Discover
The Irrawaddy Newscast - Burmese Edition
The Irrawaddy Newscast - Burmese Edition
Author: The Irrawaddy
Subscribed: 126Played: 1,805Subscribe
Share
© 2025 The Irrawaddy Newscast - Burmese Edition
Description
The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။
476 Episodes
Reverse
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ မကြာခင် စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍပေါ် မူတည်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းကို စာရေးဆရာ တင်မောင်သန်း(သင့်ဘဝ)က မျှော်ကြည့် သုံးသပ် ဆွေးနွေးထားပါတယ်။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ပြောင်းပြန်ယူရမယ့်တပ်ချုပ်မိန့်ခွန်း " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
မြန်မာစစ်တပ်၊ ကရင်နယ်ခြားစောင့် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အယောင်ပြကျားဖြန့်နှိမ်နင်းရေးနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ကျားဖြန့်တိုက်ဖျက်ရေး ဘာကွာလဲ ၊ KNU ရဲ့ ကျားဖြန့်နှိမ်နင်းရေးကြောင့် ကရင်အချင်းချင်း ပြန်ပစ်ကြတော့မလား စတဲ့အကြောင်းတွေကို ကရင်နယ်စပ်တကြော ကျားဖြန့်လုပ်ငန်းတွေ လေ့လာနေသူ စောသူးဘီးနဲ့ ဒီတပတ်ဆွေးနွေးထားပါတယ်။
မြန်မာ စစ်တပ်ခေါင်းဆောင်တွေဟာ နိုင်ငံတကာက လိုချင်နေတဲ့ ဘိန်းဘုရင် ခွန်ဆာ တို့လို ရာဇဝတ်သားတွေကို ဘယ်လို အကာအကွယ်ပေးခဲ့သလဲ။ တကယ်လို့များ စောချစ်သူအပါအဝင် ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်နေတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ပြောလာရင် စစ်အုပ်စုက ဘာလုပ်မလဲဆိုတာတွေနဲ့ ပတ်သက်ပြီး ဧရာ၀တီရဲ့ ဒီတပတ် Opinion Talk အစီအစဉ်မှာ အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ " ကျားဖြန့်ရွေးကောက်ပွဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ သတင်းစာဆရာ ဦးကျော်ဇံသာ တို့က ဆွေးနွေးထားပါတယ်။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်တပ်နဲ့ ကျားဖြန့်နှိမ်နင်းရေး၊ ရွေးကောက်ပွဲအလွန် စစ်ခေါင်းဆောင် အပြောင်းအလဲနဲ့ အနာဂတ်မျိုးဆက်သစ် စစ်ခေါင်းဆောင်တွေအကြောင်း စီဒီအမ်ဗိုလ်မှူးနောင်ရိုးရဲ့ ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။
ဧရာဝတီရဲ့ ဒီတပတ် Opinion Talk အစီအစဉ်မှာတော့ အခုလာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် ပြည်သူတွေက စိတ်ဝင်စားမှု မရှိပေမယ့် ပါတီတွေက ရင်ခုန်နေကြတာ ဘာကြောင့်လဲ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲအလွန် သူ့ အစိုးရသစ်အတွက် ဘာတွေကြံစည်နေပြီလဲဆိုတာတွေနဲ့ ပတ်သက်ပြီး ဧရာ၀တီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ " ရွှေကုက္ကိုလ်ဘယ်လိုစခဲ့ပြီးဘယ်လိုဆုံးမလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေး ပြည်တွင်းနေ အနုပညာရှင်တွေကို စစ်အုပ်စုက အဓမ္မဖိအားပေးခိုင်းစေမှုအကြောင်း ဒါရိုက်တာကိုပေါက်ရဲ့ ဆွေးနွေးပြောဆိုချက်တွေကို နားဆင်နိုင်ပါတယ်။
