Discoverဥာဏ်သူပုန်ရေဒီယို
ဥာဏ်သူပုန်ရေဒီယို
Claim Ownership

ဥာဏ်သူပုန်ရေဒီယို

Author: Rebel_Wisdom

Subscribed: 0Played: 0
Share

Description

သိန်းဖေနှင့်မောင်ရင် တင်ဆက်သည်
14 Episodes
Reverse
ဥာဏ်သူပုန်ရဲ့ အစီစဥ◌်အသစ်တစ်ခုဖြစ်တဲ့ ဖောင်းထုစရာအဖြာဖြာဆိုတဲ့ မောင်ရင် တို့ သိန်းဖေတို့ ကြုံဆုံခဲ့ရတဲ့ ပြောခွင့်မသာခဲ့တဲ့ မြန့်မာလူ့အဖွဲ့စည်း မြင်သင့်ကြားသင့် တွေးသင့်တာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မောင်ရင် တစ်ယောက် သတ္တိကြီးကြီးနဲ့ ဘာသာရေးဂျင်းကိစ္စကို ဥာဏ်သူပုန်ထလိုက်တာ သိန်းဖေတောင် မျက်ခုံး တစ်ချက်လှုပ်ရပါတယ်ဗျာ ။ နားဆင်ကြပါအုံး ဗျို့
ဥာဏ်သူပုန် ရေဒီယို အပိုင်း ၂ ဖြစ်ပါတယ်ဗျာ။ ငယ်ဘဝပညာရပ်ဝန်းမှာတွေ့ထိ မြင်မိ ခံစားခဲ့ရသမျှ ဥာဏ်သူပုန်မိတ်ဆွေများနဲ့ဝေမျှလိုက်ရပါတယ်။ ကျုပ်တို့ခင်ဗျားတို့ ကြုံတွေကြရတဲ့ အဖြူစိမ်းဝတ် ပညာရေး ပုလိပ်သဖွယ် ဆရာ/ဆရာမဆိုသူတွေနဲ့ ကလေးကို နာနာရိုက်ဖို့မှာခဲ့တဲ့ မိဘတွေကြား ခံစားခဲ့ရတွေ ငယ်ဘဝတွေအကြောင်း ဥာဏ်သူပုန်ထလိုက်ရပါတယ်။
ဥာဏ်သူပုန်‌ ရေဒီယို အပိုင်း ၁ ဖြစ်ပါတယ်။ ဥာဏ်သူပုန်မိတ်ဆွေများခင်ဗျာ သိန်းဖေနဲ့ မောင်ရင် ရဲ့ ကောင်းနိုးရာရာလုပ်ရပ်များထဲက တစ်ခုဆိုလည်းမမှားပါဘူး။ အားလုံးအုံကြွ ဥာဏ်ပုန်ထဖို့အတွက် အလွန်အင်မတန်မှ အရေးကြီးတဲ့ ခေတ်ကာလကြီးကို ရင်ဆိုင်ဖြတ်သန်းနေကြရတာဖြစ်ပါတယ်။  ကျုပ်တို့ ရှေ့မျိုးဆက်များပေးခဲ့တဲ့ ဆိုးမွေ များမှ လွတ်ကင်းနိုင်ဖို့ ကျုပ်တို့နဲ့အတူ ဥာဏ်သူပုန်ထကြပါစို့ဗျာ။----more----
ဒီအပိုင်းမှာတော့ ကစ်ကစ်တစ်ယောက် ဘာသာရေး၊ လူမှုရေး ပဋိပက္ခတွေမှာ ကိုယ်တိုင်ကိုယ်ကျဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ၊ ဘာသာရေးအရေခြုံတို့ရဲ့ လုပ်စားခွင်တွေအကြောင်းနဲ့ ဘာသာရေးနွယ်တဲ့ အယူသီးမှုတွေအကြောင်းကို ပယ်ပယ်နှယ်နှယ် ဆွေးနွေးပြောဆိုထားပါတယ် မိတ်ဆွေတို့။
