Discoverနေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ
Claim Ownership
1236 Episodes
Reverse
အစ္စရေး နိုင်ငံတော်လုံခြုံရေး အစိုးရအဖွဲ့ ဝန်ကြီးတွေ တွေ့ဆုံပြီး ဂါဇာ အပစ်ရပ်ရေး သဘောတူညီချက်ကို အတည်ပြုမလားဆိုတာကို ဆွေးနွေး၊ ကွယ်လွန်သူ ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ရဲ့ ရှေ့နေအဖွဲ့ဝင် ၃ ဦးကို Navalnyရဲ့ သတင်းစကားတွေ အပြင်ကိုပေါက်ကြားမှုနဲ့ ပြစ်ဒဏ်ချ၊ ထိုင်းနိုင်ငံရဲ့ အဓိက ဝင်ငွေဟာ ခရီးသွားလာရေးလုပ်ငန်းက ဖြစ်တာကြောင့် ခရီးသွားတွေအတွက် လုံခြုံရေး အထူးကြပ်မတ်ပေးမယ်
အမေရိကန်ပြည်ထောင်စုမှာ သမ္မတက ရာဇဝတ်မှုကျုးလွန်တဲ့အခါ ကင်းလွတ်ခွင့်ပြုထားတာကို အဆုံးသတ်သင့်တယ်လို့ သမ္မတ Joe Biden က ပြော၊ အစ္စရေးနဲ့ ဟာမတ်စ်ကြား ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်က တချို့အချက်တွေကို ဟာမတ်စ်ဘက် နောက်ကြောင်းပြန်လှည့်ချင်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ်ကစွပ်စွဲ၊ MNDAA ကိုးကန့် အဖွဲ့ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ ကြာသပတေးနေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေလည်း ပါဝင်တဲ့အကြောင်း ဆွေးနွေးပွဲနဲ့ နီးစပ်သူတွေက VOA ကို အတည်ပြု။
ရာထူးကဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ကို အာဏာပိုင်တွေက ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဖမ်းဆီး၊အစ္စရေးနဲ့ ဟာမတ်စ်အကြား ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရနိုင်ဖို့ စေ့စပ် ညှိနှိုင်းရေးမှူးတွေ ကြိုးစားနေ၊အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ လောင်နေတဲ့ တောမီးဟာ ဗုဒ္ဓဟူးနေ့မှာ လေပြင်း နဲ့ ခြောက်သွေ့တဲ့ အခြေအနေကြောင့် ထပ်ပျံ့ဖို့ ရှိတဲ့အကြောင်း တာဝန်ရှိသူတွေက သတိပေး။
၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲကိစ္စ နဲ့ ပတ်သက်ပြီး Donald Trump မှာ အပြစ်ရှိကြောင်းတရားစွဲဆိုနိုင်တဲ့ သက်သေအထောက်အထားအလုံအလောက်ရှိတဲ့အကြောင်း အမေရိကန် အထူးစုံစမ်းစစ်ဆေးရေးမှူး Jack Smith ရဲ့ အစီရင်ခံစာကဖော်ပြ၊အစ္စရေးနဲ့ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲနိုင်ဖို့အတွက် သဘောတူညီချက်တွေကိုနောက်ဆုံးညှိ နှိုင်းနိုင်ဖို့ ကြားခံညှိနှိုင်းပေးသူတွေဟာ ကာတာနိုင်ငံမှာတွေ့ဆုံ၊ယူကရိန်းဘက်က ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ဂျာမန်ကာကွယ်ရေးဝန်ကြီး Boris Pistorius ဟာ ယူကရိန်းကို သွားရောက်ခဲ့ပါတယ်။
