Discoverနံနက်ပိုင်း ၆း၀၀-၇း၀၀ - ဗွီအိုအေ
Claim Ownership
နံနက်ပိုင်း ၆း၀၀-၇း၀၀ - ဗွီအိုအေ
Author: ဗွီအိုအေ
Subscribed: 217Played: 13,920Subscribe
Share
© 2024 - VOA
Description
အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၂၃၃၀ ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီကနေ ၇ နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီ ရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းနဲ့ သတင်းဆောင်းပါးတွေ သီတင်းပတ်စဉ်ကဏ္ဍတွေကို နားဆင်နိုင်ပါတယ်။
1553 Episodes
Reverse
ဗွီအိုအေ မြန်မာနံနက်ခင်း (နိုဝင်ဘာ ၂၄ ရက် ၂၀၂၄) - ယူကရိန်းထိန်းချုပ်ထားတဲ့ ဒေသတချို့ ရုရှားပြန်သိမ်းယူတာ၊ NATO အတွင်းရေးမှူးချုပ် အရွေးကောက်ခံသမ္မတ ထရမ့်နဲ့တွေ့ဆုံတဲ့ သတင်းနဲ့အတူ အပတ်စဉ် ဒို့အသံ၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ၊ လယ်ယာစီးပွါး အစီစဉ်တွေ တင်ပြထားပါတယ်။
ရုရှားအရေး NATO နဲ့ အရေးပေါ်ဆွေးနွေးဖို့ ယူကရိန်းပြင်တာ၊ အာဆီယံကိုထိခိုက်စေမှု စစ်ကောင်စီကို စင်္ကာပူသတိပေးတာ၊ မြန်မာ့အထည်ချုပ်လုပ်ငန်း အခက်ကြုံတဲ့ သတင်းတွေ နဲ့အတူ အပတ်စဉ် အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍတွေကို တင်ပြပေး ဖို့ရှိပါတယ်။
ဗွီအိုအေမြန်မာနံနက်ခင်း(နိုဝင်ဘာ ၂၂၊၂၀၂၄)
ဟစ်ဇဘိုလာနဲ့အပစ်ရပ်ရေး ကန်အထူးကိုယ်စားလှယ် အစ္စရေးဝန်ကြီးချုပ်ကိုတိုက်တွန်း၊ ရုရှားက တာလတ်ပစ်ဒုံးကျည်နဲ့ ယူကရိန်းကိုတိုက်ခိုက်ခဲ့၊ ရှေ့နေချုပ်အဆိုပြုခံရသူ Gaetz အမည်စာရင်းမှနှုတ်ထွက် စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
ဗွီအိုအေမြန်မာနံနက်ခင်း(နိုဝင်ဘာ ၂၁၊ ၂၀၂၄)
မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်စည်းဝေး၊ မြန်မာစစ်တပ်ကို လက်နက်နဲ့နည်းပညာမပေးဖို့ EU တောင်းဆို၊ Matthew Whitaker ကို နေတိုးသံအမတ်ကြီးအဖြစ် Trump အဆိုပြု စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် သန်းကြွယ်သူဌေး Lutnick ကို Trump အမည်တင်သွင်းမည်၊ ရုရှားနိုင်ငံတွင်းတိုက်ခိုက်မှု လက်နက်သိုလှောင်ရုံများထိမှန်ဟု ယူကရိန်းထုတ်ပြန်၊ ဖိလစ်ပိုင်အပေါ် တရုတ်လုပ်ရပ် ကန်ကာကွယ်ရေးဝန်ကြီးရှုတ်ချ စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
ဆင်းရဲတဲ့တိုင်းပြည်တွေကူညီဖို့ ဒေါ်လာ၄ ဘီလီယံထည့်ဝင်မယ်လို့ ကန်သမ္မတကတိပြု၊ ဥတုရာသီဆိုင်ရာကုလညှိုနှိုင်းပွဲ သဘောတူညီမှုရဖို့အပြန်အလှန်ညှိုနှိုင်းဆဲ၊ ပုလဲမြို့ပေါ် တိုက်ပွဲတွေရပ်တန့်ပေမယ့် နေအိမ်တချို့မီးရှို့ခံရ စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
ဗွီအိုအေမြန်မာနံနက်ခင်း(နိုဝင်ဘာ ၁၈၊ ၂၀၂၄)
