DiscoverThe Healing Path_Myanmar26.အံ့ဖွယ်အချိန်
26.အံ့ဖွယ်အချိန်

26.အံ့ဖွယ်အချိန်

Update: 2022-06-21
Share

Description

ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
++++++++++++++
ခင်ဗျားတို့ကို အသက်ရှုလေ့ကျင့်ခန်းတခု ကျနော် မျှဝေချင်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ ခင်ဗျားတို့ရဲ့ ခက်ခဲတဲ့အချိန်တွေမှာ အထောက်အကူ အများကြီး ပေးမယ်လို့ ယုံကြည်ပါတယ်။
.
အသက်ရှုသွင်းတယ်၊ ရှုသွင်းနေတာ သိနေတယ်။
အသက်ရှုထုတ်တယ်၊ ရှုထုတ်နေတာကို သိနေတယ်။
အသက်ရှုသွင်းတယ်၊ ဝင်လေ နက်နဲလာတာ သိနေတယ်။
အသက်ရှုထုတ်တယ်၊ ထွက်လေ နှေးလာတာ သိနေတယ်။
အသက်ရှုသွင်းတယ်၊ လျော့ချလိုက်တယ်။
အသက်ရှုထုတ်တယ်၊ သက်သာ ပေါ့ပါး လာတာ သိနေတယ်။
အသက်ရှုသွင်းတယ်၊ ငါ ပြုံးနေတယ်။
အသက်ရှုထုတ်တယ်၊ လွှတ်ချလိုက်တယ်။
အသက်ရှုသွင်းတယ်၊ ပစ္စုပ္ပန်မှာ နေတယ်။
အသက်ရှုထုတ်တယ်၊ အံဖွယ်အချိန် ပါလား။
.
ဒီနည်းကို "ဝင်၊ထွက်၊ နက်နဲ၊ နှေးလာ၊ လျော့ချ၊ သက်သာ၊ ပြုံးနေ၊ လွှတ်ချ၊ ပစ္စုပ္ပန်ကာလ၊ အံဖွယ်ကာလ" (In, Out, Deep, Slow, Calm, Ease, Smile, Release, Present Moment, Wonderful Moment)လို့ အနှစ်ချုပ် မှတ်ထားလည်း ရတယ်။
.
ပထမဆုံး ဝင်၊ထွက် ကို လေ့ကျင့်ကြည့်မယ်။ အသက်ရှုသွင်းလိုက်တဲ့အခါ ကိုယ့်စိတ်ထဲက "ဝင်တယ်" လို့ တိုးတိုးဆိုပါ။ အဲဒီအခါမှာ အသက်ရှုနေတဲ့ ‌ဝင်လေ တိုးဝင်နေတာကို သတိထားမိမယ်။ အသက်ရှုထုတ်လိုက်တဲ့အခါမှာလည်း ကိုယ့်စိတ်ထဲက "ထွက်တယ်" လို့ တိုးတိုးဆိုပါ။ ထွက်လေကို သတိထားမိမယ်။ ဒီစကားလုံးတွေက လက်ရှိကာလကို ပြန်ပြန်လာဖို့ အထောက်အကူ ပြု စကားလုံးတွေပါ။ အခုလို "ဝင်တယ်၊ ထွက်တယ်" ဆိုတဲ့လေ့ကျင့်ခန်းကို စိတ်တည်ငြိမ် အေးချမ်းလာတဲ့အထိ ခဏ လုပ်လိုက်ပါ။
.
အဲလို စိတ်ငြိမ်လာတဲ့အခါ နောက်တခါ ဝင်လေမှာ "နက်နဲတယ်"၊ ထွက်လေမှာ "‌နှေးကွေးတယ်" လို့ ပြောင်းလို့ရပါပြီ။ အသက်ကို သတိရှိရှိနဲ့ ရှုသွင်း၊ ရှုထုတ်လုပ်ရင် အသက်ရှုမှုဟာ တဖြည်းဖြည်း နက်နဲလာသလို ‌နှေးလာတယ်။ ပိုပြီးလည်း အေးချမ်းလာသလို ငြိမ်လာတယ်။ (ဘာသာပြန်သူ မှတ်ချက်။ နက်နဲတယ် deep ဆိုတာ အသက်ကို ဖြည်းဖြည်းနဲ့ ဝ ဝ ရှုခြင်းကို ဆိုလိုပါတယ်။ ပြင်းပြင်း ရှုခြင်း မဟုတ်ပါ။ ) အဲဒီလို အကြိမ်ကြိမ် ရှုလို့ အားရပြီ ဆိုရင် နောက်တဆင့်တက် လို့ ရပါပြီ။
.
