Discover
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
28 Episodes
Reverse
- ဟောင်ကောင်က လူနေအထပ်မြင့် အဆောက်အအုံတွေ မီးကျိုးသွားပေမယ့် အတွင်းပိုင်းမှာ လောင်နေတဲ့ မီးအားလုံးကို မီးသတ်တွေ ငြိမ်းနေတယ်လို့ အာဏာပိုင်တွေပြော
- တောင်ကိုရီးယားမှာ လေတပ်က တိုက်လေယာဉ်တွေကို ဓါတ်ပုံလိုက်ရိုက်တဲ့ တရုတ် ဆယ်ကျော်သက် ၂ ယောက်ကို ရန်သူအားပေးမှုနဲ့ တရားစွဲ
- ထိုင်းရေကြီးမှု ရေပြန်ကျလာပေမယ့် ကယ်ဆယ်ရေး လုပ်ဆောင်နေတုန်းဘဲလို့ အာဏာပိုင်တွေက ပြောတဲ့ သတင်းတွေ တင်ဆက်ပေးထားပါတယ်။
-----
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/liveradio
-----
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j
-----
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858
- DKBA နယ်မြေ ကျားဖြန့်လုပ်ငန်းတွေက ဖမ်းဆီး သိမ်းဆည်းမိတဲ့ သက်သေခံပစ္စည်းတွေနဲ့ လူတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေလက်ထဲ အပ်မယ်လို့ KNU ပြော
- လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ခိုလှုံခွင့်လျှောက်ထားတဲ့ မြန်မာဒုက္ခသည်တွေကို ပြန်စစ်ဆေးမယ်လို့ အမေရိကန်အစိုးရ ကြေညာ
- စစ်ကိုင်းတိုင်းက အဓိကကျတဲ့ နေရာတွေကို စစ်တပ်က အထိုင်ချ ထိန်းချုပ်လာနေ
- ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အဆိုပြုချက်သစ်ကို လာမယ့်အပတ် ရုရှားနဲ့ အမေရိကန် ဆွေးနွေးမယ်
- တရုတ်ပြည်မကြီးနဲ့ မပူးပေါင်းဘဲ ကိုယ်ပိုင်လွတ်လပ်ရေး ရဖို့ ထိုင်ဝမ်ရဲ့ ကြိုးပမ်းမှု အောင်မြင်မှာ မဟုတ်ဘူးလို့ တရုတ်ပြော
- ဟောင်ကောင်က အထပ်မြင့် တိုက်ခန်းတွဲတစ်ခု မီးလောင်မှုအတွင်း အနည်းဆုံး လူ ၁၃ ဦး သေဆုံး
- နိုင်ဂျီးရီးယားမြောက်ပိုင်းမှာ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသားအရေအတွက်နဲ့ ပတ်သက်လို့ သတင်းတွေ အမျိုးမျိုးထွက်နေ
- ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားမှာ ရေကြီးမှုတွေ ဆိုးဆိုးဝါးဝါး ကြုံတွေ့နေ
- ဗြိတိသျှ ပေါ့ပ်အဆိုတော် အယ်လ်တန် ဂျွန် မျက်စိကွယ်တဲ့ ဝေဒနာနဲ့ ရင်ဆိုင်နေရ
- အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေကို ယာယီ ခိုလှုံခွင့်ပြုတဲ့ (TPS) အစီအစဉ်ကို ရုတ်သိမ်းတော့မယ်လို့ အမေရိကန်အစိုးရက ကြေညာ
- ဘယ်လာရုစ် သမ္မတ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ဖို့ရှိ
- မသန်စွမ်း ကိုယ်စားလှယ်လောင်းတချို့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ်
- ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အဆိုပြုချက်ကို ယူကရိန်းဘက်က သဘောတူမယ်လို့ ယူဆကြောင်း အမေရိကန် ညှိနှိုင်းသူတွေပြော
