မက်ဂလိုဒွန်ငါးမန်းနှင့် လဝိသန်
Description
မိုးကောင်းကင်အောက်၌ ရှိသမျှတို့သည် ငါ၏ဥစ္စာဖြစ်ကြ၏။ 41:11 ">[ ယောဘ ၄၁:၁၁ ]
လွန်လေသောနှစ်များက ကျွန်ုပ်၏စာတိုက်ပုံး၌ ထူထဲသော အထုပ်တစ်ထုပ်ရောက်လာသည်။ အထုပ်ပေါ်ရှိ ပေးပို့သူလိပ်စာ၌ ကျွန်ုပ်အခင်ဆုံးသူငယ်ချင်း၏ လိပ်စာကို သတိပြုမိပြီးနောက် ကျွန်ုပ်ပြုံးလိုက်မိသည်။ ဂျိုးသည် ရံဖန်ရံခါ ကျွန်ုပ်ထံသို့ မျှော်လင့်မထားသောအရာများကို ပေးပို့တတ်သည်။ အထုပ်ကို သေသပ်စွာ ထုတ်ပိုးထားပြီး၊ အထုပ်ထဲ၌ ငါးလက်မအရှည်ရှိ အညိုရင့်ရောင် ငါးမန်းသွားတစ်ချောင်းပါရှိသည်။
၎င်းသည် သမိုင်းမတင်မီခေတ်မှ မက်ဂလိုဒွန် (Megalodon) ငါးမန်းတစ်ကောင်၏ကျောက်ဖြစ်ရုပ်ကြွင်းသွားဖြစ်ပြီး၊ ဧရာမငမန်းဖြူတစ်ကောင်ထက် အဆပေါင်းများစွာ ကြီးမားသောငါးမန်းဖြစ်ကြောင်း ဂျိုး၏စာ၌ ရှင်းပြထားသည်။ ထိုကဲ့သို့သောသွားများကို တန်းစီထားသော ငါး၏မေးရိုးသည် မည်မျှကြီးမားလိမ့်မည်ကို ကျွန်ုပ်တွေးကြည့်မိသည်။ အနံ ၉ ပေနှင့် အလျား ၁၁ ပေ ရှိမည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းချက်ကြသည်။ ဤသတ္တဝါများသည် မည်မျှထူးခြားဆန်းကြယ်သော မြင်ကွင်းမျိုး ဖြစ်ခဲ့လိမ့်မည်နည်း။
သမ္မာကျမ်းစာက မက်ဂလိုဒွန်ငါးမန်းအကြောင်း မဖော်ပြထားပါ။ သို့သော် ယောဘဝတ္ထုတွင် ဘုရားသခင်သည် လဝိသန်ဟု ခေါ်သော ပင်လယ် သားရဲတစ်ကောင်ကို ဖော်ပြထားသည်။ ယောဘဝတ္တု ၄၁ ၌ ၎င်း၏ ထူးခြားသောပုံသဏ္ဌာန်ကို အသေးစိတ်ဖော်ပြထားသည်။ “လဝိသန်၏အင်္ဂါများ၊ ခွန်အား၊ တင့်တယ်သောတန်ဆာတို့ကို ငါသည် ဝှက်၍မထား”ဟု ဘုရားသခင်က ယောဘအား မိန့်တော်မူသည် (:၁၂)။ “သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏သွားတန်းတို့သည် ကြောက်မက်ဘွယ်ဖြစ်ကြ၏” (:၁၄)။
အဖြေကား လဝိသန်ကို ဖန်ဆင်းသော အရှင်သာလျှင်ဖြစ်သည်။ ဤနေရာ၌ ဤသားရဲသည် မည်မျှပင်ကြီးမားထည်ဝါနေပါစေ ၎င်း၏ဖန်ဆင်းရှင်နှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ကြောင်း ဘုရားသခင်က “မိုးကောင်းကင်အောက်၌ ရှိသမျှတို့သည် ငါ၏ဥစ္စာဖြစ်ကြ၏” (:၁၁) ဟု ယောဘအား သတိပေးသည်။
