Discoverfullfeed | Myanmar Our Daily Breadယုံကြည်ခြင်းခြေတစ်လှမ်း
ယုံကြည်ခြင်းခြေတစ်လှမ်း

ယုံကြည်ခြင်းခြေတစ်လှမ်း

Update: 2025-09-05
Share

Description



ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ [ ဧ ၂:၈ ]

ပြင်သစ်သင်္ဘောသားတစ်ဦးသည် သူ၏ကြောင်နှင့်အတူ အလာ့စ်ကာ (Alaska) ပြည်နယ် တောင်ဘက်ပိုင်း ကျွန်းတစ်ကျွန်းရှိ ဒတ်ချ် (Dutch)ဆိပ်ကမ်းမှ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့သို့ ရွက်လွှင့်နေစဉ် ကြီးမားသောလှိုင်းလုံးကြီးကြောင့် ရွက်လှေတိမ်းမှောက်သွားခဲ့သည်။ လှေသည် သူ့ဘာသာသူ တည့်မတ်သွားသော်လည်း သူ၏လက်မှ တက်မလွတ်ထွက်သွားပြီး ပြင်းထန်သော လှိုင်းရိုက်ခတ်မှုဒဏ်ကိုခံခဲ့ရသည်။ သူသည် အားကိုးရာမဲ့ဖြစ်လျက် ထိန်းချုပ်နိုင်စွမ်းမရှိ၊ လှေလှော်၍ မရ၊ ရေထဲ၌ ဘာမှမလုပ်နိုင်ဘဲ ပိတ်မိနေပြီဟု ဆိုးရွားသော အခြေအနေကို ကမ်းခြေစောင့်တပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။ နောက်ဆုံးတွင်၊ ကမ်းခြေစောင့်တပ်ဖွဲ့သည် အနီးအနားရှိ ရေနံတူးသင်္ဘောတစ်စင်းကို ဆက်သွယ်ခဲ့ပြီး သူ့ကို ကယ်ဆယ်ခဲ့သည်။ သူသည် အပေါ်အင်္ကျီအတွင်း ထည့်ထားသည့်ကြောင်ကိုပိုက်ကာ ကယ်ဆယ်ရေးသင်္ဘောပေါ်သို့ အမှန်တကယ်ပင် ယုံကြည်ခြင်းခြေလှမ်းဖြင့် တက်လှမ်းခဲ့ရပါသည်။


ဧဖက် ၂ တွင် ပေါလုသည် ရေထဲတွင် ပိတ်မိလျက်၊ ဝိညာဉ်ရေးအရ သေဆုံးသွားပြီး ဘုရားသခင်နှင့် ကွဲကွာနေသည့် (:၁) လူသား၏အပြစ်နှင့်မျှော်လင့်ချက်မဲ့သောအခြေအနေကို ဖော်ပြသည်။ ထို့အပြင်၊ ကျွန်ုပ်တို့သည် ကိုယ်တော်အလို ရှိသမျှကို မနာခံ(:၂)၊ ကယ်တင်ခြင်းရရှိရန် မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်ဘဲ အကျင့်ပျက်ပြားနေသည်(:၃)။ သို့သော် “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့်” ကျွန်ုပ်တို့ ကယ်တင်ခြင်းသို့ ရောက်ရန် သခင်ယေရှု ပြုပေးခဲ့ပြီး၊ ဤကယ်တင်ခြင်းသည် “ဘုရားသခင်၏ဆုလက်ဆောင်” ဖြစ်သည်(:၈)။


