သတင်းထုတ်လွှင့်ချက် - ( EP - 204 )
Description
သတင်းထုတ်လွှင့်ချက် - ( EP - 204 )
နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
"ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား လည်ပတ်မှု ရပ်ဆိုင်းသွားပြီ"
ကရင်နီပြည် မြို့တော် လွိုင်ကော်မြို့မှာ သာမက တစ်ပြည်နယ်လုံးမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား လည်ပတ်မှု ရပ်ဆိုင်းသွားပြီလို့ ကရင်နီပြည် ကြားကာလအတိုင်ပင်ခံ ကောင်စီနဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC တာဝန်ရှိသူတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်လိုက်တဲ့ ၁၁.၁၁ စစ်ဆင်ရေးမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ အချိန်ထိ မြေပြင်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို အခုစစ်ဆင်ရေး မတိုင်ခင်က လည်ပတ်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ အားလုံး ရပ်တန့်သွားပြီလို့ ဆိုပါတယ်။
မြို့တော် လွိုင်ကော်မှာ သာမကဘဲ တပြည်နယ်လုံး အတိုင်းအတာနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား လည် ပတ်မှု ရပ်ဆိုင်းသွားတာ ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအတိုင်ပင်ခံကောင်စီ KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။ ဦးအောင်ဆန်းမြင့်ကို ဆက်သွယ်မေးမြန်းထားတာကို နားဆင်ကြည့်ရအောင်ပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
























