျနော်တို့ကို ရေရှည်မှာ ကောင်းကျိုးမပြုပါဘူး ။ ကျနော်တို့ အတွင်းထဲက ခိုင်နေမှ အပြင်ဘ၀ကို ရင်ဆိုင်ရာမှာ အဆင်ပြေနေမှာပဲ ဖြစ်ပါတယ် ။ ဒီ podcast လေးမှာ - ကျနော်တို့ ဘာလို့ နေမပျော် ဖြစ်လာတာလဲ - ဘာတွေ သတိပြုရမလဲ - အတွင်းထဲက သူကို ဘယ်လိုရင်ဆိုင်ရမလဲ - ဘာတွေ လုပ်နိုင်လဲ ဆိုတဲ့ အချက်တွေ ပြောထားပါတယ် ။ အားလုံး အဆင်ပြေကြပါစေ ။

08-06
20:04

ကျနော့် အကောင်းဆုံး ဗီဒီယိုများ စုစည်းမှု

လုပ်ရင်းကိုင်ရင်း သွားရင်လားရင် ကျနော် တနှစ်ခွဲကျော် လုပ်လာတဲ့ ဗီဒီယိုများ နားထောင်နိုငိပါပြီ ။

09-29
04:30:35

31st July Facebook Live (Q&A)

အကြောင်းအရာ ၁၂ခု လောက် ဒီ episode ထဲက နားထောင်ရအောင် ကောက်နုတ်ထားပါတယ် ။ - အကူညီတောင်းတတ်ရတယ် 00:23 sec - ဒါလေးတောင် မသိဘူးလား အပြောခံရရင် 11:59 sec - အလုပ်ကြိုးစားပါ 12:48 sec - စစ လုပ်ခဲ့တုန်းက Pika ကြောက်ခဲ့လား 24:13 sec - 2020 မကုန်ခင် အဖက်တင်အောင် လုပ်ပါ 24:56 sec - ဆယ်တန်း မအောင်ပဲ အောင်မြင်တဲ့ စီးပွားရေးသမား တယောက် ဖြစ်နိုင်လား 27:37 sec - ကိုယ်ပိုင် အလုပ်လုပ်ရတာ မနိုင်နင်းတော့တဲ့ အခါ 29:48 sec - ‌အိုင်ဒီယာ ကောင်းတွေ ထွက်အောင် Pika ဒီလို လုပ်ပါတယ် 31:14 sec - ကိုယ့်အပေါ် မကောင်းတဲ့ အလုပ်ရှင်နဲ့ ပတ်သတ်ရတဲ့အခါ 32:30 sec - ခဏနေတာနဲ့ အိပ်ပျော်အောင် ဘယ်လို လုပ်ရမလဲ 34:17 sec - Pika လက်စွဲဆောင်ပုဒ် 35:10 sec - plan ချတတ်ပါစေ 35:52 sec

09-16
37:34

ချာတိတ်တယောက်လို လုပ်မနေပါနဲ့တော့

ဘ၀ကို ဖြတ်သန်းတဲ့နေရာမှာ အမြဲ ရုပ်ရှင်ကားထဲကလို ငယ်စဉ်က အပူအပင် ကင်းခဲ့သလို ဖြတ်သန်းချင်လို့ မရပါဘူး ။ အဲ့လို ဖြတ်သန်းနေမယ် ဆိုလည်း စုတ်ချာတဲ့ ဘ၀ပုံစံ ပေါက်လာပါလိမ့်မယ် ။ အဲ့ဒီတော့ တာ၀န်ယူစရာရှိတာ ယူပါ ကိုယ့်ကိုယ်ကိုယ်အတွက် တာ၀န်အပြည့်ယူပါ အပြစ်ထိုင်တင်နေတာတွေ ရပ်ပါ ဒီလိုနဲ့ စိတ်စွမ်းအားတွေ မြင့်တတ်လာပါလိမ့်မယ် ။

09-16
05:38

ကိုယ့်ကိုကိုယ် ရှာဖွေမယ့်အစား တည်ဆောက်ယူပါ

ရှာဖွေရင်း ရှာဖွေရင်း အချိန်တွေကုန် လမ်းပျောက်တတ်ပါတယ်။ အဲ့ဒီအစား ကိုယ့်အရည်အသွေးတွေ ကိုယ့်ဖြစ်ချင်တဲ့ လူပုံစံ ကိုယ်နေချင်တဲ့ ဘ၀ပုံစံရဖို့ ထုဆစ်ရင်း အချိန်သုံးစေချင်ပါတယ်။

09-16
03:26

Attention က ငွေ‌ကြေးတမျိုး ဖြစ်လာပါပြီ ။

ကျနော် ဒါကို 2019 ထဲက ပြောပြခဲ့ပါတယ် ။ ကျနော် ဖော်ပြခဲ့တဲ့သူတွေဆို attention တစ်ခု ကြောင့် အခုဆို အဆ 20လောက် ပိုအဆင်ပြေနေပါပြီ ။ ဒီ podcast နားထောင်နေတဲ့သူတွေ အတွက်လည်း နောက်မကျသေးပါဘူး ။ အဓိကက ကိုယ့်ဆော့တဲ့ ဂိမ်းကို နားလည်ဖို့နဲ့ ဇွဲနပဲ နဲ့ အဆက်မပြတ် ကြိုးစားဖို့ပဲ လိုတာပါ ။

09-14
08:36

အဆင်ပြေချင်ယောင်ဆောင်မယ့် အစား

တကယ်အဆင်ပြေအောင်ပဲ အာရုံစိုက်ပါ ။ သူများတွေ ဘယ်လိုထင်လဲ ဘယ်လိုမြင်လဲ အတွက် လိုက်နေထိုင်ပေးရင် အားအင်တွေ အလဟဿ ကုန်ပါတယ် ။ အဆင်ပြေဟန် ပြနေမယ့်အစား တကယ်ကြိုးစားပြီး အဆင်ပြေအောင် နေပါ ။

09-14
08:30

mood ပြောင်းနည်း

နေ့စဉ် ကျနော်တို့ရဲ့ emotional state တွေက အရေးကြီးပါတယ် သာမန် ပုံစံသာ ပြုမူနေရင် သာမန်ဘ၀တွေကိုပဲ ရမှာဖြစ်လို့ တခုခုဆို ကိုယ့်စိတ်ကို ထိန်းကျောင်းတတ်အောင် လေ့ကျင့်ယူသင့်ပါတယ် ။

09-14
10:58

ID61103842

အတူတူကြိုးစားကြမယ်

06-22 Reply

Thant Zin Myo

💪💪💪

12-24 Reply

Nay Hlaing Htun

❤️

09-21 Reply

Min Khant Zaw Mkz

❤️

05-21 Reply

Min Min Htun

ကျနော်လည်းရှာနေဆဲပါပဲ အကို

05-02 Reply

05-01

04-28

04-25

04-10

04-06

04-04

02-21

01-05

01-04

12-25

12-20

12-11

11-16

08-21

08-19

Recommend Channels