Discoverfullfeed | Myanmar Our Daily Breadခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းတန်ခိုး
ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းတန်ခိုး

ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းတန်ခိုး

Update: 2025-09-05
Share

Description



(ယေရှုကလည်း) လာဇရု၊ ထွက်၍လာလော့ဟု ကြီးသောအသံနှင့် ဟစ်ခေါ်တော်မူ၏။
ထိုအခါသေလွန်သောသူသည် ... ထွက်လာ၏။ [ ယော ၁၁:၄၃-၄၄ ]

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုတွင် ဘတ်ဖလိုဘေးလ်စ် (Buffalo Bills) အဖွဲ့မှ ဒါမာ ဟမ်လင်း (Damar Hamlin) သည် ပုံမှန် ဘောလုံး သယ်လာသူကို ဝင်လုရာမှ လဲကျသွားရာ၊ ပရိသတ်များ ကြက်သေသေသွားခဲ့သည်။ အသက် ၂၄ နှစ်အရွယ် ကစားသမားသည် ရုတ်တရက် နှလုံးရပ်သွားခဲ့သည်။ သို့သော်လည်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၏ ကုသပေးမှုဖြင့် ကစားကွင်းထဲ၌ပင် ပြန်လည်နှလုံးခုန်လာခဲ့သည်။ အံ့ဩစရာမှာ ဟမ်လင်းသည် ကွင်းထဲမှာပင် သေမလိုဖြစ်ခဲ့ပြီး၊ သတိပြန်လည်လာကာ၊ သုံးလအကြာတွင် ဘောလုံးပြန်ကစားနိုင်ပြီဟု ရှင်းလင်းသောအဖြေရခဲ့သည်။


ဟမ်လင်းက ဘုရားသခင်နှင့် သူ၏အသက်ကို ကယ်တင်ခဲ့သော ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး၊ သူသည် အခြားသူများကို အားပေးလှုံ့ဆော်သူဆက်ဖြစ်နေရန် စီစဉ်လုပ်ဆောင်ခဲ့သည်။ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး(၁၁)တွင် လာဇရုသည် မှတ်မှတ်ယယ အံ့ဩဖွယ် ပြန်လည် ကျန်းမာလာခဲ့သည်။


ဗေသနိရွာသို့ သခင်ယေရှုရောက်ရှိချိန်တွင် လာဇရုသေသည်မှာ၄ ရက်ပင် ရှိနေပြီးဖြစ်သည်။ ကြေကွဲနေသော မာရိနှင့်မာသ ညီအစ်မနှစ်ဦးတို့မှာ သေခြင်း

အပေါ် သခင်ယေရှု၏တန်ခိုးရှိခြင်းနှင့် ကိုယ်တော်သည် “ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်းအကြောင်း” (ယော ၁၁:၂၅) ဖြစ်ကြောင်း မြင်ခဲ့ကြရသည်။ “ယေရှုက လာဇရုထွက်၍လာလော့ဟု ကြီးသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့် ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပဝါနှင့်စည်းလျက် ထွက်လာ၏” (:၄၃-၄၄)။


ကျွန်မတို့သည်လည်း ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းတန်ခိုး၏ စံနမူနာများ ဖြစ်ကြသည်။ တစ်ချိန်က ကျွန်မတို့သည် အပြစ်နွံတွင်းသေခဲ့ကြပြီး၊ ယခုတွင် ခရစ်တော်၌ အသက်ရှင်ပြီဖြစ်သည်(ရော ၆:၁-၁၁)။ သခင်ယေရှုကို သေခြင်းမှ ထမြောက်စေသော ဘုရားသခင်၏ဝိညာဉ်တော်သည် ယုံကြည်သူ ကျွန်မတို့အထဲ၌ ကျိန်းဝပ်တော်မူ၏ (၈:၁၀-၁၁)။ အားယူ၍ ရဲရင့်ခြင်းရှိပါ။ ကျွန်မတို့၏ရုပ်ခန္ဓာ သေဆုံးသွားသော်လည်း ၎င်းသည် ကျွန်မတို့၏ဇာတ်လမ်းအဆုံး မဟုတ်သေးပါ။ သခင်ယေရှုနှင့်အတူ ထာဝရအသက်ကို ခံစားရန် ကျွန်မတို့အား ကိုယ်တော် ကတိပြုထားပေသည်။