- နိုင်ဂျီးရီးယားမြောက်ပိုင်းမှာ ပြန်ပေးမှုတွေ ဆက်တိုက်ဖြစ်ခဲ့အပြီး စီးပွားရေးမြို့တော် လေးဂေါ့စ်မှာ လုံခြုံရေးတွေ တိုးမြှင့်ချထား
- TSMC ထိုင်ဝမ်ကုမ္ပဏီရဲ့ ခေတ်မီနည်းပညာ အချက်အလက်တွေကို Intel အမေရိကန် ဆော့ဖ်ဝဲ ကုမ္ပဏီကြီးကို ပေးခဲ့မှုနဲ့ TSMC အကြီးတန်း အမှုဆောင်ဟောင်းတစ်ဦးကို TSMC ထိုင်ဝမ် ကုမ္ပဏီက တရားစွဲ
- ထိုင်းတောင်ပိုင်း ရေကြီးမှု ကယ်ဆယ်ရေးဆောင်ရွက်မှုတွေ ကူညီဖို့ ထိုင်းရေတပ်က လေယာဉ်တင် သင်္ဘောကြီးတစ်စင်းအပါအဝင် ကယ်ဆယ်ရေး သင်္ဘော အစင်း ၁၅ စင်းစေလွှတ်
- အီသီယိုပီးယားနိုင်ငံကလာတဲ့ မီးတောင် ပြာတွေကြောင့် အိန္ဒိယနိုင်ငံရဲ့ လေကြောင်းသွားလာမှုတွေကို ထိခိုက်
- DKBA တပ်စခန်းတစ်ခုကို KNLA ပူးပေါင်းတပ်တွေက စီးနင်း ပစ်ခတ်ခဲ့ပြီး တပ်ဖွဲ့ဝင်အချို့နဲ့ မိသားစုဝင်တွေကို ဖမ်းဆီးခဲ့
- စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို စစ်တပ်က မြေပြင်ကနေရော၊ လေကြောင်းကနေပါ နေ့စဉ် ပစ်ခတ်နေတာကြောင့် ထိခိုက် သေဆုံးမှုတွေ ရှိနေသလို လူသောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရ
- စစ်တပ် ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ နယ်စပ်ဂိတ်တွေက ဝင်လာတဲ့ ကုန်ကားမှန်သမျှ ဖမ်းဆီးဖို့ အမိန့် ထုတ်ပြန်ထား
- အမေရိကန်ကြားဝင် ညှိနှိုင်းနေတဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးပွဲ အခြေအနေ
- နိုင်ဂျီးရီးယားမြောက်ပိုင်းမှာ ပြန်ပေးဆွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့အပြီး ကျောင်းအားလုံး ပိတ်ထားလိုက်
- တောင်ကိုရီးယားမှာ အွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုကျူးလွန်တဲ့ အဖွဲ့ခေါင်းဆောင်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်
- ဘောလီးဝုဒ်ရုပ်ရှင် ရှိုးလေးမှာ စတန့်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့သူ ဒါမန်ဒရာ ဒီယိုလ် အသက် ၈၉ နှစ်အရွယ်မှာ ကွယ်လွန်
နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့ည ဘီဘီစီ မြန်မာရေဒီယို အစီအစဉ် - မင်းကင်းမြို့နယ်အတွင်း PDF တို့ ထိန်းချုပ်ထားတဲ့ ရွှေလုပ်ကွက်နေရာတွေကို စစ်တပ်က ဗုံးကြဲလို့ လူတွေ အထိအခိုက်များ
- ရုရှား ယူကရိန်း စစ်ပွဲ ရပ်စဲနိုင်ရေး အမေရိကန် အဆိုပြုချက်ကို ယူကရိန်း၊ အမေရိကန်နဲ့ ဥရောပက ကိုယ်စားလှယ်တွေ ဆွေးနွေးနေဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/liveradio
-----
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j
-----
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို
ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅
လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၃၂၅
တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ဘီဘီစီရဲ့ ရေဒီယိုနဲ့ ရုပ်သံအစီအစဥ်တွေကို Thaicom 6 ဂြိုဟ်တုကနေ ထပ်ဆင့်ထုတ်လွှင့်ပေးနေပါတယ်။ဒီထုတ်လွှင့်မှုတွေကို မြန်မာနိုင်ငံတွင်းကရော ထိုင်းနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကပါ ဖမ်းယူကြည့်ရှုနိုင်ကြပါတယ်။လူထုရဲ့ သတင်းလိုအပ်နေချိန်မှာ အရေးပေါ်အစီအစဥ်အဖြစ်နဲ့ အခုလို ထုတ်လွှင့်မှုကို လေးလကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ဖမ်းယူနိုင်မယ့် ဂြိုဟ်တုမီတာလှိုင်းနဲ့ ချိန်ရွယ်ဖမ်းယူရမယ့် အချက်အလက်တွေကတော့Satellite Thaicom 6Orbital position 78.5° EastFrequency 12687MHzPolarisation VerticalSymbol rate 30.000Msym/sFEC 5/6
Modulation DVB-S#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့ည ဘီဘီစီ မြန်မာရေဒီယို အစီအစဉ် - စစ်ကိုင်းတိုင်းမှာ NUG ရဲ့ ဝန်ကြီးချုပ်ခန့်တဲ့ ခြေလှမ်းက ဘာကို ရည်ရွယ်တာ ပါလဲ
- ယူကရိန်းစစ်ဆိုင်ရာ အမေရိကန်ရဲ့ အဆိုပြုချက်အပေါ် ယူကရိန်းရဲ့ မိတ်ဖက် ဥရောပနိုင်ငံတွေ ဆွေးနွေးနေကြဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/liveradio
-----
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j
-----
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို
ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅
လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၃၂၅
တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ဘီဘီစီရဲ့ ရေဒီယိုနဲ့ ရုပ်သံအစီအစဥ်တွေကို Thaicom 6 ဂြိုဟ်တုကနေ ထပ်ဆင့်ထုတ်လွှင့်ပေးနေပါတယ်။ဒီထုတ်လွှင့်မှုတွေကို မြန်မာနိုင်ငံတွင်းကရော ထိုင်းနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကပါ ဖမ်းယူကြည့်ရှုနိုင်ကြပါတယ်။လူထုရဲ့ သတင်းလိုအပ်နေချိန်မှာ အရေးပေါ်အစီအစဥ်အဖြစ်နဲ့ အခုလို ထုတ်လွှင့်မှုကို လေးလကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ဖမ်းယူနိုင်မယ့် ဂြိုဟ်တုမီတာလှိုင်းနဲ့ ချိန်ရွယ်ဖမ်းယူရမယ့် အချက်အလက်တွေကတော့Satellite Thaicom 6Orbital position 78.5° EastFrequency 12687MHzPolarisation VerticalSymbol rate 30.000Msym/sFEC 5/6
Modulation DVB-S#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
- ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်ရဲ့ အဆိုပြုချက်မူကြမ်းကို အမြန်ဆုံး လက်ခံဖို့ ယူကရိန်းကို ရုရှား တိုက်တွန်း
