DiscoverThe Derek Podcast by Dr. Phyo Paing
The Derek Podcast by Dr. Phyo Paing
Claim Ownership

The Derek Podcast by Dr. Phyo Paing

Author: Phyo Paing

Subscribed: 69Played: 1,367
Share

Description

Welcome to The Derek Podcast, hosted by entrepreneur, blogger, marketing trainer and consultant Dr. Phyo Paing.
49 Episodes
Reverse
သင်၏ စာသားများကို ငွေသားအဖြစ် ပြောင်းလဲပစ်မည့် စွမ်းအားကို ရယူလိုပါသလား
စျေးကွက်ရှာဖွေရေးသည် လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်နိုင်ရန် ဖောက်သည်များကို ဖန်တီး၊ ထိန်းသိမ်းပြီး တိုးတက်အောင် လုပ်ဆောင်ခြင်းဖြစ်သည်။ ပန်းတိုင် (၃) ခုဖြစ်သည့် ဖောက်သည်ဖန်တီးခြင်း၊ ထိန်းသိမ်းခြင်းနှင့် တိုးတက်အောင်လုပ်ခြင်းတို့အပေါ် အခြေခံထားသည်။ အောင်မြင်သော ဗျူဟာတစ်ခုအတွက် မိမိလုပ်ငန်း၏ အားသာချက်များနှင့် ပြိုင်ဘက်များကို ဆန်းစစ်ရန် လိုအပ်သည်။ ဈေးကွက်ရှာဖွေရေး စီမံကိန်းတွင် ဖောက်သည် (Market)၊ သတင်းစကား (Message) နှင့် မီဒီယာ (Media) တို့ကို အဓိကထားစဉ်းစားရသည်။ လက်ရှိခေတ်တွင် ဗီဒီယိုများသည် ဖောက်သည်များကို ဆွဲဆောင်ရန်အတွက် အရေးပါသော နည်းလမ်းတစ်ခု ဖြစ်သည်။
လူတွေကို ပျော်စေတာလဲ အချစ်၊ တိုင်ပတ်စေတာလဲ အချစ်။​ ဒါဆို အချစ်ကဘာလဲ။ ဒီအကြောင်းကို Akari နဲ့ စမ်းသပ် အသံသွင်းကြည့်တာ။​ အဆင်ပြေတယ်ဆိုရင်တော့ episode အနေနဲ့စီစဥ်ပေးပါ့မယ်။​
Love and Relationship

