DiscoverPika Sharing's Channel
Pika Sharing's Channel

Pika Sharing's Channel

Author: Pika

Subscribed: 4,306Played: 200,516
Share

Description

Hiii ! I am here to keep you enriched and encouraged mentally, emotionally and intellectually.
Disclaimer : The contents are from one man's experience, beliefs and what he's learned. Not advisable for everyone to practise.

နားထောင်သူတွေ စိတ်ပိုင်းဆိုင်ရာ ၊ အသိပညာပိုင်းဆိုင်ရာ ပိုပိုကြွယ်၀လာအောင် ကျနော် ကြိုးစားသွားပါမယ် ။
ဒါတွေက ကျနော်တဦးတည်းရဲ့ ယုံကြည်ချက်တွေ ၊ အတွေ့အကြုံတွေ ၊ ဖတ်ရှု့ထားတာတွေ ဖြစ်တာကြောင့် ကိုယ်နဲ့
ကိုက်မှ ကျင့်သုံးစေချင်ပါတယ် ။
146 Episodes
Reverse
ဆရာကြီးတွေရဲ့ Content Marketing တွေကြောင့် ခေါင်းရှုပ်သွားတာမျိုး ဖြစ်ပြီး ဘယ်ဟာကို ရွေးလုပ်ရမှန်း မသိ ဖြစ်တတ်ပါတယ် ။ ဒါကြောင့် ဒီ podcast လေးမှာ ဘာလုပ်နိုင်တဲ့အကြောင်း ပြောထားပါတယ် ။
ကျောင်းသားဘ၀က ကျနော် သုံးခဲ့တဲ့ နည်း‌လမ်းလေး တစ်ခု ဖြစ်ပါတယ် ။ ဘယ်လောက်ပဲ ကြီးမားတဲ့ ကိစ္စတွေ ဖြစ်ဖြစ် ချရေးပြီး သေးငယ်တဲ့ steps တွေအထိ ခွဲချလိုက်ရင် ပိုပြီး ရိုးရှင်းပြီး လုပ်နိုင်တာ တွေ့ရပါလိမ့်မယ် ။
ကျနော် ဆေးလိပ်မသောက်တာ ကြာပါပြီ ၊ အရင်က heavy smoker ဖြစ်လာခဲ့ရာကနေ အခု မသောက်ဖြစ်တော့အောင် ဘယ်လို နေခဲ့လဲဆိုတဲ့ အကြောင်းကို အချက်သုံးချက်နဲ့ သေချာ ပြောပြထားပါတယ် ။
လောကကြီးက မတရားပါဘူး ။ တကယ်ပါ ။ လူတွေကလည်း မတရားပါဘူး ။ သင် ကျင်လည်နေတဲ့ industry ကလည်း မတရားပါဘူး ။ ဒီနိုင်ငံမှာမှ မဟုတ်ပါဘူး ၊ ဘယ်နေရာမှာ မဆို systems တွေက fucked up ဖြစ်နေပါတယ် ။ ဒါပေမယ့် အဲ့ဒါကြောင့်နဲ့ပဲ အားလျော့စရာ ၊ အားပျက်စရာမလိုပါဘူး ။ ဘ၀ကြီးက မမျှတ ၊ မတရားတာ ဖြစ်လာတဲ့အခါ ရွေးချယ်စရာ နှစ်ခု ရှိပါတယ် ။ အဲ့ဒီအကြောင်းကို ကျနော် ဒီ podcast လေးထဲမှာ ပြောပြထားပါတယ် ။
သောကကင်းတဲ့ ဘ၀ကို မလိုချင်ပါနဲ့ ။ လာတဲ့ သောက ၊ ဒုက္ခတွေကို ရင်ဆိုင်လိုတဲ့စိတ်ကိုသာ မွေးပါ ။ တကယ်တော့ ကျနော်တို့ ကြုံခဲ့ရတဲ့ ဒုက္ခတွေ ၊ ပြဿနာတွေ တွေကြောင့်ပဲ ကျနော်တို့ ဒီနေရာအထိ ရောက်လာတာပါ ။ ဘာ ဒုက္ခမှ မကြုံခဲ့ရင် ပျော့တီးပျော့ဖက် ဗားရှင်းမှာပဲ ကျန်ခဲ့လိမ့်မှာ ဖြစ်ပါတယ် ။
ဆက်ဆံရေးတွေမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့ဆို စည်း ဆိုတာကို ထားရပါတယ် ။ စည်း ထားတာ ဝေးသွားစေတာ မဟုတ်ပဲ နှစ်ယောက် ပိုနီးလာစေဖို့ပဲ ဖြစ်ပါတယ် ။ စည်းများ ထားခြင်း အကြောင်းနဲ့ ပတ်သက်ပြီး ဒီ podcast လေးထဲမှာ ပြောပြပေးထားပါတယ် ။