- မြဝတီမြို့နယ်ထဲက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ ရှိနေတဲ့ ကေကေပါ့ခ်ကို စစ်တပ်က စီးနင်း ဖျက်ဆီးခဲ့ပေမဲ့ ရွှေကုက္ကိုမြို့သစ်မှာတော့ လူတွေကို လိုက်လံဖမ်းဆီးတာတွေလောက်ပဲ လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြော
- မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကို တပ်ပိုင်ဘဏ္ဍာပစ္စည်းတချို့ တရားမဝင် ထုတ်ယူသွားပြီး တပ်ကိုပြန်မအပ်တာကြောင့် ဖမ်းဆီးထားကြောင်း NUG ထုတ်ပြန်
- ရွှေပြည်သာ သပိတ်ကော်မတီဝင် သုံးဦးကို ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃(က) နဲ့ အမှုငါးမှုစီ စွဲပြီး ထောင်ဒဏ်နှစ် ၄၀ ကျော်စီ ချမှတ်လိုက်
- နိုင်ဂျီးရီးယားမှာ ကက်သလစ် ခရစ်ယာန်စာသင်ကျောင်းတစ်ခုကနေ ကျောင်းသားတွေနဲ့ ဝန်ထမ်းအများအပြား ပြန်ပေးဆွဲခံရ
- ဂျပန်မှာ စီးပွားရေး တိုးမြှင့်ရေး အသုံးစရိတ် အများအပြား သုံးစွဲမယ့် စီမံကိန်း တစ်ခုကို ကက်ဘိနက် အတည်ပြု
- အစ္စရေးနဲ့ ဟားမတ်စ်အကြား အပစ်ရပ်သဘောတူချက် စအသက်ဝင်ခဲ့တဲ့ ပြီးခဲ့တဲ့လကတည်းကစလို့ ဂါဇာဒေသမှာ စစ်ပွဲနဲ့ဆက်နွှယ်နေတဲ့ ဖြစ်ရပ်တွေအတွင်း ကလေးငယ်ပေါင်း ၇၀ နီးပါး သေဆုံးခဲ့တယ်လို့ UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ပြော
- အလှူရှင်နိုင်ငံတွေဆီက အလှူငွေတွေ လျော့ကျလာတဲ့အတွက် ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့က အသုံးစရိတ် ငါးပုံတစ်ပုံ နီးပါး လျှော့ချမယ်လို့ ထုတ်ပြန်
- ဘင်္ဂလားဒေ့ရှ်မှာ ပြင်းအား ငါးဒဿမငါး ငလျင်အတွင်း လူ ငါးဦးသေဆုံး
အနာဂတ် ယူကရိန်း ငြိမ်းချမ်းရေး အတွက် ဘယ်လိုဆွေးနွေးမှုမျိုးမဆို ဥရောပ သမဂ္ဂနဲ့ ယူကရိန်း ပါရမယ်လို့ ဥရောပ နိုင်ငံခြားရေး ဝန်ကြီးတွေပြော
- တောင်ကိုရီးယားမှာ ပဲ့ထိန်းခန်းက ဝန်ထမ်း လက်ကိုင်ဖုန်းသုံးနေလို့ တိမ်းမှောက်ခဲ့တဲ့ သင်္ဘောနဲ့ ပတ်သက်လို့ ဝန်ထမ်း ၂ ယောက်ကို ဖမ်းဆီးထား
- ယူကရိန်းနိုင်ငံ အနောက်ပိုင်း Ternopil တားနိုပီးလ်မြို့က အထပ်မြင့် လူနေအဆောက်အအုံတွေပေါ်ကို ရုရှားက အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်ခဲ့မှုအတွင်း ပျောက်ဆုံးသူ အယောက် ၂၀ ကျော် ရှိတယ်လို့ သမ္မတ ဇလန်းစကီး ပြောတဲ့ သတင်းတွေ တင်ဆက်ပေးထားပါတယ်။
-----
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/liveradio
-----
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j
-----
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858
- ကျောင်းသား/ကျောင်းသူတွေ ကျောင်းအပ်နှံတဲ့အခါ သက်ဆိုင်ရာ တက္ကသိုလ်၊ ကျောင်းတချို့ကနေ ကြိုတင်မဲပေးထားကြောင်း အထောက်အထားပြသရမယ်လို့ ကိုယ်တိုင်ကြုံခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေက ပြန်ပြောပြလာပါတယ်။
- အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကနေ KNU နဲ့ KNPP ကနုတ်ထွက်သွားပါတယ်။ NUCC ဘာဆက်လုပ်မလဲ၊ NUCC အပေါ် ပြည်သူတွေနဲ့ တော်လှန်ရေးလုပ်နေသူတွေကရော ဘာတွေမျှော်လင့်ထားလဲ။
- ဗြိတိန်ဟာ ကာကွယ်ရေးမှာ အမေရိကန်ကို အားကိုးနေရတယ်လို့ အစီရင်ခံစာမှာ ဆိုထား
- ပိုလန်က ရုရှားကောင်စစ်ဝန်ရုံးကို ပိတ်လိုက်ပြီ
- ယူကရိန်းနိုင်ငံ အနောက်ပိုင်း Ternopil တားနိုပီးလ်မြို့က အထပ်မြင့် လူနေအဆောက်အအုံတွေပေါ်ကို ရုရှားက အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူအယောက် ၂၀ သေဆုံးတဲ့ သတင်းတွေ တင်ဆက်ပေးထားပါတယ်။
-----
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/liveradio
-----
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j
-----
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858
- ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်လို့ခေါ်တဲ့ ငွေလိမ်လုပ်ငန်းတွေကို အထူးစစ်ဆင်ရေးတစ်ရပ်အနေနဲ့ နှိမ်နင်းမယ်လို့ BGF ဘက်ကပြောလိုက်ပြီးနောက် မနေ့ကစပြီးကျားဖြန့်လုပ်ငန်းခေါင်းဆောင်တွေရော ကျားဖြန့် လုပ်ငန်းမှာပါဝင်နေသူတွေရော ထွက်ပြေးနေကြ။
- ဂါဇာအရေး အမေရိကန် အဆိုပြုချက်ကို ကုလ လုံခြုံရေးကောင်စီမှာ မဲခွဲအတည်ပြုနိုင်ခဲ့လို့ အစ္စရေးက ကြိုဆို
- တိုင်ဝမ်ကို စစ်ရေးအရ ဝင်ကူမယ်လို့ ဂျပန်ဝန်ကြီးချုပ်သစ်ရဲ့ ပြောကြားချက်ကို ပြန်ရုပ်သိမ်းပေးဖို့ တရုတ်တောင်းဆို
- တောင်ကိုရီးယားဟာ အမေရိကန် အကူအညီနဲ့ နျူကလီးယား ရေငုတ်သင်္ဘော တည်ဆောက်မယ့် အစီအစဉ်ကို မြောက်ကိုရီးယား ရှုတ်ချ
- ဖိလစ်ပိုင်မှာ သဘာဝဘေး ရံပုံငွေ အလွဲသုံးစားလုပ်မှုနဲ့ ပထမဆုံး စွဲချက်တင်မှုတွေ ရှိလာတဲ့ သတင်းတွေ တင်ဆက်ပေးထားပါတယ်။
-----
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/liveradio
-----
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j
-----
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858
မြန်မာ့အရေးအတွက် အာဆီယံအထူးသံတမန်နေရာကို ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးကို ခန့်အပ်ခဲ့ရာမှာ ဒီလို မြန်မာ့အရေးအထူးသံတမန်တွေ ခန့်အပ်မှုက လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ဘယ်လိုသက်ရောက်မှုရှိပါသလဲ။
- Freedom House အစီရင်ခံစာအရ မြန်မာဟာ တရုတ်နဲ့တန်းတူ အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံစာရင်းမှာပဲ ဆက်ရည်တည်နေတာကြောင့် စစ်ကောင်စီထိန်းချုပ်နယ်မြေတွေ တင်သာမက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာရော အင်တာနက်လွတ်လပ်ခွင့် ဘယ်လောက်အထိ ဆုံးရှုံးနေသလဲ။
