Discoverfullfeed | Myanmar Our Daily Breadသခင်ယေရှုကို သိခြင်း
သခင်ယေရှုကို သိခြင်း

သခင်ယေရှုကို သိခြင်း

Update: 2025-09-05
Share

Description



ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ [ ယော ၁၄:၉ ]

ရစ်ချက်ဂရစ်ဖင်(Richard Griffin)သည် ဒုတိယမြောက် ဘုရင်မကြီးအဲလိဇဘက် (Queen Elizabeth II)၏ ကိုယ်ရေးရဲအရာရှိအဖြစ် (၁၄)နှစ်တာမျှ ထမ်းဆောင်ခဲ့သည်။ တစ်နေ့တွင် ဘာမိုရာ(Balmoral)ရဲတိုက်အနီးရှိ တောင်ကုန်းပေါ်သို့ ပျော်ပွဲစားထွက်သည့် ဘုရင်မကြီးအား အဖော်ပြုလိုက်ပါပေးစဥ် အမေရိကန်နိုင်ငံသား ခြေလျင်ခရီးသွားနှစ်ဦးနှင့် တွေ့ဆုံခဲ့ကြသည်။ ထိုသူနှစ်ဦးက သာမန်အရပ်သားဝတ်စုံဝတ်ဆင်ထားသော သက်ဦးဆံပိုင်ဘုရင်မကြီးကို မသိဘဲ “ဘုရင်မကြီးကို တွေ့ဖူးသလား”ဟုမေးရာ၊ ဘုရင်မကြီးက အရွှန်းဖောက်လျက် “ကျွန်မတော့ မတွေ့ဘူးပါဘူး။ ဒါပေမယ့် ဟောဒီရစ်ချတ်ကတော့ သူမကို အမြဲတွေ့နေကြပါ”ဟု ပြန်ဖြေခဲ့သည်။ ထိုသူနှစ်ဦးမှာ မင်းဧကရာဇ်နှင့် နီးစပ်စွာ နေရသူတစ်ဦးကို တွေ့ရ၍ အလွန်စိတ်လှုပ်ရှားကာ၊ ဘုရင်မကြီးအား ကင်မရာပေးပြီး၊ ရစ်ချက်ဘေးတွင် ဟန်ပန်အပြည့်ဖြင့်ရပ်လျက် “ဓါတ်ပုံတစ်ပုံလောက်ရိုက်ပေးပါ”ဟု ဆိုလိုက်သည်။


ထိုသို့ အရေးကြီးပုဂ္ဂိုလ်တစ်ဦးကို ရှေ့မှာထားပြီး မသိခြင်းသည် ပထမဆုံး အကြိမ်မဟုတ်ပါ။ ယာကုပ်သည် ဗေသေလအရပ်တွင် အိပ်မက်ထဲ၌ ထာဝရဘုရားနှင့် တွေ့ဆုံပြီးနောက် “အိပ်ပျော်ရာမှ နိုးလျှင်၊ အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ ရှိတော်မူ၏။ ရှိတော်မူကြောင်းကို ငါမသိ”ဟုဆိုခဲ့သည် (က ၂၈ :၁၆)။ ဖိလိပ္ပုက တပည့်တော် များအား ခမည်းတော်ဘုရားကို ပြသရန် သခင်ယေရှုအား တောင်းဆိုခဲ့ရာ၊ ယေရှုက “ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကိုမသိသေးသလော။ ငါ့ကို မြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင် ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည် အဘယ်သို့ဆိုရသနည်း”ဟု ပြန်လည်ပြောဆိုခဲ့သည်(ယော ၁၄:၉)။ ခြေလျင်ခရီးသွား နှစ်ဦးကဲ့သို့ပင် တပည့်တော်တို့သည်လည်း ယေရှုကို ခမည်းတော်နှင့် ထပ်တူထပ်မျှဖြစ်ကြောင်း မသိဘဲ (:၁၀-၁၁) ယေရှုကို ကင်မရာကမ်းပေးရန် အသင့်ဖြစ်နေကြသည်။