ဘယ်လို အဆိုးတွေပဲ ကြုံကြုံ ၊ ကိုယ့် ခံစားချက်တွေနဲ့ လုပ်ဆောင်မှု စွမ်းရည်တွေကို အထိခိုက် မခံပဲဖြစ်ဖို့ ဘယ်လို လုပ်ရလဲဆိုတာ ဒီ podcast လေးမှာ ပြောထားပါတယ် ။
သတင်းတွေ အပြည့် ၊ အရာရာ သင်ယူနိုင်တဲ့ ခေတ်ကြီးမှာ ဟိုကတွေ့လို့ လေ့လာလိုက် ၊ ဒီက တွေ့လို့ ‌ကြည့်လိုက်နဲ့ တကယ်တမ်းကျ ဘာကိုမှ သေချာမသိ ၊ ဘယ်ကိုမှ ခရီးမရောက်တာ နှစ်တွေ ၊ အချိန်တွေ ကြာလာပြီ ထင်ပါတယ် ၊ အခု podcast ထဲမှာ အဲ့ဒီ နွံထဲက ဘယ်လို ရုန်းထွက်လို့ ရနိုင်လဲ ပြောပြပေးထားပါတယ် ။
ဂုရုကြီးတွေလို ဘ၀ရဲ့ သော့ချက်ကို ရှာမတွေ့သေးတဲ့အခါ ၀မ်းနည်းစရာ မလိုပါဘူး ၊ ၀မ်းနည်နေမယ် အားမလိုအားမရ ဖြစ်နေမယ်ဆိုရင် ပိုလို့တောင် အချိန်ကုန်ပါသေးတယ် ။ အဲ့ဒီအစား ဘာတွေ လုပ်လို့ရလဲဆိုတာ ဒီ podcast လေးထဲ ပြောထားပါတယ် ။
သတင်းအချက်အလက်တွေ များလွန်းလာတဲ့အခါ ဘာကို ဘယ်လို လိုက်စားရမလဲ ဆိုတာ ဆုံးဖြတ်ရ ခက်ပါတယ် ။ လူတွေရဲ့ ကြားဖူးနား၀နဲ့ သတင်းအမှားတွေကြောင့် နစ်နာမှုတွေ အများကြီး ရှိနိုင်ပါတယ် ။ စတဲ့အကြောင်းတွေကို ဒီ podcast လေးထဲ ပြောပြပေးထားပါတာ် ။
အကယ်‌၍ ကိုယ်က တစ်ခုခု လုပ်ရမှာ ၊ စရမှာ မရဲဘူး ဖြစ်နေတယ်ဆို ဒီ podcast လေးက သင့်အတွက်ပါ ။
ဘ၀ဆိုတာ ကိုယ်လုပ်ယူသလောက်ပဲ ရတယ် ။ ဒါတောင် ရချင်မှ ရတယ် ။ ဒါပေမယ့် ဘာမှမလုပ်ရင်တော့ ဘာမှ မဖြစ်ဘူး ။ ဘာမှ မဖြစ်တာဆိုတာ တကယ်တော့ အမှားပါ ။ ကျနော်တို့ လူတွေဆိုတာ မြေဆီလွှာတွေလိုပဲ ၊ ကောင်းတဲ့ သစ်သီးပန်းပင်တွေ သစ်ပင်တွေ စိုက်ပျိုးမှ ကိုယ်စိုက်တဲ့ အသီးပြန်ရတယ် ။ ဘာမှ မစိုက်ဘူးဟေ့ဆိုပြီး ထားရင် ချုံနွယ်ပိတ်ပေါင်းတွေ ထလာပြီး ရှိနေတဲ့ အပင်ကောင်းလေးတွေဆီက မြေဆီလွှာကိုပါ စုပ်ယူလိမ့်မယ် ။ ဒါကြောင့် ဘာအပင်တွေ စိုက်မိနေလဲ ဂရုစိုက်ပါ ။ ဒီ Podcast လေးမှာ - မကြိုးစားပဲ နေချင်သလို နေပါဆိုတဲ့ Ideology မှန်လား မှားလား - ဘာတွေ လုပ်လို့ရလဲ - ဆိုက်ကားသမားတောင် ဘယ်အထိ ပေါက်ရောက်နိုင်လဲ ပြောထားပါတယ် ။
အလွယ်လမ်းတွေက ကျနော်တို့ကို ရေရှည်မှာ ကောင်းကျိုးမပြုပါဘူး ။ ကျနော်တို့ အတွင်းထဲက ခိုင်နေမှ အပြင်ဘ၀ကို ရင်ဆိုင်ရာမှာ အဆင်ပြေနေမှာပဲ ဖြစ်ပါတယ် ။ ဒီ podcast လေးမှာ - ကျနော်တို့ ဘာလို့ နေမပျော် ဖြစ်လာတာလဲ - ဘာတွေ သတိပြုရမလဲ - အတွင်းထဲက သူကို ဘယ်လိုရင်ဆိုင်ရမလဲ - ဘာတွေ လုပ်နိုင်လဲ ဆိုတဲ့ အချက်တွေ ပြောထားပါတယ် ။ အားလုံး အဆင်ပြေကြပါစေ ။
