Discoverfullfeed | Myanmar Our Daily Breadလူ့အသက်များကို ကယ်တင်ခြင်း
လူ့အသက်များကို ကယ်တင်ခြင်း

လူ့အသက်များကို ကယ်တင်ခြင်း

Update: 2025-09-05
Share

Description



အလွန်နှိမ့်ချသော စိတ်ရှိလျက်၊ မျက်ရည်ကျလျက်၊ ...သခင်ဘုရား၏ အမှုတော်ကို ငါဆောင်ရွက်သည့်အကြောင်းအရာကို သင်တို့သိကြ၏။ 20:19 ">[ တ ၂၀:၁၉ ]

အဒေါလ်ဖိုကမင်စကီး(Adolfo Kaminsky)သည် စာရွက်ပေါ်မှ မဖျက်နိုင်သော မင်များကို မည်သို့ဖယ်ရှားရမည်ကို ကောင်းစွာသိသူဖြစ်သည်။ သူသည်ပြင်သစ်နိုင်ငံမှ နာဇီဆန့်ကျင်ရေးအဖွဲ့ဝင်ဖြစ်သည့်အားလျော်စွာ အကျဉ်းစခန်းများ၌ ရာနှင့်ချီရှိသူများကို ကယ်တင်နိုင်ရန် မှတ်ပုံတင်ကဒ်များကို ပြောင်းလွှဲပြင်ဆင်ပေးခဲ့သည်။ တစ်ကြိမ်တွင် မွေးစားရင်းနှင့် နှစ်ခြင်းမင်္ဂလာခံယူပြီးလက်မှတ် ၉၀၀၊ ဂျူးကလေးငယ် ၃၀၀ အတွက် ရိက္ခာထုတ်ကတ်တို့ကို သုံးရက်အတွင်း အတုပြုလုပ်ပေးရန် တာဝန်ပေးခံရသည်။ သူသည် မအိပ်ဘဲ နှစ်ရက်ဆက်တိုက် မနားမနေ အလုပ်လုပ်ခဲ့သည်။ သူ့ကိုယ်သူလည်း “ငါ ၁ နာရီကို အခု ၃၀ ပဲ ထုတ်နိုင်တယ်။ အကယ်၍ ငါ ၁ နာရီအိပ်ခဲ့ရင် လူအယောက် ၃၀ သေသွားလိမ့်မယ်”ဟု ပြောခဲ့သည်။


တမန်တော်ရှင်ပေါလုသည်လည်း ထိုသို့သော အရေးပေါ်အခြေအနေကို ခံစားခဲ့ရသည်။ သူက ဧဖက်မြို့၌ရှိသောအသင်းတော်အား “အလွန်နှိမ့်ချသောစိတ်ရှိလျက်၊ မျက်ရည် ကျလျက်၊ …စုံစမ်းနှောင့်ယှက်ခြင်းကိုခံလျက်၊ သခင်ဘုရား၏အမှုတော်ကို ငါဆောင်ရွက်သည်ကို သင်တို့သိကြ၏”ဟု(တ ၂၀:၁၉) သတိပေးလျက်၊ “သင်တို့ အကျိုး ပြုစုရာ တစ်စုံတစ်ခုကိုမျှ၊ ငါမထိမ်မဝှက်။ …သင်တို့အား ဟောပြော၍ ဆုံးမဩဝါဒပေး”ကြောင်း(၂၀) ပြောခဲ့သည်။ ထိုသို့အရေးတကြီးခံစားရခြင်းကြောင့် လူသားတိုင်း နောင်တရလျက် ခရစ်တော်၌ ယုံကြည်ရန် လိုအပ်ကြောင်းကို သူ့အနေနှင့် မတုံ့မဆိုင်း အရေးတယူဝေမျှခဲ့သည် (:၂၁)။ ယခုတွင် သူသည် “ဘုရားသခင်၏ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှာ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသော ဓမ္မဆရာအမှုတည်းဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာပြီးစီးစေ”ရေး (:၂၄) ထက်သန်စိတ်နှင့် ယေရုရှလင်မြို့သို့ ရွက်လွှင့်ပြန်ခဲ့သည်။


ရှင်ပေါလုက လူများကို ကယ်တင်ခြင်းမဟုတ်ဘဲ၊ ဘုရားကသာ ကယ်တင်ပါသည်။ သို့သော် သူက ယေရှုအကြောင်း ဘုရားသခင်၏သတင်းကောင်းကို ပြောနိုင်သည်။ “ထိုသခင်၏နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သောနာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက်လူတို့တွင် မပေါ်မရှိ”ပါ(တ ၄:၁၂)။


ယနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် မည်သူ့ကို သင့်စိတ်နှလုံးထဲသို့ ယူဆောင်လာပါသနည်း။ ထိုသူအား ထာဝရဘုရား၏ သတင်းကောင်းကို သင်ဝေမျှနိုင်ပါသည်။



ဘုရားသခင်၏ကျေးဇူးတော် သတင်းကောင်းကို ကြားရန် လိုအပ်သူတစ်ဦးဦးကို သင်သိပါသလား။
သူတို့ကို သင်မည်ကဲ့သို့ ဝေမျှပေးနိုင်မည်နည်း။

သခင်ယေရှုဘုရား၊ ကိုယ်တော်ကို လိုအပ်သောသူ မည်သူဖြစ်သည်ကို ကျွန်ုပ်အားဖွင့်ပြတော်မူပါ။ ကိုယ်တော်၏ချစ်ခြင်းမေတ္တာကို သူတို့အား ဝေမျှနိုင်ရန် အခွင့်အရေးပေးတော်မူပါ။


လူ့အသက်များကို ကယ်တင်ခြင်း

တမန်တော်ဝတ္ထု ၂၀း၂၂-၂၄ တွင် ဝိညာဥ်တော်သည် ရှင်ပေါလုအား ယေရုရှလင်မြို့သို့ သွားရန် လှုံ့ဆော်ခဲ့သည်။ ထိုနေရာတွင် သူမည်သည့်အမှုအရာကို ကြုံတွေ့ရမည်ဖြစ်ပါစေ၊ “ဘုရားသခင်၏ကျေးဇူးတော်နှင့်ယှဥ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှာ ... ဓမ္မဆရာအမှုတည်းဟူသော ဆောင်ရွက်ရသောအမှု (တာဝန်)ကို ဝမ်းမြောက်စွာ ပြီးစီးစေမည်အကြောင်း”က (း၂၄) သူ၏ရည်ရွယ်ချက်ဖြစ်သည်။ သူသည် တိမောသေအား “နှုတ်ကပတ်တော်ကိုဟောပြောရန်” တိုက်တွန်းနှိုးဆော်ခြင်းက ဤအရေးတကြီးလိုအပ်မှု အတွက်ကြောင့်ပင် ဖြစ်နိုင်သည် (တိမောသေဩဝါဒစာ ဒုတိယစောင် ၄း၂)။ အလားတူ အ‌ရေးတကြီးလိုအပ်မှုကို ရှင်ပေတရုသည်လည်း ခံစားခဲ့ရသည်။ ဝိညာဥ်တော်ပြည့်ဝပြီးနောက် (တမန်တော်ဝတ္ထု ၂း၄)သူသည် ရုတ်ခြည်းပင် လူစုလူဝေးအား သတင်းကောင်းကို စတင်ဟောပြောခဲ့သည်(း၁၄-၄၀)။ ဝိညာဥ်တော်သည် သခင်ယေရှုကို ယုံကြည်သူများ သတင်းကောင်းကို ဖြန့်ဝေအောင် ခွန်အားတန်ခိုးဖြည့်ပေးပြီး လှုံ့‌‌ဆော်ပေးသူဖြစ်သည် (၁း၈၊ ၄း၃၁၊ ၈း၂၉၊ ၁၆း၆-၇)။ ထိုဝိညာဥ်တော်သည် ကျွန်ုပ်တို့ ပြောရမည့်စကားကိုလည်း ပေးစွမ်းနိုင်သည် (ရှင်မဿဲခရစ်ဝင် ၁၀း၁၉-၂၀)။ ဝိညာဥ်တော်သည် ယခုမျက်မှောက်ခေတ် ယုံကြည်သူများ အခြားသူများအား သခင်ခရစ်တော်အကြောင်းကိုပြောရန် ဆက်လက်နှိုးဆော်ပေသည်။ ကိုယ်‌တော်ကို ယုံကြည်လက်ခံသူအားလုံးတို့သည် ကိုယ်တော်နှင့်အတူ ထာဝရရှိနိုင်စေရေး၊ အသေခံပြီး သေခြင်းမှရှင်ပြန်ထမြောက်တော်မူသော ကယ်တင်ရှင် အကြောင်းကို ပြောကြားရန် ကျွန်ုပ်တို့နှုတ်၌ ပြောရမည့်စကားကို ကိုယ်တော်ပေးစွမ်းနိုင်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချထားနိုင်ပေသည်။



Comments 
In Channel
loading
00:00
00:00
x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

လူ့အသက်များကို ကယ်တင်ခြင်း

လူ့အသက်များကို ကယ်တင်ခြင်း