အမေဇုံအမြဲစိမ်းသစ်တောထဲ ပထမဆုံးခြေချသူ အမေရိကန်သမ္မတ၊ အစ္စရေးလေကြာင်းတိုက်ခိုက်မှု ဟစ်ဇဘိုလာပြောခွင့်ရသေဆုံး၊
တာဝေးပစ်လက်နက်အသုံးပြုဖို့ ယူကရိန်းကို ကန်သမ္မတခွင့်ပြု စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပါမယ်။
ဗွီအိုအေ မြန်မာနံနက်ခင်း (နိုဝင်ဘာ ၁၇ ရက် ၂၀၂၄)
ယူကရိန်းစစ် ရှေ့နှစ်ထဲ အဆုံးသတ်ဖို့ Zelensky လိုလားတာ၊ လူပေါင်း သန်း ၆၀၀ ကျော် ဆင်းရဲတွင်းက ကယ်ထုတ်ဖို့ G20 ဆွေးနွေးတဲ့ သတင်းတွေနဲ့အတူ အပတ်စဉ် ဒို့အသံ၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ၊ လယ်ယာစီးပွါး အစီစဉ်တွေတင်ပြထားပါတယ်။
VOA မြန်မာပိုင်း နံနက်ခင်း (နိုဝင်ဘာ ၁၆ ရက် ၂၀၂၄)
စီးပွါးပူးပေါင်းဆောင်ရွက်ရေး တိုင်ဝမ်ကိုယ်စားလှယ်နဲ့ ကန်ဝန်ကြီးဘလင်ကန် ဆွေးနွေး၊ ယူကရိန်းအရေး ဂျာမန်ဝန်ကြီးချုပ် သမ္မတပူတင်နဲ့ဆွေးနွေး၊ လက်ဘနွန်ဘက်က အီရန်ရပ်တည် စတဲ့သတင်းတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေကို နားဆင်ရပါမယ်။
ဆီးရီးယားက စစ်သွေးကြွအဖွဲ့ကို အစ္စရေးက တိုက်ခိုက်တာ၊ အီရန် နျူကလီယားအရေး IAEA ဆွေးနွေးတာ၊ စစ်ကိုင်းတိုင်း ပုလဲကို စစ်တပ်က ထိန်းချုပ်ထားတဲ့ သတင်းတွေ အပြင် ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာ အစီစဉ်တွေ စုစည်း တင်ပြထားပါတယ်။
သမ္မတဘိုင်ဒန်ဟာ အရွေးကောက်ခံ သမ္မတထရမ့်နဲ့ အိမ်ဖြူတော်မှာတွေ့ဆုံတာ၊ စစ်ကိုင်း မန္တလေးဘက် တိုက်ပွဲနောက်ဆုံးရ အခြေနေ သတင်းတွေအပြင် အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ Gen Z နဲ့ အားကစား အပတ်စဉ်ကဏ္ဍ တွေကိုပါ တင်ဆက်ပေးပါမယ်။
Trump အစိုးရသစ်မှာ Marco Rubio နိုင်ငံခြားရေးဝန်ကြီးဖြစ်ဖွယ် သတင်းထွက်၊ အစ္စရေးကာကွယ်ရေး ရပ်တည်ချက် ကန်သမ္မတထပ်လောင်းဂတိပေး၊ စစ်ကောင်စီ ဖာပွန်ဗျူဟာစခန်း တိုက်ခိုက်ခံရ စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
ဗွီအိုအေမြန်မာနံနက်ခင်း(နိုဝင်ဘာ ၁၂၊ ၂၀၂၄)
အစိုးရအဖွဲ့သစ်တချို့ ရွေးကောက်ခံသမ္မတ Trump ကြေညာ၊ ကျဆုံးစစ်သည်တွေအတွက် ကန်သမ္မတ လွမ်းသူပန်းခွေချဂုဏ်ပြု၊
"ဖိအားပေးဖို့ နယ်စပ်ကုန်သွယ်ရေးများ တရုတ်ရပ်ဆိုင်း"လို့ အကဲခတ်တွေယူဆ စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
Donald Trump ဟာ မဲအကျိတ်အနယ်ဖြစ်နေတဲ့ ပြည်နယ် ၇ ခုလုံး အနိုင်ရပြီး၊ တနိုင်ငံလုံး စုစုပေါင်း မဲအရေအတွက်မှာလည်း အသာရပါတယ်။ အီရန်ခြိမ်းခြောက်မှုနဲ့ပတ်သက်လို့ Trump နဲ့ အပြန်အလှန်အမြင်တွေ သဘောတူညီမှုရခဲ့ကြတယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။ ဒီသတင်းတွေအပြင် အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