ထာဝရအသက်ဆုကျေးဇူးသည် သင့်အား မည်သို့သောမျှော်လင့်ချက်ပေးသနည်း။
သခင်ယေရှု၏ထမြောက်ခြင်းတန်ခိုးသည် သင့်အား မည်သို့ ခွန်အားပေးသနည်း။

ချစ်စွာသောဘုရားသခင်၊ ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းတန်ခိုးအတွက် ကျေးဇူးတင်ပါ၏။


ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းတန်ခိုး
ရှင်ယောဟန်ခရစ်ဝင် ၁၁း၁-၂ တွင် မာရိနှင့်မာသတို့၏မောင်သည် ဖျားနာပါသည်။ သို့တိုင် ထိုချစ်လှစွာသောမိသားစုနေအိမ်သို့ အလျင်စလိုသွားမည့်အစား သခင်ယေရှုသည် “ကြွတော်မမူဘဲ ထိုအရပ်၌ နှစ်ရက်နေ‌တော်မူ၏။”(း၆)။ ကိုယ်တော်သည် “ဘုန်းထင်ရှားခြင်း ရှိလိမ့်မည်”ဖြစ်သောကြောင့် စောင့်ခဲ့သည်ဟု ထိုခရစ်ဝင်ကျမ်းက ပြောထားသည်။ (း၄)။ ကိုယ်တော်၏အုပ်စိုးခြင်းအာဏာနှင့် တန်ခိုးတော်ကိုသိကာ ကိုယ်တော်အား ကျွန်ုပ်တို့ယုံကြည်သောအခါ ဘုရားသခင်ဘုန်းတော်နာမတော်ထင်ရှားပေသည်။ ယနေ့ဖတ်ရန် ကျမ်းပိုဒ်တွင် သခင်ခရစ်တော်သည် မာသအား “သင်သည် ယုံလျှင် ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်။ ငါပြောပြီ မဟုတ်လောဟုမိန့်တော်မူ၏”(၁၁း၄၀)။ သခင်ယေရှုသည် သူ့ကို ယုံကြည်စိတ်ချရန် မာသအား ပြောနေခြင်းဖြစ်သည်။ မကြာမီတွင် သူမသည် ဘုရားသခင်၏ သဘာဝလွန်၊ သာလွန်ထူးကဲသော တန်ခိုး (ကိုယ်‌ဝောာ်၏ဘုန်းတော်)ထင်ရှားခြင်းကို မြင်ခဲ့ရသည်။ မာရိ၊ မာသ၊ တပည့်တော်များနှင့် သင်္ချိုင်းနားတွင် စုဝေးနေသူအပေါင်းတို့သည် လေးရက်တာသေဆုံးပြီးနောက် ပြန်လည်ရှင်ပြန်ထမြောက်သူတစ်ဦး၏ ကိုယ်တိုင် မြင်တွေ့ခဲ့ကြသည်(း၄၁-၄၄)။ ကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏ အံ့ဖွယ်တန်ခိုးတော်ကို ခံယူရရှိသူများဖြစ်ကြသည်။ ဘုရားသခင်သည် အပြစ်အားလုံးကိုစွန့်ကာ သူ့နောက်တော်သို့လိုက်လျှောက်သူအားလုံးတို့အား ထာဝရအသက်ကို ပေးသနားသည်။



Comments 
In Channel
loading
00:00
00:00
x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းတန်ခိုး

ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းတန်ခိုး