Discover
The Mratt Podcast

The Mratt Podcast
Author: Mratt Kyaw Thu
Subscribed: 132Played: 1,052Subscribe
Share
© Mratt Kyaw Thu
Description
An independent journalist engages in conversations with commentators, researchers, and experts, primarily focusing on topics such as politics, war, and religion. Occasionally, I share insights about my own experiences, love, and society. If you would like to support my journalistic work, please consider contributing here: https://buymeacoffee.com/mratt. Thank you for your support!
77 Episodes
Reverse
ဒီထဲမှာ အဓိက ပြောကြတဲ့အကြောင်းအရာက ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်ပေးဖို့ကိစ္စ ဖြစ်ပါတယ်။ ခု သူတို့ ပြောနေတဲ့ လုံခြုံရေးအာမခံချက်ကို ကျနော်တို့ ကြည့်ကြည့်ရအောင်ပါ။ ဒီကိစ္စမှာ အကြမ်းဖျဉ်းအားဖြင့် ကဏ္ဍ ၆ ခုခွဲထားတာကို တွေ့ရပါတယ်။ ဒီအချက်တွေဟာ လက်ရှိ တွေ့ဆုံဆွေးနွေးမှုတွေရဲ့ အဓိက သော့ချက်တွေလည်းပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ခြေကုပ်ယူပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ သြစတြေးလျား၊ နယူးဇီလန်တို့ထိ မူးယစ်ဆေးဝါး ဖြန့်ချိခဲ့တဲ့ မူးယစ်ခေါင်းဆောင်၊ ဘီလျံနာ ရှဲကျစ်လော အကြောင်း လေ့လာကြည့်ရအောင်ပါ။
တရုတ်ရဲ့ လက်ဝါးကြီးအုပ်ချယ်လှယ်ထားတဲ့ မြန်မာ့မြေရှားတူးဖော်မှုမှာ အမေရိကန် ပါဝင်လာမလား။ အရင်က အမေရိကန်အတွက် တိုက်ရိုက်အကျိုးစီးပွားမရှိတဲ့ မြန်မာ့အရေးမှာ မြေရှားသတ္တုကြောင့် အမေရိကန်နဲ့ တရုတ်တို့ အားပြိုင်မှု ဖြစ်လာနိုင်သလား။ မြေရှားအရေးကြောင့် မြန်မာ့နိုင်ငံရေး၊ တော်လှန်ရေးအခြေအနေတွေအပေါ်မှာရော သက်ရောက်မှု ရှိသွားနိုင်သလား။ ဒီအကြောင်းအရာတွေကို အောက်စ်ဖို့တက္ကသိုလ်မှာ အကြီးတန်း လက်ထောက်ပညာရှင် လုပ်ခဲ့သူလည်းဖြစ် ခု အမေရိကန် ဂျော့ဂျ်ဝါရှင်တန် တက္ကသိုလ်မှာ ဧည့်သုတေသီတဦးဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ဝါရင့်ပညာရှင် ဦးဝင်းမျိုးသူနဲ့ မေးမြန်းထားပါတယ်ခင်ဗျား။