လုပ်ရင်းကိုင်ရင်း သွားရင်လားရင် ကျနော် တနှစ်ခွဲကျော် လုပ်လာတဲ့ ဗီဒီယိုများ နားထောင်နိုငိပါပြီ ။
အကြောင်းအရာ ၁၂ခု လောက် ဒီ episode ထဲက နားထောင်ရအောင် ကောက်နုတ်ထားပါတယ် ။ - အကူညီတောင်းတတ်ရတယ် 00:23 sec - ဒါလေးတောင် မသိဘူးလား အပြောခံရရင် 11:59 sec - အလုပ်ကြိုးစားပါ 12:48 sec - စစ လုပ်ခဲ့တုန်းက Pika ကြောက်ခဲ့လား 24:13 sec - 2020 မကုန်ခင် အဖက်တင်အောင် လုပ်ပါ 24:56 sec - ဆယ်တန်း မအောင်ပဲ အောင်မြင်တဲ့ စီးပွားရေးသမား တယောက် ဖြစ်နိုင်လား 27:37 sec - ကိုယ်ပိုင် အလုပ်လုပ်ရတာ မနိုင်နင်းတော့တဲ့ အခါ 29:48 sec - ‌အိုင်ဒီယာ ကောင်းတွေ ထွက်အောင် Pika ဒီလို လုပ်ပါတယ် 31:14 sec - ကိုယ့်အပေါ် မကောင်းတဲ့ အလုပ်ရှင်နဲ့ ပတ်သတ်ရတဲ့အခါ 32:30 sec - ခဏနေတာနဲ့ အိပ်ပျော်အောင် ဘယ်လို လုပ်ရမလဲ 34:17 sec - Pika လက်စွဲဆောင်ပုဒ် 35:10 sec - plan ချတတ်ပါစေ 35:52 sec
ဘ၀ကို ဖြတ်သန်းတဲ့နေရာမှာ အမြဲ ရုပ်ရှင်ကားထဲကလို ငယ်စဉ်က အပူအပင် ကင်းခဲ့သလို ဖြတ်သန်းချင်လို့ မရပါဘူး ။ အဲ့လို ဖြတ်သန်းနေမယ် ဆိုလည်း စုတ်ချာတဲ့ ဘ၀ပုံစံ ပေါက်လာပါလိမ့်မယ် ။ အဲ့ဒီတော့ တာ၀န်ယူစရာရှိတာ ယူပါ ကိုယ့်ကိုယ်ကိုယ်အတွက် တာ၀န်အပြည့်ယူပါ အပြစ်ထိုင်တင်နေတာတွေ ရပ်ပါ ဒီလိုနဲ့ စိတ်စွမ်းအားတွေ မြင့်တတ်လာပါလိမ့်မယ် ။
ရှာဖွေရင်း ရှာဖွေရင်း အချိန်တွေကုန် လမ်းပျောက်တတ်ပါတယ်။ အဲ့ဒီအစား ကိုယ့်အရည်အသွေးတွေ ကိုယ့်ဖြစ်ချင်တဲ့ လူပုံစံ ကိုယ်နေချင်တဲ့ ဘ၀ပုံစံရဖို့ ထုဆစ်ရင်း အချိန်သုံးစေချင်ပါတယ်။
ကျနော် ဒါကို 2019 ထဲက ပြောပြခဲ့ပါတယ် ။ ကျနော် ဖော်ပြခဲ့တဲ့သူတွေဆို attention တစ်ခု ကြောင့် အခုဆို အဆ 20လောက် ပိုအဆင်ပြေနေပါပြီ ။ ဒီ podcast နားထောင်နေတဲ့သူတွေ အတွက်လည်း နောက်မကျသေးပါဘူး ။ အဓိကက ကိုယ့်ဆော့တဲ့ ဂိမ်းကို နားလည်ဖို့နဲ့ ဇွဲနပဲ နဲ့ အဆက်မပြတ် ကြိုးစားဖို့ပဲ လိုတာပါ ။
တကယ်အဆင်ပြေအောင်ပဲ အာရုံစိုက်ပါ ။ သူများတွေ ဘယ်လိုထင်လဲ ဘယ်လိုမြင်လဲ အတွက် လိုက်နေထိုင်ပေးရင် အားအင်တွေ အလဟဿ ကုန်ပါတယ် ။ အဆင်ပြေဟန် ပြနေမယ့်အစား တကယ်ကြိုးစားပြီး အဆင်ပြေအောင် နေပါ ။
နေ့စဉ် ကျနော်တို့ရဲ့ emotional state တွေက အရေးကြီးပါတယ် သာမန် ပုံစံသာ ပြုမူနေရင် သာမန်ဘ၀တွေကိုပဲ ရမှာဖြစ်လို့ တခုခုဆို ကိုယ့်စိတ်ကို ထိန်းကျောင်းတတ်အောင် လေ့ကျင့်ယူသင့်ပါတယ် ။
loading
Comments (367)