အိမ်ဖြူတော်မှာ ဘိုင်ဒန်နဲ့ ထရမ့် ဗုဒ္ဓဟူးနေ့ တွေ့ဆုံမှာ၊ NLD စွမ်းအင်ဝန်ကြီး ကွယ်လွန်သွားတဲ့ သတင်းတွေနဲ့ အတူ အပတ်စဉ် ဒို့အသံ၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲက သုတ အပြင် လယ်ယာစီးပွါး အစီစဉ်တွေ တင်ပြပေးပါမယ်။
ဗွီအိုအေ မြန်မာနံနက်ခင်း (နိုဝင်ဘာ ၉ ရက်၊ ၂၀၂၄)
စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း ကုလစွပ်စွဲချက် အစ္စရေးရှုတ်ချ၊ စစ်ကောင်စီ နိုင်ငံရေးပါတီနဲ့ NCA တချို့ အိန္ဒိယဖိတ်ခေါ်ဆွေးနွေး၊ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်း NUG တိုးပေး စတာတွေနဲ့အတူ အပတ်စဉ်အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
ဗွီအိုအေမြန်မာနံနက်ခင်း(နိုဝင်ဘာ ၈၊ ၂၀၂၄)
အာဏာလွှဲပြောင်းရေးချောမွေစေရမယ်ဟု သမ္မတဘိုင်ဒန်အာမခံပြောဆို၊ ရွေးချယ်ခံသမ္မတ Trump အစိုးရသစ်ဖွဲ့ဖို့ အမြန်ပြင်ဆင်၊ မြောက်ကိုရီယား-ရုရှား စစ်ရေးပူးပေါင်းမှု ခြိမ်းခြောက်မှုအဖြစ် NATO အကြီးအကဲသတိပေး စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးမှာပါ။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အမေရိကန်နိုင်ငံရဲ့ ၄၇ ဆက်မြောက် သမ္မတ အဖြစ် လာမယ့် ဇန်နဝါရီလကစပြီး သမ္မတအိမ်ဖြူမှာ တာဝန်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။ ကန်အစိုးရသစ်လက်ထက် မြန်မာစစ်ကောင်စီကို ပြတ်ပြတ်သားသားအရေးယူဖို့ NUG မျှော်လင့်တယ်လို ့ပြောပါတယ်။ စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးမှာပါ။
အမေရိကန်ရွေးကောက်ပွဲ မဲပေးနေကြတဲ့အခြေအနေ တိုက်ရိုက်ထုတ်လွှင့်ချက်၊ ဒီရွေးကောက်ပွဲနဲ့ အသွင်းကူးပြောင်းရေး အခြေနေတွေနဲ့အတူ အမေရိကန်နိုင်ငံရေးအကြောင်း သိကောင်စရာ၊ ကန်ရွေးကောက်ပွဲနဲ့ ယူကရိန်း- မျှော်လင့်ချက်၊ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ပြထားပါတယ်။
ရွေးကောက်ပွဲအကြိုနေ့ သမ္မတလောင်းတွေ အကျိတ်အနယ်မဲဆွယ်၊ ကနေဒါနိုင်ငံတွင်း ဟိန္ဒြူဘုရားကျောင်းတိုက်ခိုက်ခံရမှ အိန္ဒိယဝန်ကြီးချုပ်ရှုတ်ချ၊ အမေရိကန်ရွေးကောက်ပွဲနဲ့ မြန်မာ့လူ့အခွင့်အရေး အလားအလာ မေးမြန်းဆွေးနွေးချက် စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
Top Podcasts
The Best New Comedy Podcast Right Now – June 2024The Best News Podcast Right Now – June 2024The Best New Business Podcast Right Now – June 2024The Best New Sports Podcast Right Now – June 2024The Best New True Crime Podcast Right Now – June 2024The Best New Joe Rogan Experience Podcast Right Now – June 20The Best New Dan Bongino Show Podcast Right Now – June 20The Best New Mark Levin Podcast – June 2024
United States
jllj