ခရစ်တော်အတွက် တပည့်တော်များဖြစ်စေခြင်း
Description
ဘတ်စကတ်ဘော၏အစောပိုင်းရာသီတွင် ကျွန်မတို့ရပ်ကွက်ရှိ အလယ်တန်းကျောင်း၏ နည်းပြဆရာက သူ၏ကစားသမားများအား ဘောလုံးကို စွန့်စားပစ်သွင်းရန် အလွန်အမင်း ကြိုးစားစည်းရုံးနေခဲ့သည်။ “သွင်းလိုက်”ဟု ကွင်းဘေးမှ သူအော်ဟစ်ခဲ့သည်။ စိတ်အားထက်သန်နေသော သူ၏ကစားသမားများသည် ဘောလုံးကို လက်ဆင့်ကမ်းပေးခဲ့ကြသည်။ ဘောလုံးကို ရိုက်ပုတ်သယ်သွားခြင်းကိုလည်း သူတို့နှစ်သက်သည်။ သူတို့၏သံသယများ မရှင်းမီ ဘောလုံးပစ်ကာဂိုးသွင်းရန်ကြိုးစားရင်းနှင့်ပင် ရာသီတစ်ဝက်ကုန်သွားခဲ့သည်။ သို့သော် “ဂိုးသွင်းရန် ကြိုးစားခြင်း”က အနေအထားကို တစ်မူကွဲပြားစေခဲ့သည်။ သူတို့၏သံသယများကို စွန့်ပြီး သူတို့၏နည်းပြကို နာခံခြင်းဖြင့်၊ မကြာခဏ ပစ်မှတ်ကို လွှဲချော်ခဲ့သည့်တိုင် သူတို့အနိုင်ယူရန် သင်ယူခဲ့သည်။
တပည့်တော်ဖြစ်ရန် သခင်ယေရှု၏ခေါ်သံကို နာခံလိုက်လျှောက်နိုင်ရေး သံသယများကိုစွန့်ပစ်ရန် သခင် ကျွန်ုပ်တို့ကို သွန်သင်ခဲ့သည်။ “ယေရှုသည် အနီး အပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌ လည်းကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့”ဟု ရှင်းပြခဲ့သည်(မ ၂၈:၁၈-၂၀)။
လက်တွေ့ကျကျပြောရလျှင် မိမိ၏သက်တောင့်သက်သာဖြစ်မှုထဲမှ ထွက်ပြီး၊ ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြုပေးခဲ့သည့်အမှုကို မျှဝေရန်၊ သို့မဟုတ် နာကျင်နေသောအိမ်နီးချင်းတို့၏ဘဝများထဲသို့ ဝင်ရောက်ကာ သခင်ယေရှု၏ ချစ်ခြင်းမေတ္တာကို ပြသရန်ဖြစ်သည်။ သို့သော် မိမိ၏ သံသယများကို စွန့်လွှတ်ကာ ကြိုးစားကြည့်မှသာ ထိုကဲ့သို့သောချဉ်းကပ်မှုမျိုးက ထိရောက်လိမ့်မည်။
ရှင်ယေရှု၏အခွင့်အာဏာဖြင့် ခက်ခဲသယောင်ဖြစ်သည့် တပည့်တော် မွေးထုတ်ခြင်းကို ကျွန်ုပ်တို့လုပ်ဆောင်သည်။ သို့သော် စိုးကြောက်ရန် မလိုပါ။ “ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်”ဟု ရှင်ယေရှုကတိတော်ထားရှိသောကြောင့်ဖြစ်သည် (:၂၀)။
သင့်တွင် မည်သည့်အကြောက်တရားနှင့် သံသယတို့ရှိနေသနည်း။
အဘယ်ကြောင့်နည်း။ ခရစ်တော်၏ခေါ်ယူစေစားတော်မူခြင်းကို သင်မည်ကဲ့သို့နာခံနိုင်မည်နည်း။
သို့သော် သံသယကို စွန့်လွှတ်ပြီး ကြိုးစားကြည့်စေရန် ကျွန်ုပ်အား ကျေးဇူးပြု၍ မစတော်မူပါ။
ခရစ်ဝင်ကျမ်းများတွင် သခင်ယေရှုကို “အစိုးရသောသူနည်းတူ”သွန်သင်သူနှင့် 7:29 ">(ရှင်မဿဲခရစ်ဝင် ၇း၂၉)၊ “မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်”သူ(၉း၆)အဖြစ် ဖော်ပြကြသည်။ ဘုရားသခင်သည် “သားတော်လက်သို့ အပ်ပေးတော်မူသမျှသော သူတို့အား ထာဝရအသက်ကို ပေးစေခြင်းငှာ လူမျိုးအပေါင်းတို့ကို အစိုးရသောအခွင့်တန်ခိုးကို သားတော်အား ပေးတော်မူသည်”(ရှင်ယောဟန်ခရစ်ဝင် ၁၇း၂)။ တပည့်တော် ၁၂ ပါးတို့အား ဟောပြောသွန်သင်ရန် ခရစ်တော်စေလွှတ်တော်မူသောအခါ ၎င်းတို့အား သူ၏အခွင့်အာဏာကို ပေးအပ်ခဲ့သည်(ရှင်မဿဲခရစ်ဝင် ၁၀း၂)။သခင်၏အသေခံခြင်းနှင့် ရှင်ပြန် ထမြောက်ခြင်း ပြီးနောက် ခမည်းတော်ထံသို့ ပြန်လည်မတက်ကြွမီ သခင်ယေရှုသည် လောကသားတို့အား သတင်းကောင်းကို ကြားပြောရန်အမှုတော်ကို ကျွန်ုပ်တို့အား စေစားအပ်နှံခဲ့သည်။ ကျွန်ုပ်တို့အတွက် ပြုသောအရာကို အခြားသူတို့အား ကြားပြောပြီး၊ ၎င်းတို့ကို တပည့်တော်ဖြစ်စေရန် ကိုယ်တော်မိန့်ခဲ့သည်(၁၈း၁၉-၂၀)။ ကျွန်ုပ်တို့သည် မိမိဘာသာထွက်ပြီး လုပ်ဆောင်ခြင်းမဟုတ်ခြင်းကြောင့် သံသယများကို စွန့်ပစ်လိုက်နိုင်ပါပြီ ။ သခင်ခရစ်တော်က “ငါသည်လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဥ်မပြတ်ရှိသည်ဟု...” (၂၀)ကတိပြုထားပါသည်။