ဉာဏ်သူပုန်ကို နားဆင်ကြရတဲ့ မိတ်ဆွေများထဲက လူငယ်တက်ကြွလှုပ်ရှားသူ၊ LGBTQ အဖြစ် ရဲရဲဝံ့ဝံ့ ဖွင့်ထုတ်ပြောဆိုထားသူ ကစ်ကစ်နဲ့ မေးမြန်းဆွေးနွေးထားပါတယ်။ ကစ်ကစ်ရဲ့ ငယ်ဘဝဟာ ဘာသာရေးအကဲပိုတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရပေမဲ့ ဘယ်လို သူပုန်ထဖောက်ထွက်ဆင်ခြင်ခဲ့ရတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ကြားသိကြရမှာ ဖြစ်ပါတယ်။
ငယ်ဘဝမှာ  ဘာသာရေးဓလေ့တွေနဲ့ ကိုယ်တွေကို ချုပ်ခြယ်မောင်းသွင်းပြီး လက်ရှိပစ္စက္ခမှာ မှိုင်းတိုက် ဂုတ်သွေးစုပ်နေတဲ့ အသိုင်းအဝိုင်းတွေအကြောင်းကို မောင်ရင်က တက်တက်ကြွကြွဆွေးနွေးထားပါတယ်။ 
အပိုင်း ၁ မှာတော့ ဘဝထဲက ဆူးတွေ ဘယ်လောက်များများရှိခဲ့ကြသလဲဆိုတာကို မိတ်ဆွေတို့ သုံးသပ်မိကြမယ်ထင်ပါတယ်။ ဒီအပိုင်း ၂ မှာတော့ ကျုပ်တို့မိတ်ဆွေအတွက် မှတ်သားမိသလောက် သတိပြုသင့်တာလေး ၊ ဥာဏ်နဲ့ယှဥ◌်ပြီး ထိန်းကျောင်းသင့်တာလေးများ အခွင့်သင့်လို့ ထည့်သွင်းဖော်ပြလိုက်ပါတယ်ဗျာ။ နားဆင်တော်မူကြပါအုံး။
ဉာဏ်သူပုန်မိတ်ဆွေတို့ရေ မဂ်လာပါ ။ ဆူးများကိုထွင်နှုတ်ခြင်းဆိုတဲ့ ကျုပ်တို့ကြီးပြင်းကျင်လည်ရာ ခေတ်စနစ်က ပေးတဲ့ စိတ်ဒဏ်ရာ ဆူးတွေကို ကုစားကြဖို့ လိုအပ်နေပြီ လို့ ယုံကြည်တဲ့အတွက် ဒီတစ်ပတ် တမူထူးတဲ့ " ဆူးများကို နှုတ်ထွင်ခြင်း " အပိုင်း ၁ ကို တင်ဆက်လိုက်ရပါတယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ ဆူးတစ်ချောင်းပေါက်ရပြန်တယ်ဆိုတဲ့ အသုံးနှုန်းလေးကို ကိုးကားပြီး စိတ်ကျန်းမာရေး နယ်ပယ်က ပညာရှင်များနဲ့ တိုင်ပင်နှီးနှောပြီး တင်ဆက်လိုက်ရပါတယ်။  အပိုင်း ၂ ပိုင်းရှိတာမို့ စိတ်အေးလက်အေး နားဆက်ကြပါအုံးဗျာ။
ဥာဏ်သူပုန် မိတ်ဆွေတို့ရေ ၂၀၂၂ ခုနှစ်ကတော့ နှုတ်ဆက်သွားခဲ့ပါပြီ။ ကျုပ်တို့ ခင်ဗျားတို့မှာလည်း လူငယ်ဘဝကို သူပုန်ထရင် ဖြတ်သန်းနေကြရလို့ ဘဝထဲ ပျော်စရာလေးတွေတောင် မရှိသလောက် ရှားကုန်ကြတဲ့ ခေတ်ဆိုးထဲ ချစ်စရာ သရော်တတ်တဲ့ အလေ့စရိုက်တွေနဲ့ လူ့အဖွဲ့စည်းဟန်ချက် ဘယ်လိုအချိုးကျ အရေးကြီးတယ်ဆိုတာ မိတ်ဆွေကြီး မောင်ရင် ဥာဏ်သူပုန်ထချက်ကတော့ သိန်းဖေ တောင် မှင်သက်ရပါတယ်တဲ့။ နားဆင်ကြပါအုံးဗျာ။