ဒီနေ့ကမ္ဘာမှာ စစ်ပွဲတွေ ဘာကြောင့် အဲ့လောက် လွယ်လွယ်ကူကူ ဖြစ်လာရတာလဲ၊ ကျနော်တို့ နေ့စဉ်ဘဝတွေက ဘာကြောင့် အရင်လို နေပျော်စရာမကောင်းရတော့တာလဲ၊ အချင်းချင်းသွေးကွဲတာ၊ ဘက်ရွေးတာနဲ့ သွေးထွက်သံယိုမှုတွေ ဘာကြောင့် များလာရသလဲ၊ လူပြိန်းကြိုက် လူများကြိုက်ဝါဒီတွေ၊ လက်ယာစွန်းသမားတွေ ဘာကြောင့် ခေါင်းထောင်လာရသလဲ။ ဆရာမ မသီတာ (စမ်းချောင်း) နဲ့ မေးမြန်းထားပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ၄ ဦးကို အမေရိကန် အစိုးရက ပိတ်ဆို့မှုစာရင်းက ဖယ်ရှားလိုက်တာဟာ စစ်ခေါင်းဆောင်ရဲ့ပြန်စာကြောင့်လား၊ Gold Card ဝယ်ခဲ့ကြလို့လား စတဲ့ ထင်မြင်ယူဆချက်တွေ ထွက်ပေါ်နေခဲ့ပေမဲ့ အမေရိကန် အခြေစိုက် လော်ဘီအဖွဲ့အစည်းတခုကြောင့်ဆိုတဲ့ အထောက်အထားတွေ တရက်က ထွက်လာပါတယ်။ ဒီအကြောင်းအပြည့်အစုံကို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်သူလည်းဖြစ် နိုင်ငံရေးလေ့လာသူလည်းဖြစ်တဲ့ ကိုမင်းတင့်ဗိုလ်နဲ့ မေးမြန်းထားပါတယ်။
အမေရိကန်က Ku Klux Klan ပြီးတော့ စပိန်သမိုင်းထဲက Spanish Inquisition အကြောင်းကို နားဆင်ရမှာပါ။ ကျနော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာတွေနဲ့ စပိန်က ဘာသာရေးပွဲတော်တခုကိုလည်း ပြောပြသွားပါမယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားအရေးဟာ နှစ်နိုင်ငံ အနိုင်အရှုံးတိုက်မဲ့ စစ်ပွဲမျိုးထိ ရောက်မလာနိုင်ပါဘူး။ အာဏာရှင်လက်ဟောင်း အုပ်ချုပ်နေတဲ့နိုင်တဲ့ နိုင်ငံရေးရှုပ်ထွေးနေတဲ့ နိုင်ငံတို့အကြား သက်တမ်းရင့် နိုင်ငံရေးသမားတွေက စစ်တိုက်ပြီး နိုင်ငံရေးကစားနေကြတယ်လို့ပဲ မြင်ရပါတယ်။
အစ္စရေး ဂါဇာစစ်ပွဲ ဘာကြောင့် ဒီလောက် ကြာနေရသလဲ၊ အစ္စရေးဟာ ဂါဇာအပြင် လက်ဘနွန်၊ ဆီးရီးယား နောက်ဆုံး အီရန်ထိ ဘာကြောင့် စစ်ဘောင်ချဲ့ခဲ့သလဲ။ အစ္စရေးနိုင်ငံကို ကာကွယ်ရေးမဟုတ်ဘဲ နေတန်ယာဟုဟာ သူ့အာဏာအသက်နိုင်ရေးအတွက် ဒီစစ်ပွဲတွေကို တိုက်နေသလား ဆွဲဆန့်နေသလားဆိုတဲ့ ယူဆချက်တွေ ရှိလာပါတယ်။
စစ်ကောင်စီက အာဏာသိမ်းထားတဲ့ ကာလလည်း ဖြစ်ပြန်၊ တရုတ်နဲ့အနီးစပ်ဆုံးလည်းဖြစ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ထဲမှာ အင်အားအကြီးဆုံးလည်းဖြစ်တဲ့ UWSA နယ်ထဲမှာလည်း ဖြစ်နေတာကြောင့် ဒီနေရာက မြေရှားသတ္တုတွင်းတွေရဲ့ ဆိုးကျိုးတွေကို ကြီးကြပ်စစ်ဆေးတာမျိုးတွေလုပ်ဖို့ကတော့ ဝေးနေဦးမှာပါ။