Love and Relationship

2023-03-1836:19

Love and relationship book from Toe Tet Insider Note
Management Series

Management Series

2023-03-1809:00

Management Series from Toe Tet Insider Note
Productivity System

Productivity System

2021-08-1507:38

Productivity အတွက် time management စာအုပ်တွေဖြစ်တဲ့ Eat That Frog တို့၊ Get Things Done တို့၊​ RPM method တို့၊ Robin Sharma ရဲ့ 5 AM Club တို့၊ Tim Ferriss ရဲ့ Tools of Titans တို့ဖတ်ဖူးပါလိမ့်မယ် အရမ်းကောင်းတဲ့စာအုပ်တွေပါ။ ဒါပေမယ့် စာအုပ်တွေထဲကပါတဲ့အရာတွေ အကုန်လုံးဟာ ကျွန်တော်တို့ဘဝနဲ့ ကိုက်ညီ၊ မကိုက်ညီမသိနိုင်ပါဘူး။ ဒါကြောင့် ကိုယ်ပိုင် Productivity System တစ်ခုလိုအပ်ပါတယ်။ Productivity System ဆိုတာ ထပ်ခါထပ်ခါ ပြုလုပ်လို့ရတဲ့ process တွေကို ခေါ်တာဖြစ်ပါတယ်။ ဒီ podcast မှာတော့ ကျွန်တော်ကျင့်သုံးတဲ့ EATER ဆိုတဲ့ အကြောင်းကို ဆွေးနွေးထားပါတယ်။
1. Content Marketing as a long-term strategy ဆရာကျတဲ့ Marketing သမားတစ်ယောက် ဖြစ်ဖို့ Think Big ဖြစ်ဖို့လိုပါတယ်။ 2014-2015 လောက်တုန်းက Facebook ဟာ မြေဆီလွှာအရမ်းကောင်းတဲ့ ဒေသတစ်ခုဖြစ်ခဲ့တယ်။ အခုမျိုးစေ့ကြဲ၊ အခုအပင်ပေါက်တဲ့အချိန်ပေါ့။ ဒါကြောင့်လဲ ဒီ Facebook ကိုအသုံးပြုပြီး အရင်းအနှီးမလိုတဲ့ လုပ်ငန်းတွေ တစ်ခုခုပြီးတစ်ခု ကြီးထွားအောင်လုပ်ခဲ့တယ်။ တချို့ကို လပိုင်းအတွင်း ပြန်ရောင်းခဲ့တယ်။ ဒါပေမယ့် တချိန် Facebook ဟာ မြေဆီလွှာမသန်တော့ရင်ဆိုတာလေး ကြိုစဥ်းစားမိတယ်။ အဲ့ဒီနောက်ပိုင်းမှာ မဟာဗျူဟာ တစ်ခုကို အကောင်းအထည်ဖော်ခဲ့တယ်။ ဒီမဟာဗျူဟာကတော့ Content Marketing ပဲဖြစ်တယ်။ Content Marketing ဆိုတာ အရောင်းပို့ရေးတာမဟုတ်ပါ။ Content Marketing ဆိုတာ လူတွေရဲ့ "ယုံကြည်မှု"ရအောင် Expert Power တည်ဆောက်တာဖြစ်ပါတယ်။ Expert Power ကိုတည်ဆောက်ဖို့ content ကိုဖန်တီးသူဟာ သူလုပ်ကိုင်နေတဲ့ industry အကြောင်း၊ product အကြောင်း၊ ကိုယ့် content ကို consumer လုပ်မည့်သူတွေရဲ့ psychology အကြောင်း ကောင်းကောင်းသိထားရပါတယ်။ အများစု content writer လေးတွေဟာ စာရေးတတ်ပြီးပြီ လို့ထင်တတ်ကြတာ မမှန်ပါဘူး။ B2B လုပ််ငန်းတွေအတွက် White Paper ဆိုတာရှိပါတယ်။​ 2. Concept behind content marketing ဘာကြောင့် content marketing ကိုလုပ်ရသလဲဆို See-Think-Do လို့ခေါ်တဲ့ framework တစ်ခုကြောင့်ပါ။ See မြင်လိုက်တယ်။ Video တစ်ခု၊ Post တစ်ခုကိုမြင်လိုက်တယ်။ ဒီအကြောင်းကိုစိတ်ဝင်စားတော့ နားထောင်ကြည့်၊ ဖတ်ကြည့်ပြီး စဥ်းစားတယ်။ Think အပိုင်းပါ။ နောက်တစ်ဆင့်ကတော့ လုပ်ဆောင်တဲ့ Do အပိုင်းဖြစ်ပါတယ်။ Content Marketing ဟာ ဒီ See-Think-Do Framework မှာ စာဖတ်သူတွေရဲ့ အတွေးထဲကို လွမ်းမိုးထားချင်တာဖြစ်ပါတယ်။ ဒါကို permission marketing လို့လဲခေါ်ပါတယ်။ Video တွေမှာ pre-roll ad, mid-roll ad ထည့်တာ ဒါတွေကိုတော့ interrupted marketing လို့ခေါ်ပါတယ်။ Interrupted marketing လုပ်တဲ့အခါ လူတွေ စိတ်အနှောက်အယှက်ဖြစ်ပါတယ်။ ဒီနေ့လို အချိန်အခါမှာ ပြောင်းလဲလာတဲ့ Facebook ရဲ့ policies တွေ၊ coup တွေကြားမှာ လူတွေ attention ရဖို့ ရုန်းကန်နေတဲ့ ကြော်ငြာတွေ အများအပြားကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီအခြေအနေတွေကြားမှာ ကိုယ့်လုပ်ငန်းဟာ လူတွေနားထောင်ဖို့ စကားကို အတင်းလိုက်ပြောနေမည့်အစား၊ content marketing ကိုသာ ရင်းနှီးမြုပ်နှံမှုတစ်ခုအနေနဲ့လုပ်ထားရင် ကိုယ့်ရဲ့ authority တစ်ခုကိုတည်ဆောက်ပြီးသားဖြစ်ပါတယ်။ လူတွေနဲ့ ရင်းနှီးမယ်။​ လူတွေအတွက် အကျိုးရှိစေတဲ့ content တွေဖန်တီးထားတဲ့အတွက် ကိုယ့် brand ကို ယုံကြည်မယ်။​ လေးစားချစ်ခင်မယ်။ ဒီကောင်းကျိုးတွေကိုခံစားရမှာဖြစ်ပါတယ်။ 3. Mindset required to play the long-term game Content Marketing ကို မဟာဗျူဟာတစ်ခုအဖြစ်ရွေးချယ်တော့မယ်ဆိုရင် စဥ်းစားပုံစဥ်းစားနည်း၊ ခံယူချက်အရေးကြီးပါတယ်။ Content Marketing ဆိုတာ တစ်ရက်နှစ်ရက်၊ တစ်လနှစ်လနဲ့ ပြီးသွားမည့် game တစ်ခုမဟုတ်ပါ။ နှစ်ရှည်လများတည်ဆောက်ရပါတယ်။ Consistency လိုပါတယ်။ ဒါကြောင့် content marketing ကို မဟာဗျူဟာ တစ်ခုအနေနဲ့ ရွေးချယ်ခဲ့မယ်ဆိုရင် ကိုယ့်လုပ်ငန်းကို media ကုမ္ပဏီတစ်ခုလို စဥ်းစားဖို့လိုပါတယ်။ ကိုယ်က အကင်ဆိုင်ဖွင့်ထားရင် အကင်နဲ့ပတ်သက်လို့ media company တစ်ခုလိုစဥ်းစားပါ။ ကိုယ်က အိမ်ဆောက်ပစ္စည်းဆိုင်ဖွင့်ထားရင် အိမ်ဆောက်ပစ္စည်း media company တစ်ခုလိုစဥ်းစားပါ။ Content marketing ဟာ လုပ်ငန်းမှာ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုချဲ့ထွင်ဖို့ စျေးကွက်သုသေတစ်ခု တစ်ခုအနေနဲ့အသုံးပြုလို့ရပါတယ်။ ဥပမာ ကိုယ့်ရဲ့ content ပေါ် reponse လုပ်တဲ့အပေါ်မူတည်ပြီး သုံးသပ်လို့ရပါတယ်။ ဥပမာ Content တွေစတည်ဆောက်တဲ့အချိန်မှာ local SMEs/brand တွေလုပ်ငန်းတွေအတွက် အသုံးပြုလို့ရတဲ့ marketing လေးမရှိဘူးလား အစရှိတဲ့ မေးခွန်းလာကြတယ်။ Marketing လုပ်ရတာ ကုန်ကျစရိတ်များလိုက်တာ။ အစရှိတဲ့ audience တွေရဲ့အသံကိုနားထောင်ရင်း စရိတ်နည်းပါး၊ ထိရောက်မှုဆပွား Guerrilla Marketing Plan (GMP) ဖြစ်လာခဲ့တယ်။ 5. Content Marketing Style လူအများစုက ကိုယ်ဖန်တီးထားတဲ့ content တွေကို တခြားသူတွေယူသုံးမှာ စိုးရိမ်ကြတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ contents တွေလဲ ခဏခဏ ယူသုံးခံရပါတယ်။ ဒါကြောင့် content marketing ပြုလုပ်တဲ့အခါ style လိုပါတယ်။ ကိုယ့်နာမည်ကို ဖျောက်လိုက်ရင်တောင် ဒါဘယ်သူဖန်တီးထားတဲ့၊ ဘယ် ကုမ္ပဏီကဖန်တီးထားတဲ့ content ဆိုတာ သိနေဖို့အတွက် consistency အရေးကြီးပါတယ်။ Brand identity နဲ့ image ကို content marketing မှာ ထင်ဟတ်ဖို့ rule လေးတွေချထားရပါတယ်။​
Derek on Marketing

