ယုံကြည်ကိုးစားထိုက်သောခိုလှုံရာ ဘုရားသခင်
Description
လူသည် ငါ၌ အဘယ်သို့ပြုနိုင်သနည်း။ [ ဆာ ၁၁၈:၆ ]
ကျွန်မသမီး၏တန်ဖိုးအရှိဆုံး ကလေးဘဝအမှတ်တရများထဲမှတစ်ခုမှာ သူမဖခင်က သူမကို လေ့ကျင့်ရေးဘီးမပါဘဲ စက်ဘီးစီးသင်ချိန်များဖြစ်သည်။ တစ်ကြိမ်တွင် သူ့ဖခင်က စက်ဘီး၏နောက်ဘီး၌ ရပ်ပြီး သမီးနှင့်အတူ စက်ဘီးလက်ကိုင်နှစ်ဘက်ကိုကိုင်ကာ ကုန်းဆင်းပြေသည့် ဆင်ခြေလျှောမှ ညင်သာစွာ ဆင်းခဲ့ကြသည်။ ထိုအခိုက်အတန့်၌ သူမသည် အလွန်ကြောက်ရွံ့ထိတ်လန့်ခဲ့သော်လည်း ဖခင်မှာမူ အလွန်သဘောကျကာ ရယ်မောခဲ့သည်ကို သူမသတိရသည်။ ထိုအချိန်က အလွန်တိုတောင်းသော်လည်း ဖခင်သည် သူမ၏ခံစားချက်ကို မျှဝေခံစားပေးခဲ့သည်။ ယခုတွင် ဖခင်နှင့်သူမ၏ ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောတိုင်း ထိုအကြောင်းက အမြဲပါသည်။ ထိုအချိန်မျိုးတွင် သူမ၏ အမှတ်တရများနှင့်ပတ်သက်၍ အရာအားလုံး သူ့အလိုလို အဆင်ပြေသွားမှာ အဖေသိနေခြင်းကို သမီးစိတ်ချရန် ဖခင်က ကြင်နာစွာ အားပေးခဲ့သည်။
ထိုအကြောင်းအရာသည် ဘဝ၌ ကျွန်မတို့ ကြောက်ရွံ့ထိတ်လန့်သည့်အခိုက်အတန့်များတွင် ဖြစ်တတ်သည့်သဘောကိုပြသည့် သာဓကတစ်ခုပင်ဖြစ်သည်။ အပေါ်စီးအမြင်၌ “တောင်ကုန်း”က ကြီးမားပြီး ထိတ်လန့်စရာပါ။ အန္တရာယ်ဖြစ်နိုင်ခြေများသည်ဟု ထင်စရာရှိသည်။ သို့သော် သမ္မာကျမ်းစာ၌ “ထာဝရဘုရားသည် (ကျွန်ုပ်တို့)ဘက်မှာ ရှိတော်မူသည်ဖြစ်၍ ကြောက်စရာမရှိ”ဟု စိတ်ချမှုကို ပေးထားသည်(ဆာ ၁၁၈:၆)။ ရုန်းကန်လျက် စိတ်ဖိစီးမှုလွှမ်းမိုးချိန်တွင် အခြားလူများ၏အကူအညီမရသော်လည်း ထာဝရဘုရားသည် ယုံကြည်ကိုးစားနိုင်သော ခိုလှုံရာဖြစ်သည် (:၈-၉)။
ထာဝရဘုရားသည် ကျွန်မတို့ကို မစသောအရှင် ဖြစ်၍(:၇)၊ ဘဝ၏ ကြောက်ရွံ့ထိတ်လန့်ဖွယ်စစ်ကြောမှုများကြားတွင် ကိုယ်တော်ကို ယုံကြည်ကိုးစားနိုင်သည့်အဓိပ္ပာယ်ဖြစ်သည်။ ကျရှုံးမှုများ၊ စိတ်ဒဏ်ရာများ၊ နာကျင်မှုများနှင့် မည်သို့ပင်ကြုံတွေ့ရပါစေ ယနေ့ ထာဝရဘုရား၏ကယ်တင်သော မျက်မှောက်တော်သည် ကျွန်ုပ်တို့၏ခွန်အားအစွမ်းသတ္တိနှင့် အကွယ်အကာဖြစ်တော်မူ၏(:၁၄)။
သိရှိသတိပြုမိသနည်း။ သင့်ကို ထာဝရဘုရားက မည်သို့ကူညီစောင်မခဲ့ပါသနည်း။
ကျေးဇူးပြု၍ ကျွန်ုပ်အနီးအပါးတွင် ကိုယ်တော်အတူရှိတော်မူသည်ကို သိရန် ကူညီမစတော်မူပါ။
ဆာလံကျမ်း ၁၁၈ သည် ယုံကြည်သူအသိုင်းအဝိုင်း(အသင်းတော်)တစ်ခုလုံးအား “ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဥ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့”ဟု (း၁၊ ၂၉)တိုက်တွန်းခွန်အားပေးချက်နှင့်အစပြုထားပြီး ထိုအချက်နှင့်ပင်အဆုံးသတ်ထားသည်။ ဤသို့သော အစနှင့်အဆုံးကို ရေးသားထားသည့် ချီးမွမ်းခြင်းကျမ်းပိုဒ်နှစ်ခု၏အလယ်ကြားထဲတွင် ဆာလံဆရာက ဘုရားသခင်၏ ကောင်းမြတ်မှုကို ခံစားရသည့် သူ၏ကိုယ်ပိုင်အတွေ့အကြုံကို ကျွန်ုပ်တို့ကြားသိရသည်။ ”ငါသည် ကျဥ်းမြောင်းရာထဲက ထာဝရဘုရားကိုခေါ်၍၊ ထာဝရဘုရားသည် ကျယ်ဝန်းသောအရပ်ထဲသို့ သွင်းတော်မူ၏” (း၅)။ “သင်သည် ငါ့ကိုလှဲခြင်းငှာ ပြင်းထန်စွာတွန်းသော်လည်း ထာဝရဘုရားသည် ငါ့ကို မစတော်မူ၏”(း၁၃)။ ဘုရားသခင်၏ခွန်အားတန်ခိုးဖြည့်ပေးခြင်း၊ ကာကွယ်ပေးသော ဘုရားသခင်၏တည်ရှိခြင်းတို့ကို တွေ့ကြုံခံစားရသည့် ဆာလံဆရာ၏ကိုယ်တွေ့သက်သေခံချက်သည် မဖြစ်နိုင်ဟုထင်ရသော ထူးဆန်းသည့်အရာများကို အောင်မြင်ကျော်လွှားနိုင်ခြင်းသို့ ဦးတည်သွားစေသည်(၁၀-၁၁)။ ဝမ်းမြောက်ခြင်းကိုဖြစ်စေကာ၊ ချီးမွမ်းပွဲခံခြင်းကို ဖြစ်စေသည်(း၁၅)။ ကျရောက်အံ့သောသေခြင်းမှ ဘုရားသခင်၏ကယ်တင်ခြင်းကို တွေ့ကြုံခံစားရသော ဆာလံဆရာ၏ မှတ်မှတ်သားသား အတွေ့အကြုံသည် (း၁၇-၁၈)၊ အခြေအနေအလုံးစုံတွင် ယုံကြည်စိတ်ချနိုင်သော ဘုရားသခင်တစ်ပါးကို ကျေးဇူးတင်ခြင်းဖြင့် အသက်ရှင်ရန် ကျွန်ုပ်တို့အားလုံးကို ဖိတ်ခေါ်နေတော့သည်။