- ရခိုင်ပြည်နယ်၊ ကျောက်ဖြူ၊ မင်းပြင် အရပ်မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုအပြင် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင်းလည်း အရပ်သားတွေ ထိခိုက်သေဆုံးမှု ရှိနေပါတယ်။
- မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ တောင်ကိုရီးယား ဘက်က အဆိုပြု
- တရုတ်ခရီးသွားတွေ လျော့ကျသွားလို့ ခရီးသွား ကုမ္ပဏီရှယ်ယာစျေးကျဆင်းလာတဲ့ သတင်းတွေ တင်ဆက်ပေးထားပါတယ်။
-----
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/liveradio
-----
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j
-----
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858
- ဗြိတိန်နိုင်ငံထဲ ရွှေ့ပြောင်းဝင်လာသူတွေ ထိန်းမနိုင်လောက်အောင် များလာနေတာကြောင့် ခိုလှုံခွင့်စနစ် တင်းကျပ်ဖို့ အစီအစဉ်ချမှတ်
- ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို ပူးပေါင်းနှိမ်နင်းရေး တိုးလုပ်ဆောင်ဖို့ တရုတ်၊ မြန်မာ အပါအဝင် ခြောက်နိုင်ငံ သဘောတူ
- TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်ကို စစ်တပ်ဆီ ပြန်လွှဲပေးမှာ ဖြစ်ပေမဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက ထိန်းချုပ်နယ်မြေကို ဆက်ကာကွယ်သွားမယ်လို့ ဆို
- စစ်ကိုင်းတိုင်းမှာ စစ်တပ်ရဲ့ မြေပြင်ရော လေကြောင်းနဲ့ပါ ဆက်တိုက် တိုက်ခိုက်မှုတွေကြောင့် ကျေးရွာပေါင်း ၂၀ လောက်က ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးနေရ
- ဖိလစ်ပိုင်မှာ အစိုးရတာဝန်ရှိသူ အတော်များများ ပါနေတဲ့ အဂတိလိုက်စားမှုအရှုပ်တော်ပုံကြီးကို တာဝန်ခံ ဖြေရှင်းပေးဖို့ လူသိန်းသောင်းချီ တောင်းဆို ဆန္ဒပြ
- အီကွေဒေါမှာ နိုင်ငံခြား စစ်စခန်းတွေ ပြန်အခြေစိုက်ခွင့်ပြုဖို့ အခြေခံဥပဒေ ပြင်သင့်မသင့် လူထုဆန္ဒခံယူပွဲ ကျင်းပနေ
- တရုတ်-ဂျပန် ဆက်ဆံရေးတင်းမာနေချိန် ဂျပန်ထိန်းချုပ်တဲ့ ကျွန်းစုတွေနားက ရေပြင်မှာ တရုတ်ကင်းလှည့်ရေယာဉ်တွေ ဖြတ်မောင်းခဲ့
- ကွန်ဖူးပညာ အစပြုရာ ရှောင်လင် တရုတ်ဘုံကျောင်းရဲ့ ကျောင်းထိုင်ဘုန်းကြီး ငွေအလွဲသုံးစားမှုနဲ့ ထိန်းသိမ်းခံရ
- ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်းရဲ့ အမှု စီရင်ချက်ချခါနီး တစ်ရက်အလို လုံခြုံရေးတွေ တိုးမြှင့် ချထားလိုက်
- ဘီဘီစီက တောင်းပန်ခဲ့ပေမဲ့ သမ္မတထရမ့်က လျော်ကြေး ဒေါ်လာ ၅ ဘီလျံအထိ တောင်းဖို့ ဘီဘီစီကို တရားစွဲမယ်လို့ ဆို
