DiscoverMyanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)Episode #27: ကြယ်ငါးကောက်သူနှင့် ကြယ်ကြွေနိုင်ငံ(၁)
Episode #27: ကြယ်ငါးကောက်သူနှင့် ကြယ်ကြွေနိုင်ငံ(၁)

Episode #27: ကြယ်ငါးကောက်သူနှင့် ကြယ်ကြွေနိုင်ငံ(၁)

Update: 2023-01-29
Share

Description

ဆရာဇင်ဇေလွင်၊ မှန်တယ်ထင်ရင် လူတိုင်းကို

သူတင်ကိုယ်တင် ပြောတတ်သူ၊ စာပေကို မြတ်နိုးပြီး မိမိကြိုးစားမှုဖြင့် မိမိဘ၀ကို ပြုပြင်ပြောင်းမနိုင်သည်ဟု ယုံကြည်တတ်သူ၊ ပညာကို လေးစားပြီး ပညာဖြင့် အသက်မွေး၀မ်းကြောင်းပြုရင်း နာမည်တစ်လုံးဖြင့် ရပ်တည်နိုင်သူတဦး။


ဆရာဇင်ဇေလွင်ဟာ တချိန်က စစ်ကောင်စီကို ဆွေးနွေးညှိုနှိုင်းပြီး တရားမ၀င် အာဏာသိမ်းမှုကို အဆုံးသတ်နိုင်သည်ဟု ယုံကြည်ဖူးသည်။ ကိုယ့်ဘ၀ကိုယ် ပြောင်းလဲနိုင်စွမ်းသည် အစိုးရတွင် မရှိဘဲ မိမိကိုယ်တိုင်တွင်သာ ရှိသည်ဟု လက်ခံပြီး ဘ၀ကို ရုန်းကန်တည်ဆောက်ခဲ့သူမို့ ကိုယ့်စိတ်ဖြင့် စစ်တပ်ကို နှိုင်းပေးခဲ့သည်။ သို့သော် သူမျှော်လင့်ထားသလောက် မြန်မာစစ်တပ်တွင် အတွေးအခေါ် အမျှော်အမြင်မရှိကား အစအနပင် မရှိပေ။


ဆရာဇင်ဇေလွင်၏ ပြောင်းလဲပြုပြင်တတ်သည့်စိတ်ထားကို ကျတော်တို့‌ podcast တွင် လေးစားဖွယ်တွေ့ရသည်။ ယခု နွေဦးတော်လှန်ရေးတွင် ဆရာသည် ခံယူချက်အချို့ကို အတွေ့အကြုံနှင့် သုံးသပ်ချက်အပေါ်မူတည်ပြီး လက်ခံပြောင်းလဲတတ်သည်ကိုလည်း မြင်ရသည်။


တိုင်းရင်းသားပြည်သူများနှင့် လက်နက်ကိုင် းအဖွဲ့အစည်းများက ဗမာလူမျိုး၏ လူစွမ်းကောင်းဝါဒကို ကြောက်သည်။ ကောက်ရိုးမီးစိတ်ဓာတ်ကို ကြောက်သည်။ ထို့ကြောင့် ဗမာလူထုဟာ စစ်တပ်အမြစ်မပြတ်မချင်း ရှေ့ဆက်မည်လော ဟူသည့် အတွေးရှိသည်။ ထိုအတွေးအခေါ်ကို ချေဖျက်နိုင်သည်မှာ ပြည်သူလူထု၏ တော်လှန်ရေးအပေါ် တစိုက်မတ်မတ် အားစိုက်တတ်ခြင်းသည်သာလျှင်ရှိသည်ဟု ဆရာဇင်ဇေလွင် ပြောသည်။


နွေဦးတော်လှန်ရေးအတွက် ဆရာဇင်‌ဇေလွင်ပြောပြသော အတွေ့အကြုံ အတွေးအခေါ်နှင့် အချက်အလက်များသည် အလွန်တန်ဖိုးရှိပြီး အထောက်အကူပြုသောကြောင့် ဆက်ဆက်နားဆင်ပေးရန် ကျတော်တို့


တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည်မှ တိုက်တွန်းတင်ဆက်လိုက်ရပါတယ်။

Comments 
In Channel
loading
00:00
00:00
x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

Episode #27: ကြယ်ငါးကောက်သူနှင့် ကြယ်ကြွေနိုင်ငံ(၁)

Episode #27: ကြယ်ငါးကောက်သူနှင့် ကြယ်ကြွေနိုင်ငံ(၁)

Insight Myanmar