စစ်မှုထမ်း ဥပဒေကြောင့် နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေ
Description
စစ်မှုထမ်း ဥပဒေကြောင့် နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေ (သတင်းဆောင်းပါး)
သတင်းထုတ်လွှင့်ချက် - (EP - 508)
မွန်လူငယ်တွေ စစ်မှုထမ်းကောက်ယူခံရမှာကို စိုးရိမ်နေကြတဲ့ အကြောင်းပါ။ ဒီဩဂုတ်လထဲမှာ စစ်ကော်မရှင် ခန့် အုပ်ချုပ်ရေးမှူးတွေက အိမ်တိုင်ရာ အရောက် စစ်မှုထမ်းခေါ်ယူမယ်ဆိုပြီး ပြောနေတာကြောင့် မွန်ပြည်က လူငယ်တွေနဲ့ သက်ဆိုင်ရာ မိသားစုတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ မွန်ပြည်တွင်း စစ်မှုထမ်း ခေါ်ယူနေမှု အခြေအနေ၊ စစ်မှုထမ်း ဥပေဒအောက်က ခြိမ်းခြောက်ငွေကြေး တောင်းခံမှုတွေနဲ့ အဓမ္မဖမ်းဆီးခံနေရတဲ့ အခြေအနေတွေအကြောင်း စုစည်းတင်ဆက်ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။