ယူကရိန်းဒရုန်းထိမှန်မီးလောင်ခဲ့တဲ့ Volga စက်မှုဇုံ ဒေသမှာ ၅ ရက်ကြာမီးငြိမ်းသတ်ခဲ့ရ၊ ကချင်ပြည်နယ် ဖားကန့် နေရာ ၂ နေရာမှာ စစ်ကောင်စီကလေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၀ ယောက်ကျော် သေဆုံး၊ မြန်မာနိုင်ငံအတွင်းက အွန်လိုင်း ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေမှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက လူပေါင်း ၆,၀၀၀ ကျော်လောက် အဓမ္မခိုင်းစေခံနေရ
ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့တဝိုက် လောင်ကျွမ်းနေတဲ့တောမီးတွေကြောင့် သေဆုံးသူ အနည်းဆုံး ၁၀ ဦးရှိ၊ လိင်ဖျော်ဖြေရေးမယ်တယောက်ကို ငွေပေးနှုတ်ပိတ်ခဲ့မှုနဲ့ ဆက်စပ်နေတဲ့ ရာဇဝတ်မှုတွေအတွက် New York ပြည်နယ်တရားရုံးက ရွေးကောက်ခံသမ္မတ Donal Trump ကိုပြစ်ဒဏ်ချဖို့ရှိ၊ နောက်ထပ် တရုတ်နိုင်ငံသား နှစ်ယောက် ထိုင်းမြန်မာနယ်စပ်မှာ ပျောက်ဆုံးနေတဲ့အတွက် ဆွေမျိုးတွေက ရှာပေးဖို့ အကူအညီတောင်း
အသက် ၁၀၀ မှာ ကွယ်လွန်သွားတဲ့ အမေရိကန် သမ္မတဟောင်း Jimmy Carter ရဲ့ နိုင်ငံတော်ဈာပနအခမ်းအနားကို မြို့တော်ဝါ ရှင်တန်ဒီစီမှာရှိတဲ့ National Cathedral ဘုရားကျောင်းကြီးမှာ ကျင်းပ၊ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့နား နေရာ ၅ ခုမှာ တောမီးအကြီးအကျယ် လောင်၊ မြန်မာနိုင်ငံကနေ နျုကလီးယား လက်နက်ထုတ်လုပ်နိုင်တဲ့ ယူရေနီယံနဲ့ ပလူတိုနီယံ နမူနာ တွေကို သယ်ယူရောင်းချခဲ့တဲ့အတွက် အပြစ်ရှိကြောင်းဂျပန် ရာကူဇာ ဝန်ခံ
အမေရိကန် သမ္မတဟောင်း Jimmy Carter ရဲ့ ရုပ်အလောင်းကို မြို့တော်ဝါရှင်တန် ဒီစီ လွှတ်တော်ခန်းမကြီးထဲ ၂ ရက်ကြာထားရှိဂုဏ်ပြု၊ ပနားမား တူးမြောင်း နဲ့ Greenland ဒေသကို ထိန်းချုပ်ဖို့ စစ်အင်အား အသုံးမပြုဘူးလို့လည်း အာမမခံ နိုင်တဲ့အကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump ပြော၊ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်မှာ အနည်းဆုံး လူ ၅၁ ဦး သေဆုံး
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေလျှော့ချပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဥပဒေတွေကို လေးစားလိုက်နာကြဖို့ အမေရိကန် နဲ့ မဟာမိတ် နိုင်ငံတွေက မြန်မာစစ်ကောင်စီနဲ့ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့အားလုံးကို တိုက်တွန်း၊မြန်မာနယ်စပ်မှာ ပဋိပက္ခတွေ ဖြစ်နေပေမဲ့လည်း ထိုင်း မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ အရင်ကနဲ့ စာရင် ၆ ရာခိုင်နှုန်းကျော် တိုးခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံဘက်ကပြော၊ထိုင်း မြန်မာနယ်စပ်မှာ ပျောက်သွားတဲ့ တရုတ် ရုပ်ရှင်သရုပ်ဆောင် Wang Xing ရှာဖွေတွေ့သွားပြီး ထိုင်းဘက်ကို ပြန်ခေါ်သွားပါတယ်။
နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ Donald Trump အနိုင်ရခဲ့တယ်ဆိုတာကို အမေရိကန်လွှတ်တော်က ဇန်နဝါရီ ၆ ရက်နေ့မှာ အတည်ပြုဖို့ရှိ၊ ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံက အဓိကတွန်းအားပေးနေတဲ့နေရာကနေပါဝင်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော
တောင်ကိုရီးယားနိုင်ငံမှာ ယာယီဖယ်ရှားခံထားရတဲ့ သမ္မတ Yoon Suk Yeol ကို စုံစမ်စစ်ဆေးရေးမှူးတွေ ဖမ်းဆီးဖို့ ကြိုးစားပေမဲ့ မအောင်မြင်၊ စစ်ကောင်စီ ပြဌာန်းလိုက်တဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေဟာ သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ တင်းကြပ်တဲ့ လုပ်ရပ်ဖြစ်၊ အမေရိကန်ပြည်ထောင်စုမှာ ၁၁၉ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွေ သောကြာနေ့မှာ ပြန်စတင်
အမေရိကန်ပြည်ထောင်စု New Orleans မြို့မှာ၂၀၂၅ နှစ်သစ်ကူးနေ့ လူအုပ်ထဲ ကားမောင်း ဝင်တိုက်ခဲ့သူဟာ အစ္စလာမ္မစ်စစ်သွေးကြွ IS အကြမ်းဖက်အဖွဲ့ကိုအားကျပြီး လုပ်တာဖြစ်ကြောင်း အမေရိကန်သမ္မတပြော၊ ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံမှာ လူဦးရေ ၅၁.၃ သန်းရှိကြောင်း စစ်ကောင်စီကထုတ်ပြန်၊ အရေးပေါ်အကူအညီ ရံပုံငွေ အကြီးအကျယ် လျော့နည်းခဲ့တာကြောင့် ၂၀၂၄ ခုနှစ်အတွင်း သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ လိုအပ်တဲ့ အကူအညီ မရခဲ့တဲ့အကြောင်း UNOCHA က သတင်းထုတ်ပြန်။
၂၀၂၅ နှစ်သစ်ကို မီးရှုးမီးပန်းတွေ ပစ်ဖေါက်ပြီး ကမ္ဘာတဝှမ်း ကြိုဆို၊ နှစ်သစ်မှာ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် ယူကေ နဲ့ အမေရိကန် သံရုံးအကြီးအကဲတွေက ဆုမွန်ကောင်းတောင်း၊ နှစ်သစ်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူ ၁၆၉ ယောက်ကို စည်းကမ်းသတ်မှတ်ချက် မထားဘဲ NUG လွတ်ငြိမ်းသက်သာခွင့်ပြု
၂၀၂၅ နှစ်သစ်ကို နယူးဇီလန်မှာ စတင်ကြိုဆိုလိုက်ပါပြီ... ယူကရိန်းအတွက် အမေရိကန်က စစ်ရေးအကူအညီ ဒေါ်လာ ၂.၅ ဘီလျံ ထပ်မံ ပေးအပ်လိုက်ပါတယ်... ရာထူးက ဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယား သမ္မတကို ဖမ်းဆီးဖို့ ဆိုးလ်တရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်
အသက် ၁၀၀ ရှိပြီဖြစ်တဲ့ အမေရိကန် သမ္မတဟောင်း Jimmy Carter ဟာ ဒီဇင်ဘာ ၂၉ ရက်က ကွယ်လွန်၊ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသကနေ အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့တဲ့သူ ၃၉ ယောက်ကို တရုတ်တရားရုံးစွဲချက်တင်၊ သမ္မတရာထူးက ဆိုင်းငံ့ခံထားရတဲ့ Yoon Suk Yeol ကို ဖမ်းဝရမ်း ထုတ်ပြန်ပေးဖို့ တောင်ကိုရီးယား စုံစမ်းစစ်ဆေးသူတွေလျှောက်