ID61103842

အတူတူကြိုးစားကြမယ်

Jun 22nd
Reply

Thant Zin Myo

💪💪💪

Dec 24th
Reply

Nay Hlaing Htun

❤️

Sep 21st
Reply

Min Khant Zaw Mkz

❤️

May 21st
Reply

Min Min Htun

ကျနော်လည်းရှာနေဆဲပါပဲ အကို

May 2nd
Reply

Mel Thiri

🤍🤍🤍

May 1st
Reply

Mel Thiri

🤍

Apr 28th
Reply

Myo Thiha

အရမ်းမိုက်ပ့တယ်ဆရာဆရာ့vedioတွေအမြဲကြည့်ဖြစ်တယ်

Apr 25th
Reply

De Riyo

နောက်ထပ်များများတင်ပေးပါ bro

Apr 10th
Reply

De Riyo

တကယ်ကောင်းတယ် bro

Apr 6th
Reply

De Riyo

တကယ်မိုက်တယ် brother နောက်ထပ်များများလုပ်ပေးပါ

Apr 4th
Reply

Pyae Pyae

ကြိုးစားပါမယ်ဆရာ

Feb 21st
Reply

Ken Ken

.

Jan 5th
Reply

Ken Ken

.

Jan 4th
Reply

Nyi Phyo

ကျနော် အကို့ post cardကို covid panic / အလုပ်မရှိဖြစ်သွားတဲ့အချိန်ကစ နားထောင်ဖြစ်ခဲ့တယ် တကယ်လည်းစိတ်သက်သာရာ ရပြီး ကျနော့ကို အဓိပ္ပာယ်ရှိစေခဲ့ပါတယ် 2021နောက်ပိုင်း2022 4 လပိုင်း နောက်ထိ အကို့ postတွေနဲ့ ​ေ၀းကွာ ခဲ့တယ် အဲ ဒီနောက် ကျနော် အရင်က အတိုင်းပဲ rule တွေမရှိပဲ ပြန်လေလွင့်နေခဲ့တယ် လူဆိုတာတယောက်တည်းနေချိန် ကိုယ့်ကိုပြန်သုံးသပ်နိုင်စွမ်း တကယ်ရှိတယ်ဆိုတာသိလိုက်ရတယ် ကျနော် အကို့post cardတွေနားထောင်ပီး ဖြတ်သန်းရတဲ့နေ့တွေ ပြန် အသက်သွင်းခဲ့တယ် ..အကိုယ့်post card ရယ် သီချင်း ရေ မှန်တချပ် ရေ ကျနော် ပုံမှန်ဖြတ်သန်းနေပြီ😊 အကို့အားပေးစကားတွေနဲ့ပဲ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ ကျနော့်ရည်မှန်းချက်ကို သွားနေပါတယ် ကျေးဇူးတကယ်ကိုတင်ပါတယ် အမြဲလည်းနားထောင်နေပါတယ်💛💛

Dec 25th
Reply

Mess Enger

အမြဲနားထောင်ဖြစ်ပါတယ်ကိုပီကာ

Dec 20th
Reply

Soe Myat Khine

စိတ်ဓာတ်ကျတိုင်းနားထောင်ဖြစ်ပါတယ်

Dec 11th
Reply

Itsuki Kun

..

Nov 16th
Reply

min min thein

ခွန်အားတွေလည်းရပါတယ်ဆရာ

Aug 21st
Reply

Htun Khant Kyaw

လုပ်တာနဲ့ မလုပ်တာ ok.

Aug 19th
Reply