ဆုတောင်းရန် အဆင်သင့်ဖြစ်ခြင်း
Description
ပြုကြလော့။ 15:31 ">[ ရော ၁၅:၃၁ ]
ခြင်္သေ့မတစ်ကောင်ကို ခွေးအ အုပ်စုက ဝိုင်းထားသည်။ ခွေးအ များက တိုက်ခိုက် သောအခါ ခြင်္သေ့က ပြန်တိုက်ခိုက်သည်။ သူမ၏ရန်သူများကို တားဆီးရန် အပြင်းအထန်ကြိုးပမ်းကာ ကိုက်ခြင်း၊ ကုတ်ခြစ်ခြင်း၊ မာန်ဖီခြင်း၊ ဟိန်းခြင်းပြုလုပ်ရင်း နောက်ဆုံးတွင် သူမ လဲကျသွားခဲ့သည်။ ခွေးအ များက သူမကို ဝိုင်းလိုက်စဉ် အခြားခြင်္သေ့မတစ်ကောင်ရောက်လာပြီး ၎င်းကို ကယ်ခဲ့သည်။ စက္ကန့်ပိုင်းအတွင်း နောက်ထပ်ခြင်္သေ့သုံးကောင် စစ်ကူရောက်လာသည်။ ခွေးအ အကောင်ရေ များသော်လည်း၊ ခြင်္သေ့များသည် ခွေးအ များ အုပ်စုကွဲသွားသည်အထိ တိုက်ခိုက်ခဲ့ကြသည်။ ခြင်္သေ့များသည် နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ရန် မျှော်လင့်ထားသလိုမျိုး ဘေးပတ်လည်ကို စောင့်ကြည့်ကာ အတူတကွ ရပ်နေကြသည်။
သခင်ယေရှုကို ယုံကြည်သူများသည်လည်း အခြားသူများထံမှ မဖြစ်မနေ အကူအညီ လိုအပ်ပြီး၊ ကျွန်ုပ်တို့ပေးနိုင်သော အစွမ်းထက်ဆုံးအကူအညီမှာ ဆုတောင်းခြင်းပင်ဖြစ်သည်။ ရှင်ပေါလုက “ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအားထုတ်၍ ငါ့အဖို့အလိုငှာ ဘုရားသခင်ကို ဆုတောင်းပတ္ထနာ ပြုကြလော့ဟု ငါတို့သခင်ယေရှုခရစ်နှင့် ဝိညာဥ်တော်၏မေတ္တာကရုဏာကို အကြောင်းပြု၍… ငါတိုက်တွန်းနှိုးဆော်ပါ၏”ဟု ရောမမြို့ရှိ အသင်းတော်သို့ စာရေးခဲ့ပြီး(ရော ၁၅:၃၁)၊ သူ့အား “ယုဒပြည်၌ မယုံကြည်သူတို့လက်မှ ကွယ်ကာရန်” နှင့် “သခင်ဘုရား၏လူများ”သည် သူနှင့်သူ၏အစေခံမှုကို မျက်နှာသာ ပေး၍ လက်ခံမည်အကြောင်း ဆုတောင်းပေးရန် တောင်းဆိုခဲ့သည်။ သူ့အနေနှင့် ထိုအသိုက်အဝန်းနှင့် တစ်စိတ်တစ်ပိုင်းဖြစ်ခြင်း၏အကျိုးများကို သူအသိအမှတ် ပြုခဲ့သည်(:၃၂)။ ရှင်ပေါလုက “ငြိမ်သက်ခြင်း၏အရှင်၊ ဘုရားသခင်သည် သင်တို့ရှိသမျှနှင့်အတူ တည်နေတော်မူပါစေသော”ဟု ကောင်းချီးပေးခြင်းဖြင့် သူ့စာကို အဆုံးသတ်ကာ(:၃၃)၊ သူတို့နှင့်အတူ ဆုတောင်းခဲ့သည်။