ကမ္ဘာတလွှားနိုင်ငံရေး မတည်ငြိမ်မှုတွေ နဲ့ ဒီမိုကရေစီဆုတ်ယုတ်မှုတွေရဲ့ မြန်မာနိုင်ငံ အပေါ်သက်ရောက်မှု အပါအဝင် အာဏာရှင်တွေခေါင်းထောင်လာတဲ့ ယနေ့ ကမ္ဘာမှာ မိတ်ဆွေကောင်းမရှိတော့တဲ့ မြန်မာရဲ့ အလားအလာတွေနဲ့ ပတ်သက်ပြီး ဧရာ၀တီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုး Opinion Talk မှာသုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်အုပ်စုရဲ့ အကျဉ်းထောင်ထဲမှာ တိတ်တဆိတ် ကြိုးပေးသတ်ဖြတ်ခံခဲ့ရတဲ့ ကိုဖြိုးဇေယျာသော်အကြောင်း ဘဝလက်တွဲဖော်ဖြစ်ခဲ့သူ မသဇင်ညွန့်အောင်က အမှတ်တရ လွမ်းဆွတ်တမ်းတချက်တွေကို နားဆင်နိုင်ပါတယ်။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ " ဗိုလ်မှူးကြီးစောချစ်သူပယ်ဆောက်ချိန်လိုကံကြမ္မာကြုံနိုင်သလား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်တပ်ရွေးကောက်ပွဲကို ဝင်မယ့် ဦးကိုကိုကြီးနဲ့ အခြားနိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီငယ်တွေအကြောင်း စာရေးဆရာ တင်မောင်သန်း (သင့်ဘဝ) ရဲ့ သုံးသပ်ချက်တွေကို နားဆင်နိုင်ပါတယ်။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "TNLA ဘာကြောင့်အပစ်ရပ်လိုက်ရသလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ဒီတပတ် စကားဝိုင်းမှာ ၂၀၂၅ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားက ၂၀၂၆ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်ကို တာဝန်လွှဲပေးချိန်၊ နွေဦးတော်လှန်ရေးရဲ့ မဟာမိတ် တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင်ဖြစ်လာချိန်မှာ အာဆီယံအနေနဲ့ မြန်မာ့အရေး ကြားဝင်ကိုင်တွယ်ဖြေရှင်းပုံတွေနဲ့ပတ်သက်ပြီး အာဆီယံရေးရာ ကျွမ်းကျင်သူတဦးဖြစ်တဲ့ အဖွဲ့ရဲ့ ဒါရိုက်တာ ကိုဝင်းမင်းရဲ့ ဆွေးနွေးတင်ပြချက်တွေကို နားဆင်နိုင်ပါတယ်။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ကျားဖြန့်တွေကိုတကယ်ဖမ်းရဲလို့လား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရသူ ဦးနေဘုန်းလတ်က အာဏာသိမ်းစစ်အုပ်စုက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ဘာကြောင့်ဆန့်ကျင်ရသလဲ၊ စစ်အုပ်စုထိန်းချုပ်ခံ နယ်မြေမှာ ရှိတဲ့ မဲဆန္ဒရှင်တွေ ဘယ်လိုဆန့်ကျင်သင့်လဲ၊ ရွေးကောက်ပွဲဆန့်ကျင်မှုက ဘယ်လိုအရာရောက်သလဲ၊ အာဆီယံကို ဘယ်လောက်မျှော်လင့်နိုင်မလဲ၊ တရုတ်နဲ့ ရုရှားအပေါ် ဘယ်လိုသဘောထားလဲတို့ကို ဆွေးနွေးပြောဆိုထားပါတယ်။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ငြိမ်းချမ်းရေးအတွက်အရေးကြီးတာကယုံကြည်မှုပဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ သတင်းစာဆရာ ဦးကျော်ဇံသာ တို့က ဆွေးနွေးထားပါတယ်။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "သွေးစွန်းတဲ့သီတင်းကျွတ်ကပေးသောအတွေးများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ အမှုဆောင်အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။
ဒီတပတ်စနေသတင်းစကားဝိုင်းမှာ စစ်တပ်ခါးပိုက်ဆောင် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီရဲ့ လာရာနဲ့ လားရာတွေအကြောင်း စာရေးဆရာ အယ်ဒီတာ တင်မောင်သန်း (သင့်ဘဝ)ရဲ့ ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။























Thank u