ထိုမက်ဂလိုဒွန်ငါးမန်းသွားသည် ကျွန်ုပ်၏စားပွဲပေါ်တွင် ရှိနေပြီး ဖန်ဆင်းရှင်၏ ဘုန်းတန်ခိုးနှင့် ဖန်ဆင်းခြင်းအစွမ်းတန်ခိုးကို မြင်သာအောင် သတိပေးနေသည့်အရာဖြစ်သည်။ လောကကြီးက မိမိထင်သလို ဖြစ်မလာဟုခံစားရသောအခါ ဘုရားသခင်၏ဂုဏ်တော်ဝိသေသသည် ထိုထင်မှတ်မထားသည့် သတိပေးမှုမှ
တစ်ဆင့် ကျွန်ုပ်အား နှစ်သိမ့်မှုကိုပေးပေသည်။
ဖန်ဆင်းမှုကို သင့်အား မည်သို့သတိပေးသနည်း။
ဖန်ဆင်းခြင်း၌ ဘုရားသခင်၏လုပ်ဆောင်မှုသည်
သင့်အား မည်သို့ ခွန်အားပေးသနည်း။
ကိုယ်ဝောာ်၏အခွင့်အာဏာနှင့် တန်ခိုးဝောာ်ကို ကိုယ်တော်ဖန်ဆင်းထားသော အရာများအားဖြင့် သက်သေပြခြင်း အကြောင်းနှင့်ပတ်သက်၍ ယောဘဝတ္ထု ၄၀း၆ မှ အစပြုသည့် ဘုရားသခင်နှင့် သူ၏ ရုန်းကန်နေရသော ကျွန် ယောဘတို့အကြား ရှည်လျားသော အပြန်အလှန်ပြောဆိုမှုတွင် ယောဘဝတ္ထု အခန်းကြီး ၄၁ သည် တစ်စိတ်တစ်ဒေသ ကိုယ်စားပြုပါဝင်သည်။ သူ၏အပြစ်ကင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို အခန်းကြီးများစွာ တွင် ခုခံပြောဆိုပြီးနောက် ဘုရားသခင်၏ကြီးမြတ်မှုကို ရင်ဆိုင်ရသောအခါ ယောဘသည် သူ၏ကိုယ်ပိုင် ကောင်းမြတ်မှုအပေါ် မဝါကြွားနိုင်တော့ဘဲ၊ သူပြောခဲ့သမျှအတွက် ကျိုးပဲ့ကြေမွစိတ်နှင့် စစ်မှန်စွာ နောင်တရခဲ့သည် (၄၂း၁-၆)။ ယောဘသည် လူကောင်းတစ်ယောက် ဖြစ်သည်မှာ ပြောစရာမရှိပေ။ သို့သော်လည်း စကြဝဠာကြီးကို အုပ်စိုးတော်မူသော ဘုရားသခင်နှင့်ရင်ဆိုင်ရသောအခါ ဟေရှာယ၏နှိုင်းယှဥ်ဖော်ပြသကဲ့သို့ “အကျွန်ုပ်တို့ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ။ ပြုဘူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်ညမ်းသော အဝတ်နှင့်တူ”ကြောင်း (ဟေရှာယအနာဂတ္တိကျမ်း ၆၄း၆) ထင်ရှားစွာပေါ်လွင်နေတော့သည်။ ဖန်ဆင်းခြင်းသည် ဘုရားသခင်၏ကြီးမြတ်မှုကို ကျွန်ုပ်တို့အား ဖော်ပြသတိပေးသည်။ ၎င်းသည် ကိုယ်တော်ရှေ့တွင် ကျွန်ုပ်တို့၏ သေးငယ်မှုနှင့် ကိုယ်တော်အပေါ်တွင် ကျွန်ုပ်တို့နက်နက်နဲနဲ အမှီပြုရမှုတို့ကို ဖွင့်ဟဖော်ပြနေပါသည်။