Discoverfullfeed | Myanmar Our Daily Breadဘုရားသခင်နှင့်အတူ အဆိုးကို အောင်နိုင်ခြင်း
ဘုရားသခင်နှင့်အတူ အဆိုးကို အောင်နိုင်ခြင်း

ဘုရားသခင်နှင့်အတူ အဆိုးကို အောင်နိုင်ခြင်း

Update: 2025-09-01
Share

Description



အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကို နိုင်လော့။ 12:21 ">[ ရောမ ၁၂:၂၁ ]

စိတ်ကူးယဉ်ဇာတ်လမ်းထဲမှ တိရစ္ဆာန်များနှင့် စကားပြောသူ ဒေါက်တာ ဒိုလီတဲလ်သည် စာအုပ်များ၊ ရုပ်ရှင်များနှင့် ပြဇာတ်များမှတစ်ဆင့် ပရိသတ်များကို ပျော်ရွှင်စေခဲ့သည်။ သို့သော် ပထမကမ္ဘာစစ်အတွင်း ကြောက်မက်ဖွယ် ကတုတ်ကျင်းများကြားမှ သူ၏ကလေးများအတွက် ဒိုလီတဲလ်ပုံပြင်များကို စတင်ရေးသားခဲ့သူ စာရေးဆရာ ဟုဂျ်လော့ဖ်တင်အကြောင်းကို လူအနည်းငယ်သာ သိကြသည်။ စစ်အနိဌာရုံများကို ရေးသားရန်မှာ အလွန်ကြောက်မက်ဖွယ်ဖြစ်ခြင်းကြောင့် သူသည် ပုံပြင်များကိုသာ ရေးသားသရုပ်ဖော်ခဲ့သည်ဟု သူက နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ စိတ်ကူးယဉ်ဆန်ပြီး နှစ်သက်ပျော်ရွှင်စရာများနှင့်ပြည့်သော ပုံပြင်များသည် စစ်၏ထိတ်လန့်ဖွယ်ရာများကို တွန်းလှန်ဖယ်ရှားသည့် လော့ဖ်တင်၏နည်းလမ်းပင်။


မတားဆီးနိုင်လောက်အောင် အားကြီးပြီး၊ ခြိမ်းခြောက်လျက် အရှက်ရ‌စေသော အင်အားစုများကို ဆန့်ကျင်ကာ လှုပ်ရှားနေသူတစ်ဦးကို မြင်တွေ့ရခြင်းက စိတ်ကို အားတက်ဖွယ်နှိုးဆော်သည်။ မတရားမှု၊ အကြမ်းဖက်မှုနှင့် လောဘတရားများ အောင်နိုင်သွားမည်ကို စိုးရိမ်သောကြောင့် ကြံ့ကြံ့ခံနိုင်ရည် သတ္တိကို ကျွန်ုပ်တို့အံ့သြလေးစားကြခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ မကောင်းမှုက ကမ္ဘာတစ်ခုလုံးကို အနိုင်ယူသွားမှာကို (ရော ၁၂:၂၁) ကျွန်ုပ်တို့ စိုးရိမ်ကြသည်။ အကယ်၍ ကိုယ့်စိတ်နှင့်ကိုယ်သာဆိုလျှင် ထိုကြောက်ရွံ့မှုများ ခိုင်မာစွာအမြစ်တွယ်သွားနိုင်သည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို မိမိတို့ဘာသာဆုံးဖြတ်ရန် ပစ်ပယ်မထားခဲ့ပေ။ ကျွန်ုပ်တို့ကို သူ၏မြင့်မြတ်သောခွန်အားဖြင့် ပြည့်စေပြီး၊ ကျွန်ုပ်တို့ကို ပါဝင်လုပ်ဆောင်စေလျက်၊ “အကောင်းအားဖြင့် အဆိုးကို အနိုင်ယူရန်” ( :၂၁) ခေါ်ယူတော်မူသည်။


ကျွန်ုပ်တို့တစ်ဦးစီတိုင်း၏နှလုံးသား၌ ဘုရားရှင်ထည့်ပေးထားသော မည်သည့် နည်းလမ်းဖြင့်မဆို အကောင်းအားဖြင့် အဆိုးကို အနိုင်ယူကြသည်။ အချို့က လှပသောပုံပြင်များကို ရေးသားကြသည်။ အချို့က ဆင်းရဲသားများကို ဂရုပြုကြသည်။ အချို့က မိမိတို့၏အိမ်ကို ကြိုဆိုဧည့်ခံရာနေရာအဖြစ် ဖွင့်ပေးသည်။ အချို့ကမူ သီချင်း၊ ကဗျာ (သို့) စကားဝိုင်းများမှတစ်ဆင့် ဘုရားသခင် အကြောင်းကိုမျှဝေကြသည်။ နည်းလမ်းမြောက်မြားစွာဖြင့် ကျွန်ုပ်တို့သည် ဘုရား၏ ကောင်းမြတ်ခြင်းနှင့် ငြိမ်သက်ခြင်းကို ကမ္ဘာလောကသို့ သယ်ဆောင်လျက် (:၁၈) သွားလေရာရာ၌ မကောင်းမှုကို အနိုင်ယူကြပေသည်။



