ကျောင်းဖွင့်ချိန် (တာရာမင်းဝေး)
Update: 2021-07-06
Description
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေး အခန်းမှာ
ဟစ်တလာရုပ်ထုကို
သူတို့ ထုဆစ်နေကြတယ်။
သူတို့ဟာ....
ရုပ်ထုရဲ့ ရှေ့မှာ ကျိန်စာတွေ ရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်တစ်တောင့် ထွက်ကျလာတယ်။
သူတို့ဟာ...
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆန်နဲ့
`ကျောင်းဖွင့်ပြီ´ ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှါစွာ
ဖိတ်ခေါ်ကြပါပြီ။
မော်ကွန်းထိန်းသိမ်းရေး အခန်းမှာ
ဟစ်တလာရုပ်ထုကို
သူတို့ ထုဆစ်နေကြတယ်။
သူတို့ဟာ....
ရုပ်ထုရဲ့ ရှေ့မှာ ကျိန်စာတွေ ရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်တစ်တောင့် ထွက်ကျလာတယ်။
သူတို့ဟာ...
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆန်နဲ့
`ကျောင်းဖွင့်ပြီ´ ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှါစွာ
ဖိတ်ခေါ်ကြပါပြီ။
Comments
In Channel