Discoverfullfeed | Myanmar Our Daily Breadဘုရားသခင်သည် ကျွန်ုပ်တို့ကို ဘယ်သောအခါမျှ မစွန့်
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဘယ်သောအခါမျှ မစွန့်

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဘယ်သောအခါမျှ မစွန့်

Update: 2025-09-05
Share

Description



‌မောရှေနှင့်အတူ ငါရှိသကဲ့သို့ သင်နှင့်အတူငါရှိလိမ့်မည်။ ငါသည် သင့်ကို မစွန့်၊ သင့်ကို ပစ်၍မထား။ [ ယောရှု ၁:၅ ]

ဂျော်ဒန်မြစ်အနောက်ဘက်ဒေသ သန့်ရှင်းသောပြည် (Holy Land)ရှိ သခင်ယေရှုလျှောက်ခဲ့သောနေရာ၌ လမ်းလျှောက်ခြင်းကို ကျွန်မတို့နှစ်သက်သည်။ ယခုမှ ကိုယ်တော်၏လောကီအသက်တာ မြင်ကွင်းများနှင့်အသံများကို ပို၍ လွယ်ကူစွာ ကျွန်မစိတ်ကူးမြင်ယောင်နိုင်ခဲ့ပါပြီ။ သို့သော် ဘုရားကျောင်းနှင့် ကျေးလက်ဒေသရှိ မညီညာသော ကျောက်တုံးများပေါ် တက်လိုက်ဆင်းလိုက် လုပ်ခြင်းကြောင့် ဒူးနာလျက် အိမ်ပြန်ခဲ့သည်။ ကျွန်မ၏ဝေဒနာက ရာစုနှစ်များစွာက ခရီးနှင်ခဲ့ကြသူများနှင့် နှိုင်းယှဉ်လျှင် အသေးအဖွဲမျှသာ ဖြစ်သည်။ ထိုသူများသည် အဆစ်အမြစ် နာကျင်မှုကို ပြင်းထန်စွာခံစားရသည်သာမက သေဆုံးသည်အထိဖြစ်ခဲ့လည်း ဘုရားသခင်သည် သူတို့နှင့်အတူရှိခဲ့သည်။


ဘုရားသခင်သည် သူ၏လူများကို သူ့နောက်သို့လိုက်ရန် ခေါ်ခဲ့ပြီး “နို့နှင့် ပျားရည်စီးပြီး သာယာသောပြည်” (ထွက် ၃:၈) တွင် နေထိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ သူတို့သည် ကတိထားရာပြည်သို့ဝင်ရောက်ရာ ဆန့်ကျင်ဘက် စစ်တပ်များ၏ အန္တရာယ်နှင့် မြို့ရိုးကဲ့သို့သောအတားအဆီးများ ရင်ဆိုင်ရနိုင်သည်ကို ကိုယ်တော် သိသည်။ အနှစ် ၄၀ ပတ်လုံး ကန္တာရထဲ သူတို့ လှည့်လည်ခဲ့ရချိန်တွင် ဘုရားသခင်သည် သူတို့နှင့်အတူ ရှိခဲ့ပြီး၊ ယခုတွင်လည်း ၎င်းတို့ကို မစွန့်လွှတ်ပေ။


ဘုရားသခင်သည် သူတို့နှင့်အတူရှိနေခြင်းကို “သင်နှင့်အတူငါရှိလိမ့်မည်။ ငါသည် သင့်ကို မစွန့်၊ သင့်ကို ပစ်၍မထား” (ယောရှု ၁:၅) ဟု ခေါင်းဆောင်သစ် ယောရှုအား ကတိပေးခဲ့သည်။ ယောရှုသည် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ရင်ဆိုင်ရမည်ဖြစ်၍ ကြံ့ခိုင်မှုနှင့် ရဲရင့်မှုရှိရန် လိုအပ်သည်။ ကြံ့ခိုင်ရဲရင့်မှုရှိအောင် ဘုရားသခင်က သူ့ကို ကူညီပေးမည်ဖြစ်သည်။


