အောက်တိုဘာလ ၁၄ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Description
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထိုင်း-မြန်မာနယ်စပ် ထီးခီးကို လေယာဉ်နဲ့ဗုံးထပ်ကြဲလို့ နှစ်ဦးဒဏ်ရာရသွားတဲ့အကြောင်း
- သရက်ချောင်းမြို့နယ်မှာရှိတဲ့ ရွာသုံးရွာက နေအိမ်ငါးဆယ်လောက်ကို စစ်အာဏာရှင်တပ်က ထပ်ပြီးမီးရှို့ဖျက်ဆီးခဲ့တဲ့အခြေအနေ
- ထိုင်းနိုင်ငံ ချွန်ဘူရီမှာ ကားတိုက်မိလို့ မြန်မာအလုပ်သမားတစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရသွားတာ
- စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲကို အာဆီယံက လေ့လာစောင့်ကြည့်သူ စေလွှတ်နိုင်ခြေနည်းပါးတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောဆိုတဲ့အကြောင်း
- မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ် လုပ်ငန်းတွေနဲ့ပတ်သက်ပြီး Starlink ကို အမေရိကန်လွှတ်တော်က စစ်ဆေးနေတဲ့အခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။