ဒီအပိုင်း ၇ ကိုတော့ ကျုပ်တို့ မောင်ရင်တို့ ကမ္ဘာ ဖလားပွဲကြည့်ရင် အကြံပေါ်ခဲ့ပုံပါပဲ။ ကမ္ဘာတစ်ဝှမ်းက လူသားတွေ တူညီတဲ့ပန်းတိုင်တစ်ခုပေါ် ရင်ခုန်ကြခြင်းဟာလူသားမျိုးနွယ်ရဲ့ ခရီးရောက်ခဲ့ပုံက အောချလောက်ပါတယ်။ ဒါအပြင် ကဗျာအိုးဝေနဲ့ တစ်ခေတ်ဆန်းခဲ့တဲ့ အဘငြိမ်းဝေကိုမိတ်ဆက်ရင်း မောင်ရင် ဟောပြောသမျှ ဥာဏ်သူပုန်မိတ်ဆွေများ နားဆင်ကြပါအုံးဗျို့။
အပိုင်း ၆ ကို ဂုဏ်ယူစွာတင်ဆက်လိုက်ပါတယ်။ ကျုပ်တို့ ရှောင်မရတဲ့ ကိစ္စကတော့ ဝါသနာပဲဗျ။ ဘာကိုမှ ဝါသနာမပါချင်တာကိုက အချို့မိတ်ဆွေတွေရဲ့ ဝါသနာဖြစ်နေနိုင်တာကိုး။ ဝါသနာ ဆိုတဲ့ကိစ္စကို အကျယ်တဝင့် ဥာဏ်သူပုန်ထဖြစ်ခဲ့ပါတယ်။ အာကသ ထဲ သွားချင်တဲ့ မျိုးဆက်ဟာ စာပေးစာယူ ဆိုတဲ့ ဘာအဓိပ္ပါယ်မှန်း မသိတဲ့ ပညာရေးစနစ်ထဲ နစ်မွန်းခဲ့ရတာ တရားခံဟာ ဘယ်သူပါလဲဗျာ နားဆင်ကြပါအုံးဗျို့ ။
ဥာဏ်သူပုန်ရဲ့ အပိုင်း ၄ - ဒုတိယတွဲဖြစ်ပါတယ်ဗျာ အများကြီး ထပ်မညွှန်းတော့ပါဘူး ခင်ဗျားတို့ကြိုက်လို့တောင် ဒီအထိ နားထောင်ခဲ့ကြတာပဲ။  နားဆင်ကြပါအုံးခင်ဗျာ။        
အပိုင်း ၄ ဖြစ်ပါတယ် ခင်ဗျ။ မိတ်ဆွေများခင်ဗျာ ပေါ်လစီ စစ်ကားများနဲ့ကြီးခဲ့တဲ့ ကျုပ်ကတော့ စစ်သားကြီး ကြိတ်မှာကြောက်လို့ ကိုယ့်အိမ်တောင် ကိုယ်မအိပ်ရဲပါဘူးဗျာ။ ဒီလို အလိမ်အညာ အဆင့်အတမ်းနိမ့်ပါသော အနုပညာရပ်ဝန်း ကြီးထဲ ကြီးပြင်းခဲ့ကြရသူတွေ အတွက် ဥာဏ်သူပုန်ထဖို့ တိုင်ပင်ဖြစ်ခဲ့ပါတယ်။  ရုပ်ရှင် ဖန်တီးသူ နဲ့ ဓာတ်ပုံဆရာ မောက်ခမ်းဝါ နဲ့ မောင်ရင် တို့ ရုပ်ရှင်နယ်ပယ် ကိစ္စအဝဝ ကိုလူငယ် ရှုပ်ထောင့်က သုံးသပ်ဖြစ်သမျှကို ဥာဏ်သူပုန်နားဆင်သူများ အတွက် ဝေမျှလိုက်ရပါတယ်။
မိတ်ဆွေများခင်ဗျာ ဒစ်ဂျစ်တယ်လုံခြုံရေးဟာ ခင်ဗျားတို့ ကျုပ်တို့ ပျော်ရွှင်မှုနဲ့ ထပ်တူကျပါတယ်။ ဒစ်ဂျစ်တယ်ခေတ်ဆိုးကြီးအကြောင်း  ဥာဏ်သူပုန်ထသူက တော့ သိန်းဖေဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဒစ်ဂျစ်တယ်အခွင့်ရေးချိုးဖောက် အုပ်ချုပ်တဲ့ အစိုးရ အရပ်ရပ်နဲ့ ပညာရေး နယ်ပယ်က လူ့အန္ဓတွေကြောင့် တုံးအခဲ့ရတဲ့ သိန်းဖေတို့ မျိုးဆက်တစ်ခုအကြောင်း ပြန်လည်တွေးရင်း သူပုန်ထခြင်းပါပဲ....နားဆင်ကြပါအုံးဗျို့။
Comments