Derek on Marketing

2020-07-2003:221

All about marketing
Episode Description: The Power of Asking Yourself the Right Questions This episode explores the transformative power of self-reflection through insightful questions. It emphasizes that the answers to life's challenges and the keys to personal growth reside within ourselves. The episode begins by highlighting the common feeling of being stuck or uncertain about life's direction. It introduces the idea that asking the right questions, rather than seeking external answers, is crucial for gaining clarity, focus, and direction in life. The episode argues that questions act as catalysts for self-discovery, forcing us to confront our values, motivations, and desires. This process of self-reflection is presented as the most powerful tool for personal growth. The episode emphasizes that the quality of our lives is directly related to the quality of the questions we ask ourselves. Through the example of Derek (Phyo Paing), the episode illustrates how asking pointed questions about the value he offered and the meaning of success led to both business and personal transformations. The episode emphasizes that "100 Life-Changing Questions for Personal Growth" is not a book of direct answers, but a guide to unlocking inner wisdom through targeted questions. It encourages listeners to engage in a journey of self-discovery by using these questions, urging them to be patient, journal their answers, and revisit the questions regularly for continuous growth. The episode also suggests that taking action based on the insights gained through this process is crucial for creating meaningful change. The episode concludes by emphasizing that asking the right questions is a powerful way to change our perspectives and live more fulfilling lives. It suggests that by consistently questioning our beliefs and seeking ways to contribute to the world around us, we can shift our mindset and achieve greater happiness and impact. This process of self-inquiry, as presented in the episode, is not just about finding answers but about embarking on a continuous journey of growth and self-discovery.
Derek.Marketing

Derek.Marketing

2022-01-2504:011

Customer is King ဆိုတာမှန်သလား?
Zero to One by Peter Thiel
Purple Cow by Seth Godin
Blue Ocean Strategy

Blue Ocean Strategy

2021-10-2608:07

Blue Ocean Strategy
Blitzscaling
Tim Ferriss ရဲ့ 4 Hours Work Week
From $100 Startup- သိန်း ၁၀၀ အောက်လုပ်ငန်းစတင်ပါ။
အပြောင်းအလဲတစ်ခုလုပ်ဖို့ Automatic Habits
လုပ်ငန်းရှင်တိုင်း မဖတ်မဖြစ် emyth
Influence လွမ်းမိုးမှု
The Millionaire Fastlane by MJ Demarco
loading
Comments 
loading