နောက်တဆင့်ကတော့ "လျှော့ချ၊ သက်သာ" အဆင့် ပါ။ ‌လျှော့ချ တယ် ဆိုတာ ခန္ဓာကိုယ်နဲ့ စိတ်ထဲက တင်းကြပ်မှုတွေကို လျော့ချ လိုက်ခြင်းပါ။ ငြိမ်းချမ်းမှုကို ကိုယ်တွင်းကို ဖိတ်ခေါ် လိုက်တာပါ။ အကယ်၍များ စိတ်ထဲမှာ ပြင်းထန်တဲ့ စိတ်ခံစားချက် တခုခု ဖြစ်နေရင်လည်း "အသက်ရှုသွင်းတယ်၊ စိတ်ကို လျော့ချလိုက်တယ်။" "အသက်ရှုသွင်းတယ်၊ စိတ်ကို ခံစားမှု လျော့ချလိုက်တယ်။" လို့ စိတ်က ဆိုပေးလို့ရပါတယ်။ အသက်ရှုထုတ်တဲ့အခါ "သက်သာတယ်" ဆိုတာကတော့ မိမိကိုယ်မှာ ‌သက်တောင့်သက်သာ ဖြစ်နေတဲ့ ရုပ်အခြေအနေ၊ စိတ်အခြေအနေကို ပြန်ပြီး သုံးသပ်တဲ့သ‌ဘောပါ။ အဲလို သက်သက်သာသာ ဖြစ်နေတာကိုလည်း သတိထားမိအောင် ကြိုးစားပါ။ အဲဒီ အဆင့်ကို ကျွမ်းကျင်သွားရင် နောက်တဆင့် တက်နိုင်ပါ။
.
နောက်တဆင့်ကတော့ "ပြုံးတယ်၊ လွှတ်ချတယ်" ဆိုပြီး ဝင်လေမှာ ပြုံးမယ်၊ ထွက်လေမှာ လွှတ်ချမယ်။ ပြုံးချင်စိတ် မရှိဘူး ဆိုရင်တောင် ကြိုးစားပြီး ပြုံးကြည့်ပါ။ ပြုံးလိုက်တဲ့အခါ ပျော်တဲ့ဓာတ်၊ ငြိမ်းအေးတဲ့ဓာတ်တွေ အလိုလိုရောက်လာပြီး တင်းမာနေတာတွေ လျော့ကျသွားတယ်။ ထွက်လေနဲ့ အတူ "လွှတ်ချတယ်" လို့ ရေရွတ်ရင်း ပူပန်စရာတွေ၊ စိုးရိမ်စရာ၊ ကြောက်စရာ၊ ဒေါသတွေ၊ အတွေးတွေ ကို လွှတ်ချလိုက်ပါ။
.
နောက်ဆုံးအဆင့်က "ပစ္စုပ္ပန်ကာလ၊ အံဖွယ်ကာလ" ပါ။ "အသက်ရှုသွင်းတယ်၊ ပစ္စုပ္ပန်မှာ တည့်အောင်နေတယ်။ အသက်ရှုထုတ်တယ်၊ ဒီအချိန် အံဖွယ်အချိန် ပါလား။" ဆိုပြီး အသက်ရှုသွင်းတိုင်း၊ ရှုထုတ်တိုင်းမှာ အခုလက်ရှိအချိန်ဟာ ကိုယ့်အတွက် အံဖွယ်ကာလ တခုပါလား ဆိုတာ သိနေ အောင် ကြိုးစားပါ။ ဗုဒ္ဓ ပြောခဲ့တဲ့ "ဘဝဆိုတာ လက်ရှိအချိန်ပါ" ဆိုတာ ကို မှတ်မိတယ် မဟုတ်လား။ ဒါကြောင့် ဘဝကို သိနိုင်ဖို့ လက်ရှိအချိန် ပစ္စုပ္ပန် ကို ပြန်ပြန်လာရပါတယ်။
.
ကျနော်တို့ရဲ့ အသက်ရှုနေမှု (ဝင်လေထွက်လေ) တွေဟာ ကိုယ်နဲ့ စိတ်ကို ဆက်ပေးထားတဲ့ တံတားတွေနဲ့ တူပါတယ်။ နေ့စဥ်ဘဝေတွမှာ ကျနော်တို့ ကိုယ်နဲ့ စိတ်ဟာ တနေရာစီမှာ ရှိနေတတ်ပါတယ်။ ကိုယ်က ဒီနေရာမှာ ဆိုပေမဲ့ စိတ်ကတော့ အတိတ်နဲ့ အနာဂတ် မှာ ရောက်နေမယ်။ ဒါကို စိတ်လွှင့်တယ်လို့ ဆိုကြတယ်။ ကျနော်တို့ သတိရှိရှိနဲ့ ဝင်လေထွက်လေ ရှုတဲ့အခါ ခန္ဓာကိုယ်ဟာ စိတ်ဆီ ပြန်သွားသလို စိတ်ဟာလည်း ကိုယ်ဆီကို ပြန်လာပါတယ်။ လူနဲ့ စိတ်နဲ့ ကပ်သွားတဲ့ သဘောပေါ့။
.
အဲဒီအချိန်မှာ ခင်ဗျားဟာ လက်ရှိနေရာနဲ့ လက်ရှိအချိန်မှာ ဘဝကို ပြည့်ပြည့်ဝဝ နေထိုင်လိုက်ရတာပါလား လို့ သဘောပေါက်လာ လိမ့်မယ်။ ဘဝကို နက်နက်ရှိုင်းရှိုင်း ထိတွေ့နိုင်တဲ့ အနေအထားမှာ ရှိလာပါတယ်။ ဒီလို အနေအထား ရောက်ဖို့ မခက်လှပါဘူး။ လူတိုင်း ကျင့်ရင် ဖြစ်နိုင်ပါတယ်။
.
(ဆက်ရန်)
အပိုင်း(၇) - https://www.facebook.com/akmoe2001/posts/2979152625681888
အပိုင်း(၉) - https://www.facebook.com/akmoe2001/posts/298137329879
Comments 
In Channel
loading
00:00
00:00
x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

26.အံ့ဖွယ်အချိန်

26.အံ့ဖွယ်အချိန်

The Healing Path_Myanmar