- အက်ပ်စတီးန်ဖိုင်တွဲတွေ ထုတ်ပြန်ဖို့ တောင်းဆိုနေတဲ့ ရီပတ်ဘလီကန် အမျိုးသမီးအမတ်အပေါ် ထောက်ခံမှု သမ္မတထရမ့် ပြန်ရုတ်သိမ်း
- လားရှိုးမှာ စစ်တပ်နဲ့ ကိုးကန့်တပ် MNDAA အကြား တင်းမာနေ
- မင်းကင်းမြို့နယ်ထဲက လောင်းပြည့်ရွာနားမှာ ရွှေမျောလုပ်ငန်းတွေ မလုပ်ဖို့ ဆန္ဒပြခဲ့ကြတဲ့ ဒေသခံတချို့ကို ဒေသကာကွယ်ရေး အဖွဲ့က ဖမ်းဆီး
- ကလေးမြို့ အဝင်အထွက် လမ်းပိုင်းတွေကို စစ်တပ်ကရော တော်လှန်ရေးတပ်ဖွဲ့တွေကပါ ပိတ်ဆို့ထားတဲ့အတွက် ဆေးဝါးပစ္စည်းတွေ ပြတ်လပ်နေ
- ကက်ရှ်မီးယားပြည်နယ် ရဲစခန်းတစ်ခုမှာ မတော်တဆ ပေါက်ကွဲမှုအတွက် သေဆုံးခဲ့သူ ၉ ဦးရဲ့ အလောင်းတွေဟာ ဘယ်သူတွေလဲဆိုတာကို ဖော်ထုတ်သိနိုင်ဖို့ အိန္ဒိယ အာဏာပိုင်တွေက ကြိုးစားနေ
- တရုတ်-ဂျပန် တင်းမာမှုတွေ တိုးလာခဲ့အပြီး တရုတ်နိုင်ငံသားတွေ ဂျပန်နိုင်ငံကို မသွားကြဖို့ တရုတ်အစိုးရက သတိပေး ညွှန်ကြားထား
- အမေရိကန်နိုင်ငံတွင်း နည်းပညာဝန်ထမ်းတွေအဖြစ် မြောက်ကိုရီးယားတွေ ယောင်ဆောင်အလုပ်လုပ်နိုင်အောင် ကူညီခဲ့သူတွေ လို့စွပ်စွဲခံထားရသူ ၅ ဦးက အပြစ်ရှိကြောင်း ဝန်ခံလျှောက်လဲ
-ကမ္ဘောဒီးယား-ထိုင်းနယ်စပ်မှာ မျောက်ဝံ ၈၁ ကောင် ခိုးထုတ်လာသူနှစ်ဦးကို ထိုင်းစစ်တပ် ဖမ်းဆီး
ဆူဒန် လူသတ်ပွဲကြီး ဖြစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှု စုံစမ်းဖို့ လူ့အခွင့်အရေးကောင်စီ အတည်ပြု
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာအမှု တနင်္လာနေ့မှာ စီရင်ချက် ချမယ်
ထိုင်းနဲ့ ပစ်ခတ်မှု ထပ်ဖြစ်ပြီးနောက် အရပ်သား သေဆုံးမှု ရှိတယ်လို့ ကမ္ဘောဒီးယား ပြော
ပါကစ္စတန် မြို့တော် တရားရုံးနား ပေါက်ကွဲမှုကြောင့် ၁၂ ယောက် သေဆုံး
အဖွဲ့အစည်း ဘက်လိုက်မှု မဟုတ်ကြောင်း နုတ်ထွက်မယ့် ဘီဘီစီသတင်းပိုင်း အကြီးအကဲ ပြောကြား
- Overflow Music Festival ဖျော်ဖြေပွဲ၊ စင်ပေါ်မှာ ညစ်ညမ်းစကားတွေပြောဆိုခဲ့တဲ့ အဆိုတော်တွေနဲ့ ပွဲစီစဉ်သူတွေသူအပြင် ရိုက်ကူးရေး အဖွဲ့သား စုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ စစ်ကော်မရှင် ထုတ်ပြန်
- စစ်တပ်က လက်လွှတ်ထားရတဲ့ မြို့အများအပြားရှိတဲ့ ချင်းပြည်နယ်ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းပြန်ထိုးပြီး အရေးပါတဲ့နေရာတချို့ကို သိမ်းယူ
- အောက်တိုဘာ ၂၆ ရက်ကနေ နိုဝင်ဘာ ၈ ရက်နေ့အထိ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၈ ခုမှာ စစ်တပ်ရဲ့လေကြောင်းကနေတမျိုး၊ လက်နက်ကြီးနဲ့တဖုံ ပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံးသူ ၂၃ ဦးခန့်ရှိပြီး ဒဏ်ရာရသူ ၅၀ နီးပါးရှိလာ
- စစ်မှုထမ်း သင်တန်း တက်ထားတဲ့ ၊ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပျူစောထီး ခေါင်းဆောင်တယောက် ညောင်လေးပင်မှာ အသတ်ခံရ ၁ဝ ယောက်ထပ်မနည်းရှိခဲ့