မည်သည့်နေရာ၌ မကောင်းမှုသည် ချောင်းမြောင်းပုန်းအောင်းနေသည်ကို သင်မြင်သနည်း။
အကောင်းအားဖြင့် အဆိုးကိုအနိုင်ယူရန် သင်မည်သည့်ကဏ္ဍတွင် တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်မည်နည်း။

ချစ်သောဘုရားသခင်၊ ကျွန်ုပ်အား အကောင်းအားဖြင့် အဆိုးကိုအနိုင်ယူခြင်း၏
အစိတ်အပိုင်းတစ်ခု ဖြစ်လာစေရန် မစတော်မူပါ။


ဘုရားသခင်နှင့်အတူ အဆိုးကို အောင်နိုင်ခြင်း

ရောမဩဝါဒစာ ၁၂ သည် ဤမှောင်မိုက်သော ကမ္ဘာလောကတွင် ဆားနှင့်အလင်းဖြစ်စေရန် သခင်ယေရှု၏ စိန်ခေါ်မှုအား မည်သို့ဖော်‌ဆောင်အသက်ရှင်ရမည်ကို တမန်တော်ပေါလုဖော်ပြသည့် အံ့ဩဖွယ် စနစ်တကျကျမ်းတစ်ကျမ်းဖြစ်သည် (ရှင်မဿဲခရစ်ဝင် ၅း၁၃-၁၄ ကိုရှု)။ ဘုရားသခင်၏ ကောင်းမြတ်မှုနှင့် ငြိမ်သက် ငြိမ်းချမ်းရေးကို သခင်ယေရှုကို ယုံကြည်သူများမှတစ်ဆင့် တွေ့မြင်ရရန် လောကသားတို့၌ အခွင့်အရေး ရှိကြ သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ပတ်လည်တွင်ရှိသော အဆိုးနှင့်ပဋိပက္ခများတွင် ကောင်းမြတ်မှုနှင့် ငြိမ်းချမ်းမှုက အံ့ဩဖွယ် ခြားနားကွဲပြားမှုရှိနေခြင်းကြောင့် ဖြစ်သည်။ ရှင်ပေါလု၏စာများက ကျွန်ုပ်တို့အား ကယ်တင်ခြင်းသတင်းကောင်းကိုလက်တွေ့ မည်သို့ရှင်သန်ပြရမည်ကို စွမ်းအားကြီးစွာသရုပ်ဖော်ပြနေသည်။ ယုံကြည်ခြင်းဖြင့်အသက်ရှင်ခြင်းသည် အခြားအရာများထဲမှ ရွေးချယ်ရသည့်အရာ မဟုတ်ဘဲ၊ ၎င်းသည် အသက်တာကို ပြောင်းလဲစေသော ကယ်တင်ခြင်းသတင်းကောင်း၏သက်သေများဖြစ်ခြင်း၏ရှိရင်းစွဲ ဖြစ်တည်မှုဖြစ်သည်။ ကျွန်ုပ်တို့ယုံကြည်သည့်အရာက ကျွန်ုပ်တို့၏ ဘဝအသက်ရှင်သန်ပုံကို မဖြစ်မနေ ထူးခြား ပြောင်းလဲမှု ဖြစ်စေရမည်။ ထို့ပြင် ဝိညာဥ်တော်၏တန်ခိုးဖြင့် ယုံကြည်ခြင်းကို လက်တွေ့ရှင်သန်ပြသောအခါ ဘုရားသခင်၏နှလုံးသားကို မြင်အောင် ပေါ်လွင်ထင်ရှားစွာ ကျွန်ုပ်တို့ဖော်ပြနေတော့သည်။



Comments 
loading
In Channel
loading
00:00
00:00
x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

ဘုရားသခင်နှင့်အတူ အဆိုးကို အောင်နိုင်ခြင်း

ဘုရားသခင်နှင့်အတူ အဆိုးကို အောင်နိုင်ခြင်း