DiscoverThe Healing Path_Myanmar24. လွတ်လပ်မှုကို အခုပဲ ရယူပါ
24. လွတ်လပ်မှုကို အခုပဲ ရယူပါ

24. လွတ်လပ်မှုကို အခုပဲ ရယူပါ

Update: 2022-06-15
Share

Description

ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

++++++++++++++++++++++
ခုန ပြောခဲ့သလို ကောင်းကင်နိုင်ငံကို ထိတွေ့နိုင်ဖို့ အလေ့အကျင့်နည်းနည်းနဲ့ အတူတူ လေ့ကျင့်ဖော်တယောက်ပဲ လိုတယ်။ သူငယ်ချင်းပဲဖြစ်ဖြစ်၊ ညီအကိုမောင်နှမပဲဖြစ်ဖြစ် ရင်းနှီးသူတယောက် ဆိုရင်တော့ ပိုကောင်းတာပေါ့။ တယောက်ယောက်က သတိအကျင့်လေးနဲ့ လမ်းလျောက်နေတာကို မြင်ရင် တခြားသူတွေကလည်း လိုက်လုပ်ချင်လာတာပဲ။
.
ကျနော့်ဆီကို ပြင်သစ်က အကျဥ်းသားတဦးက စာရေးဖူးတယ်။ သူက ကျနော့်စာအုပ်တွေဖတ်ပြီး သူ့ဘာသာ သတိအကျင့်နဲ့ လမ်းလျောက်တယ်တဲ့။ အကျဥ်းထောင်ရဲ့ လှေကားထစ်တွေကို အခေါက်ပေါင်းများစွာ သတိအကျင့်နဲ့ အတက်အဆင်းလုပ်တယ်။ သူ့ခြေလှမ်းတိုင်းကို သူကျေနပ် နေမိတယ်။ အဲလိုစကျင့်တဲ့အချိန်က စပြီး သူ့ဘဝဟာ ပြောင်းသွားတယ်။ အရင်ကထက်စာရင် အများကြီး ငြိမ်းချမ်းလာတယ်။ တခြားသူတွေ အလောတကြီး သွားလာတာကို တွေ့ရင် သူမှာ သူတို့ကို သတိအကျင့်နဲ့ လမ်းလျောက်တတ်နိုင် သင်ပေးချင်စိတ် ဖြစ်မိတယ်တဲ့။ သူလိုပဲ သူတို့ကို ငြိမ်ချမ်းစေချင်တဲ့ ဆန္ဒ ဖြစ်မိတယ်လို့ ရေးထားတယ်။
.
လမ်းလျောက်တဲ့အခါ လွတ်လပ်သူ တယောက်လို လျောက်ကြပါ။ ခြေလှမ်းတိုင်းက မိမိသိက္ခာ၊ ယုံကြည်မှု၊ လွတ်လပ်မှု တွေကို ယူလာပေးနေတယ် ဆိုတဲ့စိတ်နဲ့ လျောက်ပါ။ အဲလိုသာ သတိနဲ့ လျောက်လှမ်းနေရင် ဟိုစာရေးတဲ့ မိတ်ဆွေလို ခင်ဗျားတို့ရင်ထဲမှာ ငြိမ်းချမ်းမှုတွေ၊ စာနာမှုဂရုဏာတွေ ပေါ်လာလိမ့်မယ်။
.
လူအများစုဟာ အကြောက်တရား၊ အမုန်း၊ ဒေါသ၊ တွေေဝမှုတွေနဲ့ လျောက်နေတယ် ဆိုတာကို သတိထားမိလာလိမ့်မယ်။ အဲလို အခါမှာ သူတို့ကိုလည်း ပစ္စုပ္ပန်တည့်တည့် လွတ်လပ်သူတွေ အဖြစ် နေတတ်အောင်၊ စားတတ်အောင်၊ လမ်းလျောက်တတ်အောင် ကူညီလိုစိတ်တွေ ပေါ်လာမယ်။ လူတယောက်ရဲ့ အပြုအမှုဟာ သူ့ပတ်ဝန်းကျင်ကို သက်ရောက်မှု ရှိတယ် ဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။
.
ကျနော် ပထမဦးဆုံး အနောက်နိုင်ငံတွေကို ထွက်လာတော့ ကျနော့်မှာ မိတ်ဆွေလည်း မရှိဘူး။ ကျနော်ကျင့်နေတဲ့ သတိအကျင့်ပဲ ရှိတယ်။ ကျနော်ထွက်လာရတဲ့ ရည်ရွယ်ချက်က ကျနော့်နိုင်ငံမှာ ဖြစ်နေတဲ့ ကြမ်းတမ်းရက်စက် လူသားမဆန်တဲ့ ကိစ္စတွေကို ရပ်အောင် ကြိုးစား ကြည့်မယ် ဆိုတဲ့ ဆန္ဒပါ။ ကျနော် ဘယ်နေရာ ရောက်ရောက် သတိအကျင့်နဲ့ စားတယ်၊ သွားတယ်။ ကျနော့်အလေ့အကျင့် ထက်သန်လာတယ်။
.
ကြာတော့ ကျနော့်တို့ရဲ့ ဗီယက်နမ် စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုဟာလည်း အားကောင်းလာတယ်။ အဲလိုပဲ ကျနော့်မှာလည်း မိတ်ဆွေတွေ တဖြည်းဖြည်း တိုးလာတယ်။ သူတို့ကလည်း ကျနော့် သတိအကျင့်ကို သတိထားမိလာတယ်။ ကျနော့်ကို သင်ပြပေးဖို့ တောင်းဆိုကြတယ်။ အခုဆိုရင် ထောင်ပေါင်းများစွာသော ကျနော့်မိတ်ဆွေတွေဟာ ကမ္ဘာအနှံမှာ သတိအကျင့်ကို နေ့စဥ် ကျင့်နေကြတယ်။ အဲလိုကျင့်သူတွေရဲ့ ဘဝတွေဟာလည်း တဖြည်းဖြည်း ပြောင်းလဲလာတယ်။ စာနာမှု၊ သည်းခံမှု၊ ခွင့်လွတ်တတ်မှုတွေ ပြည့်ဝလာကြတယ်။ သူတို့ ပတ်ဝန်းကျင်ကိုလည်း ဒုက္ခနည်းအောင် ကူညီလာနိုင်တယ်။

__________________________
AKMoe
Comments 
In Channel
loading
00:00
00:00
x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

24. လွတ်လပ်မှုကို အခုပဲ ရယူပါ

24. လွတ်လပ်မှုကို အခုပဲ ရယူပါ

The Healing Path_Myanmar