DiscoverThe Irrawaddy Newscast - Burmese Edition
The Irrawaddy Newscast - Burmese Edition
Claim Ownership

The Irrawaddy Newscast - Burmese Edition

Author: The Irrawaddy

Subscribed: 85Played: 1,169
Share

Description

The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။
319 Episodes
Reverse
ဒီတပတ်ရဲ့ ပြည်သူ့စစ်သား ရင်တွင်းစကား အစီစဉ်မှာတော့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ်ကနေ လက်နက်နဲ့ အတူ CDM ပြုလုပ်ခဲ့တဲ့ တပ်သားတဦးက သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ တပ်တွင်းက အခြေအနေတွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ အဖမ်းအဆီးတွေကြောင့် ထိုင်းကွန်ဒိုတွေ အဝယ်ရပ်သွားမလားနဲ့ တရုတ်လို အင်တာနက်အလုံးစုံထိန်းချုပ်ရေး စစ်ကောင်စီ တည်ဆောက်နိုင်မလား စတဲ့အကြောင်းတွေ ဆွေးနွေးသုံးသပ်ထားပါတယ်။
စစ်ဗိုလ်ချုပ်တွေ ဘယ်လို ထွက်ပေါက် ရှာနေသလဲ
ဒီတပတ်စနေစကားဝိုင်းမှာ လတ်တလော ကျပ်ငွေတန်ဘိုး တဟုန်ထိုး ကျဆင်းနေရတဲ့အကြောင်း စီးပွားရေးပညာရှင် ဦးစိန်ဌေးရဲ့ သုံးသပ်ချက်နဲ့ ဉာဏ်ပညာကြီးကြီး တည်တည်ငြိမ်ငြိမ် ကိုင်တွယ်ဖြေရှင်းရမယ့် ရခိုင်-ရိုဟင်ဂျာ ပဋိပက္ခအကြောင်းတွေကို နားဆင်နိုင်ပါတယ်။
ဒီတပတ်ရဲ့ ပြည်သူ့စစ်သား ရင်တွင်းစကား အစီစဉ်မှာတော့ စစ်ကောင်စီက သူရဲ့ မြောက်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ် မကျဖို့ နဲ့ ရခိုင်စစ်မြေပြင်မှာ ဘယ်လို တန်ပြန်တိုက်ခိုက်မှုတွေ လုပ်လာမလဲ၊ ရှေ့တန်းသွားရမယ်ဆိုတဲ့ အသံကြားတာနဲ့ သွေးပျက်နေတဲ့ စစ်ကောင်စီ တပ်သားတွေ စတဲ့ အကြောင်းအရာတွေကို နာဆင်နိုင်ပါပြီ။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာ ဒေသတွေ အပါအဝင် အညာဒေသမှာ လေကြောင်းနဲ့ ဗုံးကြဲတာ၊ စက်သေနတ်နဲ့ ပစ်ခတ်တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေကို ပြုလုပ်လာတဲ့အကြောင်း၊ စစ်ကောင်စီက လေယာဉ်ဆီရဖို့အတွက် ဘယ်လိုလမ်းကြောင်းတွေက သယ်ယူလာနိုင်လဲ စတဲ့ အကြောင်းအရာတွေကို အခုတပတ်ရဲ့ "ပြည်သူ့စစ်သားရင်တွင်းစကား အစီစဥ်" မှာ နားဆင်ရမှာဖြစ်ပါတယ်။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ကရင် BGF ထိန်းချုပ်နယ်မြေထဲက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တကယ်နှိမ်နင်းမှာလား၊ ကွယ်လွန်သူ ဒူကဘာ ဂွ ခေါ် ဒုဗိုလ်ချုပ်ကြီး အာရ်ခေါင်လွမ်း အမှတ်တရ အဆိုတော် မွန်းအောင်ရဲ့ အလွမ်းတွေကို နားဆင်နိုင်ကြပါတယ်။
သက်ဆင်နဲ့ ဟွန်ဆန်ရဲ့ မြန်မာ့အရေးကြားဝင်မှု အလုပ်ဖြစ်မှာမဟုတ်
စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်းကြီးတွေကို KIA က ထပ်မံသိမ်းပိုက်လိုက်မှု၊ စစ်ကောင်စီအတွက် သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တွေ မလုံလောက်တော့ဘူးလား၊ စစ်မှုထမ်းဟောင်းတွေပါ စစ်မှုမထမ်းချင်လို့ ထွက်ပြေးတိမ်းရှောင်နေရပြီ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ မြန်မာ့အရေး ချဉ်းကပ်လာတဲ့ ဟွန်ဆန်နဲ့ သက်ဆင်တို့ရဲ့ ခြေလှမ်းများ၊ အရှိန်မြင့်လာနေတဲ့ စစ်ကောင်စီဆန့်ကျင်ရေး စစ်ပွဲအပေါ် ဒေါ်မီမီဝင်းဘတ်ရဲ့ သုံးသပ်ချက်တွေကို နားဆင်နိုင်ပါတယ်။