တောင်ကိုရီးယားနိုင်ငံမှာ ယာယီသမ္မတ Han Duck-soo ကို တရားစွဲဖို့ လွှတ်တော်အမတ်တွေ ဒီနေ့ မဲခွဲ ဆုံးဖြတ်၊ ဆီးရီးယား လက်ဘနွန်နယ်စပ် Janta ရွာနားက လက်နက်သိုလှောင်ရုံတခုကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဒီကနေ့ကြေငြာ၊ အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး လူကိုကူးစက်တဲ့ ပြင်းထန်တဲ့ ကြက်ငှက်တုပ်ကွေး နမူနာကို ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC က ဓါတ်ခွဲစမ်းသပ်တာမှာ Virus အသွင်ပြောင်းသွားတာ တွေ့ရှိခဲ့။
အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သတင်းထောက် ၅ ယောက် သေဆုံးသွား၊ကမ္ဘာ့အကြီးဆုံး ရေကာတာအသစ် တည်ဆောက်ဖို့ တရုတ်အစိုးရက အတည်ပြု၊လူပေါင်း သိန်းချီ သေဆုံးခဲတဲ့ ဆူနာမီ ဘေးဒဏ်ခံရတဲ့ အနှစ် ၂၀ ပြည့်အထိမ်းအမှတ် အခမ်းအနားတွေကို ဒီနေ့ ကျင်းပကြပါတယ်။
ယေရှု ဖွားမြင်တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကမ္ဘာတဝှမ်း ခရစ်စမတ် ဆုတောင်းပွဲတွေ ကျင်းပကြတာ၊ ခရစ်စမတ်နေ့မှာ ယူကရိန်း လျှပ်စစ်ပေးရေးဌာနတွေကို ရုရှားက တိုက်ခိုက်တာထက် ပိုပြီး လူသားမဆန်တာ မရှိတော့ဘူးလို့ ယူကရိန်း သမ္မတက ပြောလိုက်တာ၊ အဇာဘိုင်ဂျန်လေကြောင်းလိုင်း လေယာဥ် ကာဇက်စတန်မှာ ပျက်ကျတာမှာ ၂၈ ဦး အသက်ရှင်ကျန်ရစ်ပါတယ်
ယီမင်နိုင်ငံက ပစ်လိုက်တဲ့ မစ်ဇိုင်းဒုံးတခုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ် ... ဟောင်ကောင် ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဟောင်ကောင်အာဏာပိုင်တွေက ဖမ်းဆီးဖို ဆုကြေးငွေ ထုတ်လိုက်ပါတယ်.. ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြား ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း နောက်ထပ် ခန့်မှန်းခြေ လူ ၃ သိန်း ၆ သောင်း လောက် အိုးမဲ့အိမ်မဲ့ထွက်ပြေးခဲ့ကြတယ်လို့ UNOCHA က ပြောပါတယ်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံ တာဝန်ယူတဲ့အခါ အကြံပေးအဖွဲ့ ဝင်အဖြစ် Thaksin Shinawatra လည်း ပါဝင်၊ ရခိုင်ပြည်နယ်အတွင်း နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေနဲ့ တခြား ဘာသာမတူ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ အာရက္ခတပ်တော် AA ကို
နိုင်ငံတကာမှ ရိုဟင်ဂျာအဖွဲ့အစည်းတွေ တောင်းဆို ...
Top Podcasts
The Best New Comedy Podcast Right Now – June 2024The Best News Podcast Right Now – June 2024The Best New Business Podcast Right Now – June 2024The Best New Sports Podcast Right Now – June 2024The Best New True Crime Podcast Right Now – June 2024The Best New Joe Rogan Experience Podcast Right Now – June 20The Best New Dan Bongino Show Podcast Right Now – June 20The Best New Mark Levin Podcast – June 2024
United States
Thanks voa.
Chris and I are sitting n 2 gcgc uux