ဒလိုင်းလားမား ဦးဆောင်တဲ့ တိဗက်နိုင်ငံရေးဟာ ခေတ်အဆက်ဆက် အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ တရုတ်ကွန်မြူနစ်အစိုးရကို ဆန့်ကျင်နေတဲ့ အရှည်ကြာဆုံး တွန်းလှန်မှုတခုလည်းပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ တိဗက်ရဲ့ ကွန်မြူနစ်အစိုးရ ဆန့်ကျင်ရေးသမိုင်းကြောင်းနဲ့ ဒလိုင်းလားမားသစ် ရွေးချယ်ရေးအပေါ် အခြေတည်နေတဲ့ တိဗက်နိုင်ငံရေးကို လေ့လာကြည့်ရအောင်ပါ။
စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေမှာ ဒေါ်နယ်ထရမ့်ကို စာပို့တဲ့ အကြောင်းကို မျက်နှာဖုံးမှာ ဖော်ပြခဲ့ပါတယ်။ ခေါင်းစဉ်မှာတော့ သဝဏ်လွှာ/အကြောင်းကြားစာလို့ ရေးထားပါတယ်။ တကယ်က တောင်းပန်ခယတဲ့ အသနားခံစာတစောင်ပါပဲ။ ရှင်းရှင်းပြောရရင်တော့ မာဖီးယား ခေါင်းဆောင်က ဆက်ကြေးအခွန်တောင်းတဲ့စာပို့တာကို မာဖီးယားခေါင်းဆောင်က ငါ့ကိုတောင် စာပို့တယ်ဆိုပြီး ဂုဏ်ဆာပြတဲ့သဘောပါပဲ။
ရှီကျင့်ဖျင် လူမြင်ကွင်းကနေ ပျောက်နေတဲ့အပေါ် မီဒီယာတွေက ကောက်ယူမှန်းဆချက်အမျိုးမျိုး ပြောခဲ့ပေမဲ့ ပြီးခဲ့တဲ့တရက်ကပဲ လူရှေ့ကို ပြန်ပေါ်လာပါတယ်။ ဒါပေမဲ့ BRICs အစည်းအဝေးပွဲကို မတက်တာနဲ့ ဒီမတိုင်ခင် ဖခင်ဖြစ်တဲ့ ရှီကျုံ့ရွှင်းနာမည်နဲ့ ခန်းမကိစ္စ၊ ဗဟိုစစ်ကော်မရှင်ထဲက ဗိုလ်ချုပ်ကြီးတွေ ရှင်းခံရတဲ့ကိစ္စတွေကြောင့် တရုတ်နိုင်ငံရေးဟာ အတွင်းကြိတ် မုန်တိုင်းထန်နေပြီလားဆိုတဲ့ ယူဆချက်တွေရှိနေပါတယ်။
နိုင်ငံတကာက မလွတ်လပ်ဘူး၊ တရားမျှတမှု မရှိဘူးလို့ ဘယ်လောက်ပဲ ပြောပြော၊ ပွင့်လင်းမြင်သာမှု မရှိဘူး၊ စစ်ကောင်စီအတွက် အသက်ဆက်ရေးပဲလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဘယ်လောက်ပြောပြော စစ်ကောင်စီကတော့ ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်မှာကို မြင်နေရပါတယ်။ တကယ်လို့ ရွေးကောက်ပွဲ ဖြစ်လာခဲ့ပြီးတော့ စစ်ကောင်စီဟာ သူလက်လွှတ်ခဲ့ရတဲ့ မြို့တွေထဲက တချို့ကိုလည်း ပြန်သိမ်းလာနိုင်ခဲ့ရင် အခြေအနေတွေ တမျိုး တဖုံ ပြောင်းလဲသွားမလား။
ထိုင်းဝန်ကြီးချုပ်ကတော့ နုတ်မထွက်ဘူးလို့ ကြေညာထားပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီယားကြားက နယ်စပ်အရေး အရှုပ်အထွေး၊ ဟွန်ဆန်ဆိုတာ ဘယ်လိုလူလဲ၊ အသံဖိုင်ပေါက်ကြားမှု နောက်ကွယ်က မကြေနပ်ချက်တွေနဲ့ နောက်ဆုံးရ ထိုင်းနိုင်ငံရေး အခြေအနေတွေကို လေ့လာကြည့်ရအောင်ပါ။
