တရုတ်နိုင်ငံရဲ့ ရိုးရာဓလေ့ဖခင်ကြီး မုံ့ကျီ ✨
Description
တရုတ်အတွေးအခေါ်ပညာရှင်ကြီး မုံ့ကျီဟာ ကွန်ဖြူးရှပ်နဲ့ ခေတ်ပြိုင်ပေါ်ပေါက်ခဲ့သူဖြစ်ပြီး ထင်ရှားကျော်ကြားတဲ့ တရုတ်ပညာရှိကြီးတစ်ပါး ဖြစ်ပါတယ်။ မုံ့ကျီဟာ ငယ်စဉ်ကတည်းက ကွန်ဖြူးရှပ်ဝါဒကိုစိတ်ဝင်စားခဲ့သူ ဖြစ်တာကြောင့် ကွန်ဖြူးရှပ်ရဲ့ ဇာတိမြေကို သွားရောက်ခဲ့ကာ ကွန်ဖြူးရှပ်ရဲ့ မြေးတော်သူ ကျီစစ်းထံမှာ တပည့်အဖြစ်ခံယူရင်း ပညာဆည်းပူးခဲ့သူပါ။ မုံ့ကျီဟာ လူတွေရဲ့ပင်ကိုယ်စိတ်ဟာ ဖြူစင်ရိုးသားတယ်ဆိုတဲ့ အယူအဆကို ကိုင်စွဲခဲ့သူဖြစ်ပြီး စစ်မက်တွေနဲ့ ကြမ်းတမ်းရက်စက်မှုတွေကို ရပ်တန့်ဖို့လည်းကြိုးစားခဲ့ပါတယ်။ ပညာရှိ မုံ့ကျီဟာ နိုင်ငံတွေလှည့်ပတ်သွားလာကာ ဘုရင်များနဲ့ တွေ့ဆုံပြီး သူ့ရဲ့ မေတ္တာနဲ့ အုပ်ချုပ်စေတဲ့ အယူဝါဒထွန်းကားကာ မင်းကျင့်တရားကို အလေးထားလာစေရေး ကို မရပ်မနားအားထုတ်ခဲ့ပါတယ်။ တရုတ်အတွေးအခေါ်ပညာရှင်ကြီး မုံ့ကျီအကြောင်းကိုတော့ Z-Lann ဇာတ်လမ်းရဲ့ ဂန္ထဝင်စာဆိုတော်များ အစီအစဉ်ကနေ အပြည့်အစုံတင်ဆက်ပေးထားတာမို့လို့ ဒီဗီဒီယိုလေးထဲမှာ အားပေးကြည့်ရှုနိုင်ပါတယ်။
ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့် နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။
YouTube: https://youtu.be/O1o-OWyRQvU
Podcast: https://podcasters.spotify.com/pod/show/z-lann Facebook Group: https://www.facebook.com/groups/zlann/