မြဝတီ အခြေအနေဟာ အဖြူ၊ အမဲ မသဲကွဲသေးတဲ့ အနေအထားဖြစ်တယ်
ဒီတပတ်ရဲ့ ပြည်သူ့စစ်သားရင်တွင်းစကား အစီစဉ်မှာ ပြည်သူတွေကြား လှုပ်လှုပ်ခတ်ခတ်နဲ့ စိုးရိမ်ပူပန်မှု၊ ဝေဖန်မှုတွေ ဖြစ်နေတဲ့ မြဝတီအခြေအနေ၊ အပတ်စဉ် ၂ စစ်သင်တန်းအတွက် အတင်းအဓမ္မ စုဆောင်းမှုတွေ လုပ်လာတဲ့အကြောင်း၊ စစ်မှုမထမ်းချင်တဲ့သူတွေ အနေနဲ့ ဘာတွေ သိထားသင့်လဲ စတဲ့ ဆွေးနွေးချက်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
ဒီတပတ် စနေစကားဝိုင်းမှာ စောချစ်သူ ပဲ ဆက်လုပ်မယ်ဆိုတာ ကရင်အချင်းချင်းပြန်ပစ်ဖို့လားနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရော သတင်းလွတ်လပ်ခွင့် အာမခံမှာလား စတဲ့ အကြောင်းတွေ ဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်။
စစ်ခေါင်းဆောင်နဲ့ ဒုစစ်ခေါင်းဆောင်တို့ကြားက ပိုမိုပြင်းထန်လာတဲ့ အကွဲအပြဲ၊ အာဏာလုဖို့ ကြံစည်လို့ ဖမ်းဆီးခံလိုက်ရတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်ခေါင်းဆောင်တွေ သွားလေရာ ဘေးထိနေပြီလား၊ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်း မြဝတီကို ရောက်နိုင်မလား စတဲ့ ဆွေးနွေးချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပြီ။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် အပြောင်းအရွှေ့သတင်းမှားကို စစ်ကောင်စီ ဘာကြောင့်ထုတ်လာသလဲနဲ့ တနိုင်ငံလုံးရဲ့ စစ်ပွဲချိန်ခွင်လျှာကို မြဝတီတိုက်ပွဲက ပြောင်းပစ်နိုင်တယ် စတဲ့အကြောင်းတွေ ဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မြဝတီ ဘယ်လောက် အရေးပါလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
နေပြည်တော် အေလာ လေဆိပ်တိုက်ခိုက်ခံရမှု အပါအဝင် ယောယုံ၊ စိန်လုံတို့လို စခန်းကြီးတွေကို သိမ်းပိုက်လိုက်နိုင်ခြင်းက KIA အတွက် စစ်ရေးအရ ဘယ်လိုအားသာချက်တွေ ရှိလာနိုင်မလဲ၊ ပြည်သူလူထုရဲ့ အိုးအိမ်တွေကို တွေ့ကရာ တံဆိပ်ကပ် စွပ်စွဲပြီး မတရားချိတ်ပိတ်ခဲ့တဲ့သူတွေ လွယ်ဂျယ်မှာ ဝဋ်လည်နေပြီ စတဲ့ CDM ဗိုလ်ကြီး ထက်မြတ်ရဲ့ ဆွေးနွေးချက်တွေကို ဒီတပတ်ရဲ့ "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဥ်မှာ နားဆင်နိုင်ပါပြီ။
ဒီတပတ် စနေသတင်းစကားဝိုင်းက နယ်စပ်မှာ စစ်ရေးလေ့ကျင့်ပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင် အသစ်ရော အဟောင်းရောတွေနဲ့ပါ သွားတွေ့ခဲ့တဲ့ တရုတ်နိုင်ငံဟာ မြန်မာပြည်က စစ်ပွဲတွေ ရပ်ဖို့ ဖိအားပေးနေတာကြောင့် လတ်တလော ရခိုင်နဲ့ ကချင်က စစ်ဆင်ရေးတွေ ရပ်သွားမလား၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဂွင်ပျက်လို့ အသစ်ပြန်ဖွဲ့တဲ့ အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ရဲ့ ခြေလှမ်းတွေ ဘာလဲ ဘယ်လဲ စတဲ့အကြောင်းတွေ ဆွေးနွေးသုံးသပ်ထားပါတယ်။
စစ်တပ်ရဲ့ ဖွဲ့စည်းပုံ ပျက်နေတာ ပြသလိုက်တဲ့ တပ်မတော်နေ့ အခမ်းအနား၊ မဟူရာသချိုင်းမှာ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်နဲ့ လေတပ်ထဲက ယတြာတွေ စတဲ့ ဆွေးနွေးချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
loading
Comments 
Download from Google Play
Download from App Store