အမေရိကန်ပါဝင်လာချိန်မှာ အစ္စရေး-အီရန် စစ်ပွဲက ဘယ်လိုပုံစံမျိုး ဖြစ်သွားနိုင်သလဲဆိုတာကို စစ်ရေးလေ့လာသူတွေ သုံးသပ်နေကြပြီးတော့ အခြေအနေ ၄ မျိုး ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ အမေရိကန် ပါဝင်မှု နောက်ဆုံးရ အချက်အလက်တွေနဲ့ ဖြစ်နိုင်ခြေအလားအလာတွေကို လေ့လာကြည့်ကြရမှာပါ။
ဒီနေ့တော့ အစ္စရေး-အီရန် နောက်ဆုံးရ သတင်းအချက်အလက်တွေနဲ့ ဇွန် ၁၃ ရက်နေ့ကတည်းက အမေရိကန် စစ်တပ်တွေရဲ့ လှုပ်ရှားမှု၊ အစ္စရေးက ဘာကြောင့် အမေရိကန်ကို အကူအညီလိုရသလဲ၊ ဒီစစ်ပွဲမှာ အမေရိကန် ပါဝင်လာနိုင်ချေရှိသလားဆိုတာတွေကို လေ့လာကြည့်ရအောင်ပါ။
အစောပိုင်းမှာတော့ အစ္စရေးဟာ အီရန်အနေနဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်လာမှာကို ဟန့်တားလိုတာကြောင့် တိုက်ခိုက်မှုကို လုပ်ရတာလို့ ဆိုထားပေမဲ့ ခုတော့ လေသံပြောင်းလာတာ တွေ့ရပါတယ်။ အဲ့ဒါကတော့ အီရန်အစိုးရ အပြောင်းအလဲ ဖြစ်သွားနိုင်တယ်လို့ ပြောလာတာပါ။ ဒါ ဖြစ်နိုင်ပါ့မလား။ အစ္စရေး အီရန် စစ်ပွဲ နောက်ဆုံးအခြေအနေနဲ့ အလီ ခါမေနီအကြောင်းကို နားဆင်ရမှာ ဖြစ်ပါတယ်။
အကြောင်းရင်းကတော့ One Big Beautiful Bill လို့ နာမည်ပေးထားတဲ့ ဒေါ်နယ်ထရမ့်ရဲ့ အခွန်ဆိုင်ရာ ဥပဒေမူကြမ်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းအပြင် နောက်ထပ် စိတ်ဝင်စားစရာ နောက်ကွယ်က ဇာတ်လမ်းတွေလည်း ရှိပါသေးတယ်။ ဒီနေ့တော့ ကမ္ဘာ့အချမ်းသာဆုံးလူနဲ့ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံရဲ့ ခေါင်းဆောင်ကြားက အကွဲအပြဲဇာတ်လမ်းကို ဖြစ်လာစေခဲ့တဲ့အကြောင်းရင်းတွေကို လေ့လာကြည့်ရအောင်ပါ။
အမေရိကန်အနေနဲ့ ဒီစစ်ပွဲမှာ မပါဘူးလို့ ငြင်းထားပေမဲ့ ဒေါ်နယ်ထရမ့်ကတော့ အီရန်အနေနဲ့ သဘောတူညီမှုလုပ်ဖို့အတွက် “အရမ်းကြီး နောက်မကျသေးပါဘူး” ဆိုပြီး ပြောထားပါတယ်။ လက်ရှိ ဒေါ်နယ်ထရမ့်ရဲ့ နျူကလီးယားသဘောတူညီမှုကို အီရန်အနေနဲ့ လက်ခံလိုက်ရင်တော့ အစ္စရေး-အီရန် စစ်ပွဲရဲ့ အခြေအနေက တမျိုးပြောင်းသွားနိုင်မလား။
အမေရိကန် ကာကွယ်ရေးဝန်ကြီးပြောသွားခဲ့တဲ့ အရှေ့တောင်အာရှက နိုင်ငံတွေ စစ်ရေးပြင်ဆင်သင့်တဲ့အကြောင်း၊ ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ တင်းမာမှု နောက်ဆုံးအခြေအနေတို့ကို လေ့လာကြရမှာပဲ ဖြစ်ပါတယ်။
Thanks
ကျေးဇူးပါအကို