- ဖန်ဝေါင်း တိုင်ဖွန်းမုန်တိုင်း နက်ဖြန်မှာ ဖိလစ်ပိုင် လူဇုံကျွန်းကို ဝင်မယ်လို့ ခန့်မှန်းထား
- လွန်ခဲ့တဲ့ ၁ဝ နှစ်က အစ္စရေးစစ်သားအလောင်း ဟားမတ်စ်က ပြန်လွှဲပေးဖို့ စီစဉ်နေ
- အီရန်က ဒုတိယမြို့တော် မတ်ရှ်ဟတ်ဒ်မှာပါ ရေပေးဝေမှု ဖြတ်တောက် လျော့ချလာ
- ရုရှားစွမ်းအင်အဆောက်အုံတွေက ယူကရိန်းက တိုက်ခိုက်လို့ မြို့လူထုအမှောင်ထဲ နေနေရတယ်လို့ ဘဲဂါးရက်ဒ်မြို့တော်ဝန်က ပြောကြားတဲ့ သတင်းတွေ တင်ဆက်ပေးထားပါတယ်။
-----
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/liveradio
-----
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j
-----
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858
- မတ္တရာက ဆည်တော်ကြီးရေလှောင်တမံတဝိုက်ကို ပြန်ထိန်းချုပ်လိုက်ပြီလို့ စစ်ကော်မရှင် ဘက်က ထုတ်ပြန်ပေမယ့် အရေးပါတဲ့ မိုးကုတ်မြို့ကို ကာကွယ်ဖို့အတွက် တချို့ နေရာတွေမှာ တပ်အင်အားတွေ ပြောင်းရွှေ့ ထုတ်နှုတ်ရတာကြောင့် ဆုတ်ပေးလိုက်ရတာလို့ တော်လှန်ရေး အင်အားစုတွေဘက်က ပြော
- ၂၀၁၇ တုန်းက ဘိတ်ကနေ ရန်ကုန်အသွား ကပ္ပလီ ပင်လယ်ပြင်ပေါ် ပျက်ကျလို့ လူပေါင်း ၁၂၂ ယောက်သေဆုံးခဲ့ဖူးတဲ့ Y8 အမျိုးအစား Y8 F200W လေယာဉ်(၂) စီး နဲ့ ရုရှားထုတ် Mi 38 ရဟတ်ယာဉ်(၃) စီး ကို ဝယ်ယူကြောင်း ထုတ်ပြလာ
- ကေကေပတ်ခ် က ကျားဖြန့် ခေါ် (အွန်လိုင်းငွေလိမ်) လုပ်ငန်းနဲ့ ပတ်သက်သူတွေကို ရွှေ့ပြောင်း၊ လက်ခံခေါ်ယူတာတွေ မလုပ်ဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကျုံဒိုးမြို့နယ် အလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်
- ဖန်ဝေါင်း တိုင်ဖွန်းမုန်တိုင်း နက်ဖြန်မှာ ဖိလစ်ပိုင် လူဇုံကျွန်းကို ဝင်မယ်လို့ ခန့်မှန်းထား
- အင်ဒိုနီးရှားမှာ မနေ့ သောကြာနေ့က ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဆယ်ကျော်သက် ကျောင်းသားတယောက်ကို သံသယမှုနဲ့ စစ်ဆေးနေ
- ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကြား ဆွေးနွေးပွဲ မအောင်မြင်ပေမယ့် အပစ်ရပ် ဆက်ထိန်းထား
- အီရန်မှာ ရေအရင်းအမြစ် ရှားလာလို့ ရေပေးဝေမှု ဖြတ်တောက် လျော့ချလာ
- ရုရှားစွမ်းအင်ကဏ္ဍကို အရေးယူပိတ်ဆို့မှု တိုးလုပ်ဖို့ ယူကရိန်းသမ္မတ ပန်ကြာလိုက်တဲ့ သတင်းတွေ တင်ဆက်ပေးထားပါတယ်။
-----
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/liveradio
-----
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j
-----
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858





မင်္ဂလာပါ
thanks BBC