သခင်ယေရှုကို ယုံကြည်သူ ကျွန်ုပ်တို့သည် နေရန် (သို့) သွားရန် စေခိုင်းခံရသည်ဖြစ်စေ ဤဘဝတွင် အန္တရာယ်များ၊ စိန်ခေါ်မှုများနှင့် ဆင်းရဲဒုက္ခများကို ကြုံတွေ့ရမည်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့အား မည်သည့်အခါမျှ မစွန့်ပစ်သောဘုရားသခင်၏ကတိတော်ကို ဆုပ်ကိုင်ထားနိုင်သည်။ ကိုယ်တော်ကြောင့်သာလျှင် ကျွန်ုပ်တို့လည်း ကြံ့ခိုင်ပြီးရဲရင့်မည်ဖြစ်သည်။



အခက်အခဲ ကြုံတွေ့ရသောအခါ ဘုရားသခင်၏တည်ရှိနေမှုကို သင်မည်ကဲ့သို့ခံစားသိရှိသနည်း။
အကူအညီ၊ မေတ္တာနှင့် ပံ့ပိုးမှုများရရှိရန် ယနေ့ ကိုယ်တော့်ကို သင်မည်သို့မှီခိုမည်နည်း။


ကယ်တင်သောဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်အား ကျတ်တီးမြေသို့
ပို့ဆောင်စဥ် ထိတ်လန့်ဖွယ်ရာများကို ကြောက်ရွံ့ပါ၏။
ကိုယ်တော်သည် ကျွန်ုပ်နှင့်အတူရှိနေကြောင်း စိတ်ချမှုကို ပေးတော်မူပါ။


ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဘယ်သောအခါမျှ မစွန့်
ယောရှုသည် ဣသရေလလူမျိုးကို ဦးဆောင်မှုပြုရန် သူ၏ဘဝတစ်ခုလုံး ပြင်ဆင်ခြင်းခဲ့ရသည်။ လူငယ်အရွယ်မှစ၍ မောရှေ၏လက်ထောက်ဖြစ်ခဲ့သည် 11:28 ">(တောလည်ရာကျမ်း ၁၁း၂၈)။ ကတိ‌တော်ထားရာ ပြည်သို့ မဝင်စားမီကတည်းကပင် ဣသရေလတပ်အား စစ်ပွဲထဲသို့ ဦး‌ဆောင်ခဲ့သည်။ (ထွက်မြောက်ရာကျမ်း ၁၇း၈-၁၆)။ သူသည် ဝင်စားရတော့မည့်ပြည်ကို စူးစမ်း‌လေ့လာသော ပထမဦးဆုံးသောသူများအနက် တစ်ဦး ဖြစ်သည်။ သူနှင့်ကာလက်သည် ၎င်းတို့ဝင်စားရတော့မည့်ပြည်ကို ထာဝရဘုရားသည် သူတို့လက်၌ အပ်နှံမည် ကို ကြည်စိတ်ချမှုဖြင့် တုန့်ပြန်ဖော်ပြခဲ့သူနှစ်ဦးသာဖြစ်သည် (၁၄း၅-၃၈)။ နောက်ဆုံးတွင် မောရှေ၏နေရာ၌ ခေါင်းဆောင်မှုကိုဆက်ခံရန် ဘုရားသခင်ကိုယ်တော်တိုင် သူ့အားတာဝန်ပေးခဲ့သည် (၂၇း၁၈-၂၃)။ ဘုရားသခင် သည် သူ့ကို စွန့်ပယ်မည်မဟုတ်ကြောင်း ယောရှုအား စိတ်ချစေခဲ့သကဲ့သို့(‌ယောရှုမှတ်စာ ၁း၅)၊ ကျွန်ုပ်တို့ သည်လည်း မည်သည့်အရာကိုမဆို ရင်ဆိုင်ရသည်ဖြစ်စေ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိကြောင်း စိတ်ချထားနိုင်သည်။



Comments 
In Channel
loading
00:00
00:00
x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဘယ်သောအခါမျှ မစွန့်

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဘယ်သောအခါမျှ မစွန့်