Discoverfullfeed | Myanmar Our Daily Breadခရစ်တော်၌ အတွေးများကို ချုပ်ထိန်းပါ
ခရစ်တော်၌ အတွေးများကို ချုပ်ထိန်းပါ

ခရစ်တော်၌ အတွေးများကို ချုပ်ထိန်းပါ

Update: 2025-09-02
Share

Description



....ညီအစ်ကိုတို့၊ သမ္မာတရားနှင့်ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သော
အကျင့်၊ စင်ကြယ်သောအကျင့်၊ ... ရှိသမျှတို့ကို... နှလုံးသွင်းကြလော့။ [ ဖိ ၄:၈ ]

Katie Ledecky(ကေတီလဒက်ကီ)သည် သူအကျွမ်းကျင်ဆုံးရေကူးအားကစားဖြင့် ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်ပြိုင်ပွဲ၏ မီတာ၁၅၀၀ အလွတ်ကူးပြိုင်ပွဲတွင် ယှဥ်ပြိုင်ရင်း တစ်ကြော့ပြီးတစ်ကြော့ ကူးခတ်ခဲ့သည်။ သူမသည် ၁၅ မိနစ်ခန့် စောပြီး အခြားရေကူးသမားများ၏ရှေ့မှပန်းဝင်ခဲ့ပြီး တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေသည်။ ထိုတာဝေးရေကူးပြိုင်ပွဲတွင် လဒက်ကီသည် မည်သည့် အရာများကို တွေးနေသနည်း။ သူမ အိုလံပစ်စံချိန်သစ် တင်နိုင်ခဲ့ပြီး ရွှေတံဆိပ်ရခဲ့သည့်ပြိုင်ပွဲအပြီး ချက်ချင်းပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတွင် လဒက်ကီ သည် သူမ၏လေ့ကျင့်ဖော်များအကြောင်း စဉ်းစားနေပြီး၊ ၎င်းတို့၏အမည်များကို စိတ်ထဲ၌ ရေရွတ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


တာဝေးရေကူးသမားများသာ မှန်ကန်သောအရာများအပေါ် အာရုံစိုက်ရန် လိုအပ်သူများ မဟုတ်ပါ။ သခင်ယေရှု၌ ယုံကြည်သူ ကျွန်ုပ်တို့သည်လည်း ယုံကြည်ခြင်းခရီးတစ်လျှောက်တွင် မိမိ၏အတွေးများကို စောင့်ထိန်းရန်လိုသည်။


တမန်တော်ရှင်ပေါလုသည် ဖိလိပ္ပိအသင်းတော်အား “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ၊ အရာရာ၌ ဆုတောင်းပတ္ထနာပြု”ကာ၊ “သခင်ဘုရား၌ ဝမ်းမြောက် ရန်” ခွန်အားပေးခဲ့သည်(ဖိ၄:၄-၆)။ ရလဒ်အနေဖြင့် “အဘယ်သူမျှကြံ၍မမှီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏ စိတ်နှလုံးတို့ကို စောင့်မမည်”ဖြစ်သည်(:၇)။ ငြိမ်သက်ခြင်းအရှင်ယေရှုသည် ကျွန်ုပ်တို့၏စိုးရိမ်မှုများနှင့် ဒုက္ခပြဿနာများကို မှန်သောအမြင် ရှုထောင့်မှ မြင်နိုင်အောင် မစပေသည်။


ရှင်ပေါလုသည် ယုံကြည်သူများအား “သမ္မာတရားနှင့်ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကို နှလုံးသွင်းကြလော့”ဟူ၍ ခွန်အားပေးခဲ့သည်(:၈)။


တစ်နေ့တာကို ဖြတ်သန်းရင်း မိမိတို့၏အတွေးများကို သတိပြုကြပါစို့။ မိမိ၏အသက်တာ၌ လှုပ်ရှားနေသည့် ဘုရားသခင်၏လက်တော်ကို မြင်ရသည့်အခါ ကောင်းချီးများကို ရေတွက်ကာ ကိုယ်တော့်အား ဝတ်ပြုနိုင်ပေသည်။



မကြာမီက မည်သည့်အရာများကို သင်တွေးတောနေခဲ့သနည်း။
သင်၏အတွေးများအားဖြင့် ဘုရားသခင်အား မည်သို့ရိုသေလေးမြတ်နိုင်သနည်း။

ချစ်တော်မူသောဘုရားသခင်၊ ကျွန်ုပ်၏အတွေးများသည် ကိုယ်တော်ရှေ့၌ နှစ်သက်ဖွယ်ဖြစ်စေတော်မူပါ။


ခရစ်တော်၌ အတွေးများကို ချုပ်ထိန်းပါ
ဝမ်းမြောက်ခြင်းစာစောင် (ဖိလိပ္ပိဩဝါဒစာ ၁း၄၊ ၂၅၊ ၂း၂၊ ၂၉၊ ၄း၁)တွင် ရှင်ပေါလုက သခင်ယေရှုကို ယုံကြည်သူများအား “သခင်ဘုရား၌ အစဥ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့”(၄း၄)ဟု စိန်ခေါ်ခဲ့သည်။ သူအဘယ့်ကြောင့် ဝမ်းမြောက်သည်ကို ရှင်းလင်းပြောဆိုပြီး၊ ယုံကြည်သူများအား ထိုနည်းတူ ဝမ်းမြောက်ခြင်းရှိရန် တိုက်တွန်းခွန်အားပေးခဲ့သည်1:18 ,2:17-18,3:1,4:4,10">(၁း၁၈၊ ၂း၁၇-၁၈၊ ၃း၁၊ ၄း၄၊ ၁၀)။ ရှင်ပေါလုသည် အစောပိုင်းကာလ လွန်ခဲ့သော ၁၀ နှစ်သူ၏သာသနာပြုခရီး ဒုတိယခရီးစဥ်တွင် ရောမကိုလိုနီဖြစ်သော ဖိလိပ္ပိမြို့သို့ ပထမဆုံး အကြိမ်ရောက်ရှိသောအခါ မြို့၏ငြိမ်ဝပ်အေးချမ်းမှုကို နှောင့်ယှက်သည်ဟု မှားယွင်းစွတ်စွဲခံခဲ့ရသည်။ တရားမဝင် ရိုက်နှက်ခံခဲ့ရပြီး၊ မတရားသဖြင့် ထောင်ချခံခဲ့ရသည့်တိုင် (တမန်တော်ဝတ္ထု ၁၆း၂၀-၂၆)၊ သူသည် “ပတ္ထနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက် ”(၂၅) ငြိမ်သက်အေးချမ်းစွာ ရှိနေခဲ့သည်။ ဖိလိပ္ပိဩဝါဒစာအခန်းကြီး ၄ တွင် “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ၊ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။.... စင်ကြယ်သော အကျင့် သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့်...ရှိသမျှတို့ကို ...ကျင့်ကြလော့”(၆၊ ၈)ဟု ရှင်ပေါလု ပြောကြားခဲ့သည်။ ကျွန်ုပ်တို့၏အတွေးများကို ဘုရားသခင်ပြုသောအမှုများ၌ အာရုံပြုသောအခါ စုံစမ်းနှောင့်ယှက်ခြင်းများအတွင်းတွင် ပင်လျှင်ကိုယ်တော်ကို ဝတ်ပြုကိုးကွယ်နိုင်ပါသည်။



Comments 
In Channel
loading
00:00
00:00
x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

ခရစ်တော်၌ အတွေးများကို ချုပ်ထိန်းပါ

ခရစ်တော်၌ အတွေးများကို ချုပ်ထိန်းပါ