DiscoverMyanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)Episode #18: ကိုတေဇာဆန်းနှင့်ပုံပြင်ဆန်သောဘ၀များ
Episode #18: ကိုတေဇာဆန်းနှင့်ပုံပြင်ဆန်သောဘ၀များ

Episode #18: ကိုတေဇာဆန်းနှင့်ပုံပြင်ဆန်သောဘ၀များ

Update: 2022-10-22
Share

Description

ကိုတေဇာဆန်းဟု ဆိုလျှင် တန်းမြင်ရမည်ကား သူ့အပြုံး။ အမြဲ တက်ကြွလန်းဆန်းနေပြီး အရာရာကို နှိုင်းယှဉ်သုံးသပ်တတ်သူ။ အမှန်တရားအတွက်နှင့် အများအကျိုးရှိမည်ဆိုလျှင် သူ့ပညာရေး စီးပွားရေးက ဒုတိယ။ ထို့သို့သော စိတ်စေတနာတွေကြောင့် စစ်ကောင်စီ၏ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးခြင်းမှ ခဏခဏ လွတ်သူ။ မြန်မာပြည်အနှံ ခြေဆန့်ပြီး ဘ၀များစွာနဲ့ ထိတွေ့နေသူ။

သူ၏ ခံယူချက်၊ အတွေးအမြင်များနှင့် လုပ်ဆောင်ချက်များက လေးစားစရာကောင်းသည်။ ပိုမိုလေးစားရသည့်အကြောင်းကား သူ၏ နိမ့်ချတတ်မှု။ စကားပြောယဉ်ကျေးသည်။ ပွင့်လင်းသည်။ သူ့၏စိတ်ဓာတ်ကို စကားပြောကြည့်လျှင် သိနိုင်သည်။


ပြည်သူအများ စိတ်၀င်စားလျက်ရှိသော NUCC ၏လုပ်ဆောင်ချက်များကို တစေ့တစောင်း ပြောပြသွားသည်။ နိုင်ငံ၏ ယေဘုယျအခြေအနေနှင့် အဖြစ်အပျက်များကို အကြမ်းဖျင်းပြောပြသွားသည်။ ပြည်သူတွေရဲ့ ခံစားချက်ကို သူပြန်ပြောင်းပြောပြသည်မှာ ၀မ်းသာ၀မ်းနည်းပင်။ အိမ်မီးရှို့ခံရသူ ပြည်သူတွေရဲ့ စကားတိုင်းမှာ နောက်တွန့်ခြင်း ကြောက်ရွံခြင်း အလျင်းမရှိ၊ တော်လှန်ရေး အောင်မြင်ဖို့ရာ တထောင့်တနေရာမှ ပေးဆပ်လိုက်သည်ဟူသာ ခံယူထားကြသည်ဟု ဆိုသည်။ အခက်အခဲ ဒုက္ခမျိုးစုံနှင့်နပန်းလုံးနေသောပြည်သူ‌များ၏ မာကျောသောစိတ်ဓာတ်၊ ပြင်းပြသော စိတ်ဓာတ်တွေကြောင့် တော်လှန်ရေးက အောင်ကိုအောင်မည်ဟု ကိုတေဇာဆန်းယုံကြည်လျက်ရှိသည်။ ကျတော်တို့ တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်မှလည်း ယုံကြည်ဆန္ဒပြုရင်း ကိုတေဇာဆန်း၏ podcast ကို နားဆင်နိုင်ပြီဖြစ်ပါသည်။

Comments 
loading
In Channel
loading
00:00
00:00
1.0x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

Episode #18: ကိုတေဇာဆန်းနှင့်ပုံပြင်ဆန်သောဘ၀များ

Episode #18: ကိုတေဇာဆန်းနှင့်ပုံပြင်ဆန်သောဘ၀များ

Insight Myanmar