ထိုနေ့က ဘုရင်မကြီးကို မသိသကဲ့သို့ပင် ယေရှုသည် အမှန်တကယ် မည်သူဖြစ်သည်ကို လူတို့အမြဲမသိရှိကြပေ။ ယေရှုသည် “ပညာဉာဏ်နှင့်ပြည့်စုံသောဆရာ” (သို့) “လူအများအား ကိုယ်ကျင့်တရားများ ဆုံးမသွန်သင်ပေးသူ မြင့်မြတ်သည့်ခေါင်းဆောင်”ထက်မက သူသည် လူ့အသွေးအသားဆောင်ယူသည့်ဘုရား၊ ဤလောက၏ဘုရင်ဖြစ်သည် (ယော ၁:၁၄၊ ၁၈:၃၆)။ ၎င်းကို ကျွန်ုပ်တို့သိမြင်သောအခါ ၎င်းသည် ကြီးမြတ်‌သောဖွင့်ပြချက်ပင်ဖြစ်တော့သည်။



အကယ်၍ သင်သည် ယေရှုကို ပျော်ပွဲစားတစ်ခု၌ ဆုံတွေ့လျှင် သူ့အား ဘာပြောမည်နည်း။
သူသည် မည်သူဖြစ်ကြောင်းကို သင်မည်သို့ သိရှိနားလည်ပါသနည်း။

သခင်ဘုရား၊ ကိုယ်တော်သည် ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်ဖြစ်ပြီး၊
အကျွန်ုပ်သိမြင်နားလည်နိုင်သည်ထက် သာလွန်သည့် ဘုရားဖြစ်သောကြောင့် ယနေ့ ကိုယ့်တော့်ကို ချီးမွမ်းချီးမြှောက်ပါ၏။


သခင်ယေရှုကို သိခြင်း
သခင်ယေရှုနှင့် အနီးဆုံးသူများမျှသာ ဝိညာဥ်ရေးရာအမြင် ကင်းမဲ့သည်မဟုတ်ပါ။ ရှင်ယောဟန်ခရစ်ဝင် ကျမ်းအစတွင်ပင် သခင်ခရစ်တော်သည် မည်သူဖြစ်သည်ကို လူတို့မသိမြင်နိုင်ခြင်းအကြောင်းကို ပြောဆိုထားသည်။ “ထိုသူသည် ဤလောက၌ ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း ၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။“ (၁း၁၀-၁၁)။
သို့တိုင် သခင်ယေရှုသည် သူ၏စကားကိုကြားနာခဲ့ရသူများ၊ သူပြုသောအမှုတို့ကို တွေ့မြင်ရခဲ့သူများဖြစ်သည့် သူနှင့်အနီးကပ်ရှိနေသူများအပေါ် မျှော်လင့်ချက်ထားမိခဲ့သည်။ သူ့ကို မည်သူမည်ဝါမှန်း သတိမမူမိခဲ့သော တပည့်တော်အား “... ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော“ဟု ဆုံးမပြစ်တင်ခဲ့သည်(၁၄း၉)။ ခရစ်ဝင်ကျမ်းများတွင် တွေ့ရှိရသော သခင်ခရစ်တော်၏ နှုတ်တော်ထွက်များနှင့် အမှုဝောာ်များကို ရိုးသားစွာ၊ ဆုတောင်းခြင်းအားကြီးစွာ ဆင်ခြင်သုံးသပ်သောအခါ၊ ကိုယ်တော်သည် ဘုရားသခင်၏သားဝောာ်နှင့် ဘုရင်တကာတို့၏ဘုရင်ဖြစ်သည်ဟူသည့် ကိုယ်တော်၏ ဖြစ်တည်မှုကို သိမှတ်အောင် ဝိညာဥ်တော်က ကျွန်ုပ်တို့၏အမြင်များနှင့် စိတ်နှလုံးကို ဖွင့်ပြပေးနိုင်ပြီး၊ ကျွန်ုပ်တို့အား ဘုရားသခင်၏ မိသားစုထဲသို့ ကြိုဆိုမည်ဖြစ်သည် (၁း၁၂-၁၃)။



Comments 
In Channel
loading
00:00
00:00
x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

သခင်ယေရှုကို သိခြင်း

သခင်ယေရှုကို သိခြင်း