သခင်ယေရှုအတွက် အသက်ရှင်သည်နှင့် ကျွန်ုပ်တို့သည် ရုပ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးရာနယ်ပယ်များတွင် ရန်သူများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဘုရား သခင်သည် ကျွန်ုပ်တို့နှင့်အတူရှိပြီး၊ ကျွန်ုပ်တို့၏ကိုယ်စား တိုက်ပွဲဝင်ရန် ကတိရှိသည့်တိုင် ကျွန်ုပ်တို့လည်း ဆုတောင်းရန် အစဥ် အသင့်ရှိလျက်၊ အတူတကွရပ်တည်ရပေမည်။
ဘုရားသခင် မည်သို့အသုံးပြုခဲ့သနည်း။
ဆုတောင်းရန် အသင့်ဖြစ်အောင် သင့်အား ဘုရားရှင် မည်သို့ ပြင်ဆင်ထားသနည်း။
ရှင်သန်စဉ် ဆုတောင်းခြင်း၌ ခိုင်ခံ့မြဲမြံစေရန် ကျွန်ုပ်အား မစတော်မူပါ။
သခင်ယေရှုကို ယုံကြည်သူများအား သူနှင့်အတူ ဆုတောင်းရန် နှိုးဆော်ခဲ့သည်(15:30 ">ရောမဩဝါဒစာ ၁၅း၃၀)။ “join”ဆိုသည့် စကားလုံးသည် ဂရိဘာသာစကား၌ အတူတကွ ကြိုးစားအားထုတ်လုပ်ဆောင်ခြင်းဟူသည့်သဘောကို ဖော်ဆောင်သည်။ ရောမမြို့ရှိယုံကြည်သူများသည် ဘုရားသခင်ထံ သစ္စာရှိရှိ လုံးပမ်းဆုတောင်းခြင်းအားဖြင့် သူမကြာမြင့်မီရင်ဆိုင်ရမည့် စိန်ခေါ်မှုအတွက် ဆုတောင်းပေးရန်၊ ပန်းတိုင်ရောက်ရန် ကြိုးစားအားထုတ်နေသည့် အားကစားသမားကဲ့သို့ သူ့အတွက် ဆုတောင်းပေးစေလိုခဲ့သည်။ ယုဒလူတို့လက်မှပြင်းထန်သောဆန့်ကျင်မှုကို ခံရနိုင်ခြေရှိခြင်းကြောင့် ရှင်ပေါလု စိတ်ပူပန်ခဲ့ရသည်ကို တွေ့ရပါသည်(း၃၁၊ တမန်တော်ဝတ္ထု ၂၀း၂၂-၂၅)။ တမန်တော်ဝတ္ထု ၂၁ မှ ၂၇ တွင် ယေရုရှလင်၌ ရှင်ပေါလု မည်သို့ တွေ့ကြုံခဲ့ရ သည်ကို ဖတ်ရှုရသည်။ လူအုပ်ကြီးက သူ့ကို ချုပ်နှောင်ဖမ်းဆီးပြီး(၂၁း၂၇-၃၆)၊ ဘာသာရေးခေါင်းဆောင် များက သူ့ကိုသတ်ရန် ကြံစည်ကြသည်(၂၃း၁၂-၁၅)။ ထို့နောက် ရောမမြို့သို့ သူ့ကိုမပို့မီ ထောင်၌ ၂ နှစ်နေခဲ့ရသည် (၂၄း၂၇၊ ၂၆း၃၂-၂၇း၁)။
“ငြင်းဆန်သူတို့လက်မှ ငါလွတ်မည့်အကြောင်း”(15:31 ">ရောမဩဝါဒစာ ၁၅း၃၁) ဆုတောင်းရန် ရှင်ပေါလုနှိုးဆော်ရာ၌ အထက်ပါ အရာများသည် သူမျှော်လင့်သည့်အရာများမဟုတ်ပါ။ သို့သော် ဘုရားသခင်၏အလိုတော်၊ တန်ခိုးနှင့် ပြည့်စုံသည့် ကိုယ်တော်၏ အတူရှိမှု (၃၂)ကို သူကိုးစားနိုင်ခဲ့သည်။ သခင်ယေရှုကို ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့နှင့်အတူရှိသူ၊ ကျွန်ုပ်တို့အတွက် စစ်မှုကို ရင်ဆိုင်ပေးသူ ဘုရားသခင်အား ကျွန်ုပ်တို့ ကိုးစားနိုင်ပါသည်။