ကျွန်ုပ်တို့အားလုံးသည် မာန်ဟုန်ပြင်းသော အပြစ်နှင့်သေခြင်းပင်လယ်လှိုင်းတံပိုးများတွင် မျောပါနေကြသော်လည်း ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း လက်အစုံထဲသို့ လှမ်းတက်နိုင်‌အောင် ပြုပေးသည့် ကျွန်ုပ်တို့၏ကယ်တင်ရှင်ရှိခြင်းကြောင့် ဘုရားသခင်ကို ချီးမွမ်းပါ။ ခရစ်တော်တစ်ပါးတည်းသာ ကျွန်ုပ်တို့ကို ကယ်တင်နိုင်ပြီး ဘေးကင်းရာသို့ ပို့ဆောင်ပေးနိုင်သည်။



သခင်ယေရှု ပြုပေးခဲ့သောကယ်တင်ခြင်းနည်းလမ်းကား အဘယ်နည်း။
ကိုယ်တော်၌ ယုံကြည်ခြင်းနှင့် ကိုယ်တော်ပြုပေးသောကယ်တင်ခြင်းသည် မည်သို့ဆက်စပ်သနည်း။

ချစ်စွာသောသခင်ယေရှု၊ ယုံကြည်ခြင်းဖြင့် ကိုယ်တော်၏ ကယ်တင်သောလက်တော်သို့ ခုန်ဝင်နိုင်အောင် ကိုယ်တော်၏ကရုဏာတော်နှင့် ကျေးဇူးတော်သည် ကျွန်ုပ်အား မစပေ၏။


ယုံကြည်ခြင်းခြေတစ်လှမ်း
ဧဖက်ဩဝါဒစာအခန်းကြီး ၂ တွင် သခင်ခရစ်တော်၏ ကယ်တင်ခြင်းကို ကျွန်ုပ်တို့လိုအပ်ကြောင်းကို မငြင်းနိုင်ဟု ရှင်ပေါလု၏သွန်သင်ချက်တွင် ရှင်းလင်းစွာ တွေ့ရသည်။ သခင်ခရစ်တော်နှင့်ကွာဝေးလျှင် ကျွန်ုပ်တို့သည် “ဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော”(း၁)၊သူများဖြစ်ပြီး၊ ထိုသို့သေနေသူတို့သည် သူတို့ဘာသာသူတို့ မည်သည့်အရာကိုမျှ မပြုနိုင်ကြပေ။ “ကရုဏာ‌တော်နှင့် ကြွယ်ဝတော်မူသောဘုရားသခင်သည် (ကျွန်ုပ်တို့ကို) မဟာမေတ္တာတော်နှင့်ချစ်တော်မူ”သောကြောင့်၊ သခင်ခရစ်တော်၏ သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို အသက်ပေးသနားတော်မူသည့် ဘုရားသခင်ကို ကျွန်ုပ်တို့ မည်မျှကျေးဇူးတင်သင့်ပါအံ့နည်း။ အသက်ကိုပေးတော်မူသည့်အပြင် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ”ကောင်းကင်အရပ်၌ နေရာပေးတော်မူ”သည်။ (း၆)။ ဤအရာအားလုံးမှာ ဘုရားသခင်သည် သူ၏“ကျေးဇူးဝောာ်အလွန်ကြွယ်ခြင်းကို” ကျွန်ုပ်တို့အား ဖော်ပြရန် ဖြစ်သည်(း၇)။ သခင်ယေရှုနှင့်ကွာလျှင် ကျွန်ုပ်တို့သည် ပျောက်ဆုံးပြီး၊ ကူရာမဲ့သူများ ဖြစ်ကြသည် (း၈-၉)။ သို့သော် ကိုယ်တော်သည် ကြွဆင်းလာကာ ကျွန်ုပ်တို့၏နေရာကို အစားထိုး နေရာဝင်ယူခဲ့သည်။ ဘုရားသခင်သည် သူ့ကို ယုံကြည်သသူများအား ကယ်တင်ကာ လုံခြုံရာသို့ ပို့ဆောင်ပေသည်။



Comments 
In Channel
loading
00:00
00:00
x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

ယုံကြည်ခြင်းခြေတစ်လှမ်း

ယုံကြည်ခြင်းခြေတစ်လှမ်း